ဘယ်သူ ဖြစ်နိုင်လဲ - (၁)။
Vol. 83 Ch. 1157
နောက်ဆုံးသော မိစ္ဆာ ကျင့်ကြံ သူကို၊ သတ်လိုက်သော အခါတွင်၊ လင်းယွန် ခွန်အား များ ကုန်ဆုံး သွားခဲ့သည်။
“ အား ... ။ ”
ပြီးသည်နှင့် သူ့ ခံစားချက် အားလုံးကို ရှင်းထုတ်ရန် ကျယ်လောင်စွာ အော်ငေါက်ထုတ် လိုက်၏။
“ အဟွတ် ... ဟွတ် ။ ”
ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေပြီး၊ အတွင်း အင်္ဂါများ နာကျင် နေသည်။ သွေး ချောင်းများ ဆက်တိုက် ချောင်းဆိုးကာ၊ ရင်ဘတ် တစ်ခုလုံး တင်းကြပ် နေပေ၏။
အသက် ပြင်းပြင်း ရှူလျက်၊ ငွေလမင်း မျက်နှာ ဖုံးကို ဖယ်လိုက် ချိန်တွင်၊ မျက်လုံးမှ သွေးများ စီးကျ လာပြီး၊ မြေပြင်ပေါ် လဲကျ သွားသည်။
လူများစွာကို သတ်ပြီးနောက်၊ မောပန်း နွမ်းနယ် နေပြီ ဖြစ်သည်။ ခွန်လွန် ရောက် ချိန်မှ စကာ၊ သည်မျှ အန္တရာယ် ကြီးမားသော အခြေ အနေ မျိုးကို၊ ပထမဆုံး အကြိမ် ရင်ဆိုင် ရခြင်း ပေပင်။
နတ်မိစ္ဆာ နယ်မြေ၌ သူ ဖန်တီး ခဲ့သော ရုန်းရင်း ဆန်ခတ်မှုမှာ၊ အရာ အားလုံး အတွက်၊ အစီ စဉ်များ ကြိုချ ထားသည်။
ထို့အပြင် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို တွန်းထုတ်ကာ၊ ထိပ်တိုက် တွေ့ဆုံခြင်း မှလည်း၊ ရှောင်လွှဲ နိုင်ခဲ့၏။
လဲ့ယင်တွင် ဒဏ်ရာသာ ရရှိ ထားခြင်း မရှိသော်၊ အရိယာ တေးသွား ဖြင့်ပင်၊ အနိုင် ယူရန် ယုံကြည်ချက် ရှိမည် မဟုတ်ချေ။
ပင်မ နတ်ဘုရား နယ်ပယ် အကြီး အကဲ နှစ်ဦးကို၊ သတ်နိုင် သောကြောင့်၊ လဲ့ယင် မည်မျှ သန်မာ မည်အား၊ တွေးကြည့် နိုင်၏။
“ ဝေါ့ ... ။ ”
နောက်ထပ် သွေး တစ်လုတ်ကို၊ ထွေးထုတ်လိုက် ပြီးနောက်၊ အသိ စိတ်များ မှုန်ဝါး လာ တော့သည်။ ဒဏ်ရာ များက ပြင်းထန် လွန်း သဖြင့်၊ ရုပ်ခန္ဓာ ကန့်သတ် ချက်သို့၊ ရောက်သွားပြီ ဖြစ်၏။
လေးလံသော မျက်ခွံ များကို ပင့်လျက်၊ မျက်နှာဖုံးကို သိမ်းဆည်းကာ၊ မြေပြင် ပေါ်သို့ မှောက်လျက် ကျသွားသည်။
“ ဒုန်း ... ။ ”
သူ သတိလစ် သွားသည်နှင့် မူလ ကျောက်တုံးက၊ ဓားသေတ္တာ ထဲမှ ရုန်းထွက် တော့၏။
“ ဒုန်း ... ဝုန်း ။ ”
နောက်ဆုံးတွင် ဓားသေတ္တာ ပွင့်သွားပြီး၊ မူလ ကျောက်တုံး လိမ့်ထွက် လာ၏။ ၎င်းတွင် ရေးထွင်း ထားသော သူတော်စင် ရူရ် ထံမှ၊ ရှေးဟောင်း ရောင်ဝါများ ထွက်ပေါ် လာသည်။
