← Chapters

ရှုံးပွဲ မရှိသော ဒဏ္ဍာရီ။

Vol. 84 Ch. 1164

ရှုံးပွဲ မရှိသော ဒဏ္ဍာရီ။

Vol. 84 Ch. 1164

ကျန်းလိချန် မျက်ဝန်းရှိ၊ မလို မုန်းတားမှု များကို၊ အတိုင်းသား မြင်နေ ရသည်။ ယဲ့ဇီလင် အနား နီးကပ်လာ သည်နှင့် အမျှ၊ လင်းယွန် အပေါ်၊ ကျရောက် နေသော သူ့ အကြည့်မှာ၊ ပို၍ စူးရှ လာသည်။

ထိုအရာကို ခံစား လိုက် ရသော ဖုန်ကျန်းက၊

“ လင်းယွန် ... ၊ စီနီယာ အစ်ကိုက မင်းကို ရန်လို နေပုံပဲ။ ”

-ဟု ပြုံးလျက် ဆိုလိုက် တော့သည်။

သူတို့ နှစ်ဦးကြား ဆက်ဆံ ရေးမှာ၊ ဆိုးရွား ခဲ့သော်လည်း၊ ကောင်းကင်ဘုံ ရေပေါ် ကျွန်းကို ခရီးထွက် ပြီးနောက်၊ ပြန်၍ ကောင်းမွန် ခဲ့၏။

ထို့ကြောင့် လင်းယွန် နာမည်ကို တိုက်ရိုက် ခေါ်ရဲ လာခြင်း ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ သူ့မှာ အခွင့် အရေး မရှိတော့ ပါဘူး၊ ရေပေါ် ကျွန်းမှာ၊ စီနီယာ အစ်မ ယဲ့ကို ကယ်ခဲ့တာ လင်းယွန်လေ၊ သူမှ မဟုတ်တာ။ ”

လျူချင်းယန်မှ ရယ်လျက် စကားဝိုင်းထဲ ဝင်လာသည်။ စီနီယာ အစ်မ ယဲ့နှင့် ပတ်သတ် သော ခံစား ချက်များ၊ လူတိုင်းတွင် ရှိသော် လည်း၊ မလိုက် ဖက်မှန်း သိသဖြင့်၊ မည်သူမျှ မကြိုးစား ရဲကြခေျ။

ထို့ကြောင့် လျူချင်းယန်၏ အမြင် အရ လင်းယွန် သာလျှင်၊ အရည် အချင်း ရှိသည်ဟု မြင်သည်။

ဟိုစဉ်က ကျန်းလိချန်သည် ယဲ့ဇီလင်နှင့် ရင်နှီးမှု ရရှိရန်၊ တပည့်ကြီး ဟူသော ရာထူးကို၊ အခါအား လျော်စွာ သုံးစွဲ ခဲ့သည်။

ယင်းက သူ့ကို စိတ် မချမ်းသာ စေခဲ့ချေ။ ထို့ကြောင့် ကျန်းလိချန်၏ အဆင် မပြေသော မျက်နှာကို မြင်တွေ့ရ သည်မှာ၊ သူ့အတွက် ကျေနပ်စရာ ပေပင်။

ရုတ်တရက် လင်းယွန် ထံမှ သတိပေး လိုသော အကြည့် စူးစူး တစ်ချက်ကို ရရှိလိုက် သည်။

သို့သော် လျူချင်းယန်မှာ ထိတ်လန့်ခြင်း မရှိတော့ချေ။ ဤသို့ အသေး အဖွဲ့များ အတွက်၊ လင်းယွန်မှ၊ စိတ် အနှောက် အယှက် ဖြစ်မည် မဟုတ်မှန်း သူ သိသည်။

“ ငါ အမှန်တိုင်း ပြောနေတာ ... ၊ ငါတို့ အားလုံးက မင်းနဲ့ပဲ၊ သဘော တူတယ်။ ”

“ ဟုတ်တယ် ... ဒါတော့ အမှန်ပဲ ... ၊ စီနီယာ အစ်မက စိတ်မဝင်စား ပေမယ့်၊ အစ်ကို ယွန်သာ အကောင်းဆုံးပဲ။ ”

