သတ်ခြင်းဖြင့် မကောင်းမှုကို ပယ်ရှားခြင်း။
Vol. 83 Ch. 1156
နယ်မြေ တစ်ခုလုံး လင်းယွန်နှင့် လဲ့ယင် တို့၏ အရှိန်အဝါ များဖြင့်၊ ဖုံးလွှမ်း နေခဲ့သည်။ လင်းယွန် မျက်နှာမှာ ဖြူဖျော့လျက်၊ နွမ်းနယ် မှုများ ထင်ဟပ် နေ၏။
လဲ့ယင်မှာ သူ တွက်ဆ ထား သည်ထက် များစွာ သန်မာ လေသည်။ သာမန် အမည်ခံ ပင်မ နတ်ဘုရား တပါးမျိုး မဟုတ်ဘဲ၊ ပါရမီရှင် တစ်ပါး ဖြစ်ကြောင်း၊ ပြသ နေ၏။
ယနေ့သည် လပြည့်ည မဟုတ် သောကြောင့်၊ နတ်ကျောက်စိမ်း ဝါးပလွေမှာ၊ လဲ့ယင် ဓားအား မယှဉ် နိုင်သေးချေ။
ထို့ကြောင့် သူတော်စင် ရှေးဟောင်း ပစ္စည်း၏ ဖိနှိမ်ခြင်းကို မနည်းကြီး တွန်းလှန် နေရသည်။
အစောပိုင်း ရင်ဆိုင် မှုများ အရ၊ ခရမ်း-ရွှေရောင် နဂါး ရူရ်များ အားလုံး နီးပါး၊ ပျက်စီး သွားခဲ့သည်။ ကံကောင်း ထောက်မ စွာဖြင့် နောက်မှ စွမ်းအားကို ခံနိုင်ရည် ရှိခဲ့၏။
အသက်ပြင်းပြင်း ရှူလျက် လဲ့ယင်အား အကဲခတ် လိုက်သည်။ ၎င်းမျက်နှာ ပန်းရောင် သမ်းနေ ပေ၏။ သို့သော် မည်သည့် ခံစားချက် မျှ မပြဘဲ၊ တည်ငြိမ် ပြနေသည်။
ထို့အပြင် ဓားသေတ္တာ အတွင်ရှိ မူလ ကျောက်တုံးမှာ ထွတ်ပြေးရန် ရုန်းကန်နေ သဖြင့်၊ ပို၍ ပင်ပန်းလှ လေသည်။
သို့သော် တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ လဲ့ယင်အား ပြုံးပြ လိုက်မိသည်။
“ ဟိတ် ... ။ ”
ပန်းသင်္ချိုင်း ဓားမှ အရှုံးကို လက်ခံမည် မဟုတ်ချေ။ အော်ဟစ် မာန်သွင်းလျက်၊ ခါးကို ဆန့်ထုတ်ကာ ထရပ် လိုက်သည်။
“ ..... ။ ” (ဓားမြည်သံ။)
သူ့ ခံစား ချက်ကို အာရုံခံ မိသော ပန်းသင်္ချိုင်း ဓားက၊ စူးစူး ဝါးဝါး အော်မြည်သံ ပြုလာသည်။
“ ဟား ဟား ဟား ... ”
ရုတ်တရက် လင်းယွန် တစ်ယောက် အဓိပ္ပါယ် မဲ့စွာ၊ ရယ်မော လိုက်သည်။ သေသည် အထိ၊ တိုက်ပွဲ ဝင်ရန်သာ ရှိပေ တော့၏။ မဟုတ် သော် ပန်းသင်္ချိုင်း ဓားမှ သူ့အား စိတ်ပျက်သွား နိုင်သည်။
“ ဒီကောင်က ရူးသွား တာလား။ ”
မုန်မှုန်များ အတွင်း ဝိုးတဝါးသာ မြင်နိုင်သော လင်းယွန်ကို ကြည့်ကာ၊ လူတိုင်း ထိတ်လန့် လာသည်။
မိစ္ဆာ ကျင့်ကြံ သူများ အနေဖြင့်၊ ရက်စက် ကြမ်းကြုတ် သည်မှာ သဘာဝ ဖြစ်သော်လည်း၊ ဤဓား သမားကို မမီ သေးချေ။
