← Chapters

သူတော်စင် ပန်း။

Vol. 83 Ch. 1159

သူတော်စင် ပန်း။

Vol. 83 Ch. 1159

ခွန်လွန်ဘုံ ရောက်ပြီးနောက်၊ လဲ့ယင်နှင့် တိုက်ပွဲသည် အန္တရာယ် အရှိဆုံး တိုက်ပွဲ ဖြစ်၏။ သို့သော် အဆုံးတွင် အောင်နိုင် ခဲ့သည်။

ကောင်းကင် ကြီးကို မော့ကြည့်ကာ ခံစား ချက်များ အားလုံးကို တေးသွား အဖြစ်၊ တီးမှုတ် ပေးလိုက် သည်။

တေးသွား ဆုံးချိန်၌ နေမင်းမှာ လုံးဝ ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ထိုနောက် နှစ်ဦးသား ယခင်နှင့် မတူသော ခံစားချက် ကိုယ်စီဖြင့်၊ မီးပုံ ရှေ့တွင် ထိုင်နေမိ ကြ၏။

“ ငါ အရင်က ပြောခဲ့တဲ့ ... ၊ စကားတွေ အတွက် တောင်းပန် ပါတယ်၊ မင်းရဲ့ ဝါးပလွေ တီးမှုတ် နိုင်စွမ်းက၊ ပန်းသင်္ချိုင်းထက် မနိမ့် ပါဘူး။ ”

လင်ယွန်ထံ လှည့်ကြည့် သော၊ ယဲ့ဇီလင် အမူ အရာမှာ ပို၍ သိမ်မွေ့ လာ၏။ အထူးသဖြင့် လင်းယွန်နှင့် ပတ်သက်သည့်၊ အမြင်မှာ လုံးဝ ကွဲပြား သွားပြီ ဖြစ်သည်။

“ အင်း ... ။ ”

လင်းယွန်က ပြန်၍ ပြုံးပြ လိုက်သည်။ ပင်လယ်ကို ဖြတ်ကာ တိုက်လာသော လေထု ကြောင့်၊ နှစ်ဦးသား လန်းဆန်း လာ၏။

“ မင်း ... ငါ့ဆီ ပြန်လာ တာကို အံ့သြ မိတယ်၊ ဂိုဏ်းကို ရောက်လာ ထဲက၊ ငါ မင်း အပေါ် ကောင်းကောင်း မဆက်ဆံ ခဲ့တာ၊ ငါ့ကိုယ်ငါ အသိ ဆုံးပါ။ ”

ကျောက်စိမ်း ပုလွေကို ဖယ်လိုက်ပြီး၊ လင်းယွန်က နောက်ထပ် သစ်ကိုင်းခြောက် အနည်းငယ်ကို၊ မီးပုံ ထဲသို့ ပစ်သွင်း လိုက်သည်။

ထို့နောက် ဖုန်ကျန်းနှင့် အခြား သူများ၏ ဆုံးဖြတ်ချက် များကို၊ ပြန်ပြောင်း ပြောပြ လိုက် မိသည်။

“ အခု ... သူတို့ ဘယ်မှာလဲ။ ”

“ အခု လောက်ဆို ... ၊ လုံခြုံတဲ့ နေရာကို ရောက်နေလောက် ပါပြီ၊ ဒါကြောင့် စိုးရိမ် စရာ မရှိတော့ ပါဘူး။ ”

ကောင်းကင် အဆင့် အမာခံ တပည့် ဟူသော ဂုဏ်ပုဒ်ဖြင့်၊ လူတိုင်းကို နားထောင် စေ နိုင်ကြောင်း၊ သူ ယုံကြည်သည်။

“ ဒါပေမယ့် ... မင်း မလာ သင့်ဘူး၊ လဲ့ယင်က သာမန် မိစ္ဆာ ကျင့်ကြံသူ တစ်ဦး မဟုတ်တာ မင်း သိသင့်တယ်၊ ပြီးတော့ မင်းမှာ သူ့ကို အနိုင်ယူ နိုင်မယ့် ...