ဝမ်ယုဝါ ကပါ ဝင်ရောက် ထောက်ခံ လာသည်။ အစ်ကို ယွန်နှင့် မည်သူမျှ မယှဉ်နိုင် ချေ။

သူမ အသံက လင်းယွန်ကို ထိတ်လန့် သွားစေသည်။ ယဲ့ဇီလင်သာ ကြားသော် အထင် လွဲ နိုင်သည်။

“ မင်းက ... ငါ နောက်ကွယ်မှာ၊ အတင်းအဖျင်း ပြောရ လောက်အောင် ... ၊ အားနေ တာလား၊ လင်းယွန် ... ။ ”

သူ ထင်ထား သလိုပင်၊ ယဲ့ဇီလင်မှ ရုတ်တရက် လှည့်ကြည့်ကာ၊ ကြိမ်းမောင်း လာသည်။

“ ကြားလား ... ။ ”

လင်းယွန်မှ ပြုံးလျက် ဝမ်ယုဝါကို မေးလိုက်၏။ တစ်ချိန် တည်း မှာပင်၊ သူ့အား စူးစူး စိုက်စိုက် ကြည့်နေသည့်၊ မျက်ဝန်း တစ်စုံ ကိုလည်း ခံစား မိသည်။

လောဟွာ။ မျက်နှာကို ဖုံးအုပ် ထားပြီး၊ မျက်လုံး များသာ ဖော်ထားသော သူမ မျက်ဝန်း များက၊ သူ့ထံ လှမ်းကြည့် နေ၏။

သူမ အနားတွင် မည်သူမျှ မရှိဘဲ၊ ရေကန် အစပ်၌ တစ်ယောက်တည်း ရပ်နေခြင်း ဖြစ်လေ သည်။

( ငါ အရင် သွားနှင့်မယ်။ )

ယင်းမှာ မျက်ဝန်း များမှ တဆင့်၊ လောဟွာ ပြောသော စကား ဖြစ်သည်။

“ အဟဲ ... ၊ အစ်ကို လင်း ... ၊ မင်းနဲ့ အတူ ယုဝါကို ခေါ်သွား ... ။ ”

ဝမ်ယုဝါက အနား ရုတ်တရက် ရောက်လာပြီး၊ လင်းယွန် လက်အား ဆုပ်ကိုင် လိုက်သည်။

ဤအရာက လင်းယွန်ကို ကူကယ်ရာ မဲ့စွာ ပြုံးမိ စေ၏။ ဝမ်ယုဝါက သူမ၏ စီနီယာ အစ်မ အစား၊ လောဟွာ လက်မှ သူ့ကို ကာကွယ် လိုပုံ ရသည်။

သို့သော် လင်းယွန်မှာ သူတို့ နှစ်ယောက် လုံးကို၊ စိတ်မဝင် စားချေ။

“ လွတ် လိုက် ... ။ ”

ယဲ့ဇီလင်က ဝမ်ယုဝါကို စိုက်ကြည့်ပြီး၊

“ ဆင်ဆင် ခြင်ခြင် နေပါ။ ”

-ဟု ကြိမ်းဝါး လိုက်၏။

ယဲ့ဇီလင် တစ်ယောက်၊ အမှန် တကယ် ဒေါသထွက် နေမှန်း သိလိုက် သဖြင့်၊ ဝမ်ယုဝါ ခမျာ၊ လင်းယွန် လက်မောင်းကို လွှတ်လိုက် ရသည်။

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ လောဟွာ အနားသို့ လျှောက်လှမ်း သွားမိ၏။ ထိုလုပ်ရပ်က လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစား လေသည်။

“ စီနီယာ အစ်မ ... ၊ အစ်ကိုယွန် သွားပြီ တွေ့လား၊ သူ ပြန်မလာ တော့ဘူး။ ”

ဝမ်ယုဝါက မကျေ မနပ်နှင့် ပြောလိုက်သည်။

“ ဘာဖြစ်လဲ ... ၊ အဲဒါ ငါနဲ့ ဘာဆိုင် လို့လဲ။ ”

“ အို ဘုရားရေ ... ၊ စီနီယာ အစ်မ လောဟွာက၊ အစ်ကို ... အစ်ကိုယွန် လက်ကို ကိုင်လိုက်ပြီ။ ”

