← Chapters

နဂါးလေး အသွင် ပြောင်းခြင်း။

Vol. 83 Ch. 1162

နဂါးလေး အသွင် ပြောင်းခြင်း။

Vol. 83 Ch. 1162

“ ညောင် ... ။ ”

နဂါးလေး ဝမ်းသာ အားရ ရင်ခွင်ထဲ ခုန်ဝင်ကာ ခေါင်းဖြင့် ပွတ်သပ် တော့သည်။ ထိုအရှိန်က လင်းယွန်ကို ထိတ်လန့် သွား စေ၏။

ခရမ်းငယ် မှာ ချစ်စရာ ကောင်းသော ကျစ်ဆံမြီး များကို ယမ်းခါလျက်၊ နောက်ပါးမှ လိုက်ဝင် လာသည်။

“ ဟမ့် ... သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကို ရခဲ့ တာလား။ ”

ခရမ်းငယ်မှ အံသြစွာ ဆို၏။

“ ကံကောင်း သွားတာပါ။ ”

လင်းယွန်က ပြုံးလျက် ပြော လိုက်သည်။ သည့်နောက် ကောင်းကင်ဘုံ ရေပေါ် ကျွန်း၏ အတွေ့ အကြုံ များကို မျှဝေပေး မိသည်။

“ လဲ့ယင်က ... ၊ နင့်ကို ဒီလို အနေ အထား ရောက်အောင် တွန်းပို့နိုင် ခဲ့တာလား ... ၊ ငါသာ ရှိ နေရင် ... ၊ ဒီလို ခံလာ ရမှာ မဟုတ်ဘူး။

ခရမ်းငယ်မှ အထင် အမြင် သေးစွာဖြင့် ပြန်ပြော သည်။

“ ဒါနဲ့ နင် ဒဏ်ရာ ရခဲ့တယ် မဟုတ်လား ကြည့် ရ အောင်။ ”

ခရမ်းငယ်က သတိ တရဖြင့် မေးမြန်းလာ လေရာ၊ လင်းယွန်မှ အပေါ်ပိုင်း အဝတ် အစား များကို ချွတ်ချ လိုက်သည်။

“ နင် ... နှာဗူးကောင် ... ။ ”

ခရမ်းငယ် ခမျာ မျက်လုံး များကို လက်ဝါး နှစ်ဖက်နှင့် အုပ်လျက်၊ ထိတ်လန့်စွာ အော်ဟစ် လေသည်။

“ မင်း ဘာတွေ ပြောနေ တာလဲ ... ၊ ငါ သတိလစ် သွားတုန်းက၊ မူလ ကျောက်တုံးကို ဝါးမျို မိပြီး၊ နဂါး ရူရ် တွေက သူတော်စင် ရူရ်တွေ အဖြစ်၊ ပြောင်းလဲ သွားတယ်၊ ဒီမှာကြည့် ...

... ဒါကို ငါ နည်းနည်း တော့ ကြောက် မိတယ်၊ ဒါကြောင့် ဘေးထွက် ဆိုးကျိုးတွေ ရှိ၊ မရှိ တစ်ချက်လောက် ကြည့်ခိုင်း မို့ပါ။ ”

ယခု အခါတွင် လင်းယွန်၏ ရုပ်ခန္ဓာမှာ၊ သူတော်စင် ရှေးဟောင်း ပစ္စည်း တစ်ခုနှင့် ယှဉ် နိုင်ပြီ ဖြစ်သည်။

နဂါး အမှတ် အသားကို အသက်သွင်း လိုက်ပါက၊ ကြယ်စင်စု အဆင့်ရှိ ပါရမီ ရှင်အား၊ အလွယ် တကူ သတ်နိုင်မည် ဖြစ်၏။

ထိုစွမ်းအားက လဲ့ယင်ကို၊ ဆယ်ကြိမ် အတွင်း အနိုင်ယူ နိုင်မည်ဟု ယုံကြည် သည်။ လဲ့ယင် ဟူသည်မှာ ပင်မ နတ်ဘုရား များကို သတ်ထား နိုင်သော ဘီလူ တစ်ကာင် ဖြစ်သည်။

ထို့ကြောင့် သတ္ထမ ကောင်းကင် ဝိညာဉ် ခွန်အားဖြင့် အနိုင်ယူ နိုင်သည့် အပေါ်၊ မယုံနိုင် စရာ ပေပင်။ ယင်းက စိတ်မသက် မသာ ဖြစ်စေ၏။

