သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ။
Vol. 83 Ch. 1161
နန်းဆောင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဂိုဏ်းချုပ်၏ အကြည့်တွင် လူသတ် လိုသော ရည်ရွယ် ချက်ကို သတိပြု မိသဖြင့်၊ လင်းယွန် ခမျာ အသံပင် မထွက် ဝံချေ။
ဤအဖိုးကြီးမှာ အလွန် ကြောက်စရာ ကောင်းလှပြီး အကြည့် တစ်ချက် နှင့်ပင်၊ သူ့ကို သတ်နိုင် သည်ဟု၊ ခံစား ရ၏။
သို့သော် ယဲ့ဇီလင်မှာ ဂရု မစိုက်ချေ။ ပန်းသင်္ချိုင်း အပေါ် စိတ်ဝင် စားကြောင်း ဝန်ခံ ခြင်းသည်၊ အမှား တစ်ခု မဟုတ်ဟု၊ ခံယူ ထား၏။
ဂိုဏ်းချုပ်မှာ တည်ငြိမ်အောင် ထိန်းယူ လိုက်ပြီး၊ တဟုန်းဟုန်း လောင်ကျွမ်း နေသည့် ဒေါသနှင့် စိုက်ကြည့် နေဆဲ ဖြစ်သည်။
နဂါး သွေး ရည်ကြည်များ ထောက်ပံ့ ပေးခဲ့သော မျက်နှာမှ မထောက်၊ ဤတိရစ္ဆာန် က သူ့ သမီးနှင့် အိပ်ချင် နေသည်။
“ အဖေ ... ၊ သမီး မှားလို့လား ... ။ ”
ယဲ့ဇီလင် ခမျာ သူမ အဖေ၏ ပုံမှန် မဟုတ်သော ဒေါသကို ခံစားမိ သဖြင့်၊ စိတ်ရှုပ် ထွေးစွာ မေးလိုက် သည်။
“ မှား တယ် ... ။ ”
ဂိုဏ်းချုပ်က သွားကြား ထဲမှ ထွက်လာသော လေသံဖြင့်၊ ပြန်ဖြေသည်။
“ တစ်ယောက် ယောက်ကို၊ စိတ်ဝင်စား သွားတာ ဘာများ မှားလို့လဲ၊ နောက်ပြီး ... သမီး ခံစားချက် တွေကို၊ သူတောင် မသိသေး ပါဘူး … ။ ”
ယဲ့ဇီလင်မှ သူမ ဖခင်အား သံသယဖြင့် သေချာ စိုက်ကြည့်ပြီး၊
“ အဖေ ... ၊ ဘာလို့ ဒီလောက် ဒေါသ ထွက်နေရ တာလဲ၊ သူ ဘယ်မှာလဲ ... အဖေ သိတယ် မဟုတ်လား၊ ...
... သူပြန် လာရင် သမီးနဲ့ ... ၊ မိတ်ဆက် ပေးပါ၊ သူ့ကို ကျေးဇူးတင် စကား ...၊ ကိုယ်တိုင် ပြော ချင်တယ်။ ”
“ အဲ့ဒီ ခွေးသားကို ... ငါ သိတယ်၊ သူ ပြန်လာတဲ့ အခါ ... ၊ သမီးကို ခေါ်လိုက်မယ်။ ”
“ အဖေ ... မဆဲနဲ့၊ သူက အသက်ကို ကယ်ခဲ့တဲ့ အပြင်၊ ငြိမ်းအေးခြင်း ဆေးလုံးလည်း ပေးခဲ့တယ်၊ အခု သမီး ... နက္ခတ် အဆင့်ကို ရောက်နေပြီ။ ”
ယဲ့ဇီလင်က သူမ၏ အဖေထက် မလျော့သော လေသံနှင့်၊ ပြန်အော်၏။ ဤမျှ အကဲဆတ် နေသော ဖခင်ကို၊ မမြင် ဖူးခေျ။
“ သူ့ကို ငါ ဘယ်မှာ ... ဆဲနေ လို့လဲ၊ ဒီကောင်က ခွေပဲ၊ ခွေးကျင့် ခွေးကြံ ကြံနေတာ၊ ဟုတ်တယ် မဟုတ်လား လင်းယွန်။ ”
ဂိုဏ်းချုပ်က လှောင်ပြောင်သော အပြုံးဖြင့် လင်းယွန်ထံ လှည့်မေးသည်။