ထိုရောင်ဝါက ကောင်းကင် ကြီးအား၊ ချက်ချင်း ကြက်သွေးရောင် ပြောင်းသွား စေ၏။ တစ်စုံ တစ်ယောက်သာ ဤနေရာတွင် ရှိနေ ပါက၊ မူလ ကျောက်တုံးမှ တိုးထွက် လာသော ရွှေရောင် ဝိညာဉ် သဏ္ဍာန် တစ်ခုကို တွေ့နိုင်မည် ဖြစ်သည်။
၎င်းဝိညာဉ် ထံမှ ရောင်ဝါသည်၊ နတ်ဘုရား အဆင့် ရူရ် တစ်လုံး၏ ရောင်ဝါနှင့် နီးစပ် လှ၏။ နဂါး အစစ်မှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ်နေ သကဲ့သို့ ခံစား ရစေသည်။
မူလ ကျောက်တုံး ဝိညာဉ်က၊ ၎င်း၏ သားကောင်ကို တွေ့ရှိ လိုက်သော မြွေပွေး တစ်ကောင် ကဲ့သို့၊ လင်းယွန်ထံ ကြည့်၏။
ထို့စဉ် လင်းယွန်၏ ခန္ဓာကိုယ်၌၊ ခရမ်း- ရွှေရောင် နဂါး ရူရ်များ ပေါ်လာပြီး၊ သူတော်စင် နဂါး ခန္ဓာမှာ၊ အသက်ဝင် လာသည်။
ထိန်းချုပ် မည့်သူ မရှိဘဲ၊ နဂါး ရူရ်များ ပေါင်းစည်း သွားကာ၊ အလွှာ တစ်ခု သဖွယ် ထွန်းလင်း တောက်ပ ကုန်၏။
သည့်နောက် လက်မောင်း အရွယ် အပြာရောင် နဂါး တစ်ကောင် ဖြစ်ပေါ် လာပြီး၊ လောဘ တကြီးဖြင့်၊ မူလ ကျောက်တုံးကို၊ လှမ်းကြည့် လေသည်။
မူလ ကျောက်တုံး ဝိညာဉ်မှာ၊ ကြောက်လန့် တကြီး ရုန်းကန် တော့၏။ သို့သော် အပြာရောင် နဂါးက၊ ဘုရင် တစ်ပါး ရောင်ဝါကို ထုတ်လွှတ် လျက်၊ ရှေ့သို့ တိုးဝင် လာပြီး၊ ၎င်းအား ဝါးမြို လိုက်လေသည်။
“ အု ... ဝူး ။ ”
မူလ ကျောက်တုံး ဝိညာဉ် ထံမှ၊ ဝိုးတဝါး နိုင်သော အော်ဟစ်သံ နှင့်အတူ အနက်ရောင် မြူ များ၊ ကန်ထွက် လာသည်။
အပြာရောင် နဂါးက၊ လှည့်ပတ် ပျံသန်း လိုက်ပြီး၊ အဆုံးတွင် လင်းယွန် နှလုံး သား၌ ရှိသော၊ နဂါး အမှတ်အသား ထံသို့၊ ပျံသန်း တိုးဝင် သွား၏။
အပြာရောင် နဂါး ဝင်ရောက် သွားသည်နှင့်၊ အမှတ် အသား တစ်ခုလုံး ပြောင်းလဲ လာသည်။ ၎င်းက အသွေး၊ အသားနှင့် အရိုး တို့ကို သန့်စင် ပေးပြီး၊ ရုပ်ခန္ဓာကို နောက်တစ်ဆင့်သို့ ပြောင်းလဲ သွားစေ ခဲ့သည်။
ခဏ အကြာတွင် ချွေးပေါက် များမှ သန့်ရှင်းသော ရောင်ဝါများ တိုးထွက် လာပြီး၊ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်း လာ၏။
ဤသည်မှာ သူတော်စင် နဂါး ခန္ဓာအား၊ တိုက်ပွဲဝင် ခန္ဓာကိုယ် အဆင့်သို့၊ မြှင့်တင် နိုင်ခဲ့ သော၊ လက္ခဏာ တစ်ရပ် ဖြစ်သည်။
