မျှော်လင့်ခြင်း နှင်းပန်း- (၁)။
Vol. 83 Ch. 1153
ယဲ့ဇီလင်သည် ဂိုဏ်းတွင် မြင့်မားသော အဆင့် အတန်း ပိုင်ဆိုင်ထား သဖြင့်၊ လူတိုင်း သူမ အမိန့်ကို လိုက်နာ ရပေသည်။
ရွေးချယ် ခွင့်သာ ရှိပါက၊ အသေ ခံကာ တိုက်ပွဲဝင် လို ကြ၏။ ဓားသမား များ အနေဖြင့် သေခြင်းကို မကြောက် ချေ။
ခေါင်းငုံ့ကာ အသက်ရှင် နေထိုင်ရ ခြင်းထက်၊ သေခြင်း ကိုသာ နှစ်ခြိုက် ကြသည်။ သို့သော် အမိန်ကို လက်ခံ ပြီးနောက် ဂိုဏ်း အပေါ်၊ သစ္စာ စောင့်သိ ရပေမည်။
ယဲ့ဇီလင်မှာ အဘယ်ကြောင့် သူ့ထံ မူလ ကျောက်တုံး ပေးအပ်ခဲ့ သည်ကို၊ လင်းယွန်မှ နားလည် လိုက်၏။
ဤသို့ လဲ့ယင် ရောက်လာ ပါက၊ သူမ အနေဖြင့် အသက် စွန့်ရန် ဆုံးဖြတ် ထားခြင်း၊ ဖြစ်လေသည်။
ခွန်လွန်ဘုံ ရောက်ပြီးနောက်၊ ပထမဆုံး အကြိမ် အဖြစ်၊ သူ့ရင်ကို ထိသွား ရပြီ ဖြစ်၏။ မျက်စိ တမှိတ် အတွင်း၊ မီတာ ထောင်ဂဏန်း အကွာသို့၊ သူ့အား ခေါ်ဆောင် လာခဲ့သည်။
ဤအရာက မိစ္ဆာ ကျင့်ကြံ သူများ အားလုံးကို အံ့အားသင့် သွားစေ ခဲ့သည်။ အဆုံးတွင် ဂိုဏ်း၏ သား တပည့်များ အနေဖြင့်၊ ခေါင်းဆောင်အား ထားရစ်ကာ၊ ထွက်ပြေး လိမ့်မည်ဟု မထင် ထားမိချေ။
ယဲ့ဇီလင်ကို ကြည့်နေသော လဲ့ယင်၏ မျက်ဝန်းများ မှေးစင်း သွားသည်။
“ ဒီမိန်းကလေးကို ထားခဲ့လိုက် ... ၊ ထွက်ပြေး သွားတဲ့၊ လူတွေ နောက်ကို လိုက်ပြီး၊ မူလ ကျောက်တုံးကို ပြန်ယူလာ ... ။ ”
“ ဟုတ် ကဲ့ ... ။ ”
ချင်းဖန် သေဆုံးမှုကို မြင်တွေ့ကုန် ပြီးနောက်၊ မည်သူ ကမျှ သူ့မိန့်ကို လွန်ဆန် ဝံ့ခြင်း မရှိ တော့ချေ။
“ မင်းတို့ အားလုံး မစဉ်း စားနဲ့ … ။ ”
ယဲ့ဇီလင် ခန္ဓာ ကိုယ်မှ၊ ငှက်ပြာလေး တစ်ကောင် ပျံထွက် လာသည်။ ၎င်းသည် ယခင် နှင့် မတူဘဲ၊ ခရမ်းရောင် အလင်း အချို့ ဖုံးအုပ် ထားသည်။
