အေးစက်သော အကြည့် တစ်ချက်။
Vol. 83 Ch. 1160
မိုးလင်း လာသော အခါတွင်၊ ယဲ့ဇီလင်မှ မျက်လုံးများ ဖွင့်ပြီး၊ လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။
လင်းယွန်မှ ဤအချိန်ကို စောင့်မျှော် နေပုံဖြင့်၊ သူမအား ပြုံးပြ လာသည်။
“ မိန်းကလေး ယဲ့ ... ၊ မင်း တော်တော်လေး အကျိုးရှိ သွားပုံပဲ။ ”
“ မင်း ... မအိပ် ဖူးလား။ ”
သူတို့ နှစ်ဦး၏ စကားသံက၊ တစ်ပြိုင် နက်တည်း၊ ထွက်ပေါ် လာသည်။ ယဲ့ဇီလင်မှာ ထောင်စုနှစ် မီးလျှံကြောင့်၊ မျက်လုံးများ နီရဲ နေဆဲ ဖြစ်၏။
“ မိန်းကလေး ယဲ့က ... ၊ ထောင်စုနှစ် မီးလျှံကို သန့်စင် နေတဲ့ အချိန်မှာ၊ ငါ ဘယ်လို အိပ်ရဲ မှာလဲ၊ လဲ့ယင်သာ ပြန်လာ ခဲ့ရင်၊ ငါတို့ ဒုက္ခ ရောက်သွား မှာပေါ့။ ”
လင်းယွန်မှ ပြုံးလျက် ဦးစွာ ပြန်ဖြေ ပေးလိုက်သည်။
“ မင်းက ... ငါ ထင်ထား တာထက်၊ အများကြီး သတိရှိ တာပဲ၊ နဝမမြောက် လမ်းမှာ ၊ ဒီလိုပဲ အမြဲ သတိထား နေရ တာလား၊ ဒါက မင်း အတွက် ပင်ပန်း မှာပေါ့။ ”
“ ငါ ... မင်းကို ဝန်ခံစရာ ရှိတယ် မိန်းကလေး ယဲ့၊ သွေးမီးတောက် မှော်နဂါး မူလ ကျောက်တုံးက၊ ပျောက်သွားတာ မဟုတ် လောက်ဖူး၊ ငါ သတိလစ် နေတုန်း ...
... ငါ့ မသိ စိတ်က ... ၊ သန့်စင် မိတာ နေမယ်၊ မဟုတ်ရင် သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကို၊ ခုလို ရနေမှာ မဟုတ်ဘူး။ ”
လင်းယွန်က စကားကို သတိထား ပြောလိုက်သည်။ ဤကျောက်တုံး အတွက် ယဲ့ဇီလင်မှာ အသက်ပင် ပေးခဲ့သည် ဖြစ်ရာ၊ မည်မျှ အရေးကြီး မည်ကို နားလည်၏။
အမှန်ပင် ထွက်ပြေးရိုး မှန်ပါက၊ ပြဿနာ မဖြစ်နိုင် သော်လည်း၊ အကြီး အကဲများ သိသွား ပါက၊ ဒုက္ခ ဖြစ်နိုင်သည်။
ယဲ့ဇီလင်က ထိုင်ရာမှ ထကာ လင်းယွန်ကို ပြုံးပြ လိုက်သည်။ သည့်နောက်၊
“ လင်းယွန် ... ၊ မင်း သောက်တာ များ သွားပြီ၊ ဘာတွေ မဟုတ်တာ ပြောနေ တာလဲ၊ မူလ ကျောက်တုံးကို မင်းက ဘယ်လိုလုပ် သန့်စင်နိုင် မှာလဲ။ ”
“ ငါ မများ ပါဘူး၊ ဒါ ... ။ ”
ရုတ်တရက် လင်းယွန်က စကား ရပ်ကာ၊ ယဲ့ဇီလင်ထံ မော့ကြည့် မိသည်။ ယဲ့ဇီလင် အပြုံး မှာ၊ သံသယ ဖြစ်စရာ ကောင်းချေ၏။
“ ... ဒီအကြောင်းကို မိန်းကလေး ယဲ့ သိနေ တာလား။ ”
“ ဘာများ မသိ စရာများ ရှိလို့လဲ ... ၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်က၊ သာမာန်မှ မဟုတ်တာ၊ အခု ပြန်ရင် ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်ဖို့ ...