“ အမှန်တော့ ... ပန်းသင်္ချိုင်းနဲ့ မိန်းကလေး ယဲ့က၊ မသင့်တော် ပါဘူး။ ”
လင်းယွန်မှ ပြန်ဖြေသည်။
“ လင်းယွန် ... နင် ဘာတွေ ဝင်ပြော နေတာလဲ ။ ”
သူမ အဖေ အပေါ်၊ ဒေါသ မထွက်ဝံ့ သော်လည်း၊ လင်းယွန် ကိုမူ၊ မီးတောက် မတက် မျက်ဝန်း များဖြင့်၊ ပြန်ကြည့် လိုက်သည်။
“ ဟား ... ဟား ... ဟား ... မှန်တယ်၊ ပန်းသင်္ချိုင်းက ခွေးကျင့် ခွေးကြံ ကြံနေတာ မဟုတ်ရင်၊ သူ့ ရည်ရွယ်ချက် အမှန်က ဘာဖြစ် မလဲ၊ ဘာလို့ မသင့်တော် တာလဲ၊ လာ ... လင်းယွန်၊ မင်း ငါတို့ကို ရှင်းမပြ ပါဦး။ ”
ဂိုဏ်းချုပ်က မုတ်ဆိတ် မွေး များကို ပွတ်သပ်လျက်၊ မျက်လုံးများ မှေးစင်း သွားကာ၊ နားထောင် နေလေသည်။
သည်အဖေနှင့် သည်သမီး အကြား၊ အခက်တွေ့ လာပြီ ဖြစ် သဖြင့့်၊ လင်းယွန် တစ်ယောက် ကြိတ်ကာ သက်ပြင်းချ မိ၏။
ယင်းမှာ ပန်းသင်္ချိုင်းနှင့် သူ့သမီး အရေး ဖြစ်ပြီး၊ ဂိုဏ်းချုပ် အနေဖြင့် ဘာမျှ မသက်ဆိုင် ဟု ထင်မိသည်။
သည်းခံ တတ်သူ တစ်ဦး မဟုတ် သောကြောင့်၊ ပေါက်ကွဲရန် အပြင်၊ အကြည့် ထဲရှိ၊ ခြိမ်းခြောက်သော အရိပ် အယောင်များ ပျောက်ကွယ် သွားသည်ကို၊ ခံစား မိ၏။
“ လာ ... ၊ ငါ့ကို ရှင်းပြ ... ။ ”
ဂိုဏ်းချုပ်မှ ပြုံးကာ ထပ်မံ မေးမြန်းလာ သဖြင့်၊ လင်းယွန်က မော့ကြည့်လျက် စကား လုံးများ စီနေ မိသည်။
(အပြောင်း အလဲ မြန်လိုက်တဲ့ အဖိုးကြီး။ )
“ ဒီလူက တိမ်လွှာဓား ဂိုဏ်းကို ...၊ နောက်ခံ အဖြစ် သုံးပြီး၊ သူ့ကိုယ်သူ ဖုံးကွယ် ထားတယ်၊ ဒီလို လူက ဘယ်လိုလုပ် ...
... လူကောင်း တစ်ယောက် ဖြစ်နိုင် မှာလဲ၊ ပြီးတော့ ရုပ်ဆိုး လွန်းလို့ မျက်နှာဖုံး တပ်ထား တာလဲ၊ ဖြစ်နိုင် ပါတယ်။ ”
“ ဟား ... ဟား ... ဟား ... ၊ သမီး ... ကြားလား၊ ဒါ ... ငါ ပြောတာ မဟုတ်ဘူး၊ သူ ပြောတာ၊ ဟား ဟား ဟား ... ။ ”
ဂိုဏ်းချုပ်မှ ကျေနပ် သွား ဟန်ဖြင့် ရယ်၏။
“ လင်းယွန် ... ၊ နင်နဲ့ငါ မပြီး သေးဘူး။ ”
ယဲ့ဇီလင်မှ နှုတ်ခမ်းကို ကိုက်လျက်၊ လင်းယွန်အား လှည့်ကာ၊ ကြိမ်းဝါး လိုက်သည်။ ယဲ့ဇီလင် ထွက်သွား ပြီးနောက် ဂိုဏ်းချုပ် အပြုံးမှာ၊ ပျောက်ကွယ် သွားပြီး၊
“ လင်းယွန် ... ၊ မင်း တကယ် သတ္တိရှိ နေတယ်ပေါ့ ဟမ်၊ အပြာရောင် စံအိမ်မှာ မင်း ရှာခဲ့တဲ့ ပြဿနာ အားလုံးကို၊ ငါ ဖြေရှင်း ပေးတယ်၊ ဒါကိုတောင် ...