မူလ ကျောက်တုံးမှာ ရတနာ တစ်ပါး ဖြစ်သောကြောင့်၊ တစ်စုံ တစ်ရာ ဘေးထွက် ဆိုးကျိုး ရှိလာ မည်ကို၊ စိုရိမ် နေခြင်း ဖြစ်သည်။

သူ့အား မွေးဖွားလာ ချိန်၌၊ ရှေးခေတ် နတ်မိစ္ဆာ များ၏ ရောင်ဝါပင် ထုတ်လွှတ် ပြသ ခဲ့ဖူးသည်။

ခရမ်းငယ်က လက်ဖဝါး များကို ဖယ်ကာ၊ နဂါးအမှတ် အသားထံ စိုက်ကြည့် လိုက်သည်။

“ ဘယ်လိုလဲ ... ။ ”

လင်းယွန်မှ မေးမိ၏။

“ မှန်တယ် ... ၊ မူလ ကျောက်တုံးနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခု ရှိတယ်၊ သူက မင်းကို ဝါးမြိုပြီး အသုံးချ ချင် ပေမယ့်၊ မင်းရဲ့ ဒီနဂါး အမှတ် အသားက၊ နဂါး သခင် ပေးခဲ့တဲ့ အရာ တစ်ခုလို့ သူ မသိ ခဲ့ဘူး၊ ...

... နဂါး အရိုးသာ မင်းမှာ ရှိသေးရင်၊ ဒီနည်းစနစ်ရဲ့ အဆုံးမှာ၊ နဂါး ဝိညာဉ် ကိုတောင် ဆင့်ခေါ် နိုင်လိမ့်မယ်၊ ဘာပဲ ဖြစ်ဖြစ် ဒါက ကောင်းမွန်တဲ့ အရာ တစ်ခုပါ ဘေးထွက် ဆိုးကျိုး လုံးဝ မရှိဘူး။ ”

ထိုစကားကြောင့် လင်းယွန် တစ်ယောက် စိတ် သက်သာရာ ရသွားသည်။

“ နဂါးလေးရဲ့ လက်ရှိ ကျင့်ကြံမှု ကရော ၊ ဘယ် အဆင့် မှာလဲ။ ”

အမွေး အမှင်များ တောက်ပြောင် လာသော နဂါး လေးကို မမြင်နိုင် တော့ သဖြင့်၊ မေးမြန်းမိ သည်။

“ ကြယ်စင်စု အဆင့်၊ သူ့ရဲ့ အသွေး အသားက ဘုရင် အဆင့် နတ်ဆိုး သားရဲတွေ ထက်တောင်၊ ပိုကြောက်စရာ ကောင်းတယ်၊ ရှေးဟောင်း နဂါး မျောက်ဝံ့ အသွင် ပြောင်းလဲ လိုက်ရင်၊ မင်း အနိုင် မယူနိုင် လောက်ဘူး၊ ဘယ်လို ထင်လဲ၊ စမ်းကြည့် ချင်လား။

ခရမ်းငယ်မှ ကောက်ကျစ်သော အပြုံးဖြင့် လင်းယွန်ကို ကြည့်လိုက်သည်။

“ အင်း ... ၊ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် ဘယ်လောက် အထိ သန်မာ လာလဲ ဆိုတာ၊ ငါ သိချင်တယ်၊ သွား ရအောင်။ ”

လင်းယွန်မှ ပြုံးကာ ဦးဆောင် လိုက်သည်။ သူ နေထိုင်ရာ ခြံသည် ကျယ်ဝန်း သော်လည်း၊ တိုက်ခိုက်ရန် အတွက်၊ မသင့် ချေ။

“ ဝှစ် ... ။ ”

ထို့ကြောင့် တောင်တန်း (108)လုံး ထံသို့ ဦးတည် လိုက်သည်။ ဝေးလံ ခေါင်ဖျား ခွန်သော နေရာ ရောက်မှသာ ရပ်လိုက်၏။ ယင်းက သူ ပလွေ လေ့ကျင့်ရာ နေရာလည်း ဖြစ်သည်။

“ ကြောင် ပုံစံနဲ့ အရင် စရအောင်။ ”

အင်ပါ ရီယန် နယ်ပယ် ရောက်ပြီးနောက် နဂါးလေး တစ်ကောင် မယုံ နိုင်ဖွယ် မြန်ဆန်နိုင် မည်ကို၊ တွက်ဆ ထားပြီး ဖြစ်၏။

“ နဂါးလေး ... ၊ သူ့ကို သင်ခန်းစာ ကောင်းကောင်း သင်ပေးလိုက်၊ ငါ့ကို စိတ် မပျက် စေနဲ့။ ”