၎င်းက သူတို့ ထက်ပင်၊ ပို၍ ကြမ်းကြုတ်ကာ၊ ရူးသွပ် နေပုံ ရသည်။ သေရ မည်ကို မကြောက်သော၊ မကောင်း ဆိုးဝါး တစ်ကောင်ကို၊ မြင်နေရ သလို ပေပင်။
“ တောက် ... ။ ”
ဤတစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်မှု အပြီးတွင်၊ သူ သည်လည်း အခြေ အနေ မကောင်း ခဲ့ချေ။ သူတော်စင် ဓား၏ စွမ်းအားကို အပြည့် အဝ ထုတ်ယူ ပြီးနောက် တွင်ပင်၊ ပြိုင်ဘက်မှာ အသက်ရှင် နေသေးသည်။
“ ဘယ်သူက ပိုရက်စက်လဲ ဆိုတာကို၊ မင်းက ငါနဲ့ ပြိုင်ချင် နေတာလား၊ ကောင်လေး သွေ့ရော် ပင်လယ် ထဲမှာ၊ အရူး ဘုရင် ဆိုတဲ့ ဘွဲ့ကို၊ ငါ ဘယ်လို ရခဲ့လဲ ပြမယ်။ ”
လျှပ်စီးနှင့် မီး ရည်ရွယ် ချက်တွင်၊ ကြယ်စွမ်းအင်များ သွန်းလောင်း လိုက်သည်။ သည့်နောက် မုန်တိုင်း တစ်စင်း ဖြစ်တည် လာပြီး၊ ဓားပေါ်ရှိ သူတော်စင် ရူရ်များ တွန့်လိမ်စ ပြုလာ၏။
လျှပ်စီး၊ မီးနှင့် ဓားတွင် ပါရှိသော သူတော်စင် ရူရ်များက၊ မုန်တိုင်းကို ပို၍ အားကောင်း လာစေသည်။
( တိမ်ဖုံး နေသော နေမင်းကြီး။ )
လင်းယွန်က ပလွေကို ပြန်၍ တီးမှုတ် လိုက်သည်။ လဲ့ယင် ဓားသည်သာ သူတော်စင် လက်ရာ တစ်ပါး မဟုတ်ချေ။ နတ်ကျောက်စိမ်း ပလွေ သည်လည်း၊ ထိပ်တန်း လက်ရာ တစ်ပါး ဖြစ်သည်။
တိမ်လွှာဓား (၁၃) ကွက်၏၊ ပထမ ဓားကို တီးမှုတ် လိုက်စဉ်၊ ဓားလှိုင်းများ ထွက်ပေါ်လာ ပြီး၊ ဖြစ်တည်စ မုန်တိုင်းအား၊ ဖြိုခွင်း လေသည်။
ထို့နောက် ဒုတိယ ဓားဖြင့်၊ ထပ်မံ ဖိအား ပေးရန် ကြိုးစား လိုက်သည်။ ကောင်ကင်၌ ပျံဝဲ လာသော ငှက်ပြာ နှစ်ကောင်ထံ ကြည့်ကာ၊ လဲ့ယင် တစ်ယောက် အံ့သြ သွားသည်။
“ ရွှပ် ... ။ ”
တစ်ဖက် လူမှ ဤသို့ တိုက်စစ် ဖွင့်လာ လိမ့်မည်ဟု မထင် မိချေ။ ထို့ကြောင့် ဝင်လာ သော ငှက် နှစ်ကောင်ကို ဓားဖြင့်၊ အမြန် ခုတ်ပိုင်း လိုက်ရသည်။
အကျိုးဆက် အနေဖြင့်၊ လင်းယွန် ခမျာ နောက်ဆုတ် သွားသည်။ ယင်းကို မြင်ချိန်၌၊
“ အတူတူ တိုက် ... ။ ”
-ဟု အမြန် အမိန့်ပေး လိုက်မိ၏။
ရရှိ ထားသော ဒဏ်ရာ ဒဏ်ချက် များက၊ သူ့ခန္ဓာ ကိုယ်အား ကန့်သတ် ချက်သို့ ရောက်ရှိ သွားစေပြီ ဖြစ်သည်။
