← Chapters

မိုက်မဲသော အတွေး။

Vol. 84 Ch. 1163

မိုက်မဲသော အတွေး။

Vol. 84 Ch. 1163

ကြယ်ဝိညာဉ် တောင်ဖွင့် ပွဲသည် ဓားသူတော်စင် တောင် ဖွင့်ပွဲ ထက်ပင်၊ ပို၍ ကြီးကျယ် ခမ်းနားသော အခါ သမယ ဖြစ်သည်။

ဓား သူတော်စင် တောင်မှာ၊ (၆) လလျှင် တစ်ကြိမ် ဖွင့်လှစ် နိုင်ပြီး၊ ကြယ်ဝိညာဉ် တောင် မှာမူ၊ ဆယ်စုနှစ် တစ်ခုခန့် အချိန် ပေးရ လေသည်။

ထို့ကြောင့် အင်ပါ ရီယန် များသာ ဝင်ရောက်ရန် အရည် အချင်း ပြည့်မီပြီး၊ အကျိုး အမြတ် မည်မျှ ရရှိနိုင် သည်မှာ၊ ၎င်းတို့၏ ကံကြမ္မာ ပေါ်တွင် မူတည် နိုင်သည်။

အရုဏ် မတက်မီ၊ ကြယ် ဝိညာဉ် တောင်ခြေ၌၊ လူတိုင်း လာရောက် စုရုံး နေ၏။ လင်းယွန် မှာမူ အလျင် လိုခြင်း မရှိချေ။

သူနေထိုင်ရာ ခြံ အနောက် ဘက်၌၊ ဝိညာဉ် ရေကန် တစ်ကန် ရှိပြီး ခရမ်းငယ်၊ နဂါးလေး နှင့် အတူ၊ ရေချိုး နေခဲ့သည်။

လွန်ခဲ့သည့် သုံးရက် လုံးလုံး၊ ပင်ပန်း နွမ်းနယ်ခဲ့ သမျှအား၊ အချိန် ပေးကာ အနားယူ နေမိ၏။ ချွေးပေါက် များမှ တဆင့် ဝိညာဉ် စွမ်းအင်များ၊ ခန္ဓာ ကိုယ်ထဲ စိမ့်ဝင် လာသဖြင့်၊ တက်ကြွ လန်းဆန်း လာသည်။

ခန္ဓာကိုယ် အတွင်း များပြား လှသော စွမ်းအင်များ ပြန်လည် ဝင်ရောက် လာချိန်၌၊ နေပူစာ လှုံနေသော နဂါး တစ်ကောင် ကဲ့သို့ ကျောက်တုံးကြီး တစ်တုံးတွင် မှီကာ၊ မျက်လုံးများ မှိတ်ထား လိုက်သည်။

ဤအတော အတွင်း၊ ခရမ်းငယ်နှင့် နဂါးလေးမှာ ရေကစား နေကြသည်။ ပင်ပန်း နွမ်းနယ်မှုမှ ပြန်လည် သက်သာ လာသော အခါတွင်၊ မျက်နှာသုတ် ပဝါကို ဖယ်ပြီး ထရပ် လိုက်၏။

ချွေးပေါက် များမှ စိမ့်ထွက် လာသော ရောင်ဝါမှာ၊ မိုးပြာ နဂါး တစ်ကောင်ကြီး ကဲ့သို့ တောက်ပ နေသည်။ သည်နေ့ အရာ အားလုံး အဆင် ပြေမည်ဟု ယုံကြည်၏။

လူတိုင်းကို ထိတ်လန့်အောင် လုပ်ရန် စိတ်ပိုင်းဖြတ် ထားသည်။ ထို့အပြင် မဟာချင် အင်ပါယာ၌ ဆုစီယာ အပေါ်၊ ပေးခဲ့သော ကတိကို စောင့်ထိန်း ရပေ ဦးမည်။

“ ဘယ်လိုတောင် အရှက်မဲ့ လိုက်လဲ။ ”

ခရမ်းငယ်က သူမကိုယ် သူမ၊ ရေခဲမြူ များဖြင့် သိုင်းခြုံကာ၊ ထအော် လိုက်လေရာ၊ လင်းယွန် အတွေး ပြတ်သွားသည်။

“ ခရမ်းငယ် မင်း ဘာလို့ ... ၊ မြူတွေ ဖုံးနေ ရတာလဲ။ ”

“ ဟမ့် ... ဒီဧကရီကို၊ နင့်လို နှာဗူးများ ထင်နေလား၊ အဝတ် အစား မြန်မြန် ဝတ်ပါ။ ”

