← Chapters

မျှော်လင့်ခြင်း နှင်းပန်း - (၂)။

Vol. 83 Ch. 1154

မျှော်လင့်ခြင်း နှင်းပန်း - (၂)။

Vol. 83 Ch. 1154

မူလ ကျောက်တုံး မွေးဖွားရာ အရပ် ဖြစ်သဖြင့်၊ တိုက်ပွဲ ဝန်းကျင်၌ သိပ်သည်းသော ကြယ် စွမ်းအင်များ၊ ပြည့်နှက် နေသည်။

ပေါက်ကွဲ သံများ၊ လျှပ်စီးများ၊ မီးတောက်များ၊ ရေခဲများ၊ နှင်းများ၊ ဓားအလင်း များနှင့် လက်သီးများ ရောထွေး နေ၏။

တိုက်ပွဲကြောင့်၊ ဖြစ်ပေါ် လာသော ပျက်စီးခြင်းမှာ၊ စိတ်ကူး မယဉ် နိုင်လောက် အောင်၊ တုန်လှုပ် ချောက်ချား ဖွယ်ရာ၊ ပေပင်။

ထိုအခြေ အနေများ ကြား၌၊ လျှပ်စီးများ ဖုံးလွှမ်း နေသော ငှက်ပြာလေး များက၊ ဓားများ ကဲ့သို့၊ ပျံသန်း နေချေသည်။

ယဲ့ဇီလင်မှာ အရှုံး ပေးရန် ငြင်းဆန် ထားသည်။ သူမ၏ ခိုင်မာသော စိတ်ဓာတ်က ရှောင်ခွန်းနှင့် အခြား လူများကို ခေါင်းကိုက် စေသည်။ နောက်ဆုံးတွင် သူတို့မှာ လင်းယွန်ကို လက်လွှတ် လိုက်ရ၏။

ယဲ့ဇီလင်တွင် အားနည်းချက် များရှိ သော်လည်း၊ လူတိုင်း အပေါ် ပိတ်ဆို့ထား နိုင်ဆဲ ဖြစ်သည်။

လျှပ်စီးနှင့် မီးလျှံများ ပေါက်ကွဲ လာပြီး၊ အမျိုး မျိုးသာ နတ်ဆိုး သားရဲ ထင်ရှား လာ၏။ ယင်းက လဲ့ယင် ပတ်ဝန်း ကျင်၌၊ လျှပ်စီး သားရဲ တွင်းကြီး အဖြစ်၊ ဖွဲ့တည် လာသည်။

“ ဟိတ် ... ။ ”

ထို့နောက် လက်ဖဝါးအား တွန်းလျက်၊ ရာနှင့် ချီသော နတ်ဆိုး သားရဲ များကို ယဲ့ဇီလင် ထံသို့၊ ပို့လွှတ် လိုက်သည်။

“ ဝုန်း ... ။ ”

လျှပ်စီး လက်ဖဝါးက ဓား ရောင်ခြည်နှင့်၊ တိုက်မိ သွားသော အခါတွင်၊ ယဲ့ဇီလင်၏ ကြယ် စွမ်းအင် အလွှာကို၊ အလွယ် တကူ ဖျက်ဆီး ပစ်သည်။

သို့သော် နှင်းပန်း ပင်လယ်ကြီး ဖြစ်ပေါ် လာပြီး၊ ယဲ့ဇီလင် ခန္ဓာ ကိုယ်အား စုပ်ယူလျက်၊ လျှပ်စီး လက်ဖဝါး ထံမှ ကာကွယ် ပေးတော့ သည်။

ယင်းက လဲ့ယင် မျက်နှာအား မည်းမှောင် သွားစေသည်။ ယဲ့ဇီလင်ကို မည်သို့ ဖျက်ဆီးရ မည်အား၊ တွက်ဆ နေမိ၏။

နှင်းပန်း ပင်လယ်ကြောင့်၊ သူမကို ဖမ်းရ ခက်နေ သည်။ မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစု၏၊ လျှပ်စီး အရိပ် ရွေ့လျားမှု ပညာ ရပ်မှာ၊ သူတော်စင် သေွးသားနှင့် ပေါင်းစပ် လိုက်သော အခါတွင်၊ လိုက်မမီ တော့ချေ။

သတိ မထား ပါက၊ အသက် ဆုံးရှုံးသွား နိုင်သည်။ သို့သော် လဲ့ယင်မှ ရဲရင့် စွာဖြင့်၊ ထို နယ်မြေသို့ ၀င်ရန် ဆုံးဖြတ် လိုက်၏။

