← Chapters

ပင်မ နတ်ဘုရားများ သေဆုံးခြင်း။

Vol. 83 Ch. 1152

ပင်မ နတ်ဘုရားများ သေဆုံးခြင်း။

Vol. 83 Ch. 1152

လူတိုင်း မှက်တက် စွာဖြင့်၊ အကြာကြီး ငြိမ်သက် နေခဲ့သည်။ သွေးများ စီးကျ နေသော အလောင်း ကောင်ကို တစ်လှည့်၊ လင်းယွန်ထံ တစ်လှည့် ပြန် ကြည့်ကာ၊ အထင် အမြင် သေးခြင်း မရှိ တော့ပေ။

ချင်းဖန် ပင်လျှင် အံသြ သွား၏။ ပြိုင်ဘက်အား သတ်ရန်၊ ကြယ်ပန်းချီကို ထုတ် သော်လည်း၊ လင်းယွန် ဓားမှာ လောခွိုက်ထက် ပိုမြန် နေခဲ့သည်။

တိမ်လွှာဓား ဂိုဏ်း၌ နက္ခတ် အဆင့် ကျွမ်းကျင် သူကို၊ သတ်နိုင်သော ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အမာခံ တပည့် တစ်ဦး ရှိနေ သည်မှာ၊ အဓိပ္ပါယ် မရှိချေ။

လင်းယွန် ခွန်အား အပေါ်၊ နားလည် ထားသည်ဟု၊ ထင်နေ မိသော ယဲ့ဇီလင် ပင်လျှင် အံ့ဩ သွားရသည်။ ယင်းက နဝမမြောက် ကောင်းကင် လမ်းကို အုပ်စိုး ခဲ့သော ချန်ပီယံ တစ်ယောက်၏ ခွန်အား သည်လော။

လက်ရှိ အချိန်၌ ကောင်းကင် လမ်းကို မရောက်ဖူး သော်လည်း၊ ၎င်းက ငရဲထက် ပိုဆိုး မည်ဟု ယုံကြည် လာသည်။

မဟုတ် ပါက ၎င်း ချန်ပီယံမှာ၊ ဤမျှ ကြောက်စရာ ကောင်းနေမည် မဟုတ်ကြောင်း ပြောနိုင်၏။

“ ဘယ်သူ ... ငါ့ကို စမ်းချင် သေးလဲ။ ”

လင်းယွန်မှ မေးလိုက်သည်။ အဆိုပါ မေးခွန်းက မိစ္ဆာ ကျင့်ကြံ သူများ အားလုံးကို၊ တွန့်ဆုတ် သွား စေ၏။

လဲ့ယင်မှ ကတိ များစွာ ပေးထား သော်လည်း၊ လောခွိုက် ခမျာမှာ သေသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ သည်လည်း သေရန်၊ အခွင့် အလမ်း များသည်။

ခဏ အကြာ၌ မိစ္ဆာ ကျင့်ကြံသူ အနည်းငယ်မှာ၊ ဤကိစ္စတွင် မပါဝင် ချင်တော့ သဖြင့်၊ လှည့်ထွက် သွားသည်။

ချင်းဖန် အတွက်မူ လောခွိုက်နှင့် လေးနက်သော ဆက်ဆံရေး ရှိနေ သောကြောင့်၊ သည်ကိစ္စအား မထားခဲ့ နိုင်ချေ။

လဲ့ယင် ပေးအပ် လာသော တာဝန်မှာ၊ ယဲ့ဇီလင် တို့အား မူလ ကျောက်တုံးနှင့် အတူ၊ ထိန်းထားရန် ဖြစ်သည်။

“ မင်း ... ဘယ်သူလဲ။ ”

ချင်းဖန်က ထွက်ခွာ သွားသော အပေါင်းအဖော် အချို့ကို လျစ်လျူ ရှုကာ၊ လင်းယွန်ထံ လှည့်မေး လိုက်သည်။

“ ငါက တိမ်လွှာဓား ဂိုဏ်းရဲ့၊ အမာခံ တပည့်ပဲ။ ”

လင်းယွန်မှ ပြုံးကာ ပြန်ဖြေ မိ၏။ လောခွိုက် သေဆုံး မှုသည်၊ ချင်းဖန်အား ထိတ်လန့် စေ မည်မှာ သေချာသည်။

ထို့ပြင် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ အများ အပြား စွန့်ခွာကုန် သဖြင့်၊ သူတို့ အတွက် အခြေ အနေ ကောင်းလာပြီ ဖြစ်သည်။