... မင်း အာရုံစိုက် နိုင်ပြီ၊ နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံက၊ ခွန်လွန် ဘုံမှာ ဘယ်လောက် အထိ သွားနိုင် မလဲ၊ ငါလည်း သိချင်တယ်။ ”
“ ဟား ... ဟား ... ဟား ... ။ ”
လင်းယွန် တစ်ယောက် ပျှော်ရွှင် စွာဖြင့်၊ ရယ်မော လိုက်မိသည်။ ဤသို့သော လွတ်လပ် ပေါ့ပါး မှုမျိုး၊ မရှိခဲ့ သည်မှာ၊ ကြာပြီ ဖြစ်၏။
သတိထား စရာ မလိုဘဲ၊ ပွင့်ပွင့် လင်းလင်း ပြောဆို နိုင်သော တစ်စုံ တစ်ဦးကို၊ ပထမဆုံး အကြိမ် ရရှိ လိုက်ခြင်း ဖြစ်သည်။
“ နင်က ... မဆိုး ပါဘူး၊ ငါ့ အဖေက လွဲပြီး၊ ဓားလွှဲ လိုက်တဲ့ အချိန် တိုင်းမှာ၊ ဘယ်သူမှ ဒီလို ကြည့် မကောင်း ကြဘူး။ ”
“ မိန်းကလေး ယဲ့ ... ၊ မင်း ငါ့ကို သဘောကျ လာပြီလို့ မပြောနဲ့ ... ။ ”
“ ငါသာ ... တစ်ယောက် ယောက်ကို၊ သဘောကျ မသွားရင်၊ မင်း ပြော သလို ဖြစ်လာ နိုင်ပါတယ်၊ မင်းက ထူးချွန်ပြီး မင်းမှာ ငါ ကြိုက်တဲ့ အရာ အချို့ ရှိတယ်။ ”
“ မင်းပြောတာ ပန်းသင်္ချိုင်း လား ... ။ ”
လင်းယွန်က စူးစမ်းသော အကြည့်ဖြင့် မေးလိုက်၏။ ယဲ့ဇီလင်မှာ ထိုမေးခွန်း ကြောင့်၊ ရှက်ရွံ့စွာ ခေါင်းညိတ် ပြလာသည်။
“ ဒါပေမယ့် ... ၊ သူက မင်းကို သဘောကျ နေလား၊ မသေချာ ဖူးလေ ... ၊ တစ်ဖက်သတ် အချစ်က ပင်ပန်း စေတယ်။ ”
“ မင်း နားမလည် ပါဘူး ... ”
ယဲ့ဇီလင်မှ ခေါင်းယမ်း လိုက်ပြီး၊
“ ငါတို့မှာ ... ၊ နှစ်ယောက်တည်း သိတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိတယ်။ ”
( လျှို့ဝှက် ... ၊ ဘာ လျှို့ဝှက် ချက်လဲ၊ ငါက ဒါကို ဘာလို့ မသိရ တာလဲ။ )
လင်းယွန်မှာ စိတ်ထဲမှ ထိတ်လန့် သွားပြီး၊ ‘ဘာ လျှို့ဝှက် ချက်လဲ၊’ -ဟု မေးလိုက် မိသည်။ သို့သော် ယဲ့ဇီလင်မှ ပြုံးလျက်ဖြင့်၊
“ ဘာလို့ ... မင်းကို ပြောပြ ရမှာလဲ။ ”
-ဟု ကြည်စယ် လာတော့၏။
ယင်းက လင်းယွန်အား တုန်ယင် လာ စေသည်။ မည်သည့် အရာ အပေါ်၊ သူမ လိုက်ပါ ခံစား နေမှန်း၊ မသိ တော့ချေ။