ထိုအချိန်တွင် ယဲ့ဇီလင် ဓား၌၊ ရေခဲ အလွှာများ ဖုံးလွှမ်း နေ သည်ကို၊ မြင်လိုက် ရသည်။

၎င်းက လျှပ်စီးများ လက်နေပြီး၊ သူရဲ ကောင်းဆန်သော သူမ မျက်နှာ၌၊ သွေးရောင် များ မရှိ တော့ချေ။

“ ယဲ့ဇီလင် ... ၊ မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစုရဲ့ ... ၊ မျိုးဆက် သွေးကို ပိုင်ဆိုင် ထားတဲ့၊ လူ တစ်ယောက် အနေနဲ့၊ ဒီလို တိမ်လွှာဓား ဂိုဏ်းအတွက်၊ အသက် ပေးဖို့ တကယ် ဆုံးဖြတ် ထားတာလား၊ ...

... မင်း အရည် အချင်း နဲ့ဆိုရင် ... ၊ ဘယ်နေရာ ရောက်ရောက် ရပ်တည် နိုင်တယ်၊ အခုလို ပေးဆပ် ရအောင်၊ တကယ် တန်ရဲ့ လားလို့၊ တွေးကြည့် ပါဦး။ ”

လဲ့ယင်မှ ယဲ့ဇီလင်အား ကြည့်ကာ ပြောလိုက် တော့သည်။ သို့သော် ချက်ချင်းပင်၊

“ နင် ... ၊ မအောင် မြင်ဘူး။ ”

-ဟု တုန့်ပြန် လာသဖြင့်၊ လဲ့ယင် ခမျာ ပြုံးလိုက် မိသည်။

“ ငါ ... အလေး အနက် ထားရင်၊ မင်း သေမယ် ဆိုတာ သိတယ် မဟုတ်လား၊ ခေါင်း မမာ ပါနဲ့၊ ငါ မင်းကို မသတ် ချင်ဘူး။ ”

“ မဟုတ်ဘူး ... မင်း မသတ် နိုင်ဘူး၊ ပင်မ နတ်ဘုရား နှစ်ပါးကို၊ သတ်နိုင်ခဲ့ ပေမယ့်၊ မင်း ဒဏ်ရာ ရခဲ့တယ်၊ ဒဏ်ရာက အရမ်း ပြင်းတယ်၊ ...

... ငါ့ ဂိုဏ်းရဲ့ အကြီး အကဲ တွေက ... ၊ ကနဦး နယ်ပယ်မှာ ဆိုရင်တောင် ... ၊ အားနည်း လှတာ မဟုတ်ဘူး။ ”

ယဲ့ဇီလင်မှ တုန့်ပြန် လိုက်၏။

“ မင်း ... ။ ”

လဲ့ယင် ခန္ဓာ ကိုယ်မှ၊ လူသတ် လိုသော အငွေ့ အသက်များ၊ တဟုန်ထိုး တိုးထွက်လာ တော့သည်။

“ ဘာ လို့ လဲ ... ၊ ငါ မှားသွား လို့လား၊ လူတွေကို ခြိမ်းခြောက်ချင် တာနဲ့ပဲ၊ ချင်းဖန်ကို မင်း သတ်ပြ လိုက်တာ ငါ သိတယ်၊ ငတုံးတွေ ကိုသာ၊ လှည့်စား လို့ ရမယ်၊ ငါ့ကို မရဘူး။ ”

ယဲ့ဇီလင်မှ ဂရု မစိုက်သော လေသံနှင့် ဆက်ပြော သည်။

“ မင်းလို ... မိစ္ဆာဂိုဏ်း ကိုတောင်၊ သစ္စာ ဖောက်ရဲတဲ့ လူ တစ်ယောက်က၊ တိမ်လွှာဓား ဂိုဏ်းနဲ့၊ နှင်း သူတော်စင် မိသားစုကို တကယ် ကြောက်နေ တယ်လို့၊ ...

... ငါယုံမယ် ထင်လား၊ မင်းရဲ့ ကြယ် ပန်းချီကို ထုတ်သုံးရင်၊ တန်ဖိုး တစ်ခု ပေးဆပ် ရမှာမို့၊ ဒီလို ထင်အောင်၊ မင်းက သရုပ်ဆောင် ပြနေတာ ငါ သိတယ်။ ”

အခြားသော မိစ္ဆာ ကျင့်ကြံ သူများက၊ ယဲ့ဇီလင် စကားကြောင့်၊ ကျောကုန်း၌ ချွေးများ ဖုံးလွှမ်း သွားသည်။ ယင်းမှာ အမှန် ဖြစ်နိုင် မည်ဟု၊ သံသယ ဝင်လာ၏။