“ ချင်းဖန် ... ၊ လောခွိုက် သေပြီး တာတောင်၊ မင်းက ငါတို့ကို တားနိုင်မယ် ထင်နေ တုန်းလား။ ”

ယဲ့ဇီလင်မှ အေးစက်စွာ မေးခွန်းထုတ် လိုက်သည်။

“ သူ ပြောတာ မှန်တယ် ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ၊ ဒီကျန်ခဲ့တဲ့ လူတွေ ကလည်း အားကိုးလို့ မရဘူး။ ”

အသံကို ချင်းဖန် ထံသို့၊ ပေးပို့ နေသော ရှောင်ခွန်း၏ မျက်လုံး၌၊ စိုးရိမ်မှုများ ထင်ဟပ် နေခဲ့သည်။ ထိုစကားက ချင်းဖန်ကို တုံ့ဆိုင်း သွားစေ၏။

“ ဟား ... ဟား ... ဟား ... ။ ”

ထိုအချိန်တွင် လူတိုင်းကို ထိတ်လန့် သွားစေသော ရယ်မောသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

လျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှ အမာခံ တပည့်များက၊ အသံ၏ အရင်း အမြစ် ဖြစ်သော ရာဂဏန်း အကွာရှိ၊ ကေျာက်တုံးကြီး တစ်တုံး ထံသို့၊ လှမ်းကြည့် လိုက်မိသည်။

အနက်ရောင် မီးတောက်များ၊ သိုင်းခြုံ ထားသော လူ တစ်ယောက်က၊ ထိုကျောက်တုံး ပေါ်၌ ရပ်နေ၏။

“ ဝှစ် ... ။ ”

ယင်းမှာ အရူး ဘုရင် လဲ့ယင် ပေပင်။ လဲ့ယင်က လက်တစ်ဖက် တစ်ချပ် စီ၌၊ ဆုပ်ကိုင် ထားသော ခေါင်းပြတ် တစ်လုံး စီကို၊ မြေပြင် ပေါ်သို့ ပစ်ချ လိုက်သည်။

“ အကြီး အကဲ ... ။ ”

မြေပြင်ပေါ် လှိမ့်ဆင်း လာသော၊ ခေါင်းပြတ်မှာ၊ ဂိုဏ်း၏ ပင်မ နတ်ဘုရား အကြီး အကဲ နှစ်ယောက် ဖြစ်မှန်း၊ လျူယွမ် သိလိုက် သည်။ သူ့ ကမ္ဘာ တစ်ခုလုံး၊ ရုတ်တရက် မှောင်မိုက် သွားချေ၏။

မယုံ နိုင်စရာ ပေပင်။ ထိုအကြီး အကဲ နှစ်ဦးမှာ၊ ကနဦး နယ်ပယ် တွင်သာ ဖြစ်သော် လည်း၊ ယင်းက ပင်မ နတ်ဘုရား ကျွမ်းကျင် သူများ၊ ဖြစ်နေဆဲ ဖြစ်သည်။

လျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှ လူတိုင်း၏ နှလုံး သားသို့၊ ကြောက်ရွံ့ စိတ်များ ဝင်ရောက် လာသည်။

အကြီး အကဲ နှစ်ဦကို သတ်လိုက်သော လဲ့ယင်း တစ်ယောက် မည်မျှ သန်မာ မည်ကို၊ သူတို့ စိတ်ကူး မယဉ် နိုင်တော့ချေ။

“ သခင်လေး လဲ့ ... ။ ”

မိစ္ဆာ ကျင့်ကြံ များမှာ၊ လဲ့ယင်ကို မြင်ချိန်၌၊ လက်ဝှေ့ယမ်း ဦးညွှတ် လိုက်ကြသည်။ လဲ့ယင် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့ သိ၏။

အဆုံးတွင် လျှပ်စီးနှင့် မီး ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားပြီး၊ အရူးအဆင့် သတ်မှတ်ချက်၌ ပထမ နေရာကို၊ သိမ်းပိုက် ထားသည်။

လောခွိုက်ကို သတ်ပစ် ပြီးနောက်၊ လူတိုင်းအား ဤနေရာမှ ခေါ်ထုတ်ရန်၊ ကြံရွယ် ထားသော လင်းယွန်၏ အစီစဉ်မှာ၊ ပျက်စီး သွားရ၏။