နှာခေါင်း ရှုံ့လျက် အထင် အမြင် သေးစွာ ပြန်ဖြေ၏။

“ ဟား ... ဟား ... ဟား ... ၊ မင်းမှာ ရင်သားနဲ့၊ တင်ပါး တောင် မရှိသေး ပါဘူး၊ ယဲ့ဇီလင် ဆိုရင် တောင်မှ၊ သွယ်လျတဲ့ ခြေတံတွေ ရှိသေးတယ်။ ”

“ အား ... ။ ”

ခရမ်းငယ်က သူမ ရင်ဘတ်ကို လက် နှစ်ဖက်ဖြင့် ယှက်ကာ လိုက်ပြီး၊ အသံကုန် ခြစ်အော် လာလေသည်။ မျက်နှာ တစ်ပြင်လုံး နီရဲလာ ပြီးနောက်၊

“ ဒီဧကရီ နင့်ကို သတ်ရ လိမ့်မယ်၊ လူယုတ်မာ နှာဗူးကောင် ... ၊ နင် ယုတ်မာချင် နေတာလား။ ”

“ မင်း အမှန်ကို မြင်တက် လာပြီ။ ”

လင်းယွန်က ပြုံးလျက် အဝတ် အစား များကို ဝတ်ကာ၊ ပြန်ပြော လိုက်၏။ ထိုအချိန် အထိ ခရမ်းငယ်မှာ၊ ဒေါသ ထွက်နေဆဲ ဖြစ် လေရာ၊

“ ကောင်းပြီ ... ကောင်းပြီ၊ ငါ မနောက် တော့ဘူး၊ ငါတို့က ကြယ်ဝိညာဉ် တောင်ကို သွားရ ဦးမယ် မြန်မြန် လုပ် ... ။ ”

“ နေဦး ... ၊ ငါ့ကို ကျစ်ဆံမြီး ကျစ်ပေးပါ။ ”

ခရမ်းငယ်က အဝတ် အစားလဲ ပြီးနောက်၊ လင်းယွန်ကို လှမ်းပြော လိုက်သည်။ တစ်ကြိမ် ကူညီပြီး ကတည်းက ခရမ်းငယ်မှာ၊ သူ့ကိုသာ ခိုင်းရန် ဆုံးဖြတ်လိုက် ပုံရ၏။

“ ကောင်းပြီ ... ။ ”

လင်းယွန်မှ သဘောတူ သဖြင့်၊ ခရမ်းငယ်မှာ စိတ်ဆိုး ပြေသွားသည်။ ယခင်နှင့် ယှဉ်ပါက လင်းယွန် တစ်ယောက် အများကြီး ကျွမ်းကျင် လာပြီ ဖြစ်၏။

“ ဒါနဲ့ ... ၊ ဒီကျစ်ဆံမြီး တွေက ဘာ အဓိပ္ပါယ်လဲ၊ သူတို့ကို ... မင်း တော်တော် တန်ဖိုး ထားတယ်။ ”

“ ဟွန့် ... နင့်လို လူယုတ်မာကို ပြောစရာ လား။ ”

ထိုနာမ်စားကို စိတ် မပျက်ဘဲ၊ ပြုံးလျက် ကျစ်ဆံမြီးအား ဆက်ကျစ်ပေး နေမိ၏။ ထို့စဉ် ကြယ်ဝိညာဉ် တောင် အကြောင်း ခေါင်းထဲ ရောက်လာသည်။

“ ဒါနဲ့ ... ကြယ်ဝိညာဉ် တောင် အကြောင်း ... ၊ မင်း သိထားတာ ရှိလား။ ”

“ သိတယ် ... ၊ ကြယ်ဝိညာဉ် တောင်တန်း တွေကို၊ ရှေးဦးခေတ် တည်းက မွေးဖွား ခဲ့တယ်၊ သူတို့က ရတနာ နယ်မြေ တွေနဲ့ မတူဘူး၊ ...

... ကောင်းကင်မှာ ကိုးထပ် ရှိတယ်၊ တစ်ထပ်စီ တိုင်းကို၊ နောက်ထပ် အလွှာ လေး လွှာ ထပ်ခွဲ ထားတယ်၊ စုစုပေါင်း သုံးဆယ့် ခြောက် လွှာ ...