“ မင်း ... ၊ ငါ့ကို လျှော့တွက် နေပုံပဲ။ ”

စကားဆုံး သည်နှင့်၊ သူ့ ဝန်းကျင်၌ ပန်းချီကား တစ်ချပ် ဖြည်းညှင်းစွာ ဖြစ်တည် လာသည်။ ပန်းချီ ကားမှာ ရှေးဟောင်း နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။

“ ..... ။ ”

ပန်းချီကား ပြီးသည်နှင့်၊ ထိုနတ်ဆိုး သားရဲက ရှေ့သို့ ခုန်ထွက် လာသည်။ ၎င်းမှာ လျှပ်စီးနှင့် မီး လင်းယုန်ကြီး ဖြစ်သည်။

“ ဂီး ... ။ ”

လျှပ်စီး မီးလင်းယုန်က စူးရှစွာ အော်ဟစ်လျက် ပျံဝဲ နေစဉ်၊ လဲ့ယင် ဘေး၌၊ အနက်ရောင် မြူများ ရစ်သိုင်း လာ တော့၏။

ဤအခိုက်တွင် ငရဲ နတ်ဘုရား တစ်ပါး ကဲ့သို့၊ လဲ့ယင်၏ အသွင်မှာ ကြောက်မက်ဖွယ် ကောင်း နေပေ၏။

“ ဝူး ဟား ဟား ... ။ ”

ထူးဆန်းသော ရယ်မော သံဖြင့်၊ သူ့လက်ဖဝါးအား ယဲ့ဇီလင် ထံသို့ ရိုက်ချ လိုက်သည်။

ပန်း ပင်လယ် အတွင်းသို့၊ လက်ဖဝါးကြီး တစ်ဖက် ကျရောက် လာသည်။ နောက်ဆုံးတွင် လဲ့ယင်မှ အင်အား သုံး၍ ချေမှုန်းရန် ကြံစည် လိုက်ခြင်း ဖြစ်၏။

ထိုတိုက်ခိုက်မှုကို ရင်ဆိုင် ပြီးနောက်၊ ယဲ့ဇီလင်၏ ပန်းပင်လယ်မှာ စက္ကန့်ပိုင်း အတွင်း ပျောက်ကွယ် သွားခဲ့သည်။

ငှက်ပြာလေး များက ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ် ကာ၊ ကာကွယ် လိုက်သော်လည်း၊ ကြာရှည် မခံ ခဲ့ပေ။ ဓား ရည်ရွယ် ချက်မှာ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ဝှစ် ... ။ ”

ထို့နောက် ယဲ့ဇီလင်မှာ၊ ဒူးထောက်လျက် အနေ အထားဖြင့်၊ မြေပြင်ပေါ် ပြုတ်ကျ သွားပြီး အသိ စိတ်များ မှုန်ဝါး လာတော့၏။

ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက် မှုကြောင့်၊ လဲ့ယင် သည်လည်း ရင်ဘတ်ရှိ ဒဏ်ရာ ဟောင်းမှ သွေးများ စီးကျ လာပြီး၊ အနည်းငယ် မောပန်း သွားခဲ့သည်။

သို့သော် ယဲ့ဇီလင်မှာ သူ့ထက် အခြေ အနေ ပိုဆိုး ချေ၏။

“ မင်း ... သေချင် နေတာ မဟုတ်လား၊ စိတ်မပူ ပါနဲ့၊ ငါ မင်းကို လွယ်လွယ်နဲ့ သေစေ မှာ မဟုတ်ဘူး၊ သေခြင်းထက် ပိုကြောက်စရာ ကောင်းတဲ့ အရာ တစ်ခုကို၊ မင်း ခံစား စေ ရမယ်၊ ...

... သူ့ကို ဖမ်းပြီး နတ်မိစ္ဆာ နယ်မြေထဲ ရောင်းဖို့ လုပ်ပါ၊ စိတ်ပျက် အားငယ်ခြင်း ဆိုတဲ့ စာလုံး ပေါင်းကို သူ သိပါစေ။ ”

-ဟု အမိန့်ပေး လိုက်တော့သည်။

အစောပိုင်း တိုက်ခိုက်မှု အတွက်၊ လဲ့ယင် တစ်ယောက်၊ ကြီးမားသော အဖိုး အခကို ပေးခဲ့ ရလေသည်။

ရှောင်ခွန်းက ချက်ချင်း ခေါင်းညိတ် ပြလိုက်ပြီး၊ အခြားသော မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများအား၊ ယဲ့ဇီလင်ထံ သွားရန် အချက်ပြ လိုက်သည်။