ခရမ်းငယ်က မှာကြား လိုက်သည်။ သည့်နောက် နဂါးလေးက ခေါင်းညိတ်လျက် မဆိုင်း မတွဘဲ ပြေးဝင် တိုက်ခိုက် တော့၏။

“ ဝှစ် ... ။ ”

နဂါးလေး မရောက်ခင် မှာပင်၊ ၎င်း၏ လက်သည်းက လင်းယွန်ပေါ် ကျရောက်လာ လေသည်။

“ မဆိုးဘူး။ ”

သူတော်စင် နဂါး ခန္ဓာကို ဖြန့်ကျက်ပြီး၊ နဂါးရူရ် များအား၊ ဆင့်ခေါ် သည်။ လက်သည်း များက ရူရ်များ အပေါ် ကုပ်မိ သွားသော အခါ လှိုင်း ဂယက်များ ဖြစ်လျက်၊ နဂါးလေးအား နောက်သို့ တွန်းထုတ် တော့၏။

ဤနည်းဖြင့် သူတို့ နှစ်ဦး၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွား နေပြီး၊ တောင်ကြီး တစ်ခု လုံး၊ မွှစာ ကျဲသွားသည်။

“ ကြည့်ရတာ သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်က မရိုးရှင်း ဖူးပဲ။ ”

ခရမ်းငယ်မှ ခေါင်းညိတ်ကာ၊ ရေရွတ် လိုက်သည်။ နဂါးလေး၏ ခြေသည်း များသည် ကြယ် စင်စု အဆင့်ရှိ၊ အုပ်စိုးရှင် သားရဲ ကိုပင် အလွယ် တကူ ခွဲပစ် နိုင်သည်။

ထို့စဉ် လျှပ်စီးနှင့် လေကို လင်းယွန်မှ ဆင့်ခေါ် လိုက်သည်။ မိုးပြာ နဂါး များသည် မိုးကြိုး မုန်တိုင်း များကို စေစား နိုင်သော သခင်များ ဖြစ်၏။

ထို့ကြောင့် ၎င်းတို့၏ မွေးရာပါ စွမ်းရည်များ ဖြစ်သော ထိုရည်ရွယ် ချက်က၊ လင်းယွန် အပေါ် သက်ရောက်မှု ရှိလေသည်။

ခရမ်းငယ်မှာ ပြုံးသွားပြီး၊

“ နဂါးလေး ဟိုဟို ဒီဒီ လိုက်လုပ် မနေနဲ့ သူ့ကို သင်ခန်းစာ ပေးပါ။ ”

-ဟု အချက်ပြ လိုက်တော့၏။

“ ဂါး ... ။ ”

ခရမ်းငယ် စကားဆုံး သည်နှင့် ကျယ်လောင်သော ဟောက်သံ နှင့် အတူ၊ နဂါး မျောက်ဝံကြီး တစ်ကောင်က ကောင်းကင်မှ ခုန်ချ လာသည်။

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် ခမျာ၊ ရပ်တန့် သွားပြီး၊ မီတာ (၃၀) ခန့် ရှိသော နဂါး လေးက၊ လင်းယွန် အနား ရောက်ရှိ လာ၏။

“ ပိုသေး သွားတာလား ... ။ ”

ဤမြင်ကွင်းကြောင့် အံ့သြ သွားသည်။ ယခင်က နဂါး မျောက်ဝံမှာ အနည်းဆုံး မီတာ (90) ခန့် ရှိ၏။ ယခုမူ ပို၍ သေးငယ် သွားကာ၊ ရောင်ဝါများ ကျစ်လစ် လာပေသည်။

“ ဟိတ် ... ။

ထိုဖိအားက လင်းယွန်ကို အသက်ရှူ ကြပ်သွား စေ၏။ လက်သီး တစ်လုံး ပစ်လျက်၊ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး ရေနဂါး တစ်ကောင်ကို၊ နဂါး လေးထံ ထုတ်လွှတ် လိုက်သည်။

သို့သော် နဂါးလေးမှာ ထိုရေ နဂါးထက် မြန်၏။ အနား ချက်ချင်း ရောက်လာပြီး သူ့အား ကိုင်ပေါက်ပစ် လိုက်တော့သည်။

“ ဘန်း ... ။ ”

သစ်ပင်နှင့် ထိမှန်ကာ၊ ပြုတ်ကျ သွား၏။ သို့သော် ချက်ချင်းပင်၊ နဂါး အမှတ် အသားကို အသက် သွင်းပြီး၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

“ လာ ခဲ့ ဦး ... ။ ”