... နည်းလမ်း မရှိဖူး၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရနေ ရင်တောင်၊ ဒီလဲ့ယင်က မင်းနဲ့ ငါ့ကို သတ်နိုင် သေးတယ်။ ”

“ ဒါပေမယ့် ... ငါ ဒီမှာ ရှိနေ သေးတယ် မဟုတ်လား။ ”

လင်းယွန်က ထောင်စုနှစ် မီးလျှံကို တစ်ငုံ ငုံ့သောက်ကာ၊ ပြန်ဖြေ လိုက်သည်။ ထိုတုန့်ပြန် မှုကြောင့် ယဲ့ဇီလင် ခမျာ ပြုံးလိုက် မိ၏။

“ အင်း ... ၊ မင်းက မောက်မာတဲ့ လူ တစ်ယောက် ဆိုတာ ငါမေ့ သွားတယ်၊ မင်းရဲ့ ကိုယ်ရည် ကိုယ်သွေး အရ၊ ငါ့နောက်မှာ ဘယ် ပုန်းနေချင် ပါ့မလဲ။ ”

“ အမှန် အတိုင်း ပြောရရင် ... ၊ မင်း အပြုံးက အရမ်း လှတယ်။ ”

ယဲ့ဇီလင် အပြုံးမှာ ရေခဲတောင် ကြီးများ ကိုပင်၊ အရည်ပျော် လာစေ နိုင်သည်။

“ ငါ ... မပြုံးနိုင် သေးဘူး ... ။ ”

ယဲ့ဇီလင်မှ သက်ပြင်းချ လိုက်၏။

“ အဆင့် သတ်မှတ်ချက် တိုက်ပွဲကို၊ နှစ်လနေရင် ကျင်းပ တော့မယ်၊ ငါတို့ ထိပ်ဆုံး သုံးနေရာ အထိ၊ ...

... မသွား နိုင်ရင် ... ၊ အပြာရောင် စံအိမ် နယ်မြေ ကနေ၊ တိမ်လွှာဓား ဂိုဏ်းကို၊ ဖယ်ရှား ခံရ နိုင်တယ်။ ”

“ အဆင့် သတ်မှတ်ချက် တိုက်ပွဲလား။ ”

ဝမ်ယုဝါ ထံမှ၊ ၎င်းကို လင်းယွန် ကြားသိ ထားဖူးသည်။ သူ့ကိုယ်သူ တိမ်လွှာဓား ဂိုဏ်း၏ တပည့် တစ်ဦး အဖြစ်၊ မခံယူ သောကြောင့်၊ စိတ်ဝင် စားခြင်း မရှိ ခဲ့ချေ။

ဂိုဏ်း တစ်ဂိုဏ်း၏ ကိုယ်ပိုင် နယ်မြေနှင့် အရင်း အမြစ် များကို ဆုံးဖြတ်ရန်၊ ဆယ်စုနှစ် တစ်ကြိမ်၊ ထိုအဆင့် သတ်မှတ်ချက် တိုက်ပွဲအား ကျင်းပ ပေသည်။

“ လွန်ခဲ့တဲ့ ဆယ်စုနှစ် မတိုင်မီက၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းက၊ အလွန် အားကောင်းနေ သေးတယ်၊ ငါ့ အဖေ ရောက်လာ ပြီးမှသာ၊ အခုလို ဆုတ်ယုတ် သွားတာ။ ”

ဂိုဏ်းချုပ်အား ရည်ညွှန်း ပြောဆို ရာ၌ ယဲ့ဇီလင် ခမျာ စိတ်ပျက် ခြင်းကို၊ မဖုံးကွယ် နိုင်ခဲ့ချေ။

“ ငါ့ အဖေက ... ၊ ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေရဲ့ ပါရမီရှင် ဆိုပေမယ့်၊ လက်တွေ့ ဘဝကို၊ စိတ် မဝင်စား နိုင် လောက်အောင် တိတ်မှာ၊ ...