ဝမ်ယုဝါမှ မယုံနိုင် ဟန်ဖြင့် အော်ဟစ် လိုက်သည်။ ဤအရာက ဖုန်ကျန်း၊ လျူချင်းယန် နှင့်၊ လူအုပ် ကြီးကို စိတ်ဝင်စား လာစေ၏။

ယဲ့ဇီလင်ပင် စိတ်လှုပ်ရှား စွာဖြင့်၊ လှည့်ကြည့် လာသည်။ လောဟွာ နောက်ခံကို သိသော၊ အကြီး အကဲ များမှာ၊ ဆိုဖွယ် မရှိချေ။

“ ဒီကောင်က ဘာကောင်လဲ။ ”

ကျန်းလိချန် တစ်ယောက် ခပ်တိုးတိုး ကျိန်ဆဲကာ၊ သည်မြင်ကွင်းကို လှမ်းကြည့် နေ မိ၏။

“ ဟွန်း ... ၊ စီနီယာ အစ်ကို ယွန်ကို၊ ငါ သဘော မကျ တော့ဘူး။ ”

ဝမ်ယုဝါ၏ ဒေါသဖြင့် အော်ပြော သံကို၊ ယဲ့ဇီလင်မှာ ဟန့်တား နိုင်ခြင်း မရှိ လိုက်ချေ။ သူမ အနေနှင့် လင်းယွန် အပေါ်၊ ခံစားချက် မရှိ သော်လည်း၊ အံ့ဩ မိသည်။

ပတ်ဝန်းကျင်ရှိ အကြည့် များစွာကို၊ လောဟွာမှ လျစ်လျူရှူ ထားသည်။ သူမ၏ အပြု အမူ များက၊ ဤကမ္ဘာ ကြီး၌ လင်းယွန် နှင့်၊ သူမသာ ရှိသည်ဟု ထင်နေပုံ ရ၏။

တစ်ဖက်တွင် ဤမျှ ပတ်သတ်မှု မရှိ သောကြောင့်၊ လင်းယွန်မှာ တည်ငြိမ် မှုများ ဆုံးရှုံး သွားသည်။

“ အဟွတ် ... ၊ အဟွတ် ... ၊ မိန်းကလေး လော ... ။ ”

လင်းယွန်မှ ချောင်းဟန့်လျက် သတိ ပေးလိုက်ပြီး၊ လက်ကို ပြန်ဆွဲယူ မိလေသည်။ သို့သော် လောဟွာက တင်းကြပ်စွာ ဆုပ်ကိုင် ထား၏။

“ ဒါ ဘာလဲ ... ။ ”

သည့်နောက် သူ့ လက်ညှိုးတွင် ချည်နှောင် ထားသော၊ ဖဲကြိုးထံ ငုံ့ကြည့်ကာ မေးခွန်းထုတ် လိုက်သည်။

ဆတ်ခနဲ တုန်ယင် သွား ပြီးနောက်၊ တည်ငြိမ်မှုကို ချက်ချင်း ပြန်လည် ရယူမိ လေသည်။

“ ဒါက ငါ့ရဲ့ ... ၊ လျှို့ဝှက် ချက်ပါ၊ မိန်းကလေး လော၊ ကျေးဇူး ပြုပြီး လွှတ်လိုက် ပါ ... ။ ”

“ ဒီဖဲကြိုးက မိန်းကလေး တစ်ယောက်ရဲ့ ဆံပင် ချည်တဲ့ ကြိုးပဲ ... ၊ မင်းက သူ့ နောက်ကို လိုက်နေတာ မဟုတ် လား။ ”

လောဟွာက လက်ကို မလွှတ် သေးဘဲ၊

“ သူမက မင်း အပေါ်၊ တကယ် ချစ်ပုံ ရတယ်၊ ဒီခေါင်းစည်း ကြိုးမှာ အရာ အားလုံးကို ပေးအပ် ထား သလိုပဲ။ ”

-ဟု ခန့်မှန်း ပြောလာ တော့သည်။

တစ်ဖက် လူ၏ အသံမှာ၊ သာမာန် မျှသာ ဖြစ်သော်လည်း၊ ယင်းက မေးခွန်း ထုတ်နေ သလို ပေပင်။

သံသယဖြင့် မော့ကြည့် လိုက်ချိန်၌၊ လောဟွာမှ ပုံမှန်ပင် သူ့အား၊ စိုက်ကြည့် နေ သည်။ သူ့ အကြောင်း သိနိုင်စရာ နည်းလမ်း မရှိ သဖြင့်၊ လက်ကို ပြန်ဆွဲ ယူလိုက် မိသည်။

