သွေး မကုန် မချင်း။
Vol. 83 Ch. 1155
“ ဝှစ် ... ။ ”
ကြောက်မက် ဖွယ်ရာ ကောင်းသော အေးစက်မှုကို ထုတ်လွှတ်လျက်၊ ယဲ့ဇီလင် အနား ဆင်းသက် လိုက်သည်။
အသက် ဓာတ်များ ယိုစိမ့် နေပြီ ဖြစ်သဖြင့်၊ ငြိမ်းအေးခြင်း ဆေးလုံးကို၊ တိုက်ကျွေး လိုက်ရာ ချက်ချင်း သွေးရောင် ပြန်လွှမ်း လာသည်။
အသက်ရှူ နိုင်နေ သရွေ့၊ မည်သူ မဆို ပြန်လည် ရှင်သန် လာမည် ဖြစ်သည်။ သို့သော် ယဲ့ဇီလင် ဒဏ်ရာ များမှာ ဆိုးရွားလှ သဖြင့် အနည်းငယ် အချိန်ယူ ရပေ ဦးမည်။
“ အင်း ... ။ ”
မျက်လုံးများ မှိတ်လျက် နိုးလာမည့် အရိပ်အယောင် မပြ သေးချေ။ ယင်းက ဒဏ်ရာ မည်မျှ ပြင်း သည်ကို၊ စိတ်ကူး ကြည့်နိုင်၏။
“ သခင်လေး လဲ့ သူက ပန်းသင်္ချိုင်းပဲ၊ ကောင်းကင်ဘုံ ကြယ်ခန်းမမှာ၊ မိုးကြိုးဓား ခေါင်းကို ဖြတ်ခဲ့တဲ့ လူပါ။ ”
ရှောင်ခွန်းက ကြောက်ရွံ့ စွာဖြင့် ထရပ် လိုက်ပြီး၊ လင်းယွန် ဂုဏ်သတင်းကို ထုတ်ဖော် ပြောပြ လိုက်သည်။ သူ့စကားကြောင့် အခြားသော မိစ္ဆာ ကျင့်ကြံ သူများမှာ၊ လျင်မြန်စွာ နောက်ပြန် ဆုတ်မိ ကုန်၏။
ပန်းသင်္ချိုင်း ဟူသော ပုဂ္ဂိုလ် သည်၊ မိစ္ဆာသတ် ဓားသမား အဖြစ်၊ ကျော်ကြား လှ လေသည်။
ယဲ့ဇီလင်အား ငြိမ်းအေးခြင်း ဆေးလုံး တိုက်ကျွေး နေသော လင်းယွန်ကို ကြည့်ပြီး၊ လဲ့ယင်၏ မျက်လုံးများ၊ မှေးကျဉ်း သွားသည်။
ထို့နောက် သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ထုတ်ဖော်လျက်၊
“ မင်းက တိမ်လွှာဓား ဂိုဏ်းရဲ့၊ အမာခံ တပည့် ဆိုတဲ့၊ သတင်း တွေက အမှန် ဖြစ်ပုံ ရတယ်။ ”
-ဟု သုံးသပ် လိုက် တော့သည်။
“ မင်းနဲ့ ဘာဆိုင်လဲ ... ။ ”
လင်းယွန်က ယဲ့ဇီလင်အား ညင်သာစွာ ပြန်ချ ပေးလိုက်ပြီး၊ လဲ့ယင်ကို အေးစက်စွာ လှည့်မေး လိုက်သည်။
“ ဟား ဟား ဟား ... ၊ ငါ့ ရှေ့မှာ သရုပ်ဆောင် ပြဖို့၊ စိတ်ကူး မနေနဲ့၊ ငါ့လက် ကနေ သူ့ကို ကယ်ဖို့ ... ၊ မင်းမှာ အရည် အချင်း မရှိသေး ပါဘူး၊ ...