သူမ ရွေ့လိုက် သည်နှင့်၊ ခရမ်းရောင် လျှပ်စီးများ စတင် လင်းလက် လာ တော့သည်။ ထို့နောက် အလင်း တန်း များက၊ ပန်းပွင့်များ အဖြစ်၊ အသွင်ပြောင်း လာသည်။
“ မျှော်လင့်ခြင်း နှင်းပန်း။ ”
“ နတ်မိစ္ဆာ နယ်မြေက လာတဲ့၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံခြင်း၊ ပါရမီရှင် တစ်ယောက် ဖြစ်ဖို့၊ တကယ်ပဲ ထိုက်တန် ပါတယ်၊ မင်း မှန်တယ် ဒါ ... နှင်းပန်းပဲ။ ”
ယဲ့ဇီလင်မှ ဆိုသည်။ မျှော်လင့်ခြင်း နှင်း ပန်းပွင့် လာသည်နှင့် အမျှ၊ ငှက်ပြာ လေးများ တဝိုက်၊ လျှပ်စီးများ လက်စ ပြုလာ၏။
တစ်ချိန် တည်းမှာပင် ခရမ်းရောင် နှင်းပွင့်များ ကောင်းကင်မှ ဆင်းသက်လာ တော့သည်။
“ အား ... ။ ”
လင်းယွန်အား လိုက်ဖမ်းရန် ပြင်နေသော မိစ္ဆာ ကျင့်ကြံ သူများ အားလုံးမှာ၊ နာကျင်စွာ အော်ဟစ် လိုက် ကြသည်။
ငှက်ပြာလေး (၁၀) ကောင်၏ စွမ်းအားမှာ၊ ထက်ရှသော ဓား (၁၀) လက် ကဲ့သို့ လူတိုင်းကို ပိုင်းဖြတ် လာ၏။
ရှောင်ခွန်း ကဲ့သို့သော နက္ခတ် အဆင့် ကျွမ်းကျင် သူပင်၊ ဤဖြစ်စဉ်ကြောင့် ခြေလှမ်း အနည်းငယ် ပြန်ဆုတ် ပေးလိုက် ရသည်။
အခြားသော မိစ္ဆာ ကျင့်ကြံ သူများမှာ ဒဏ်ရာ ပြင်းထန် ပြီး၊ အချို့ မှာ အသက် ဆုံးရှုံး သွားကြ၏။
“ ဘယ်လောက် တောင် ... ၊ အစွမ်းထက် လိုက်တဲ့၊ လျှပ်စီး ရည်ရွယ်ချက်လဲ … ။ ”
လဲ့ယင် နှုတ်ခမ်းမှ သွေးများပင် စီးကျ လာသည်။ ယဲ့ဇီလင် ဖန်တီး ခဲ့သော ဖြစ်စဉ်ထံ စစ်ဆေး မိစဉ်၊ ကြောက်ရွံ့မှုများ ပြည့်နှက် ဖြစ်ပေါ် သွားသည်။
“ မျှော်လင့်ခြင်း နှင်း သူတော်စင် မျိုးဆက်သွေးနဲ့ ၊ မျှော်လင့်ခြင်း နှင်းဓား သုတ္တန် ... ။ ”
လဲ့ယင်က လေးနက်သော အမူ အရာဖြင့်၊
“ မင်းက တကယ့်ကို စိတ်ဝင် စားစရာပဲ၊ သူတော်စင် မျိုးရိုးရဲ့၊ မြင့်မြတ်တဲ့ သွေးသားကို ပိုင်ဆိုင် ထားတာတောင်၊ တိမ်လွှာဓား ဂိုဏ်းလို နေရာ မျိုးမှာ၊ မင်းကိုယ်မင်း မြှုပ်နှံ ထားတယ်၊ ...