... မင်းက ဒီနည်းနဲ့၊ ငါ့ကို ပြန်ဆပ်ချင် နေတာလား၊ ငါ့သမီးနဲ့ အိပ်မဲ့ ကိစ္စကို မင်းခေါင်း ထဲက ထုတ်ထားပါ။ ”
“ ငါတို့ အဲဒီ အဆင့်ကို ... ၊ မရောက် သေးပါဘူး … ။ ”
လင်းယွန်မှ ချက်ချင်း ဖြေရှင်း လိုက်သည်။
“ ဘာကွ ... အေး မရောက် စေနဲ့၊ မယုံလို့ စမ်းကြည့် ခဲ့ရင်၊ လက်ဖျား လေးနဲ့ မထိခင် မှာပဲ ... ၊ ငါ မင်းကို သတ်ပစ်မယ်။ ”
ဂိုဏ်းချုပ်က သူ့အား ပြန်၍ စိုက်ကြည့်ကာ၊
“ ဟမ့် ... ၊ ကြယ် ခန်းမက၊ အဲ့ဒီ အဖိုးကြီးကို ငါသာ ဓားနဲ့ မထိုး ခဲ့ရင်၊ မင်းသေ နေပြီ။ ”
ကောင်းကင်ဘုံ ကြယ်ခန်းမ၌ ချိတ်ဆွဲ ခံရသော သတင်း ကြားပြီးနောက်၊ ယင်းကို လင်းယွန်မှ ခန့်မှန်း ထားပြီး ဖြစ်သည်။
နယ်မြေ တစ်ခု လုံးကို ဓား တစ်ချက်ဖြင့်၊ ခြိမ်းခြောက် ခဲ့သော ဤလုပ်ရပ်က လင်းယွန်ကို စိတ်လှုပ်ရှား စေ၏။
“ မင်း ... မူလ ကျောက်တုံးကို၊ သန့်စင် လိုက်တယ် မဟုတ်လား။ ”
ဂိုဏ်းချုပ်မှ စကား လမ်းကြောင်း ပြောင်းလိုက်သည်။ လက်ပူး လက်ကြပ် ဖမ်းမိ သွားသော အသွင်ဖြင့်၊ လှောင်ပြုံး ပြုံး လေသည်။
“ အဲ့ဒီ ကောင်မ လေးက ... အကြီးအကဲ တွေကို၊ လှည့်စား နိုင်တာ နဲ့ပဲ ... ၊ ငါ့ကို ရမယ် ထင်နေတယ်၊ ငါက သူ့ အဖေ ဆိုတာ မေ့နေ ပုံပဲ။ ”
“ ဒါက ... မတော် တဆပါ၊ သတိလစ် နေတုန်း၊ ဘာဖြစ်သွား မှန်းတောင် မသိလိုက် ပါဘူး။ ”
“ ကိစ္စ မရှိ ပါဘူး ... ၊ မင်း ငါ့ကို ပေးခဲ့ ရင်တောင် ... ၊ ငါ မင်းကိုပဲ ပြန်ပေး မိမှာပါ၊ မင်း ကံကောင်းတယ်၊ မင်းကို ဘယ်လို ကူညီရ မလဲ တွေးပြီး၊ ...