လဲ့ယင် ထံမှ ကြီးမားသော ဖိအားများ ထုတ်လွှတ် လာသည်။ ဤလူသည် ဂိုဏ်းကြီး လေးဂိုဏ်း အပေါ်၊ အမြဲ သတိထား ဆက်ဆံ သောကြောင့်၊ ယခု အချိန်ထိ အသက် ရှင်ခွင့် ရနေခြင်း ဖြစ်၏။

သို့သော် ပင်မ နတ်ဘုရား ကျွမ်းကျင် သူများကို သတ်နိုင် သည်ဟူသော သတင်းသာ၊ ပျံ့နှံ့ကုန် ပါက၊ သူ့အား ဆက်၍ အသက် ရှင်ခွင့် ပေးကြ တော့မည် မဟုတ်ချေ။

“ မင်း နောက်ကျတယ်။ ”

ချင်းဖန်က လဲ့ယင်ကို ဒေါသဖြင့် ပြန် ကြည့်ကာ၊ အပြစ်တင် လိုက်သည်။ လဲ့ယင်သာ အနည်းငယ် စောလာ ပါက၊ လောခွိုက် သေမည် မဟုတ်ချေ။

“ တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ အကြီး အကဲ တွေက ငါထင်ထား တာထက် ပိုသန်မာ တယ်၊ ငါ့ တာဝန် ကျရှုံးလု နီးပါးပဲ။ ”

လဲ့ယင်မှ ပြန်ဖြေသည်။ ထို့နောက် ချင်းဖန်အား သတိ တရ ပြန်ကြည့် လိုက်ကာ၊

“ မင်း ငါ့ကို အပြစ်တင် နေတာလား။ ”

-ဟု မေးလာ တော့သည်။ ယင်းက ချင်းဖန်ကို ထိတ်လန့် သွားစေ၏။

“ ငါ မဝံ့ ပါဘူး ... ၊ လောခွိုက်နဲ့ ငါက မိတ်ဆွေတွေ ဖြစ်နေ လို့ပါ။ ”

“ ဟား ဟား ဟား ... ။ ”

လဲ့ယင်က လူတိုင်းကို ကျောချမ်း လာ စေသော အသံ မျိုးဖြင့်၊ ရယ်မော လိုက်သည်။ ရုတ်တရက် သူ့ကို ဖုံးလွှမ်း နေသည့် မီးလျှံများ ပျောက်ကွယ် သွားသည်။

ဤလဲ့ယင် ဆိုသူမှာ၊ သည်ကျွန်း ပေါ်သို့၊ ပထမဆုံး ရောက်စဉ်က၊ သူ ညွှန်ပြ ခဲ့သော မိစ္ဆာ ကျင့်ကြံသူ ဖြစ်ကြောင်း၊ လင်းယွန်မှ ချက်ခြင်း မှတ်မိ သွားသည်။ ထိုအချိန်က သူ့ စကားကို မည်သူမျှ ဂရု မစိုက် ခဲ့ချေ။

ထိုသူ လက်ဖဝါး၌ အနည်းငယ် စီးကျ နေသော သွေးစ အချို့ကို သတိ ထား မိသည်။ ပင်မ နတ်ဘုရား အကြီး အကဲ များကို သတ်ရာ၌ ဒဏ်ရာရ ခဲ့ပုံ ရ၏။

လဲ့ယင်က ထူးထူး ခြားခြား ပြုံးလိုက်ပြီး၊ ချင်းဖန်၏ လည်မျိုကို ရုတ်တရက် ဆုပ်ကိုင် လိုက်သည်။

“ အား ... သခင်လေး လဲ့ ... ၊ ငါ ... ငါ တောင်းပန် ပါတယ်၊ ငါ မသေချင် သေးဘူး။ ”

အသက်ရှူ ကျပ်လာ သဖြင့်၊ ချင်းဖန်၏ အသံမှာ တုန်ယင် နေခဲ့သည်။

“ သူက မင်းရဲ့ မိတ်ဆွေလား၊ မိတ်ဆွေကောင်း ဆိုရင်၊ သူ့နောက်ကို ဘာလို့၊ မလိုက် သွားရ တာလဲ၊ မေးပါ ရစေ ... ၊ မင်း တို့က တကယ်ပဲ မိတ်ဆွေ တွေလား။ ”

“ မဟုတ် ... မဟုတ် ပါဘူး၊ ငါတို့ မဟုတ်တော့ ပါဘူး ။ ”