... တခြား သူတွေက မင်းကို ကြောက်ကောင်း ကြောက်ပေမယ့်၊ ငါ့ မျက်လုံး ထဲမှာတော့၊ မင်းက ဘာကောင်မှ မဟုတ်ဖူး ဆိုတာ မှတ်ထားပါ။ ”
လဲ့ယင်က လှောင်ပြောင် လိုက်သည်။ သူ့အမြင် အရ ဂီတ တာအို ဟူသည်၊ ပြောဆို နေကြ သကဲ့သို့၊ ကြောက်စရာ မကောင်းချေ။ အောင်မြင်မှု အချို့သာ၊ ရယူ ထားနိုင်ခြင်း ဖြစ်သည်။
စကားဆုံး သည်နှင့်၊ အနက်ရောင် မီးတောက် များကို၊ ဓားဖြင့် ပေါင်းစပ် လိုက်၏။ ထို့နောက် ဘယ်ဘက်၌၊ လျှပ်စီး လင်းယုန်နှင့် ညာဘက်တွင် မီးငှက်ကို ဖြစ်တည် စေသည်။
“ ကျီး ... ။ ”
မီးငှက်နှင့် လျှပ်စီး လင်းယုန်က အော်ဟစ်လာစဉ်၊ ကောင်းကင် တစ်ခုလုံး အရောင် ပြောင်းလဲ သွားသည်။
နက္ခတ် အဆင့် အင်ပါရီယန် တစ်ပါးအား၊ အလွယ် တကူ ဒဏ်ရာရ စေနိုင်သော တိုက်ခိုက် မှုမျိုး ဖြစ်၏။
သည့်စဉ် လင်းယွန်၏ နဖူး အလယ်တွင်၊ ဖြစ်တည် နေသော ဓားပိုးအိမ် တုန်ခါ သွားပြီး၊ ငွေလမင်း မျက်နှာ ဖုံးမှ၊ တောက်ပသော အလင်းများ ဖြာကျ လာသည်။
ယင်းက ဓားပိုးအိမ်ကို၊ သုံးရန် ပထမဆုံး အကြိမ် အဖြစ်၊ စမ်းကြည့် လိုက်ခြင်း ဖြစ်သည်။ အားကောင်းသော ဓား ရည်ရွယ်ချက်၊ ချက်ချင်း ထွက်ပေါ် လာ၏။
“ မိုးကောင်းကင် နောက်မှာ၊ နောက်ထပ် ကောင်းကင် တစ်စင်း အမြဲ ရှိတယ်။ ”
လျှပ်စီးနှင့် မီးလျှံများ ဖုံးလွှမ်း နေသော ကောင်းကင်မှာ၊ ချက်ချင်း ကွဲထွက် သွားသည်။ ထိုအက်ကွဲကြောင်း အတွင်းမှ၊ ကြယ်ရောင် များက၊ လင်းယွန် အပေါ် ကျ လာသည်။
ကြယ် အလင်းတိုင် အတွင်း၌၊ ရှိနေသော လင်းယွန်၏ ပုံရိပ်သည် ဓားသမား တစ်ဦး၏ ကျက်သရေကို ထင်ရှား စေ၏။
ထို ဓားရည်ရွယ် ချက်ကို ရင်ဆိုင် ရာတွင်၊ လဲ့ယင် ခမျာ ခြေလှမ်း (၃) လှမ်းမျှ၊ နောက်ပြန် ဆုတ်ပေး လိုက် ရသည်။
ရောင်ဝါ သမုဒ္ဒရာရှိ ကြယ်မိစ္ဆာ ပန်းများ တောက်လောင် လာပြီး၊ လင်းယွန် သွေးများ ပွက်ပွက်ဆူ လာ၏။
“ ငါ့ဓား၌ ... အရိယာ ကောင်းကင်ဓား၊ ထင်ရှားအံ့။ ”
ပေါက်ကွဲ သံများနှင့် အတူ၊ လျှပ်စီး လင်းယုန်နှင့်၊ မီးငှက်ကြီး ခမျာ မမြင် ရသော ဓား တစ်လက်ဖြင့်၊ တိုက်ခိုက်ခြင်း ခံလိုက် ရသည်။
လင်းယွန် အပေါ် ငွေရောင် အလင်း တန်းများ၊ ရွာကျ နေချိန်တွင် ကောင်းကင်မှာ၊ ကြည်လင် နေသဖြင့်၊ သူ့အား နတ်ဘုရား တစ်ပါး အလား၊ ထင်မှား စေ၏။
လဲ့ယင် တစ်ယောက် သွေးအန်လျက် လွင့်စဉ် သွားသည်။ သူ့ မျက်နှာ၌ လှောင်ပြောင် လိုသော ရည်ရွယ်ချက် အစား၊ ထိတ်လန့် မှုများ ဝင်ရောက် လာ၏။
