ဘယ်သူ ဖြစ်နိုင်လဲ- (၂)။
Vol. 83 Ch. 1158
ခြေဖျားအား မြေပြင်ပေါ် အသာ ပုတ်ကာ၊ ယဲ့ဇီလင် တစ်ယောက် အပျက် အစီး များကြား ဖြတ်ပျံ လိုက်သည်။
မြေပြင် တစ်နေရာ၌ နတ်ကျောက်စိမ်း ပုလွေကို မြင်လိုက်ရ သဖြင့်၊ လက်ဝှေ့ ယမ်းကာ လှမ်းယူ ၏။
“ တွေ့ ပြီ ... ။ ”
နောက်ဆုံး ရင်ဆိုင် ရာတွင်၊ လဲ့ယင်၏ တိုက်ခိုက်မှုကို ဖျက်ဆီး ရာ၌၊ ဤပလွေအား အသုံးပြု ခဲ့မှန်း၊ သူမ မြင်လိုက်သည်။
သို့သော် ပလွေပင် ပြန် မကောက် နိုင်လောက်အောင် အလျင် လိုနေ သောကြောင့်၊ ပန်းသင်္ချိုင်း ခမျာမှာ၊ ဒဏ်ရာ ပြင်းစွာ ရရှိ သွားမည်ဟု၊ ထင်မိ လာသည်။
မဟုတ် ပါက ပလွေကို ထားရစ်ကာ၊ ထွက်ခွာ သွားမည် မဟုတ်ပေ။ အနီး ဝန်းကျင် တစ်နေ နေရာ၌၊ ဒဏ်ရာ များကို ပြန်လည် ကုစားနေ နိုင်၏။
“ ပန်း သင်္ချိုင်း ... ။ ”
ထိုစဉ် ကောင်းကင်၌ ပျံဝဲ နေသော ဓားတစ်လက်ကို မြင်လိုက် ရ သဖြင့်၊ ဝမ်းသာ အားရ ချက်ချင်း ဦးတည် လိုက်သည်။
သို့သော် သတိလစ် နေသူမှာ ပန်းသင်္ချိုင်း မဟုတ်ဘဲ၊ လင်းယွန် ဖြစ်နေရာ၊ စိတ်ပျက် သွား လေသည်။
မျက်နှာ တစ်ပြင်လုံး နီရဲ နေပြီး၊ လေတိုး သံကြောင့်၊ လင်းယွန် သတိရ လာကာ၊ မျက်လုံး ဖွင့်ရန် ကြိုးစား လိုက်သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
မျက်လုံး ပွင့်ပွင့်ချင်း ပတ်ဝန်းကျင်ကို၊ ဝေ့ကြည့် မိသည်။ ဒဏ်ရာ အပြင်းအထန် ရကာ၊ သူ သေလု မြောပါး ဖြစ်ခဲ့ ကြောင်း၊ ပြန်၍ သတိရ လာ၏။
ထို့ကြောင့် ငြိမ်းအေးခြင်း ဆေးလုံးကို မထုတ် နိုင်မီ၊ သတိလစ် သွားခဲ့သည်။ သို့သော် မျက်လုံး ပြန်ပွင့် လာ ချိန်၌၊ ဒဏ်ရာ များက အံသြ စရာ ကောင်း လောက်အောင် ပျောက်ကွယ် နေပေ၏။
သိသိ သာသာ ပြောင်းလဲ နေပြီး၊ ခွန်အားများ အဆ မတန် တိုးပွားလာ သည်ကို ခံစား ရသည်။
ရုတ်တရက် ‘သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ’ ဟူသော စကားလုံး များက၊ သူ့ ဦးနှောက် ထဲ၊ ဝင်ရောက် လာ၏။ သတိလစ် ရုံဖြင့် ၎င်းကို၊ အောင်မြင် သွားရာ၊ ထိတ်လန့် သွားသည်။
“ မင်း ... ၊ ငါ့ကို ကယ်ဖို့ ပြန်လာ ခဲ့တာလား။ ”