“ ခစ် ခစ် ခစ် ... ၊ မင်း ... ပန်းသင်္ချိုင်းကို မနာလို မဖြစ်နဲ့၊ သူနဲ့ ယှဉ်ရင် မင်းလည်း မညံ့ ပါဘူး၊ မင်းက နည်းနည်းလေး ဘဝင် မြင့်နေ ရုံလေးပါ။ ”
-ဟု ယဲ့ဇီလင်မှ ပြောလာ တော့သည်။
သည့်နောက် တိတ်ဆိတ် သွားပြီး၊ ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ပြုံးရယ် နေ မိသည်။
လရောင် အောက်တွင် ပလွေ တီးမှုတ် နေသော၊ အဖြူရောင် လူငယ်၏ အသွင်က၊ သူမ နှလုံး သားကို၊ စိုးမိုး ထားပေ၏။
လင်းယွန် ခမျာမှာ၊ ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးလိုက် မိသည်။ ပန်းသင်္ချိုင်းသည် သူသာလျှင် ဖြစ်နေရာ၊ မနာလို ဖြစ်စရာ မရှိချေ။
“ သူတို့ ဒီမှာ ... ။ ”
ရုတ်တရက် ဝမ်းသာ အားရ ပြေးလွှာ လာသော ခြေသံ များကြောင့်၊ နှစ်ဦးသား လှည့်ကြည့် မိသည်။
ပင်မ နတ်ဘုရား နယ်ပယ် အကြီး အကဲ (၃)ဦး နှင့်အတူ၊ ဖုန်ကျန်းတို့ ရောက်ရှှိ လာခြင်း ဖြစ်၏။
“ ဟုတ်တယ် ... ငါတို့ ဒီမှာ။ ”
မူလ ကျောက်တုံး အတွက် စိုးရိမ်စရာ မရှိတော့ သဖြင့်၊ လင်းယွန်မှ ပေါ့ပေါ့ ပါးပါးပင်၊ တုန့်ပြန်သံ ပြုလိုက်သည်။
အဆုံးတွင် ယဲ့ဇီလင် ခမျာ အနည်းငယ် အပြစ်တင်ခြင်း ခံရ သော်လည်း၊ သူမ စကားကို မည်သူမျှ သံသယ မဝင် ကြချေ။
အကြီးအကဲ တစ်ဦးက၊ ပတ်ဝန်း ကျင်၌ သွေးမီးတောက် မှော်နဂါး၊ မူလ ကျောက်တုံးကို ရှာဖွေရန် ထွက်ခွာ သွား၏။
ကျန်နှစ်ဦးမှာ လဲ့ယင်နောက်၊ လိုက်သွား ခဲ့သည်။ မသွားခင် သူတို့အား ဂိုဏ်းသို့ ပြန်ရန် အမိန့်ပေး ခဲ့၏။
ယဲ့ဇီလင်ကို ကယ်တင် ခဲ့သူမှာ၊ လင်းယွန်ဟု ယူဆလိုက် ကြပြီး၊ လမ်း တစ်လျှောက် အမာခံ တပည့် များက၊ လေးလေး စားစား ဆက်ဆံ လာလေသည်။
ယဲ့ဇီလင် မှာမူ၊ ပန်းသင်္ချိုင်း အကြောင်းကို ထုတ်ဖော် ပြောလိုခြင်း မရှိ သောကြောင့်၊ မသိ သလို နေပေး ခဲ့၏။
မည်သို့ပင် ဆိုစေ ကာမူ၊ ဤအဖြစ် အပျက် ပြီးနောက်၊ သူမနှင့် လင်းယွန်မှာ အတော်လေး ပြောရ ဆိုရ၊ အဆင်ပြေ လာလေသည်။