အရိယာ ကောင်းကင်ဓား ဟူသည် နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင် သူများ အတွက်ပင်၊ လွယ်ကူသော အရာ မဟုတ်ချေ။
ဤဓား ဘီလူးမှာ၊ မည်သည့် အရပ်မှ ရောက်လာမှန်း သိချင် သွား၏။ သူ့ အတွက် ခက်ခဲ တော့မည် ဖြစ် သောကြောင့်၊ အနည်းငယ် စိတ်ပျက်လာ မိသည်။
“ အဟွတ် ... ဟွတ်၊ ... ဝေါ့။ ”
ပင်မ နတ်ဘုရား ကျွမ်းကျင်သူ နှစ်ဦးနှင့် ယဲ့ဇီလင်အား တိုက်ခိုက်ထား ရသဖြင့်၊ ပင်ပန်း နေပြီ ဖြစ်သည်။
မြေပြင်ပေါ် ဆင်းသက် လိုက်သည်နှင့် ချောင်းဆိုးလျက်၊ သွေးများ ထွေးထုတ် လိုက် ရ၏။
“ ဟား ဟား ဟား ... ၊ ဟား ... ဟား ... ဟား ... ။ ”
ထို့နောက် ခြောက်ခြား ဖွယ်ရာ ကောင်းသော ရယ်မော သံကြီး နှင့်အတူ၊ ခန္ဓာ ကိုယ်မှ အနက်ရောင် အငွေ့ အသက်များ လွင့်ထွက် လာ၏။
“ ဘဝ တစ်လျှောက်လုံး ... ၊ တိုက်ပွဲတွေ အများကြီး၊ ငါ ဆင်နွှဲ ခဲ့ဖူးတယ်၊ အခုတော့ ငါ အနိုင်ကျင့် ခံရ တော့မယ့် ပုံပဲ။ ”
အမည်ခံ ပင်မ နတ်ဘုရား တစ်ပါး၏ ရောင်ဝါ ဖိအားကြောင့်၊ လင်းယွန် အသက်ရှူ ကျပ်လာသည်။
ဤလဲ့ယင်သည် သာမန် မိစ္ဆာ ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ၊ အင်အားကြီး မိစ္ဆာ ဂိုဏ်းကြီး တစ်ဂိုဏ်းမှ၊ ပေါက်ဖွား လာသော ပါရမီရှင် တပည့် တစ်ဦး ဖြစ်သည်။
“ ဒါပေမယ့် မင်းက ငါ့ မျက်လုံး ထဲမှာ၊ အမှိုက် ဖြစ်နေ ဆဲပဲ၊ မင်းမှာ ဘယ်လို နောက်ခံ မျိုး ရှိရှိ၊ အသုံး မဝင် တော့ဘူး၊ ရလဒ်က တစ်ခုပဲ ရှိတယ်၊ အဲဒါက သေခြင်း။ ”
“ ချွင် ... ။ ”
လဲ့ယင်က လျှပ်စီးများ လက်လက်ထ နေသော ခရမ်းရောင် ဓားကို ဆွဲထုတ် လိုက်၏။ ထိုဓားကို လဲ့ယင် တစ်ယောက် နောက်ဆုံး ဆွဲ ခဲ့သည့် အချိန်အား၊ မှတ်မိ နေသော ရှောင်ခွန်း ခမျာ၊ မျက်လုံးများ မှေးစင်း သွားသည်။
( သူတော်စင် ရှေးဟောင်း ပစ္စည်းလား။ )
လင်းယွန်က စိတ်လှုပ်ရှား သွားပြီး၊ ပလေွအား စတင် တီးမှုတ် လိုက်သည်။ ယင်းကို မြင်ချိန်၌ လဲ့ယင်မှ ရက်စက် တော့မည့် အသွင်ဖြင့် ပြုံးလိုက်၏။
“ မင်း အတွက် ... ၊ မရဏ တေးသွားကို မှုတ် သင့်တယ်။ ”
သည့်နောက် ဓားအား လွှဲကာ ပလွေနှင့်၊ ဖန်တီး ထားသော သဘာဝ ဖြစ်စဉ်များ အားလုံး ကို၊ ဖျက်ဆီး တော့သည်။
ပြီးနောက် မျက်စိတစ်မှိတ် အတွင်း လင်းယွန် အနား ရောက်ရှိ လာ၏။ သို့သော် လင်းယွန်မှ၊ တစ်ချက် မော့ မကြည့်ချေ။
( ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။ )
တေးသွားမှာ အရိယာ အဆင့်သို့၊ ပြောင်းလဲ သွားသည်။ လဲ့ယင် ရှေ့၌ အနီရောင် နှင်းဆီ နံရံ တစ်ချပ်၊ ချက်ချင်း ထွက်ပေါ် လာ၏။
“ ထန် ... ။ ”
နှင်းဆီ နံရံနှင့်၊ ခရမ်းရောင် သူတော်စင် ဓါးတို့ တိုက်မိသွား ချိန်တွင်၊ မီးပွားများ ပျံ့လွင့် ကုန်သည်။
“ ဝှစ် ... ။ ”
ပလွေ တီးမှုတ် နေလျက်ဖြင့်၊ လင်းယွန် ခမျာ ခြေလှမ်း အနည်းငယ်၊ နောက်ပြန် ဆုတ်ပေးလိုက် ရသည်။
များ မကြာခင် နှင်းဆီ နံရံ၊ ပြိုကျသွား တော့၏။ ဖြစ်စဉ် ပြိုကျသွား သဖြင့်၊ လဲ့ယင်က တိုက်ခိုက်မှု အဟုန်ကို၊ မြှင့်တင် လိုက်သည်။
“ ဟိတ် ... ။ ”
သို့သော် ဆည်းဆာ အလင်း ဓားကို၊ အဆုံးထိ တီးမှုတ်ကာ၊ နဂါးဓား ရောင်ဝါအား ထုတ်ဖော်လျက်၊ လင်းယွန်မှ ကောင်းကင်ပေါ် ပျံပြီး၊ ရှောင်တိမ်း လိုက်လေသည်။
“ လာ ဦး မယ်။ ”
ခရမ်းရောင် ဓားရှိ၊ သူတော်စင် ရူရ်များ တောက်ပ လာပြီး၊ ကောင်းကင်၌ လျှပ်စီး များ တဖျပ်ဖျပ် လက်လာ တော့၏။
“ ခရစ် ... ။ ”
ကောင်းကင်ကြီး မှောင်လာကာ၊ အနက်ရောင် သိမ်းငှက် လက်သည်း တစ်ဖက်၊ ကောင်းကင်ကို ခွဲကာ၊ ဆင်းသက် လာသည်။
“ ကျီး ... ။ ”
လဲ့ယင်မှ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ကျင့်ကြံမှုဖြင့်၊ သူတော်စင် ပစ္စည်း၏ စွမ်းအားကို၊ အပြည့် အဝ ထုတ်ယူ လိုက်ခြင်း ဖြစ် လေသည်။
“ ဝုန်း ... ။ ”
“ ခရစ် ... ။
လက်သည်းက နှင်းဆီ နံရံကို ချက်ချင်း ကုပ်ဖြဲ ပစ်လိုက်ပြီး၊ လင်းယွန် ပေါ်သို့ ပြုတ်ကျ သွားသည်။ ချက်ချင်းပင် မြေပြင် တစ်ခုလုံး တုန်ယင် အက်ကွဲ လာ၏။
“ မြန်မြန် ... ။ ”
“ ဝှစ် ... ။ ”
ရှောင်ခွန်းနှင့် အခြားသော မိစ္ဆာ ကျင့်ကြံသူ များမှာ၊ ဤမြင်ကွင်းကြောင့် လွတ်ရာသို့ အမြန် ဆုတ်ခွာ လိုက်မိသည်။
သည့်နောက် ပြန်ကြည့် လိုက်ရာ၊ ဖုန်မှုန့် အတွင်း၊ မတ်တပ်ထ ရပ်ရန် ရုန်းကန် နေသော လင်းယွန် ပုံရိပ်အား၊ ဝိုးတဝါး မြင်နေ ရ၏။
ဤလက်သည်းသည်၊ ကြက်သွေးရောင် ကျောက်တုံး လွင်ပြင် တစ်ခု လုံးကို ဖျက်ဆီး နိုင်ခဲ့ သော်လည်း၊ ပန်းသင်္ချိုင်း ဝန်းကျင်ကို ဖျက်ဆီး နိုင်ပုံ မရခေျ။
သည့်စဉ် ၎င်းဖုန်မှုန့် များ အတွင်းမှ၊ မျက်ဝန်း တစ်စုံက သူတို့အား စိုက်ကြည့်နေ သည်ဟု၊ လူတိုင်း ခံစား လာရ တော့သည်။
***