“ ဟုတ် တယ် ... ။ ”

ပြန်ဖြေ သံက အဖျားခတ် တုန်ယင် သွား၏။

“ ပန်းသင်္ချိုင်းနဲ့ ပတ်သက်ပြီး ... ၊ မကောင်းတာ ဘာ တစ်ခုမှ ငါ မပြော ခဲ့ဘူး၊ ပြီးတော့ ... သူရဲ့ အရှုပ် တွေကို၊ ငါ ရှင်းမပေး နိုင်ဘူး။ ”

ထိုစကားကို လောဟွာမှ အပြုံးဖြင့် ပြောနေခြင်း ဖြစ် သော်လည်း၊ လင်းယွန်၏ ကျောရိုးအား အေးစိမ့် သွားစေသည်။

ဤသည်မှာ သူ့အား သတိပေး နေခြင်း ဖြစ်၏။ ယဲ့ဇီလင် တစ်ယောက် ပန်းသင်္ချိုင်း အတွက်၊ သူမထံ ရောက်သွား ခဲ့ပုံ ရသည်။

ထိုအချိန်တွင် ဂိုဏ်းချုပ်က၊ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲ အဖွဲ့ နှင့် အတူ၊ ရောက်ရှိ လာသည်။

ဂိုဏ်းချုပ်က လောဟွာကို မြင်ချိန်၌၊

“ မင်းလာ လိမ့်မယ် လို့တောင်၊ ငါ မထင် ထားဘူး။ ”

-ဟု ပြောလိုက်သည်။

“ အစ်ကို လင်းက ... ဒီမှာ ကောင်းကင် ဝိညာဉ် နယ်ပယ်ရဲ့၊ ကန့်သတ်ချက် ရောက်ဖို့ ကြိုးစားမယ် မဟုတ်လား၊ ဒါကို ကြည့်ရအောင် ရောက်လာတာ ... ။ ”

လောဟွာက စကား ဖြတ်ကာ ပြုံးလိုက်ပြီး၊

“ ဒါပေမယ့် ... ၊ မင်း မျှော်လင့် မထားတဲ့ အရာတွေ အများကြီး ရှိတယ် ... ။ ”

-ဟု လင်းယွန်အား လှည့်ကာ သတိပေး လိုက်သည်။

ကောင်းကင် ဝိညာဉ် နယ်ပယ်၏ ကန့်သတ်ချက်ကို ထုတ်ဖော် ပြောဆို နေသဖြင့်၊ လင်းယွန် မျက်နှာမှာ၊ လေးနက် သွားသည်။

သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကို အောင်မြင်ပြီး၊ သူတော်စင် ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲ ထား သော်လည်း၊ အန္တရာယ်များ နေဆဲ ဖြစ်သည်။

ရှေးဦးခေတ်တွင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက် ရောက်ရန် ကြိုးစား ရာ၌၊ ပါရမီရှင် များစွာ ကွယ်လွန် ခဲ့ကြသည်။

သူတော်စင် မျိုးနွယ် များမှ၊ ဆင်းသက် လာသော ပါရမီရှင် လူငယ်များ သည်ပင် ၎င်းကို အကြံစည် ဝံ့ကြ တော့ချေ။

အောက်တန်း နယ်မြေမှ လာသော၊ ဓားသမား တစ်ဦး အတွက်မူ၊ ဆိုဖွယ် မရှိနိုင်။

“ ဘယ်လောက် ယုံကြည်မှု ရှိလဲ။ ”

လောဟွာမှ သူ့အား စိုက်ကြည့်ကာ မေးသည်။

“ ကံကြမ္မာ အပေါ် ... ၊ လုံးလုံး လျားလျား မူတည် ပါတယ်၊ မဟုတ် သေးဘူး ... သေရမယ် ဆိုရင်တောင်၊ ငါ ရောက်အောင် သွားမယ်။ ”

လင်းယွန်က ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ပြန်ဖြေ၏။ မျက်ဝန်း များက၊ ကြယ်တာရာ နှစ်စင်း ကဲ့သို့ တောက်ပ နေ လေသည်။

“ ဖွင့် ... ။ ”