ခြောက်ရက် အကြာ၌၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းသို့၊ ပြန်ရောက် လာသည်။ ထို့စဉ် တိုးညှင်း သော၊ ဂီတ သံကို ကြားလိုက် ရ၏။
ယင်းက တောင်တန်းများ ထံမှ လာသော ဗျပ်စောင်း သံဖြစ်သည်။ အစ ပိုင်းတွင် ယဲ့ဇီလင် တစ်ယောက် ဝမ်းသာ သွားသော်လည်း၊ စိတ်ပျက် သွား၏။
ဤသည်မှာ ပန်းသင်္ချိုင်း၏ ပလွေသံ မဟုတ်ဘဲ၊ ထိုမိန်းကလေး ထံမှ လာသော ဗျပ်စောင်း သံဖြစ် ချေပြီ။
“ သူ့ ဒဏ်ရာက ... ၊ တကယ် ပြင်းထန်ပုံ ရတယ်၊ ကြည့်ရတာ ဂိုဏ်းမှာတောင် ရှိမယ့် ပုံ မရဘူး။ ”
“ ဖြစ်နိုင် ပါတယ် ... ”
လင်းယွန်က ပလွေကို မြှောက်ပြကာ၊
“ သူ ပြန်လာရင် ... ၊ ငါ့ကို လာရှာမှာ သေချာတယ်။ ” -ဟု ဆက်ပြော လိုက်၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
နှစ်ယောက်သား စကား စမြည် ပြောဆို နေကြစဉ်၊ လူရိပ် တစ်ရိပ် ခြံထဲ လှမ်းဝင်လာ လေသည်။
နောက်ကျော၌ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အပြာရောင် ဝတ်စုံဖြင့် လူငယ် တစ်ယောက် ဖြစ်၏။
ရုပ်ရည် အသွင် အပြင် အရ၊ လင်းယွန်ကို မယှဉ်နိုင် သော်လည်း၊ အတော် အသင့် ကြည့်၍ ကောင်း လေသည်။
“ ဂျူနီယာ ညီမလေး ... ၊ မတွေ့တာ အတော်ကြာ ပြီနော်။ ”
လူငယ်က ပြုံးလျက် ယဲ့ဇီလင်အား နှုတ်ဆက် လိုက်သည်။
( ဂျူနီယာ ညီမလေး ... ။ ) ဤလူ၏ အသုံး အနှုန်းကြောင့်၊ လင်းယွန် တစ်ယောက် အံ့အား သင့် သွားသည်။
ကောင်းကင် အဆင့် အမာခံ တပည့် လေးယောက် ရှိရာ၊ လောဟွာ၊ ယဲ့ဇီလင် အပြင်၊ သည်လူငယ် လည်း၊ ပါဝင်ပုံ ရ၏။
ကျန် တစ်ယောက်မှာ၊ တိုက်ပွဲ အတွင်း၌ ကျဆုံး သွားသည်ဟု၊ သတင်း သဲ့သဲ့ ကြားထား ဖူး လေသည်။
“ နက္ခတ် အဆင့်ကို ရောက်ပြီလား။ ”
ယဲ့ဇီလင်က အံ့သြသော လေသံနှင့် မေးလိုက်သည်။
“ ဂိုဏ်း အပြင်မှာ ... ၊ လေ့ကျင့် ရတာ အရမ်း ကောင်း ပါတယ်၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ အတွက်၊ အချိန် မီတယ် ဆိုရုံလေး ပါပဲ။ ”
လူငယ်က တောက်ပသော မျက်လုံးဖြင့် ပြန်ပြောသည်။ သည့်နောက် သူ့ထံ လှည့်ကြည့် လာပြီး၊