... နှင်းဓား သုတ္တန်က တိမ်လွှာဓား (၁၃) ကွက်နဲ့၊ မကိုက်ညီ တာကြောင့်၊ အားနည်းချက်တွေ အများကြီး ရှိလာ လိမ့်မယ်၊ ဒါနဲ့တောင် မင်းက ငါ့ကို တားချင် သေးလား။ ”
“ နင့်ကို တားနေတာ မဟုတ်ဘူး ... ၊ ငါနဲ့ နင့်ကို အတူ ဆွဲခေါ် သွားမို့၊ ဆုံးဖြတ် ထားတာ၊ တိမ်လွှာဓား ဂိုဏ်းနဲ့၊ သူတော်စင် မိသားစုက၊ လက်စား ချေ မှာကို၊ မကြောက်ရင် ငါ့ဆီ လာခဲ့ပါ။ ”
ယဲ့ဇီလင်မှ အေးစက်စွာ ပြော လိုက်သည်။
“ ဟား ... ဟား ... ဟား ... ။ ”
လဲ့ယင်က သဘောကျ သွားဟန်ဖြင့် ရယ်မော လိုက်၏။
“ တခြား သူတွေက မင်းကို၊ ကြောက်ကောင်း ကြောက်နိုင် ပေမယ့် ငါ မပါဘူး၊ သေချင် နေတဲ့၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”
စကားဆုံး သည်နှင့်၊ လဲ့ယင်က သူ၏ ရောင်ဝါကို ထုတ်ဖော် လိုက်သည်။ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ရောင်ဝါမှာ၊ သိပ်သည်းစွာ ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
သည့်နောက် ငှက်ပြာလေး များထဲမှ တစ်ကောင်ကို လက်သီးဖြင့် တစ်ချက်တည်း ထိုးချ လိုက်သည်။
ဝိညာဉ်တော် ဖျက်ဆီးခံ လိုက်ရ သဖြင့်၊ ယဲ့ဇီလင် မျက်နှာ ပျက်ယွင်း သွားပြီး၊ အသက် ပြင်းပြင်း ရှူလျက် ဓားဆွဲထုတ် မိသည်။
“ တိမ်တွေ ဖုံးနေသော နေမင်းကြီး။ ”
အေးစက်သော အသံ ထွက်ပေါ် လာပြီး၊ ပတ်ဝန်း ကျင်ရှိ နှင်းပန်းပွင့် များက ပို၍ ပီပြင် လာသည်။ သည့်နောက် ကောင်းကင်ဓား နှင့်အတူ၊ လဲ့ယင်ထံ တိုးဝင် သွား၏။
( ဒီမိန်းမ … ၊ တကယ် ကြောက်စရာ ကောင်းတယ် … ။ )
လဲ့ယင်က စိတ်ထဲမှ နေ၍၊ သူ့ကိုယ်သူ သတိပေး နေမိသည်။ အနက်ရောင် မီးလျှံများ တောက်လောင် လျက်၊ လျှပ်စီးနှင့် မီး ရည်ရွယ် ချက်အား ပေါင်းစပ် လိုက်၏။
ယင်းက ယဲ့ဇီလင်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ဖြေရှင်း နိုင်သော်လည်း၊ နှင်းပန်း များနှင့် ဝိညာဉ်တော် (၉) ပါးအား မဖျက်ဆီး နိုင်ခဲ့ချေ။
ဤနည်းဖြင့် တစ်ဖက် လူ၏၊ ထိုဖြစ်စဉ် များကို ဖျက်ဆီးရန်၊ မဖြစ် နိုင်မှန်း လဲ့ယင် သိ လာသည်။ ထို့ကြောင့် မျက်မေှာင် ကြုတ်လျက် အဖြေကို အမြန် စဉ်းစား နေမိ၏။
ဤအတိုင်းသာ ဆိုပါက၊ ဖြစ်စဉ် အတွင်း ပိတ်မိ နေသော သူ့အဖွဲ့သား များမှာ၊ လင်းယွန် နောက် လိုက်ရန်၊ မဖြစ် နိုင်တော့ချေ။
ထိုအချိန်တွင် လျူယွမ်တို့ လူစုမှာ၊ ကျောက်တုံး လွင်ပြင်ကို ဖြတ်ကေျာ် ပြီးနောက်၊ ဆက်၍ မသွားနိုင် ဖြစ်လာ ကြသည်။