... နာကျင်ဖွယ် ကောင်းတဲ့ ဖြစ်ရပ် တစ်ရပ်ရှိတယ်၊ တိမ်လွှာဓား ဂိုဏ်း ကျဆင်း သွား တာက၊ သူနဲ့ အများကြီး သက်ဆိုင်တယ်။ ”

ထိုစကားကို ကြားသော အခါတွင် လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားသည်။

“ အဖေက မာန အရမ်း ကြီးတယ် ... ၊ ပတ်ဝန်းကျင် စကားကို ခေါင်းထဲ မထည့်ဘူး၊ ဒါပေမယ့် ငါကတော့ ထည့်ရမယ်၊ ...

... တိမ်လွှာဓား ဂိုဏ်းရဲ့ နာမည်ကို အပြာရောင် စံအိမ် ကနေ ဖယ်ရှားဖို့ ... ၊ ခွင့်မပြု နိုင်ဘူး။ ”

ယဲ့ဇီလင်မှ ပြတ်ပြတ် သားသား ပြောသည်။ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ အပေါ်၊ သူမ ခံစား ချက်ကို လင်းယွန် သဘောပေါက် လာ၏။

အဓိက ဂိုဏ်း (၄) ဂိုဏ်းတွင်၊ ၎င်းတို့အား ကျောထောက် နောက်ခံ ပြုထားသော၊ အင်အား ကြီးမားသည့် ဂိုဏ်း တစ်ဂိုဏ်းစီ ရှိလေသည်။

ဤတစ်ကြိမ် အဆင့် တိုက်ပွဲ ပြီးနောက်၊ အပြာရောင် စံအိမ် နယ်မြေ၌၊ ဂိုဏ်းခွဲ သုံးခုသာ ကျန်ရှိမည် ဖြစ်၏။

ယင်းက အင်အားကြီး ဂိုဏ်း များနှင့် နတ်နဂါး အင်ပါယာ တို့ကြား၊ သြဇာ လွန်ဆွဲပွဲ ဖြစ်သည်။

နတ်နဂါး အာဏာပိုင် များ အနေဖြင့်၊ ဖြစ်နိုင်လျှင် မည်သည့် တန်ခိုးကြီး ဂိုဏ်းကိုမျှ၊ အပြာရောင် စံအိမ် နယ်မြေ၌ မြင်ချင်ပုံ မရ တော့ချေ။

ဂိုဏ်းတိုင်းကို ချက်ချင်း မောင်းထုတ်ရန် မဖြစ်နိုင် သောကြောင့်၊ သူတို့၏ ထိန်းချုပ်မှုကို ဖြည်းညှင်းစွာ တင်းကျပ် လာခြင်း ဖြစ်သည်။

တစ်ချိန်က အပြာရောင်စံ အိမ်၌ ဂိုဏ်း ဆယ်ဂိုဏ်း ရှိခဲ့သည်။ သည်နှစ် ပြီးနောက် သုံးဂိုဏ်း အထိ၊ လျော့ချ ခြင်းဖြင့်၊ ၎င်းက သက်သေပြ နေသည်။

“ ဒါပေမဲ့ မိန်းကလေး ယဲ့က နက္ခတ် အဆင့်ကို ရောက်နေပြီ ဆိုတော့ ... ၊ ဂိုဏ်းကို ထိပ်ဆုံး သုံးနေရာမှာ ဆက်ထား ဖို့က၊ မခက် တော့ ပါဘူး။ ”

လင်းယွန်မှ အားပေး လိုက်မိသည်။

“ ငါ့မှာ ကန့်သတ်ချက် တေွရှိတယ်၊ တိမ်လွှာဓားက မပြည့် စုံတဲ့ အပြင်၊ သူက ငါ့ သွေးသားနဲ့ သဟဇာတ မဖြစ်ဘူး၊ ...