“ မင်းက ... လင်းယွန် မဟုတ်လား၊ မင်းအကြောင်း အများကြီး ကြားထား ပါတယ်၊ ဂျူနီယာ ညီမလေးကို ကယ်တင် ခဲ့တဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်။ ”
ထိုလူငယ်က စကား ခဏ ရပ်ကာ၊
“ ငါ့ နာမည်က ကျန်းလိချန်ပါ၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ တပည့်ကြီး ဖြစ်သလို ယဲ့ဇီလင်ရဲ့၊ စီနီယာ အစ်ကိုလည်း ဖြစ်ပါတယ်။ ”
သူ့တွင် နာမည်ကောင်း ရှိသော်လည်း၊ မနာလို စိတ်မှာ၊ အနည်းငယ် သိသာ လေသည်။ ယဲ့ဇီလင် အပေါ်၊ ရူးသွပ် နေသူ တစ်ဦး ဖြစ်နိုင်၏။
“ ဒီကို ဘာလာ လုပ်တာလဲ။ ”
ယဲ့ဇီလင်မှ မျက်မှောင် ကြုတ်ကာ၊ မေးလိုက်သည်။ ယင်းကို ကျန်းလိချန်က ဂရု စိုက်ခြင်း မရှိဘဲ၊ ပြန်၍ ပြုံးပြ၏။
“ ဆရာက မင်းတို့ ပြန်ရောက် လာရင် ... ၊ သူ့ကို လာတွေ့ဖို့ ... ၊ ငါ့နဲ့ ပြောခိုင်း ထားတယ်၊ ဂျူနီယာ ညီလေး လင်းက၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ ပိတ်မိ နေတာ ကိုလည်း ငါကြား ပါတယ်၊ ...
... လမ်းညွှန်မှု လိုအပ်ရင် ... ၊ ငါ့ဆီကို လာခဲ့ပါ၊ ငါက ဒီမှာ တပည့်ကြီး ဖြစ်တဲ့ အတွက်၊ ဂျူနီယာ လေးတွေကို မကူညီ ဖူးလို့၊ သတင်း ထွက်သွားရင်၊ နာမည် ပျက်ရ လိမ့်မယ်။ ”
အခိုက်တွင် ကျန်းလိချန်အား ယဲ့ဇီလင်မှ၊ အဘယ့်ကြောင့် မကြိုက်ရ သည်ကို၊ လင်းယွန် နားလည် လိုက်သည်။
“ စိတ် မပူ ပါနဲ့ ... ၊ စီနီယာ အစ်မက နောက်ထပ် ရက် နည်းနည်းလောက်၊ အားသေး တယ် ဆိုတော့၊ သူ့ ဆီပဲ သွားလိုက် ပါ့မယ်။ ”
လင်းယွန်က ပြုံးလျက် ယဲ့ဇီလင်အား လှည့်ကြည့်ကာ၊
“ မနက်ဖြန် ... ငါ့ အိမ်မှာ ဆိုရင်ရော ... ဘယ်လိုလဲ။ ”
“ ထပ် ပြော ကြည့် ... ၊ ငါ ... မင်း ခြေထောက် တွေကို ရိုက်ချိုး လိုက်မယ်။ ”
ယဲ့ဇီလင်က လင်းယွန်အား စိုက်ကြည့်ကာ၊ အေးစက်စက် တုန့်ပြန် သည်။ ထိုစကားကြောင့် လင်းယွန်က ကျန်းလိချန်ဘက် လှည့်ကာ၊ ပခုံး တွန့်ပြ လိုက်၏။