ခန္ဓာကိုယ် ထဲ၌ စိုက်ဝင် နေသော၊ ပင်မ နတ်ဘုရား နယ်ပယ် အကြီးအကဲ နှစ်ဦး၏ ဓား ရည်ရွယ်ချက် နှစ်ခုက၊ စွမ်းအင် စီးဆင်းမှုကို များစွာ၊ အနှောက် အယှက် ပေးနိုင်စွမ်း လှ၏။
မူလက ၎င်းတို့အား၊ အတင်း အကျပ် ဖိနှိပ်ထား နိုင်ခဲ့သည်။ သို့သော် ယဲ့ဇီလင်ကို ကိုင်တွယ်ရန်၊ ကြယ် ပန်းချီကို ထုတ်ဖော်စဉ်၊ ထိုဓား နှစ်လက်က ထကြွ လာ၏။
သည့်နောက် လင်းယွန်နှင့်၊ တစ်ချိန်လုံး ပြင်းထန်စွာ တိုက်ခိုက် နေရ သောကြောင့် ပိုဆိုး လာခဲ့သည်။
သည်အတိုင်း ဆက်သွား ပါက၊ ဓား နှစ်လက်ကြောင့်၊ သူ့ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲကာ၊ သေရပေ လိမ့်မည်။
အခြားသော မိစ္ဆာ ကျင့်ကြံသူ များက၊ လင်းယွန်၏ အစွမ်းကြောင့်၊ လုံးဝ ကြောက်ရွံ့ နေကြ သော်လည်း၊ အမိန့်ကို မလွန်ဆန် ဝံ့ကြပေ။
ရှောင်ခွန်း၏ ဦးဆောင်မှုဖြင့်၊ ရှေ့သို့ လှမ်းတက် လိုက်ကြသည်။ ရန်သူ့ သံစဉ်မှာ၊ ကြောက်စရာ အားကောင်း သောကြောင့်၊ သတိထား ချဉ်းကပ် မိသည်။
ငှက်ပြာလေးများ ဆက်လက် ထွက်ပေါ် နေစဉ်၊ လင်းယွန် ခန္ဓာ ကိုယ်မှ၊ ဓား သူတော်စင် တောင်တန်း ကြီးနှင့် တူသော ရောင်ဝါများ ဖြာထွက် လာသည်။
သို့သော် လူအုပ် ကြီး၏၊ အမျိုး မျိုးသော တိုက်ခိုက်မှု များကို၊ ကိုင်တွယ် ဖြေရှင်း ရာ၌၊ ဒဏ်ရာများ ထပ်မံ ရရှိ နေဆဲ ဖြစ်သည်။
လူအုပ် နှင့်အတူ၊ ရောထွေး လိုက်ပါ လာသော လဲ့ယင်က၊ အသက်ကို ယူနိုင်သည့် ဓားချက် တစ်ချက်အား၊ မျက်ကွယ် အရပ်မှ၊ နေ၍ ခုတ်ချလာ ခဲ့သည်။
“ မင်း သေ လိုက် တော့ ... ။ ”
ဓားအလင်း များက၊ အနက်ရောင် လက်သည်းကြီး အဖြစ်၊ ရုတ်တရက် ဆင်းသက် လာဖြင့်၊ အသက် ရှူရန် ပြင်နေသော လင်းယွန် တစ်ယောက်၊ စိတ်လှုပ်ရှား သွားသည်။
ထိုလက်သည်း၏ အဖျက် စွမ်းအားကို တစ်ကြိမ် ကြုံဖူး၏။ သို့သော် လက်ရှိ အချိန်၌ တိမ်လွှာဓား (၁၃) ကွက်၏ စွမ်းအားမှာ၊ အဆုံးသို့ ရောက်ရှိ နေပြီ ဖြစ်သည်။
“ ကောင်လေး ... မင်း အသက်ကို ငါယူ လိုက်မယ်။ ”
သည့်စဉ် တစ်ဖက် လူမှ၊ ပလွေအား ရုတ်တရက် ရပ်လိုက် သဖြင့်၊ လဲ့ယင် ခမျာ မျက်မှောင်ကြုတ် မိ သွားသည်။
“ သေ လိုက် စမ်း ... ။ ”
ပလွေသံ ရပ်သွား သည်ကို၊ အခွင့် အရေး တစ်ရပ် အဖြစ်၊ ယူဆ လိုက်သော ရှောင်ခွန်းက ဆက်လက် တိုးဝင် လိုက်သည်။