ဤနည်းဖြင့် တိုက်ပွဲမှာ၊ ပို၍ ပြင်းထန် လာခဲ့ပြီး၊ တောင်ကြီး တစ်ခုလုံး ပျက်စီး လုနီး ပါး ဖြစ်လာ တော့သည်။

အကြိမ် (၁၀၀) ပြီးနောက် မောပန်းလာ သဖြင့်၊

“ငါ အရှုံးပေး တယ်။ ”

-ဟု ဝန်ခံ မိသည်။

“ နာ တယ်။ ”

သူ့ ခန္ဓာ ကိုယ်မှာ၊ သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင် သော်လည်း၊ နာကျင်မှုကို ခံစား ရဆဲ ဖြစ်သည်။ ထို့နောက် ပြုံး လိုက်ပြီး၊

“ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက်ကို မရောက်ခင်၊ နဂါးလေးနဲ့ တိုက်ဖို့ မဖြစ် နိုင်ဘူး။ ”

“ ဟမ့် ... ၊ စိတ်ဓာတ် မကျနဲ့၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ထည် အပေါ် မှီခိုပြီး၊ နဂါးလေး ကို အကြာကြီး ရင်ဆိုင် နိုင်တာ ကိုက ကျေနပ် စရာပါ။ ”

ခရမ်းငယ်မှ ရယ်မောလျက် နှစ်သိမ့် ပေး၏။

“ ဒါပေမယ့် ... ၊ နဂါးလေးက ရှေးဟောင်း နဂါး မျောက်ဝံ့ အသွင် ပြောင်းခြင်း ပညာရပ်ကို၊ မတက်ကျွမ်း သေးဘူး၊ ...

... ပညာရပ် အပြည့် အစုံမှာ၊ လှုပ်ရှားမှု ပညာရပ်၊ တုတ်ရိုက်နည်း၊ ဖြစ်ရပ် ဆန်းများ၊ နက်နဲမှုနဲ့ ရှေးဟောင်း တံဆိပ် ဆိုပြီး ရှိတယ်၊ ဒါကို ငါ အပြီးသတ် ပေးမယ်။ ”

လင်းယွန်က ထိတ်လန့် တုန်လှုပ် သွားပြီး၊

“ အဲ့လောက် တောင်လား။ ”

-ဟု မေးလိုက် မိသည်။

“ ဟမ့် ... သင်ပေးတဲ့ လူကိုလည်း ကြည့်ဦးလေ။ ”

ခရမ်းငယ်တွင် ကြွားဝါသော အကျင့်ရှိ သဖြင့်၊ လင်းယွန် ခမျာမှာ လုံးဝ ယုံကြည်ခြင်း မရှိနိုင် သေးချေ။ သို့သော် နဂါးလေး သန်မာ လာနိုင် မည်မှာ၊ သတင်းကောင်း ဖြစ်၏။

“ ထပ် စမ်းကြည့် ရအောင်။ ”

အရှုံးကို လက်မခံ လိုသေး သောကြောင့်၊ စိန်ခေါ် လိုက်မိသည်။ နဂါးလေးနှင့် တိုက်ခိုက် ခြင်းဖြင့်၊ ရုပ်ခန္ဓာ ပို၍ ခံနိုင်ရည် ရှိလာမည် ဖြစ်သည်။

မျက်စိ တစ်မှိတ် အတွင်း၊ သုံးရက် ကုန်ဆုံး သွားသည်။ ဤအခိုက်တွင် လျှပ်စီး တိမ်လွှာဓား ဂိုဏ်း တစ်ဂိုဏ်းလုံး၊ လှုပ်လှုပ် ရွရွ ဖြစ်လာ ကုန်၏။

အပြာရောင် စံအိမ် နယ်မြေရှိ၊ အဓိက ဂိုဏ်းကြီး လေးဂိုဏ်း၌၊ ကြယ်ဝိညာဉ် တောင် တန်း တစ်ခုစီ၊ ပိုင်ဆိုင် ထား လေသည်။

၎င်းကို ဖွင့်လှစ်ရန်၊ အရင်း အမြစ် များစွာ လိုအပ်ပြီး၊ အသက် (၃၀) မတိုင်မီ ဝင်ရောက် ခွင့် ရပါက၊ များစွာ အကျိုး ရှိမည် ဖြစ်သည်။

တပည့်များ အားလုံး ကြယ် ဝိညာဉ် တောင်အတွက်၊ စိတ်လှုပ်ရှား နေစဉ်၊ လင်းယွန် သည်လည်း၊ သူနှင့် နဂါးလေး၏ တိုက်ပွဲကို ရပ်တန့် လိုက်တော့သည်။

***

All Chapters