... တစ်ဖက် မှာတော့ ... လေလွင့် နန်းတော်ရဲ့ ချူထျန်းဟောင်က ... ၊ လေလွင့် ဘုရင် နည်းစနစ်ကို၊ အမြင့်ဆုံး အဆင့် အထိ၊ ကျင့်ကြံ ထားနိုင်တယ်။ ”

ယဲ့ဇီလင်က စိတ်ပျက် လက်ပျက် ပြန်ဖြေသည်။ သည့်နောက် သက်ပြင်း ချကာ ခေါင်းငုံ့ လိုက်၏။ သူမ အမူ အရာကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားမိသည်။

“ ငါ့ အကြောင်းပဲ မေးနေတယ်၊ မင်း အကြောင်း ဘာလို့ မပြော တာလဲ၊ နဝမမြောက် ကောင်းကင် လမ်းက ဘယ်လို နေရာ မျိုးလဲ၊ ငါ သိထား တာတော့ ... ၊ ရတနာတွေ ပြည့်နေတဲ့ နေရာပဲ။ ”

ရုတ်တရက် ယဲ့ဇီလင်မှ အကြောင်း အရာ ပြောင်းလို ဟန်ဖြင့်၊ ပြုံးကာ မေး လိုက်သည်။

“ ရတာနာ နယ်မြေ လို့ ပြောနေ တာလား။ ”

လင်းယွန်က ယဲ့ဇီလင် စကားကြောင့်၊ ပြုံးလျက် အချိန် အတော် ကြာအောင် ငြိမ်သက် သွားသည်။

“ အမှန်တော့ ... အဲဒီ နေရာက ရတနာ နယ်မြေ မဟုတ် ပါဘူး၊ လူတိုင်းက နယ်မြေ အသီး သီးရဲ့၊ ပါရမီရှင် တေွ ဆိုပေမယ့်၊ ...

... အမြင့်ကို ရောက်ဖို့ ရုန်းကန် နေတဲ့၊ ပိုးကောင် တေွလို၊ သနားစရာ ကောင်းလွန်း ပါ တယ်၊ အားလုံးက ခွန်လွန်မှာ ဝေးဝေး မရောက် နိုင်ဖူး ဆိုတာ ...၏

... သိထား ကြတယ်၊ ဒါပေမယ့် ဘဝနဲ့ သေခြင်းကို အကြိမ်ကြိမ် ... ၊ ဖြတ်ကျော် နေရ တုန်းပဲ။ ”

လင်းယွန်က သက်ပြင်း ချက်လျက်၊ ဝိုင်အိုးကို ထုတ်သောက် လိုက်သည်။

“ နဝမမြောက် ကောင်းကင် လမ်းက၊ စစ်မက် နယ်မြေ ဆယ်ရပ်ကြောင့်၊ ပို ရက်စက် သွားတယ်၊ အဲဒီ လူယုတ်မာ တွေက ...

... သူတို့ရဲ့ မျက်လုံး ထဲမှာ၊ လူတွေကို ပိုမွှားတွေ အဖြစ်ပဲ မြင်ကြပြီး၊ အသက် ပေါင်း များစွာကို သတ်ပစ် တယ်။ ”

“ ကြားရတာ စိတ်မကောင်း စရာပဲ။ ”

ကောင်းကင် လမ်းသည် ဤမျှ ရက်စက် ကြမ်းကြုတ်လိမ့် မည်ဟု၊ ယဲ့ဇီလင် မထင်မိခေျ။ သို့သော် ကောင်းကင် လမ်းမှ တက်လာသော လင်းယွန်ကို ကြည့်ကာ စာနာ သွားသည်။

“ အခုတော့ ... သူတို့ အားလုံး သေသွား ပါပြီ ... ။ ”

လင်းယွန်မှ ဝိုင်အား မော့သောက်လျက်၊ ပေါ့ပေါ့ ပါးပါးပင် ပြုံးပြ လေသည်။ ထိုအပြုံးမှာ ရိုးရှင်းလှ သော်လည်း၊ မည်မျှ ခက်ခဲခဲ့ မည်ကို နားလည် မိသည်။

“ မိန်းကလေး ယဲ့က ... ၊ စိတ်မကောင်း ဖြစ်စရာ မလို ပါဘူး၊ ငါတို့က မွေးထဲက နိမ့်ကျ ခဲ့တာကိုး၊ သူဖုန်းစားတောင် အိမ်မက် မက်ခွင့် ရှိသေးတာပဲ၊ ...