...တစ်ချိန်လုံး ငါ စိတ်ရှုပ် နေတာ ... ၊ အခုတော့ မင်းကိုယ်တိုင် အဖြေရှာ နိုင်ခဲ့ပြီ၊ မူလ ကျောက်တုံးကို သန့်စင် ထား တာကြောင့်၊ ဒါက ပိုလွယ်ကူ လာပါ လိမ့်မယ်။ ”
ဂိုဏ်းချုပ်မှာ ဤမျှ ရက်ရော နေလိမ့် မည်ဟု လင်းယွန် မထင်ထား မိချေ။ သမီး မှလွဲ၍ အားလုံး ပေးနိုင် ပုံရသည်။
“ ဟမ့် ... ၊ မင်းမှာ ခွေးစိတ် မရှိလို့၊ ငါ လွတ်ပေး လိုက်တယ် ဆိုတာ ... လုံးဝ မမေ့ ပါနဲ့။ ”
ဂိုဏ်းချုပ်မှ အံကြိတ်ကာ သတိပေး လိုက်သည်။
( ဟမ့် ... ၊ အဖိုးကြီး မင်းရဲ့ သမီးကို ... ၊ ငါ့သာ မကယ်ရင်၊ ဘာဖြစ် မလဲ မင်း သိလား။ )
သို့သော် လင်းယွန်မှာ အသံ မထွက် ဝံ့ချေ။
“ လိချန်နဲ့ ငါက ... ၊ ကြယ် ဝိညာဉ် တောင်ကို ဖွင့်ဖို့၊ တိုင်ပင် နေတယ်၊ သုံးရက် အတွင်း မင်းပြင်ဆင် ထားပါ။ ”
“ ဒါဆို သွားလိုက် ပါဦးမယ်။ ”
“ သွား ... ။ ”
လင်းယွန် တစ်ယောက်၊ စိတ်သက် သာရာ ရသွားကာ၊ ဂိုဏ်းချုပ် ရှေ့မှ ချက်ချင်း ထွက်ခွာ လာခဲ့၏။
သို့သော် တံခါး ဖွင့်လိုက် သည်နှင့်၊ သူ့ကို အေးစက်စွာ စိုက်ကြည့် နေသော ယဲ့ဇီလင်အား၊ တွေ့လိုက် ရ၏။ ယင်းက လင်းယွန်ကို အဆင် မပြေ ဖြစ်လာ စေသည်။
“ မိန်းကလေး ယဲ့ ... ။ ”
“ ငါ့ကို စီနီယာ အစ်မလို့ ခေါ်ပါ။ ”
“ ဟုတ်ကဲ့ ... ၊ စီနီယာ အစ်မ ... ။ ”
“ ငါ့ကို မလိမ်နဲ့၊ အဖေနဲ့ မင်းက ... ၊ ပန်းသင်္ချိုင်းကို သိထားတယ် မဟုတ်လား၊ ပြောစမ်း။ ”
“ ဒါက မိန်းကလေး လောဟွာက၊ သူ့အကြောင်း ပြောပြ လို့ပါ ... ၊ သိချင်တာ ရှိရင် သူ့ကို သွားမေးလို့ ရပါတယ်။ ”
ဂိုဏ်းချုပ်အား မတုန့်ပြန် ရဲသော်လည်း၊ ယဲ့ဇီလင်အား မကြောက်ချေ။ လောဟွာ အမည် ကြားသော အခါတွင် ယဲ့ဇီလင်မှာ၊
“ သေချာလား ... ၊ ”
-ဟု သံသယဖြင့် တွေဝေ သွားသည်။
“ သေချာတယ် ... ၊ မိန်းကလေး ယဲ့ သောက်ခဲ့တဲ့၊ ထောင်စုနှစ် မီးလျှံ ကလည်း၊ သူ ပေးထား တာပါ၊ ငါနဲ့ မင်းရဲ့ ဆက်ဆံရေး အရ၊ ငါမင်းကို လိမ်မယ်လို့၊ မင်းထင် နေတာလား။ ငါ့မျက်လုံး တွေကို ကြည့်ပါ။ ”
“ ဒီတစ်ခါတော့ ... မင်းကို ငါ ယုံလိုက်မယ်၊ လောဟွာ ... ၊ လောဟွာ ... နင် ... ။ ”
ယဲ့ဇီလင်မှာ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ လောဟွာ အမည်အား တတွတ်တွတ် ရေရွတ် နေတော့သည်။
အလိမ် ပေါ်မည် ဆိုးသဖြင့်၊ လင်းယွန်မှာ မျက်နှာ လွှဲပြီး၊ သူမအား မကြည့်ရဲ တော့ချေ။ လောဟွာကို စိတ်ထဲမှ တောင်းပန်လျက်၊ အိမ်ပြန် လာမိသည်။
ဂိုဏ်းချုပ် ပြောသော ကြယ် ဝိညာဉ် တောင်တန်း အကြောင်းကို မသိချေ။ ပထမဆုံး အကြိမ် ကြားဖူး ခြင်းသာ ဖြစ်သည်။
သို့သော် ၎င်းမှာ ဝိညာဉ် တောင်များ သို့မဟုတ်၊ ဝိညာဉ် ရေကန်များနှင့် ဆင်တူသည့် နေရာ ဖြစ်မည်ဟု၊ မှန်းဆ နိုင်၏။