“ ဟား ... ဟား ... ဟား ... ၊ စီနီယာ အစ်မသာ ဆန္ဒ ရှိရင်၊ ငါ့ ခြေထောက်တွေ ဆုံးရှုံး သွားရင်တောင် စိတ်မဆိုး ပါဘူး ။ ”
“ ..... ။ ”
လင်းယွန် ထံမှ ထိကပါး ရိကပါး၊ စကားလုံး များကြောင့်၊ ကျန်းလိချန် မျက်နှာမှာ မည်းမှောင် သွား လေသည်။
အတူ ထွက်ခွာ သွားသော လင်းယွန် နောက်ကျောအား ကြည့်ကာ၊ အံကြိတ်လျက် လက်သီး ဆုပ်လိုက် မိ၏။
“ စီနီယာ အစ်ကို ကျန်းရဲ့၊ ပင်ကိုယ် စရိုက်က ကောင်းပါတယ်၊ ဒါပေမယ့် သူမှာ အခြားသူ တွေကို၊ မနာလို ဖြစ်တတ်တဲ့ စိတ် ရှိတယ်၊ မင်း သူ့ကို ရန်မစနဲ့။ ”
“ ဘာလုပ် ပေးရ မလဲ ... ၊ ငါက ... အရာရာကို လျစ်လျူရှု နိုင်တဲ့၊ သူတော်စင် တစ်ပါး မဟုတ်ဘူး။ ”
လင်းယွန်မှ ပြုံးလျက် ပြန်ဖြေ လိုက်သည်။ ကျန်းလိချန် အတွက် သူ့တွင် နည်းလမ်းပေါင်း တစ်ရာခန့် ရှိ၏။
ဂိုဏ်းချုပ်က သူတို့အား မြင်သည်နှင့်၊ နားမလည် နိုင်သော အရိပ် အယောင်ကို ထုတ် ဖော်ကာ၊ ပြုံးပြ နေခဲ့သည်။
“ မင်း ... ဇီလင်ကို၊ လဲ့ယင် လက်ကနေ ကယ်ခဲ့တာ ငါ ကြားတယ်။ ”
“ မဟုတ်ဖူး ပန်းသင်္ချိုင်းပါ၊ ပန်းသင်္ချိုင်း အကြောင်း သေချာ မသိ ပေမယ့်၊ တိမ်လွှာဓား ဂိုဏ်းရဲ့၊ အမာခံ တပည့်လို့၊ သမီး ထင်တယ်။ ”
လင်းယွန် တစ်ယောက် စကား မပြော နိုင်ခင်၊ ယဲ့ဇီလင်မှ ဝင်ရောက် ရှင်းပြ လေသည်။ ယင်းက ဂိုဏ်းချုပ်ကို ခေတ္တမျှ အံ့အားသင့် သွားစေ၏။
သည့်နောက် ဂိုဏ်းချုပ်က လင်းယွန်ထံ တစ်ချက် ကြည့်ပြီး၊ သူ့ သမီး ဘက်သို့ ပြန်လှည့် သွားသည်။
“ ဘာလို့ သူ့အကြောင်း ကိုပဲ၊ မေးနေ ရတာလဲ ... ၊ သူက တစ်ကိုယ်တည်း ကျင့်ကြံနေ တတ်တဲ့ လူပါ၊ မင်း သူ့ကို သဘောကျ နေ တာတော့ မဟုတ်ပါ ဖူးနော်။ ”
“ ဟုတ်တယ် ... ။ ”
“ အဟွတ် ... ဟွတ် ... ။ ”
ယဲ့ဇီလင်က အဖေကို ဂရုမစိုက် ဟန်ဖြင့်၊ ရဲဝံ့စွာ ဝန်ခံ လိုက်၏။ ယင်းက လင်းယွန်အား တံတွေးသီး သွား စေသည်။
ကျောရိုး တစ်လျှောက် အေးစက် သွား စေသာ ဂိုဏ်းချုပ်၏ အကြည့် များက၊ သူ့ထံသို့ ကျရောက် လာသဖြင့်၊ လင်းယွန်မှာ ခေါင်းပင် မဖော်ဝံ့ တော့ချေ။
***