ရုတ်တရက် မေးမြန်းသံ ထွက်ပေါ် လာ သောကြောင့်၊ လင်းယွန်မှ ခေါင်းမော့ ကြည့်မိ သည်။ ဦးစွာ သွယ်လျသော ခြေတံ တစ်စုံကို မြင်လိုက် ရ၏။
ဆက်၍ မော့ကြည့် လိုက်သော အခါတွင်၊ ယဲ့ဇီလင်၏ ရင်းနှီးသော မျက်နှာကို၊ မြင်လိုက် ရသည်။
“ မင်းရဲ့ သတ္တိက ချီးကျူး ထိုက် ပေမယ့်၊ နည်းနည်းတော့ ရူးရာ ကျနေတယ်၊ ပန်းသင်္ချိုင်း သာ ပေါ် မလာရင်၊ အခု နှစ်လောင်းပြိုင် ဖြစ်နေ လောက်ပြီ။ ”
ယဲ့ဇီလင်မှ ဆက်ပြော လာသည်။ ယင်းက လင်းယွန်ကို လုံးဝ အံသြသွား စေ၏။ ထို့နောက် ယဲ့ဇီလင် လက်ထဲရှိ၊ နတ်ကျောက်စိမ်း ပလွေကို သတိထား မိသည်။
ပင်ပန်း လွန်းသော ကြောင့်၊ နတ်ကျောက်စိမ်း ပလွေကို မေ့သွား ခဲ့သည်။ ကံကောင်း ထောက်မ စွာဖြင့်၊ ယဲ့ဇီလင်မှ ကောက်ယူ လာ၏။
သို့သော် မည်သို့ ပြန်တောင်း ယူရ မည်ကို မသိ သဖြင့်၊ စိတ်ပျက် သွားသည်။ ယင်းကို မြင် ချိန်၌၊ ယဲ့ဇီလင်မှ နှစ်သိမ့်ပေး လာသည်။
“ အဲဒါကို သိပ်ပြီး စိတ်ထဲ မထား ပါနဲ့၊ လဲ့ယင်က နက္ခတ် အဆင့် သာမာန် ကျင့်ကြံသူ တစ်ဦး မဟုတ်ဘူး၊ လောခွိုက်ကို သတ်နိုင်တာ နဲ့ပဲ၊ နက္ခတ် အဆင့်က ပါရမီရှင်တွေကို တိုက်ခိုက် နိုင်မယ်လို့ မဆို လိုဘူး၊ ...
... ပြီးတော့ ပန်းသင်္ချိုင်းနဲ့ ... ၊ လဲ့ယင် ကြားက တိုက်ပွဲကို၊ သာမန် ပါရမီရှင် တစ်ဦးက၊ ဝင်ရောက် စွက်ဖက် နိုင်စရာ အကြောင်း မရှိ ပါဘူး၊ လှိုင်းတစ်ခု နဲ့တင် မင်းခုလို သတိလစ် သွားဖွယ် ရှိတယ်၊ ဒဏ်ရာ ကြီးကြီး မားမား မရတာ၊ ကံကောင်း တယ်မှတ်။ ”
ယဲ့ဇီလင် စကား များကို၊ ပြုံးလျက် နားထောင် နေမိသည်။ သူ့အား သံသယ ဝင်ပုံ မရ သဖြင့်၊ ကံကောင်း သွား၏။
“ မင်း ... ဘာပြုံး တာလဲ ... ၊ မူလ ကျောက်တုံးရော ဘယ်မှာလဲ။ ”
“ ဒီမှာ ... ။ ”
စကားဆုံး သည်နှင့်၊ ဓား သေတ္တာထံ လက်လှမ်းလျက်၊ သူ့ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ်သည်။
ဓား သေတ္တာမှာ ယခင် ကထက် များစွာ ပေါ့ပါး နေ၏။ မူလ ကျောက်တုံး လွတ်မြောက် သွားပုံ ရသည်။
“ ဘယ် ... ဘယ်ရောက် သွားတာလဲ။ ”