“ ကြယ်ဝိညာဉ် တောင်သာ ... ၊ တကယ် အသုံး ဝင်ရင်၊ ငါ့ရဲ့ အရင်း အမြစ်တွေ သက်သာ လိမ့်မယ်။ ”
လင်းယွန်မှ စိတ်လှုပ်ရှား စွာဖြင့်၊ ရေရွတ် မိသည်။ နတ်ဘုရား အသွေးတော် သစ်သီး၏ အရွက် များမှာ၊ အင်ပါ ရီယန် တစ်ပါး အတွက် ပင်၊ အသုံးဝင် သဖြင့်၊ မသုံးချင် သေးချေ။
“ အရင်ဆုံး ... သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာကို၊ စစ်ဆေး ရမယ်။ ”
အတွေး များကို စုစည်းပြီး ရုပ်ခန္ဓာပေါ်၊ အာရုံစိုက် လိုက်သည်။ ချက်ချင်းပင် ခန္ဓာမှ နဂါး ဟောက် သံများ ထွက်လာ၏။
များပြား လှသော စွမ်းအင် များက သူ့ အင်္ကျီကို ခွဲထုတ် သွားပြီး၊ ခန္ဓာကိုယ် အပေါ် ပိုင်းအား၊ ဗလာကျင်း သွားစေသည်။
ကြွက်သား များ၌၊ ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေ၏။
“ နဂါး အမှတ် အသား။ ”
၎င်းအား အသက်သွင်း လိုက်ရာ၊ နှလုံးသား အတွင်းရှိ သွေးမီးလျှံက တဟုန်ထိုး ထတောက် လာ လေသည်။
နဂါး အမှတ် အသားသည်၊ မူလ ကျောက်တုံးနှင့် ကောင်းစွာ ပေါင်းစပ်ပြီး၊ သူတော်စင် ရူရ်ကို၊ ဝါးမြို ထား၏။
မီးလျှံ များက သူတော်စင် ရူရ်ထံ၊ ကူးစက် သွား ပြီးနောက်၊ နဂါး စွမ်းအင်များ သွေးကြော အတွင်း၊ လျင်မြန်စွာ ပျံ့နှံ့ လာသည်။
“ ဟိတ် ... ။ ”
ထို့နောက် လက်သီးချက် အမြောက် အမြားကို၊ ထုတ်ပစ် လိုက်၏။ လက်သီးချက် တိုင်း၌၊ သတ္တု သံများ ထွက်ပေါ် နေသည်။
နဂါ အမှတ် အသားကို အသက်သွင်း လိုက်သည်နှင့်၊ ခရမ်း- ရွှေရောင် နဂါး ရူရ်များ အားလုံးကို၊ သူတော်စင် ရူရ် အဖြစ် ပြောင်းလဲ သွားစေ သဖြင့်၊ အံ့သြ သွားသည်။
“ သူတော်စင် ရူရ် (၁၀၈) လုံး ... ။ )
ဆိုလို သည်မှာ လက်ရှိ ကိုယ်လုံး ကိုယ်ပေါက်သည်၊ သူတော်စင် ရူရ် တစ်ရာ ပါသော လက်နက်ကို၊ ယှဉ်နိုင် သည်ဟု ဆိုပေ၏။
နဂါး ဘုရင်၏ အရိုးနှင့်၊ နတ် ရူရ်အား ဆုံးရှုံးခဲ့ရ သဖြင့်၊ နဂါး ချပ်ဝတ်မှာ အားနည်း သွားဖူးသည်။
ယုခုမူ သွေးမီးတောက် မှော်နဂါး၏ သူတော်စင် ရူရ် များကြောင့်၊ တဖန် ပြန်၍ အသုံး ဝင်လာ နိုင်၏။
နတ်ဘုရား ရူရ် ထံမှ၊ စွမ်းအား (၁%) သာ ထုတ်ယူနိုင်ခဲ့ သော်လည်း၊ သူတော်စင် အတွက် မူ၊ ထက်ဝက်ခန့် ထုတ်ယူ နိုင်လေသည်။
ယင်းက ယခင်ထက် များစွာ အားကောင်း လာစေ သဖြင့်၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်ရန်၊ အခွင့် အလမ်း ပိုများ လာ၏။
သို့သော် ပျော်ရမည့် အချိန် မရောက် သေးချေ။ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ဟူသည်၊ သတိထား ရမည့် လုပ်ငန်းစဉ် ဖြစ်၏။
“ လင်းယွန် ... ၊ နင် ... ပြန်လာတာ၊ ငါ ကြားတယ်။ ”
ထိုအခိုက်တွင် ခရမ်းငယ်နှင့် နဂါးလေးတို့ ဝင်ရောက် လာသည်။ အသွေးတော် အရွက်ကို၊ သန့်စင် ပြီးနောက်၊ နဂါလေး မည်မျှ သန်မာ လာ မည်အား၊ သိချင် သွား၏။
***