... ငါက ... နဝမမြောက် ကောင်းကင် လမ်းမှာ၊ ချန်ပီယံ ဖြစ်လာပြီး၊ ပယင်း ကမ္ဘာရဲ့ မျှော်လင့် ချက်ကို ထမ်းထား ရတယ်၊ ...

... ဒါကြောင့် ခွန်လွန်ဘုံရဲ့ ထိပ်ဆုံးမှာ မရပ်နိုင် မချင်း၊ ငါဆက်ပြီး ... ၊ အားတင်း ထားရ ဦးမယ်၊ အဟက် ... ။ ”

လင်းယွန်က ရယ်၏။ ထိုစကားက ယဲ့ဇီလင်ကို မျက်ရည်ဝဲ စေသည်။ သို့သော် ချက်ချင်း ပင် ပြုံးလျက်၊

“ မင်း အပေါ်၊ ငါ့ရဲ့ ပထမဆုံး အမြင်က မှန်နေတုန်း ပါလား၊ မင်းက တကယ် မောက်မာ လှတဲ့ ကောင်လေးပဲ။ ”

“ ဟား ... ဟား ... ဟား ... ။ ”

လင်းယွန်က ရယ်မော လိုက်သည်။ လူတိုင်းက သူ့ကို လေလုံး ထွားသူ အဖြစ် မြင်ကြ သည်မှာ၊ ယခုမှ မဟုတ်ချေ။

“ ငါတို့ နှစ်ယောက်က အတူတူ ပါပဲ မိန်ကလေး ယဲ့၊ လာ ... ဝိုင်သောက် ရအောင်။ ”

“ ငါ မသောက်ဖူး။ ”

၎င်းတွင် ထောင်စုနှစ် မီးလျှံ ပါမှန်းသိ သော်လည်း၊ ပြတ်ပြတ် သားသား ငြင်းဆန် လိုက်သည်။

“ သောက်ပါ ပြီးရင် ... ၊ တိမ်လွှာဓား တစ်ဆယ့်သုံး ကွက်ရဲ့ ... ၊ နောက်ဆုံး ဓားကို သင်ပေး ပါ့မယ်။ ”

လင်းယွန်မှ လက် မလျော့ဘဲ၊ ထပ်မံ တိုက်တွန်း လိုက်သည်။

“ ငါ … ။ ”

ရုတ်တရက် ယဲ့ဇီလင် တစ်ယောက် စကား လုံးများ ပျောက်ဆုံး သွားခဲ့သည်။ တစ်ဖက် လူ၌ ဤသို့ ဆန္ဒရှိ နေလိမ့် မည်ဟု၊ မမျှော်လင့် ထား သောကြောင့် ဖြစ်သည်။

“ သောက် ... ။ ”

လင်းယွန်က ထောင်စုနှစ် မီးလျှံထည့် ထားသော ဝိုင်ခွက်ကို ကမ်းပေး လိုက်သည်။ လှုပ်ခတ် မှုကြောင့်၊ ဝိုင်ခွက် အတွင်းရှိ မီးပွား များက၊ ရွှေကျီးကန်း အသွင် သူတို့ အနား ပျံဝဲ လာသည်။

ယဲ့ဇီလင်မှ ဂရုတစိုက် ဖြည်းဖြည်းချင်း သောက်လိုက်သည်။ သို့သော် ပူလောင်သော ခံစား ချက်က၊ သူမကို ပျို့တက် လာစေ၏။

“ ဟား ... ဟား ... ဟား ... ၊ လဲ့ယင် ကိုတောင် မကြောက်တဲ့ ... မိန်းကလေး ယဲ့က၊ ဝိုင်ကို ဒီလောက် ကြောက်နေ လိမ့် မယ်လို့၊ ထင်ကို မထင်ထား မိဘူး။ ”

“ ငါ ကြောက်တယ်လို့ ... ၊ ဘယ်သူ ပြောလဲ။ ”