သွေး မီးတောက် မှော်နဂါး မူလ ကျောက်တုံးသည်၊ လင်းယွန်ကို ဝါးမျို ချင်ခဲ့ သော်လည်း၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်မှ ပြန်၍၊ ဝါးမျို သွားသည်။
အဆုံးတွင် မူလ ကျောက်တုံး ဝိညာဉ်မှာ၊ ၎င်းနှင့် ထိုက်တန်သော ကံကြမ္မာကို ရရှိသွား တော့သည်။
လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက် ပြောင်းလဲသွား သကဲ့သို့၊ တိုက်ပွဲ ဖြစ်ပွားရာ လွင်ပြင် သည်လည်း၊ အပျက် အစီး နယ်မြေ အဖြစ်၊ ပြောင်းလဲ သွားသည်။
မထိ မခိုက် မပျက် စီးသော ဒေသမှာ၊ ယဲ့ဇီလင် ရှိရာ၊ အနီး ဝန်းကျင် ဖြစ်လေသည်။ ယခု အချိန်၌ ယဲ့ဇီလင် ခမျာ ငြိမ်းအေးခြင်း၊ ဆေးလုံး၏ အာနိသင်ကို စုပ်ယူ နေသည်။
မီးလျှံများ ဖုံးလွှမ်းလျက်၊ မီးတောက်၌ ပြန်လည် မွေးဖွား လာသော နှင်းပန်း တစ်ပွင့် ကဲ့သို့၊ သွေးရောင်များ ပြန်၍ လွှမ်းလာသည်။
များမကြာခင် မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာ၏။ မျက်ဝန်း ထဲ၌ ခရမ်းရောင် နှင်းပန်း တစ်ပွင့် တောက်ပ နေသည်။
ထို့စဉ် သူမ ခန္ဓာ ကိုယ်မှ၊ ကြောက်စရာကောင်းသော ရောင်ဝါ တစ်ခု ထွက်လာသည်။ အတား အဆီးကို ဖြတ်ကာ၊ နက္ခတ် အဆင့်သို့၊ ရောက်ရှိ သွားခြင်း ဖြစ်၏။
ပတ်ဝန်းကျင်ရှိ အရှုပ် အထွေး များကို ကြည့်လျက်၊ တုန်လှုပ် သွားသည်။ သို့သော် ဤ အချိန်၌ ကြယ်တာရာ ပန်ချီကား တစ်ချပ်ကို၊ ဖန်တီး ရန်သာ အရေးကြီး ချေ၏။
ကောင်းကင်ရှိ တိမ်တိုက်များ ဖယ်ခွာ သွားပြီး၊ ကြယ်အလင်း များက အလင်းတိုင် တစ်တိုင် အသွင်၊ ယဲ့ဇီလင်ပေါ် ထိုးကျ လာသည်။
ငြိမ်းအေးခြင်း ဆေးလုံးသည်၊ အသက် ပြန်ရှင် စေနိုင် ရုံသာ မကဘဲ၊ ကျင့်ကြံခြင်း ၌ပင် ၊ အောင်မြင်မှု တစ်ခု ရရှိ ခဲ့သည်။
ဘဝနှင့် သေခြင်းကို ထိုဆေးလုံး၏ အကူ အညီဖြင့်၊ ဖြတ်ကျော်ကာ အလား အလာအား၊ အပြည့် အ၀ တူးဖော်နိုင် ခဲ့သည်။
ယခု အချိန်၌ ကိုယ်ပိုင် ကြယ်ပန်းချီကို ရေးဆွဲ ရန်သာ ကျန်ရှိပေ တော့၏။ မည်သို့သော ကြယ်တာရာ ကြယ်စင်စုကို လိုချင် သည်ကို သိထားပြီး ဖြစ်သည်။
ထို့ကြောင့် လေးနာရီ အတွင်း၊ ပန်းချီကား တစ်ချပ် ဖြစ်ပေါ် လာသည်။ ပန်းချီ ကားတွင် ကောင်းကင် နှင့် ပင်လယ်တို့ ပါဝင်၏။
အလယ်၌ ကြိုးကြာ (၃၆) ကောင်ဖြင့်၊ ဖွဲ့စည်း ထားသော၊ ကောင်းကင်သို့ သွားရာ တံတား တစ်စင်း ရှိသည်။