... သူ့ အပြင်မှာ မရေ မတွက် နိုင်တဲ့၊ ကြယ်တွေ ရှိတယ်၊ အဲ့ဒီထဲ ကမှ ခွန်လွန်ကို အဓိက ခွန်အား ပေးတာ ...၊ ကြယ်စင်စု လေးခုပဲ ရှိတယ်။ ”

“ ငါ သိတယ်၊ ဒါက ... မိုးပြာ နဂါး၊ မီးငှက်၊ ကျားဖြူနဲ့ လိပ်နက် မဟုတ်လား။ ”

ကောင်းကင် လမ်းကို အပိုင်းပိုင်း ခွဲထုတ် ပြီးနောက်၊ ၎င်းတို့မှာ ကောင်းကင်ကြီး ပြင်ပသို့ ပြန်လည် ရောက်ရှိ သွားခြင်း ဖြစ်သည်။

၎င်း ကြယ်စင်စု တစ်စု စီတွင် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ နေနှင့် လ တို့ကို ကိုယ်စား ပြုသော၊ ကြယ် (၇)လုံး ပါဝင်၏။

အဆိုပါ ကြယ်စင်စု တစ်စု စီတွင်၊ မြောက်များ စွာသော ကြယ်များ ပါရှိသည်။ ထို့ကြောင့် အဓိက ကြယ်စင်စု (၄) ခုမှာ၊ အမှန် တကယ် မည်မျှ ကြီးမား မည်ကို၊ မည်သူမျှ မသိ နိုင်ကြပေ။

“ အဓိက ကြယ်စင်စု လေးခုကို ... ၊ နက္ခတ် လေးပါး အဖြစ်၊ တင်စား ကြတယ်၊ သူတို့ အပြင် အခြား နက္ခတ် တွေလည်း ရှိသေးတယ်၊ အချို့ နက္ခတ် တွေဆို၊ ငါတို့ နက္ခတ် လေးလုံးထက် ပို ကြီးတယ်။ ”

ထိုနက္ခတ် (၄) ပါးကို ဆွဲခေါ်ကာ၊ ကောင်းကင် လမ်းအား၊ ဖွဲ့စည်း ပေးခဲ့သော တစ်စုံ တစ်ဦးသည်၊ မည်မျှ သန်မာမှန်း မခန့်မှန်း နိုင်ချေ။

တစ်ဖက်တွင် အင်ပါ ရီယန် နယ်ပယ်၌ ကြယ်အဆင့်၊ ကြယ်စင်စု အဆင့်နှင့် နက္ခတ် အဆင့် ဟူ၍ ခွဲခြား ထားလေရာ၊ ၎င်းတို့ဖြင့် ပတ်သတ်ခြင်း ရှိ-မရှိလည်း၊ သိချင် လာသည်။

ယင်းက ကြယ်ဝိညာဉ် တောင်ကို ပို၍ စိတ်ဝင်စား လာစေ၏။

“ ပြီးပြီ ... ။ ”

နောက်ဆုံးတွင် ဖဲကြိုးအား ခပ်တင်းတင်း ချည်ကာ ပြော လိုက်သည်။

“ စိတ် မပူ ပါနဲ့ ၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းက၊ အလွှာ နှစ်လွှာ ကိုပဲ ဖွင့်နိုင် တယ်၊ အန္တရာယ် မရှိနိုင် ပါဘူး။ ”

ခရမ်းငယ်က အားပေး လိုက်သည်။ ထို့ကြောင့် လင်းယွန်မှာ ကောင်းကင်ပေါ် မော့ကြည့်လျက်၊ ခရမ်းငယ်၏ မူလကို တွေးစပြု လာမိသည်။

ထိုစဉ်က ဤကလေး မလေးသည်၊ ကောင်းကင် ကြီးကို၊ အမှန်ပင် တရား စီရင်ခဲ့ သည်လော။ ဤသို့ ဆိုပါက နည်းနည်းတော့ ကြောက်စရာ ကောင်းနေ ပေလိမ့်မည်။

မှန်ရှေ့၌ ကျစ်ဆံမြီးအား ကျေနပ်စွာ စိုက်ကြည့် နေသော ကလေးမ လေးနှင့် ၎င်းကို၊ မည်သို့မျှ ဆက်စပ် မရချေ။

“ လိုက် မလား ... ။ ”

လင်းယွန်မှ မေးသည်။

“ မလိုက် ဘူး၊ ဒါက ဘာမှ မဟုတ်တဲ့ အတွက် မလိုက် တော့ဘူး၊ ဓား သူတော်စင် တောင် ကမှ၊ စိတ်ဝင် စားစရာ ရှိသေးတယ်။ ”