ယခု အချိန်၌၊ အရူးချင်း ဟူသော အသွင်မှာ၊ ပျောက်ကွယ် သွားလေသည်။

“ အဟက် ... မှန်တယ်၊ မင်းက တော်တော် ရိုးသား တာပဲ ။ ”

လဲ့ယင်က လည်မျိုကို ဆုပ်ကိုင် ထားရာမှ၊ ဖြေလျှော့ ပေးလိုက်သည်။ သို့မှသာ လူအုပ်က၊ စိတ် သက်သာရာ ရသွား၏။

“ ဒါပေမယ့် ... ၊ မင်းလို အကြင်နာ ကင်းမဲ့တဲ့၊ မိတ်ဆွေစိတ် မရှိတဲ့ သူတွေကို ငါ မုန်းတယ်။ ”

ရုတ်တရက် လဲ့ယင် လေသံမှာ၊ ပြောင်းလဲ သွားပြီး၊ ချင်းဖန်ကို ပါးရိုက်ချ လိုက်၏။ ဖရဲသီး တစ်လုံးအား ထိုးခွဲ လိုက် သကဲ့သို့၊ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲ သွားသည်။

မြန်ဆန် လွန်းသော ကြောင့်၊ မိစ္ဆာ ကျင့်ကြံသူ များမှာ၊ ကြောက်ရွံ့ တုန်လှုပ် ကုန်၏။

လင်းယွန် အတွက်မူ၊ လဲ့ယင်၏ ခွန်အားထက် ကြမ်းကြုတ်သော စိတ်ဓာတ်ကို ပို၍ သတိထား မိလိုက်သည်။

စစ်မက် နယ်မြေ ဆယ်ရပ်၏၊ သခင်ငယ် များသည်ပင်၊ ရက်စက် လွန်းသော ဤလဲ့ယင် ကို၊ ရက်စက် မှုခြင်း မနှိုင်းယှဉ် နိုင်ပေ။

ချင်းဖန်ကို သတ်ပြီးနောက်၊ လဲ့ယင်က ရှောင်ခွန်းထံ လှည့်ကြည့်ကာ၊

“ ဘယ်သူ လုပ်တာလဲ။ ” -ဟု မေး လိုက်သည်။

“ သူ ... သူ လုပ်တာ ... ။ ”

လင်းယွန်ထံ လက်ညိုး ထိုးပြ လာသော ရှောင်ခွန်း၏ လေသံမှာ၊ တုန်ယင် နေခဲ့သည်။ လဲ့ယင်က လင်းယွင်ကို လှည့်ကြည့် ၏။

သည့်စဉ် ယဲ့ဇီလင်၏ အသံက၊ ရုတ်တရက် ထွက်ပေါ် လာသည်။

“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့်တွေ နားထောင်ပါ ။ ”

“ ဟုတ်ကဲ့ ... နားထောင် နေပါတယ်။ ”

ဖုန်ကျန်းနှင့် အခြား တပည့် များက ချက်ချင်း ပြန်၍ အော်ဟစ် လိုက်၏။

“ အခု ချက်ချင်း ပြန်ဆုတ် ... ၊ မင်းတို့ရဲ့ စီနီယာ အစ်မ တစ်ယောက် အနေနဲ့၊ ငါ အမိန့် ပေးတယ်၊ လင်းယွန်ကို ကာကွယ်ပြီး၊ မူလ ကျောက်တုံးကို ဂိုဏ်းဆီ ပြန်ပို့ပါ။ ”

ယဲ့ဇီလင် အမိန့်ကြောင့်၊ လူတိုင်း အံ့အား သင့်သွားသည်။ သည့်နောက် အမိန့်အား နာခံမှု ရှိစွာဖြင့်၊ မဆိုင်း မတွ လှည့်ပြေး တော့၏။

“ ဝှစ် ... ။ ”

လင်းယွန်မှာ မှင်တက် နေဆဲ ဖြစ်သဖြင့်၊ လျူယွမ်၏ အတင်း အဓမ္မ၊ ခေါ်ဆောင် ခြင်းကို ခံလိုက် ရသည်။

မိစ္ဆာ ကျင့်ကြံ သူများ ကြားတွင်၊ ရဲဝံ့စွာ ရပ်နေသော လဲ့ဇီယင်ကို၊ လည်ပြန် လှည့်ကြည့် အနေ အထားဖြင့်၊ လင်းယွန် တစ်ယောက် လိုက်ပါသွား တော့သည်။

***

All Chapters