ထို့ကောင်းကင် တံတား ပေါ်တွင်၊ အမျိုး သမီးငယ် တစ်ဦး ရပ်နေသည်။ သူမ မျက်နှာကို ရှင်းလင်းစွာ မမြင်ရ သော်လည်း၊ ရောင်ဝါ အရ၊ သူရဲကောင်း တစ်ဦး ဖြစ်မှန်း သိသာ၏။
အဝေးမှ ကြည့်လျှင် ကြိုးကြာ (၃၆) ကောင်ဖြင့်၊ ဖွဲ့စည်း ထားသော တံတားတွင် အမျိုး သမီး တစ်ဦး၊ ဖြတ်လျှောက် နေခြင်းနှင့် တူသည်။
ယင်းက ‘ကြိုးကြာ ကောင်းကင် တံတား’ ဖြစ်၏။ အင်ပါ ရီယန် တစ်ပါး၏ စစ်မှန်သော ခွန်အား ဖြစ်ချေပြီ။
ကြိုးကြာငှက် များ၏ အမွေး များမှာ၊ အဖြူရောင် ဖြစ်ပြီး၊ ၎င်းတို့မှ ဘုရင့် ရောင်ဝါကို ထုတ်လွှင့် နေကြ၏။
ထို့အပြင် ဤငှက် များမှာ၊ ဖီးနစ် သွေးသားကို ပိုင်ဆိုင်ထား သဖြင့်၊ ဖီးနစ်ဖြူ များ ဟုလည်း၊ ခေါ် ဆိုကြ လေသည်။
သည့်နောက် ယဲ့ဇီလင် မျက်လုံးများ ပွင့်လာကာ၊ ကြယ်တာရာ ကြယ်စင်စု ပန်းချီကို ခန္ဓာကိုယ် ထဲသို့၊ ပြန်လည် သိမ်းဆည်း ၏။
ပြီးသည်နှင့်၊ သူ့ရှေ့မှ အပျက် အစီး နယ်မြေကို၊ တစ်ချက် ပြန်ကြည့်သည်။ တစ်ချိန် တည်းမှာပင်၊ ပန်းသင်္ချိုင်းနှင့် လဲ့ယင်းတို့ ကြားက၊ တိုက်ပွဲကို မြင် လာ၏။
ပန်းသင်္ချိုင်းက အနက်ရောင် လက်ဖဝါး ကြီးကို၊ ဖြိုခွဲလိုက်သော အခါတွင်၊ သူ့နှလုံးသား တစ်ခုလုံး၊ တုန်လှုပ် သွားသည်။
အဆုံးတွင် ပန်းသင်္ချိုင်းမှာ၊ သူမကို ကာကွယ်ရန်၊ ဤတိုက်ပွဲအား ဆင်နွှဲ ခဲ့ခြင်း ဖြစ် ပေ၏။
ပုံရိပ်များ ချက်ချင်း မှုန်ဝါး သွားကာ၊ သွေးများ ဖုံးလွှမ်း နေသည့် ပန်း သင်္ချိုင်း၏ အသွင် ပြန်ပေါ် လာသည်။
ရှောင်ခွန်းကို သတ်ရန် ပန်းသင်္ချိုင်းက ဓားအား လွှဲလိုက်သော အခါတွင်၊ ပုံရိပ်ယောင် များ အားလုံး၊ မှန်တစ်ချပ် ကဲ့သို့၊ အက်ကွဲ ပျက်ပြယ် သွားသည်။
“ သူ ... ဘယ်သူ ဖြစ်နိုင် မလဲ … ၊ ဒီငေွရောင် ဆံပင် တွေက၊ အတု တပ်လို့ ရတယ်၊ ဒါပေမယ့် ... အဲဒီ ငွေရောင် ဓား သေတ္တာ ကတော့ မရဘူး။ ”
ဤငွေရောင် ဓား သေတ္တာမှ လွဲ၍၊ ပန်းသင်္ချိုင်းတွင် ထူးထူး ခြားခြား ပြောနိုင် စရာ၊ မည်သည့် အရာမျှ မရှိချေ။
တိမ်လွှာဓား ဂိုဏ်းမှာ၊ ဓား သမားများ နားခိုရာ အရပ် ဖြစ်သဖြင့်၊ တပည့်များ စွာက ဓား များကို သိမ်းဆည်းရန်၊ ဓားသေတ္တာ တစ်လုံးအား၊ ဆောင်ကျဉ်း ထား ကြသည်။
သို့သော် ဂိုဏ်း၌ ဤသို့ ငွေရောင် ဓားသေတ္တာ ပိုင်ဆိုင် ထားသည့် တပည့်မျိုး၊ တစ်ယောက်မျှ မရှိ သည်ကို၊ သူမ သိသည်။
***