ခရမ်းငယ်က ချက်ချင်းပင် ငြင်းဆန် လိုက်ပြီး၊

“ အဲဒီမှာ မသေ စေနဲ့ ... ၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်ဖို့က မလွယ် ဘူး၊ ရှေးဦးခေတ်မှာ တုန်းကတောင်၊ ကြိုးစား တဲ့ ပါရမီရှင် တိုင်း သေကုန် ကြတယ်။ ”

သည့်နောက် ခရမ်းငယ်အား ထားခဲ့ကာ၊ ကြယ်ဝိညာဉ် တောင်တန်း ဆီသို့ ပျံသန်း လာ မိသည်။

တောင်ထိပ် တစ်နေရာ၌ အင်ပါ ရီယန် တပည့်များ ဝိုင်းအုံ ရပ်ကြည့် နေသော ရေကန် တစ်ကန် ရှိ၏။

လူအုပ် အတွင်း၊ ယဲ့ဇီလင်၊ ဝမ်ယုဝါ၊ ဖုန်ကျန်းနှင့်၊ ကျန်းလိချန် အပါ အဝင် လောဟွာ ကို မြင်လိုက် ရသည်။

လောဟွာမှာ လူအုပ် ကြီးနှင့်၊ ခပ်ခွာခွာ ရပ်နေခဲ့ သော်လည်း၊ လင်းယွန်ကို အံ့ဩ စေဆဲ ဖြစ်သည်။

“ အစ်ကို ယွန် ... ။ ”

ဝမ်ယုဝါက ဦးစွာ ခုန်ပေါက် အော်ဟစ် လိုက်သည်။ ဤနေရာ၌ တပည့်တိုင်း ရှိမနေ သော်၊ ပြေးဖတ် မိမည် ဖြစ်သည်။

တစ်ဖက်တွင် ယဲ့ဇီလင်မှာ ဒေါသ ထွက်လာပြီး၊

“ အချိန် အခါကို ကြည့် ... ဒီမှာ လူတိုင်း ရောက်နေပြီ။ ”

-ဟု သတိပေး လိုက်သည်။

“ အဟီး ... ၊ စီနီယာ အစ်ကို ယွန်မှာ၊ နောက်ကျ စေတဲ့ ... ၊ အကြောင်း အရာ အချို့ ရှိမယ် ထင်တယ်။ ”

ဝမ်ယုဝါ ပြော သလိုပင်၊ ခရမ်းငယ်ကို ကျစ်ဆံမြီး ကျစ်ပေး နေရ သဖြင့်၊ လင်းယွန် တစ်ယောက်၊ မလုံ မလဲ ဖြစ် သွားမိသည်။

ယဲ့ဇီလင်ကို လဲ့ယင် လက်မှ၊ ကယ်တင် ပြီးနောက်၊ တပည့် တိုင်းက လင်းယွန် အပေါ်၊ အကောင်းမြင် လာကြ သည်။

“ စီနီယာ အစ်ကိုကျန်း၊ လင်းယွန် ရောက် လာပြီ။ ”

ကျန်းလိချန် အနားရှိ လူငယ် တစ်ယောက်မှ စကား ဆို၏။

“ ငါ သိတယ် ... ။ ”

ကျန်းလိချန်မှ တင်းမာသော အသွင်နှင့် တုန့်ပြန၏။ သူနှင့် ဆင်တူသော အပြာရောင် အဝတ် အစားကို ဝတ်ဆင် ထား သော်လည်း၊ ကိုယ်ဟန်မှာ သူ့ထက် များစွာ ထင်ပေါ် နေ သောကြောင့်၊ မနာလို ဖြစ်စေသည်။

“ ကောင်းကင်ဘုံ ရေပေါ် ကျွန်းက ... ၊ ကိစ္စတွေ ပြီးတဲ့နောက်၊ စီနီယာ အစ်မ ယဲ့က သူ့ အပေါ်၊ သဘောထား ပြောင်းသွား ပုံပဲ။ ”

နောက်ထပ် အခြား တပည့်ငယ် တစ်ဦးမှ ဝင်ပြောသည်။

“ ကြယ် ဝိညာဉ် တောင် ပွင့်လာတဲ့ အချိန်ကျရင်၊ တပည့်ကြီး ရာထူးက ဘာလဲ ဆိုတာ၊ သူ့ကို ငါ ပြမယ်။ ”

မျက်နှာ ပေါ်တွင်၊ ခံစားချက် ကင်းမဲ့ နေ သော်လည်း၊ ကျန်းလိချန် နှလုံးသားမှာ၊ မီးနှင့် မြိုက်ခံ နေရ သကဲ့သို့ ပူလောင် လှပေ၏။

***

All Chapters