“ သွေးမီးတောက် မေှာ်နဂါး မူလ ကျောက်တုံးမှာ၊ ဉာဏ်ရည် ဉာဏ်သွေး ရှိတယ်၊ မင်း သတိလစ် နေတုန်း ထွက်ပြေး သွားတာ ဖြစ်မယ်၊ ပြန်တွေ့ဖို့ မလွယ်တော့ ပါဘူး။ ”
ယဲ့ဇီလင် စကားကြောင့်၊ လင်းယွန် ခမျာ တွေဝေ သွား၏။ မည်သည့် နေရာသို့ ရောက်ရှိ နေမှန်း၊ တွက်ဆ နိုင်သော်လည်း၊ ထုတ်ဖော် ဝန်ခံ ဝံ့ခြင်း မရှိ သေးချေ။
“ မိန်းကလေး ယဲ့ ... ၊ ပန်းသင်္ချိုင်းကို တွေ့လိုက်လား။ ”
ထို့ကြောင့် ယဲ့ဇီလင် အာရုံကို ပြောင်းရန် ကြိုးစား စားမိသည်။ သူမက ခေါင်းညိတ် ပြပြီး၊
“ သူက ... ၊ ငါတို့ရဲ့ တိမ်လွှာဓား ဂိုဏ်းရဲ့ အမာခံ တပည့် ဖြစ်တယ် ဆိုတဲ့၊ ကောလဟာလ တွေက မှန်ပုံ ရတယ်၊ လောဟွာလို သူတော်စင် မိသားစုက တစ်ယောက် ယောက်ပဲ၊ ...
... သူတော်စင် တောင်ရဲ့ လျှို့ဝှက်ချက်ကို စိတ်ဝင် စားလို့၊ ငါတို့ ဂိုဏ်းကို ရောက်လာတဲ့ လူ တစ်ယောက်ပဲ။ ”
ယဲ့ဇီလင်မှာ ပုံပြင် တစ်ပုဒ် ပြောရန် ကြိုးစားနေ သဖြင့်၊ လင်းယွန်မှ ကြိတ်ကာ ပြုံးလိုက် မိတော့သည်။
ပန်းသင်္ချိုင်း ဟူသည် သူတော်စင်ကို မမြင် ဖူးသော၊ အောက်တန်းစား နယ်မြေမှ လာသည့် ချာတိတ်လေး တစ်ယောက် မျှသာ၊ ဖြစ်လေ သည်။
“ မိန်းကလေး ယဲ့ ... ၊ မင်း နက္ခတ် အဆင့်ကို ရောက်သွား ပြီလား။ ”
“ ဟုတ်တယ် ... ၊ သူက ငြိမ်အေးခြင်း ဆေးလုံး ငါ့ကို တိုက်ကျွေး ခဲ့တယ် ... ၊ ဒီနတ် ဆေးက သေမဲ့ လူကိုတောင် အသက် ပြန်ရှင် စေ နိုင်တယ်၊ ...
... ပြီးတော့ ... အသက်နဲ့ သေခြင်း ကိုလည်း၊ နားလည် နိုင်စွမ်း ရှိအောင်လည်း ကူညီ ပေးနိုင်တယ် … ။ ”
အေးစက် နေသော ယဲ့ဇီလင် မျက်နှာမှာ၊ ရုတ်တရက် ရှက်ကိုး ရှက်ကန်းဖြင့် နီမြန်းလာ တော့သည်။
အဆုံးတွင် ဤသည်မှာ ပန်းသင်္ချိုင်းနှင့်၊ သူမသာ သိထားသော လျှို့ဝှက်ချက် တစ်ရပ် ပေပင်။
ပန်းသင်္ချိုင်း၌ ငြိမ်းအေးခြင်း ဆေးလုံး တစ်လုံးသာ ရှိပုံ ရသည်။ သူ့တွင် ဒဏ်ရာများ ရထား သော်လည်း၊ ထိုဆေးလုံးကို သူမထံ ပေးရန် ရွေးချယ် ခဲ့သည်။
ပန်းသင်္ချိုင်း သည်သာ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်ပါက၊ ၎င်းကို သူမ မြင်ဖူး သင့်၏။ မသိ သည်မှာ အနည်းငယ် ထူးဆန်း နေသည်။