ပန်းသင်္ချိုင်းတွင် သူတော်စင် ရှေးဟောင်း လက်ရာ နှစ်ပါး ရှိကာ၊ ၎င်း၏ ခေါင်းသည် များ စွာသော တန်ကြေး ရှိချေ၏။
“ အရိယာ ကောင်းကင်ဓား ... ငါ့ ဓား၌ ထင်ရှားအံ့။ ”
ဓားပိုးအိမ်မှာ မျက်ဖုံး အောက်၌၊ တောက်ပစွာ ပွင့်လာ ခဲ့သည်။ သည့်နောက် ပလေွကို ခပ်ကြမ်းကြမ်း မှုတ်လျက်၊ အရိယာ တေးသွား အဆင့်သို့၊ တက်လှမ်း လိုက်၏။
အရိယာ တေးသွား နှင့် အရိယာ ဓား ရည်ရွယ်ချက်၊ ပေါင်းစပ် သွားကာ၊ ဝိညာဉ်တော် (၁၀) ပါး ပြေးထွက် လာပြီး၊ အနက်ရောင် လက်သည်း ကြီးကို၊ ဓားများ ကဲ့သို့ ထိုးခွဲ တော့သည်။
“ ဝုန်း ... ။ ”
“ ဒါ ... ဒါက၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ရှောင်ခွန်းမှာ တိုးဝင် နေ လျက်မှ ဤမြင်ကွင်း ကြောင့်၊ လုံးဝ အံသြ သွားသည်။ ထို့စဉ် လင်းယွန်၏ မျက်ဝန်း တစ်စုံက၊ သူ့ထံ ကျရောက် လာတော့သည်။
ရုတ်တရက် နဂါး တစ်ကောင်က၊ ဓားသေတ္တာ ထဲမှ နေ၍၊ ဒေါသ တကြီး ပျံထွက် လာကာ၊ လင်းယွန် လက်ထဲ ပြေးဝင် သွား၏။
“ မဟုတ်ဖူး ... ၊ ဒါ ဓား ... ဓား။ ”
ထိုဓားက သူ့အား ရွံစရာ ကောင်းသော သတ္တဝါ တစ်ကောင်ကို မြင်လိုက်ရ သကဲ့သို့၊ ငုံ့ကြည့် လာမှန်း၊ သတိ ထား မိသည်။
“ ဘုန်း ... ။ ”
ယင်းမှာ သူ၏ နောက်ဆုံးသော ခံစားချက် ဖြစ်သည်။ ခန္ဓာ နှစ်ခြမ်း ခွဲခံ လိုက်ရ ပြီးနောက်၊ မြေပြင်ပေါ် ပြုတ်ကျ သွားတော့၏။
သည့်စဉ် အခြားသော မိစ္ဆာ ကျင့်ကြံ သူများ၏ တိုက်ခိုက်မှု အသီးသီးက၊ လင်းယွန် ပေါ်သို့ တစ်ချိန်တည်း ကျရောက် လာသည်။ ထို့ကြောင့် သွေးချင်းချင်း ရဲလာ တော့၏။
“ ဟမ့် ... ၊ တိရစ္ဆာန်တွေ ... ။ ”
လင်းယွန်မှာ ဒေါသ ထွက် လာသည်။
“ ဝေါ့ ... ။ ”
တစ်ချိန်တည်း မှာပင်၊ အနက်ရောင် လက်သည်းကြီး၊ ဖျက်ဆီး ခံလိုက် ရသဖြင့်၊ လဲ့ယင် ခမျာ သွေးအန်လျက်၊ မြေပြင်ပေါ် ဒူး တစ်ဖက် ထောက်၊ ပြုတ်ကျ သွားသည်။
မဆိုင်း မတွဘဲ ချက်ချင်း ထပြေး တော့၏။ မဟုတ် ပါက လင်းယွန်ကြောင့် ခန္ဓာကိုယ် ထဲရှိ ဓား နှစ်လက် လွတ်မြောက် သွားကာ၊ ပေါက်ကွဲ သေရ ပေမည်။
သူ့ လုပ်ရပ်က လူအုပ် ကြီးကို မှင်တက် သွားစေသည်။ သတိဝင် လာချိန်၌ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက် ကြ၏။