ကြိုး တစ်ချောင်းဖြင့် တုပ်နှောင် ခံထားရ သကဲ့သို့၊ နှလုံးသားများ တင်းကြပ်နေ ခဲ့သည်။ ရုတ်တရက် လျူချင်းယန်မှာ မျက်လုံးများ နီရဲ လာပြီး၊
“ ငါ မပြေးချင် တော့ဘူး … ။ ”
-ဟု ပြောလိုက် တော့၏။
လျူယွမ်မှ ပြန်ပြောရန် ပါးစပ်ဟ လိုက်သော်လည်း၊ အသံထွက် မလာချေ။ ခွေး တစ်ကောင် ကဲ့သို့ မည်သူမှ အမြီး ကုပ်ကာ၊ ပြေးချင် မည်နည်း။
စီနီယာ အစ်မ ယဲ့မှာ၊ သန်မာသည် မှန်သော်လည်း၊ လဲ့ယင်အား အနိုင် ယူရန် နည်းလမ်း မရှိချေ။
ဤအရူး ဘုရင်သည် ပင်မ နတ်ဘုရား နယ်ပယ်၊ အကြီး အကဲ နှစ်ဦး ကိုပင်၊ သတ်နိုင် ခဲ့၏။
ထို့အပြင် ချင်းဖန်အား၊ ရက်စက်စွာ သတ်ပြထားသည်။ သည်သို့သော လူယုတ်မာ တစ်ယောက် လက်၌၊ အစ်မ ယဲ့ကို မထားလို သည်မှာ၊ သဘာဝပင် ဖြစ်သည်။
ဝမ်ယုဝါက ငိုးကျွေး နေမိသည်။ သူမ၏ ပထမ ဆုံးသော တာဝန်သည် ဤမျှ ခက်ခဲနေ လိမ့်မည်ဟု၊ မမျှော်လင့် ထားချေ။
အစ်မ ယဲ့ကို မဆုံးရှုံးချင် သော်လည်း၊ လဲ့ယင်နှင့် ရင်ဆိုင်ရန်၊ သူမ၌ သတ္တိ မရှိ သည်မှာ၊ အမှန် ပေပင်။
ထိုအမှန် တရားက အသုံး မဝင်သူ တစ်ယောက် အဖြစ်၊ သူမကို ပို၍ နာကျင် စေသည်။
လင်းယွန် အတွက်မူ၊ ဓားသေတ္တာ ထဲရှိ၊ မူလ ကျောက်တုံး ထက်ပင်၊ သူ့ နှလုံးသားက ပို၍ လေးလံ နေသည်။ ထို့စဉ် လျူချင်းယန် အကြည့် များ၊ သူ့ထံ ကျရောက် လာပြီး၊
“ လင်း ယွန် ... ၊ မင်းလည်း ကောင်းကင် အဆင့် အမာခံ တပည့် တစ်ယောက်ပဲ၊ အစ်မယဲ့ အမိန့်ကို လွန်ဆန်ခွင့် ရှိတယ်၊ ပြောပါ ... ၊ မင်း အမိန့် အတိုင်း၊ ငါတို့ လိုက်နာမယ်။ ”
-ဟု ပြောလာ တော့သည်။
ထို စကား များက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစား နိုင်ခဲ့၏။ လျူယွမ် အပါ အဝင် လူတိုင်း လင်းယွန်ထံ မျှော်လင့် ချက်ဖြင့် ကြည့်လိုက် ကြသည်။
သို့သော် လင်းယွန်မှာ စကား တစ်ခွန်းမျှ မဆိုဘဲ၊ တုံ့ဆိုင်း နေခဲ့သည်။
“ မင်း ... ။ ”
လျူချင်းယန်က အံကြိတ် လိုက်ပြီး၊
“ လင်းယွန် ... ၊ မင်းက ... ငကြောက် တစ်ယောက်ပဲ၊ ထားလိုက်ပါ ... သိရ တာပေါ့၊ မင်း မသွား ရဲရင်၊ ငါပြန် သွားမယ်။ ”
“ သေချင် လို့လား။ ”
လင်းယွန်က လှောင်ပြောင် လိုသော အကြည့်ဖြင့်၊ လျူချင်းယန်အား မော့ကြည့်ကာ၊
“ မင်း ... ခွန်အားနဲ့၊ အသတ်ခံ ရရုံက လွဲပြီး၊ ဘာများ ပြောင်းလဲ နိုင်မှာ မို့လဲ။ ”
“ ညီလေးလျူ၊ စီနီယာ အစ်ကိုလင်း ပြောတာ မှန်တယ်၊ ငါတို့ ပြန်သွားရင် စီနီယာ အစ်မ ယဲ့ရဲ့၊ ...