တစ်စုံ တစ်ယောက် ချဉ်းကပ်လာ နေသည်ကို သိသဖြင့်၊ ယဲ့ဇီလင်မှ ခေါင်းမော့ ကြည့်လိုက်၏။ သို့သော် ပြင်းထန် လွန်းသော ဒဏ်ရာ များကြောင့်၊ ဓား မြှောက်ရန် မဆိုနှင့်၊ မျက်လုံးပင် မဖွင့်နိုင် တော့ချေ။

“ ..... ။ ”

အသိ စိတ်များ မည်းမှောင် လာစဉ်၊ အဝေး တစ်နေရာမှ ဒေါသနှင့်၊ ခပ်ကြမ်းကြမ်း တီးမှုတ် လိုက်သော ပလွေ သံကို၊ ကြားလိုက် ရသည်။

လင်းယွန်က အရိယာ တေးသွားနှင့် ကောင်းကင်ဓား ရည်ရွယ်ချက်ကို ပေါင်းစပ် ထားသည်။

“ ဖောင်း ... ။ ”

ယဲ့ဇီလင် အနီးသို့ ချဉ်းကပ် နေသော မိစ္ဆာ ကျင့်ကြံ သူများ အားလုံး၊ တစ် စက္ကန့် အတွင်း ဦးခေါင်း ပေါက်ကွဲ ကုန်ကာ၊ အလောင်းများ မြေပြင်ပေါ် လဲကျ သွား၏။

“ ဟိတ် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရှောင်ခွန်းက လက်သီး ချက်ဖြင့်၊ ဂီတ လှိုင်းအား ထိုးခွဲကာ၊ လွတ်အောင် စွမ်းဆောင် နိုင်ခဲ့ သော်လည်း၊ သူ့ကိုယ်သူ တည်ငြိမ် စေရန် ခြေလှမ်း များစွာ၊ နောက်ပြန် ဆုတ်လိုက် ရသည်။

“ ဘယ် သူ လဲ ... ။ ”

စိတ်လှုပ်ရှား စွာဖြင့်၊ ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ မေးမိသည်။ သို့သော် မည်သည့် ပြန်ဖြေ သံမှ မကြား ရဘဲ၊ ပလွေသံ သည်သာ ဆက်၍ ထွက်ပေါ် လာ၏။

“ ဝှစ် ... ။ ”

ထို့နောက် အပြာရောင် နဂါး တစ်ကောင်က၊ သူ့ထံသို့ ဝင်ရောက် လာပြန် သဖြင့်၊ မြေပြင်ပေါ် လိမ့်ကာ၊ ရှောင်တိမ်း လိုက်ရသည်။

သည့်နောက် ပလွေသံ ထွက်ပေါ် လာရာ အရပ် ထံသို့ မော့ကြည့် မိသည်။ ကျောက်စိမ်း ပလွေကို ကိုင်ဆောင် ထားသော ငွေရောင် လူသား တစ်ယောက်၊ ကောင်းကင်မှ ဆင်းသက် လာသည်ကို တွေ့လိုက် ရ၏။

“ ပန်း ... ပန်းသင်္ချိုင်း … ၊ သူ ဘာလို့ ဒီကို ရောက်လာ တာလဲ … ။ ”

ယဲ့ဇီလင်မှာ အမြင် အာရုံများ မှုန်ဝါး နေ သော်လည်း၊ ရင်းနှီး နေသော ပလွေ သံကြောင့်၊ မည်သူ ဖြစ်မည်ကို သိလိုက်သည်။

သည်ကမ္ဘာ ပေါ်တွင်၊ ပန်းသင်္ချိုင်း တစ်ဦးတည်း သည်သာ၊ ဤသို့သော တေးသွား မျိုး၊ တီးမှုတ်နိုင် ပေ၏။

ထို့ကြောင့် မျက်လုံး ဖွင့် ကြည့်ရန်၊ ကြိုးစားလိုက် သော်လည်း၊ အသိ စိတ်မှာ မှိန်ဖျော့ လာချေပြီ။

( ငါ သေတော့ မှာလား ... ။ )

ယင်း အတွက် နာကျင်ခြင်း၊ နောင်တရ ခြင်းများ မရှိဘဲ၊ ဝမ်းနည်း ခြင်းများ ဝင်ရောက် လာရသည်။

ဤဝန်းကျင်၌ ပန်းသင်္ချိုင်း ဆိုသော၊ ငွေရောင် လူသားကြောင့်၊ လှပနေ မည်မှာ အမှန် ဖြစ်သော်လည်း၊ ၎င်းကို သူမ မြင်ခွင့် ရှိတော့မည် မဟုတ်ချေ။

***

All Chapters