“ မင်းတို့တွေ ဆန္ဒ ရှိတဲ့ အတိုင်း ... ၊ သွားလို့ ရမယ် ထင်နေလား။ ”
အဆုံး မရှိ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ လာပြီး၊ ဘယ်လက်နှင့် မိစ္ဆာ ကျင့်ကြံ သူအား လှမ်းကိုင်ကာ၊ ညာလက်မှ ဓားဖြင့် ပိုင်းချ လိုက်သည်။
ကြယ်စင်စု အဆင့် ကျွမ်းကျင်သူ သုံးဦးမှာ၊ အသံပင် မထွက် နိုင်ဘဲ၊ နှစ်ပိုင်း ပြတ်သွားလေ သည်။
သည့်နောက် အရိယာ ကောင်းကင်ဓား ထွက်ပေါ် လာပြီး၊ လူသတ်ပွဲအား စတင်လိုက် တော့၏။
ဤအခိုက်တွင် နတ်ဘုရား တစ်ပါး၊ ကမ္ဘာပေါ် ဆင်းသက် လာကာ၊ အပြစ်သား များကို၊ သုတ်သင် နေခြင်းနှင့် တူ၏။
ဤလူများ အားလုံးသည် သူ အမုန်း ဆုံးသော၊ ခိုးဝင် တိုက်ခိုက် မှုကို၊ အကြိမ်ကြိမ် ပြုလုပ် ခဲ့သဖြင့်၊ အသက် ဆက်ရှင်ရန် မသင့် တော့ချေ။
ထို့ကြောင့် ကြောက်လန့်စွာ အော်ဟစ် ထွက်ပြေး နေသော လူတိုင်း နောက် လိုက်ကာ၊ သတ်ခြင်း အမှုကို တရစပ် ပြုမူ နေမိ သည်။
“ ငါ့ ... ငါ့ကို မသတ် ပါနဲ့၊ ငါ့မှာ အပြစ် မရှိ ပါဘူး၊ လဲ့ယင်က ခိုင်းလို့ လုပ်ရ တာပါ၊ မင်း ... ငါ့ အသက်ကို ချမ်းသာ ပေးရင်၊ လဲ့ယင်ကို သတ်ဖို့ ကူညီ ပေးနိုင် ပါတယ်။ ”
“ မင်းက အပြစ် မရှိ ဖူးလား၊ ဟုတ်တယ် ... မင်း မှန်တယ်၊ မင်းမှာ အပြစ် မရှိ ပါဘူး၊ မင်းကို မသတ် မိတဲ့၊ ငါ့မှာသာ အပြစ် ရှိတယ်။ ”
သွေးရော် ပင်လယ်ရှိ မိစ္ဆာ ကျင့်ကြံသူ များမှာ၊ ရက်စက် ကြမ်းကြုတ် ကြပြီး၊ အဓိက ဂိုဏ်းကြီး လေးဂိုဏ်း ကိုပင်၊ ဂရု မစိုက်ချင် ကြချေ။
သို့သော် လင်းယွန်နှင့် ယှဉ်ပါက၊ သူတို့၏ ရက်စက်မှု များမှာ၊ ကလေး အဆင့် ၌သာ ရှိလေ သည်။ အချိန် အနည်းငယ် ကြာ ပြီးနောက်၊ ကျောက်တုံး လွင်ပြင် တစ်ခုလုံး၊ တိတ်ဆိတ် သွားသည်။
ဤကမ္ဘာ ပေါ်ရှိ မကောင်းမှု များကို လူသတ်ခြင်း ဖြင့်သာ ဖယ်ရှား နိုင်မည် ဆိုပါက၊ မည်မျှပင် သတ်ရ- သတ်ရ သူ သတ်မည် ဖြစ်သည်။
“ ပလောက် ... ၊ ပလောက် ... ၊ ပလောက် ... ။ ”
မြေပြင် အနှံ့၊ သွေးအိုင်နှင့် အလောင်းများ ပျံ့ကျဲ နေပြီး၊ သွေးညှီ ရနံ့များ ထုံးမွှန်း နေ၏။ အသံ ဟူ၍ ပန်းသင်္ချိုင်း ဓားမှ စီးကျ နေသော သွေးစက်များ အသံသာ၊ ရှိပေ တော့သည်။
***