“ မိန်းကလေး ယဲ့ ... ၊ ဒီကျောက်စိမ်း ပလွေက၊ သူ ကျန်ခဲ့ တာလား။ ”
လင်းယွန်က ယဲ့ဇီလင် လက်ထဲရှိ ပလွေကို စိုက်ကြည့်ကာ၊ မည်သို့ ပြန်ယူရ မည်ကို အကြံ ထုတ်နေ မိသည်။
“ ဟုတ်တယ် ... ၊ သူ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွားပြီး၊ ပလွေ ပြုတ်ကျ ကျန်ခဲ့ တယ်၊ ဒီပလွေက သာမာန် သူတော်စင် လက်ရာမျိုး မဟုတ် ဖူးလို့၊ ငါ ပြောနိုင်တယ်။ ”
ယဲ့ဇီလင်က နတ်ကျောက်စိမ်း ပလွေကို ပြန်ငုံ့ ကြည့်ကာ၊ သက်ပြင်း ချလျက် ပြန်ဖြေ လာသည်။
“ အဲဒါကို နတ်ကျောက်စိမ်း ဝါးပလွေလို့ ခေါ်တယ် ... ။ ”
လင်းယွန်က နာမည်ကို ထုတ်ပြော လိုက်သည်။ သူ့ စကားကြောင့် ယဲ့ဇီလင် ခမျာ မျက်ခုံး ပင့်လျက်၊ ပြန်ကြည့်၏။
“ မင်း သိတယ်လား။ ”
“ ငါ ပလွေ မှုတ်တတ် တယ်လို့ ... ၊ မိန်းကလေး ယဲ့ကို ပြောဖူး တယ်လေ၊ မမှတ်မိ တော့ဖူးလား။ ”
“ အင်း ... ငါ သတိ ရပြီ။ ”
“ ဒီနတ်ကျောက်စိမ်း ဝါးပလွေကို ပန်းသင်္ချိုင်းထံ သေချာပေါက် ပြန်ပေး ရမယ်၊ မိန်းကလေး ယဲ့ ဘယ်လို ထင်လဲ။ ”
လင်းယွန်က စူးစမ်း ဟန်ဖြင့်၊ စကားစ ကြည့်သည်။ ယဲ့ဇီလင်မှ အလွယ် တကူပင် ခေါင်းညိတ် သဘောတူ လာ၏။
“ မိန်းကလေး ယဲ့က ... ၊ ဂီတ တာအို အကြောင်း၊ ဘာမှ မသိဖူး မဟုတ်လား၊ ဘာလို့ ငါ့ကို မပေးထား ရတာလဲ၊ တကယ်လို့ သူသာ တိမ်လွှာဓား ဂိုဏ်းရဲ့ ...
... အမာခံ တပည့် တစ်ယောက် ဆိုရင် ... ၊ ဒါကို ပြန်ယူဖို့ သေချာပေါက်၊ ကိုယ်ထင် ပြပါ လိမ့်မယ်။ ”
“ မင်း ... ပြောတာ အဓိပ္ပါယ် ရှိတယ်။ ”
လင်းယွန် စကား များက၊ ယဲ့ဇီလင် နှလုံးသားကို တုန်ယင်လာ စေ၏။ ပလွေ လွှဲပေး လိုက် ပြီးနောက်၊ လင်းယွန်ထံ ပြန် ကြည့်သည်။
“ ထိုင် ဦး ... ။ ”
တစ်ဖက် လူအား စိတ်ပြောင်း ခွင့် မပေး တော့ဘဲ၊ ဝါးပလွေကို ဆွဲယူကာ၊ လင်းယွန်က နှုတ်ခမ်းတွင် တေ့ လိုက်သည်။
ပြီးနောက် သူ့ရှေ့တွင် ဝင်ထိုင်သော ယဲ့ဇီလင်ထံ တစ်ချက် ပြန်ကြည့်ကာ၊ ပလွေကို စတင် တီးမှုတ် လိုက် တော့သည်။
***