လှောင်ပြောင် ခံရ သဖြင့်၊ မခံချင် စိတ်ကြောင့်၊ လက်ကျန် ဝိုင်တခွက် လုံးကို တကျိုက်တည်း ကောက်မော့ ပြလိုက်သည်။

ပြင်းပျသော အာနိသင် ကြောင့်၊ ပါးပြင်များ နီရဲ သွားကာ၊ သူမ အသွင်အား ပုံမှန်ထက်၊ ပို၍ ချစ်စရာ ကောင်းလာ စေတော့သည်။

“ သေ ချာ ကြည့် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ တိမ်လွှာဓား (၁၃)ကွက်ကို၊ စတင် ကစား ပြ လိုက်သည်။

နောက်ဆုံး သုံးကွက်မှာ၊ သရုပ်ဖော် အဆင့်သို့ မရောက်ရှိ သေးသော်လည်း ယဲ့ဇီလင် ကို သင်ကြားရန် အတွက်၊ လုံလောက် ချေသည်။

“ ... ကောင်းကောင်း နားထောင်ပါ၊ အပြာရောင် မိုးသား ကောင်းကင်ရဲ့ နောက်မှာ မြသားရောင် ကြယ်တွေ ရှိတယ်၊ ...

.. ပန်းပွင့်တွေ လေထဲ ကခုန်နေ သလိုမျိုး၊ ကြယ်တွေက ကောင်းကင်နဲ့ အတူ၊ စီးမျောနေ ကြတယ်၊ လျှပ်စီးတိမ် ဆိုတာ ...

... ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး၊ ... လက်ဖျစ် တစ်တွက် အချိန် အတွင်း၊ နှစ်ပေါင်း တစ်ထောင် ကုန်ဆုံး သွားခဲ့ပြီ။ ”

အရာ အားလုံး မှားယွင်း နေခဲ့ သည်ကို သတိထား မိသွားသည်။ ထို့ကြောင့် မျိုးဆက် သွေးကို အားကိုး ပြီးနောက် တွင်ပင်၊ ပထမဓား (၁၀) ကွက်အား၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အထိသာ၊ ရယူ နိုင်ခြင်း ဖြစ်လေသည်။

ယင်းက တိမ်လွှာများ အောက်၌၊ ပိတ်မိ နေခြင်း ပေပင်။ မဆိုင်း မတွဘဲ နားလည် မှုကို ဖမ်းဆုပ်ရန်၊ ချက်ချင်း မျက်လုံး မှိတ်ချ လိုက်သည်။

ပြီးသည်နှင့်၊ ပန်းသင်္ချိုင်း ဓားကို၊ ပြန်သိမ်း လိုက်သည်။ ယဲ့ဇီလင် ခန္ဓာကိုယ် ပေါ်ရှိ ပန်းပွင့် များကို ကြည့်ကာ၊ အံ့ဩ သွားသည်။

“ မျှော်လင့်ခြင်း နှင်းပန်း။ ”

ဤနှင်းပန်းသည် ထိပ်တန်း ပန်း (၁၀) မျိုးတွင် ပါဝင်ပြီး၊ အအေးပိုင်း ဒေသများ ၌သာ၊ ပေါက်ရောက် သဖြင့်၊ သူတော်စင် ပန်း အဖြစ် သတ်မှတ် ကြသည်။

ထို့အပြင် ဂိုဏ်းချုပ်နှင့် သူမ၏ မျိုးရိုး အမည်မှာ၊ မတူ သောကြောင့်၊ လျှို့ဝှက်ချက် အချို့ လည်း၊ ရှိနိုင် ပေသေးသည်။

သို့သော် ယင်းမှာ သူနှင့် သက်ဆိုင်သော အရာ မဟုတ်ချေ။ သူနှင့် သက်ဆိုင် သည်မှာ၊ မနက်ဖြန် အကြီး အကဲများ ရောက်ရှိ လာချိန်၌၊ မူလ ကျောက်တုံး ကိစ္စအား၊ ဝန်ခံရန် သင့်- မသင့်၊ ပေပင်။

***

All Chapters