... ပေးဆပ် မှုက၊ အကျိုးမဲ့ သွား လိမ့်မယ်၊ ငါတို့ အသက်ရှင် နေရင်တော့၊ အခွင့်အရေး ရှိပါ သေးတယ်။ ”
လျူယွမ်မှ ဝင်ရောက် ဖျောင်းဖျ သုံးသပ် ပြလာ သဖြင့်၊ လူတိုင်း ငြိမ်သက် သွားသည်။
“ ဒါပေမယ့် ... ၊ စီနီယာ အစ်ကို ယွန်၊ အစ်မ ယဲ့ကို ကူညီ ပေးပါ။ ”
ဝမ်ယုဝါက မျက်ရည်များ စီးကျလျက်၊ တိုးညှင်းစွာ ပြောလာသည်။ သူမ နှလုံးသား ထဲတွင်၊ လင်းယွန်မှာ သူရဲကောင်း တစ်ဦး ဖြစ်သည်။
ထို့ကြောင့် လင်းယွန်သာ ဆန္ဒ ရှိပါက၊ မဖြစ် နိုင်သော ရလာဒ် ကိုပင်၊ ဆောင်ကျည်း ပေးနိုင် မည်ဟု ယုံကြည်၏။
လျူယွမ်မှ သက်ပြင်းချ လိုက်ကာ၊ ဤအကြပ် အတည်းမှ လင်းယွန်ကို ကယ်ရန် ပြင် လိုက်သည်။
“ မင်းတို့ အားလုံး ဆက်သွားပြီး ... ၊ အခြေစိုက် စခန်းမှာ လုံခြုံအောင် နေပါ။ ”
“ စီနီယာ အစ်ကို လင်း၊ မင်း ... ။ ”
လျူယွမ်မှ အော်ဟစ် လိုက်၏။
“ ညီအစ်ကို လျူ၊ ပြောတာ မှန်တယ်၊ ကောင်းကင် အဆင့်က အမာခံ တပည့် အနေနဲ့၊ သူ့ အမိန့်ကို ငါ နားထောင်ဖို့၊ မလို ပါဘူး။ ”
“ အစ်ကိုလင်း၊ ငါ တောင်းပန် ပါတယ် ... ။ ”
လျူချင်းယန်မှ စိတ်မကောင်း စွာဖြင့်၊ သူ့ရိုင်းပျ မှုအား တောင်းပန် လာတော့သည်။
“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ တပည့်တိုင်း နားထောင် ပါ ... ၊ ကောင်းကင် အဆင့် အမာခံ တပည့် တစ်ယောက် ဖြစ်တဲ့၊ ငါ လင်းယွန်က မင်းတို့ကို ချက်ချင်း ထွက်သွားဖို့ အမိန့် ပေးတယ်။ ”
လင်းယွန်မှ စီနီယာ တစ်ယောက် ကဲ့သို့၊ ခပ်တည် တည်ဖြင့် အမိန့် ပေးလိုက် တော့၏။ ထို့ကြောင့် လူတိုင်း တုန်ယင် သွားသည်။
လျူယွမ်က လင်းယွန်ထံ လှမ်းကြည့်၏။ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသည်။ ထို့ကြောင့် ဤလူငယ် ထံမှ၊ နှစ်သိမ့် လိုသော ဆန္ဒ များကို၊ သူ မြင်၏။
လောခွိုက်ကို သတ်ခဲ့သော ပုံရိပ်အား၊ ပြန်ပြောင်း သတိရ လာ ပြီးနောက်၊ ခေါင်းညိတ် ပြလိုက် သည်။
“ သွား ရ အောင် ... ၊ ဂရု စိုက်ပါ အစ်ကိုလင်း။ ”
ထို့နောက် လူတိုင်းကို ဦးဆောင်လျက်၊ လှည့်မကြည့် စတမ်း၊ ထွက်ခွာ သွားတော့သည်။ အားလုံး ပျောက်ကွယ် သွားချိန်၌၊ ငွေလမင်း မျက်နှာ ဖုံးအား ထုတ်ယူကာ၊ အဝေးသို့ မျှော်ကြည့် လိုက် မိသည်။
“ လင်းယွန်၊ မင်းဟာ အပြာရောင် စံအိမ် နယ်မြေမှာ၊ တစ်နှစ်ပဲ နေရမယ် မဟုတ်လား၊ ဒီလို အသက် ပေးဖို့၊ လိုလို့လား။ ”
ဤခရီးမှာ အန္တရာယ် များလှ ပေ၏။ ယဲ့ဇီလင်ကို ကူညီနိုင် မည်လား၊ သူ မသိချေ။ သူသိ သည်မှာ၊ အသက် ပေးကာ၊ တိုက်ပွဲ ဝင်ရမည် ဖြစ်သည်။
***