ဂိုဏ်းချုပ်က ခေါင်းညိတ် လိုက်ပြီး၊ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲ များကို အမိန့် လှမ်းပေးသည်။

အကြီး အကဲ ခုနစ် ပါး၏ ဓား ရည်ရွယ် ချက်များ တောက်လောင် လာပြီး၊ လေဟာနယ် ကို၊ ခွဲထုတ် တော့၏။

ကြယ် ဝိညာဉ် တောင်များသည် ဂိုဏ်းတိုင်း၏ အသက် ဝိညာဉ် ဖြစ်ပြီး၊ ၎င်းကို ဖွင့်ခြင်းဖြင့် အခြေခံ အုတ်မြစ်အား၊ အချိန် အတော်ကြာ အားနည်း သွားစေမည်။

ပြန်လည် ကောင်းမွန်ရန်၊ အနည်းဆုံး (၁၀)နှစ်ခန့် အချိန်ပေး ရမည် ဖြစ်၏။ ဂိုဏ်းချုပ် နှင့် အကြီး အကဲများ လက်၌ မတူ ညီသော တံဆိပ်များ စတင် ဖြစ်ပေါ် လာသည်။

ရုတ်တရက် လေထုအတွင်း ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များကို ခံစား လာရ၏။

ထို့ကြောင့် ဤနေရာရှိ အမာခံများ အားလုံး၊ မျက်နှာ ဖြူဖျော့ သွား ကုန်သည်။ ထိုအချိန်တွင် အင်ပါ ရီယန် နယ်ပယ်၊ မရောက် သေးသော တပည့် များမှာ၊ ဒူးထောက် သွား၏။

“ ရွှပ် ... ။ ”

ရုတ်တရက် တံဆိပ်များ ပေါင်းစပ်ကာ၊ ထက်ရှသော ဓား ရောင်ဝါသည် ကောင်းကင်သို့ ပျံတက် သွားပြီး၊ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်။

ဤနည်းဖြင့် ကောင်းကင်ကို သုံးကြိမ် တိုင်တိုင် ထိုးခွဲလိုက် ပြီးနောက်၊ အမှောင်ထု ကြီးအား လှမ်းမြင် လိုက်ရ၏။

“ အဲ့ဒါ ... ကောင်းကင် ဘုံလား။ ”

ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ၊ အမှောင် ထုမှာ၊ တဖြည်းဖြည်း ပါးလျ လာပြီး၊ လှပသော ကြယ်ရောင်စုံ လင်းလက် နေသည့်၊ ကောင်းကင် တစ်စင်းအား မြင်လာ ရ၏။

ကောင်းကင် သုံးလွှာကို ခွဲဖွင့်လျက်၊ ကြယ်တာရာ များအား၊ ဤသို့ အနီးကပ် မြင်ရ လိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ လင်းယွန်မှာ တုန်လှုပ် သွားခဲ့သည်။

“ စတုတ္ထ အလွှာ ကိုတောင် မချိုးဖျက် နိုင်ဖူးလား၊ တိမ်လွှာဓား ဂိုဏ်းက လုံးဝ အမှိုက် ပါပဲ။ ”

တောင်တန်း တစ်နေရာမှ ရေကန်ကို စိုက်ကြည့် နေသော ခရမ်းငယ်က၊ အပြစ်တင် လိုက်သည်။

‘မလာဖူး’ ဟု ဆိုခဲ့ သော်လည်း၊ ဖြစ်ပေါ် လာမည့် အရာ များကို စောင့်ကြည့်ရန်၊ လိုနေ သေးသည်။

သည့်နောက် လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ အသက် ရှင်လျက် ပြန်လာ နိုင်ရန် ရင်တွင်းမှ ဆုတောင်း မိ၏။

“ ခရမ်းရောင် သူတော်စင် ရေက၊ နင့်ကို ကူညီ မှာပါ။ ”

ကြယ်တာရာများ နီးကပ် လာသဖြင့်၊ ရေကန် ပေါ်မှ နေ၍၊ ၎င်းတို့ကို ဆွတ်ယူနိုင် မည်ဟု၊ လူတိုင်း ထင်မြင် လာမိ၏။

ထို့နောက် များမကြာခင် ခွန်လွန်နှင့် သက်ဆိုင်သော နက္ခတ် လေးပါး ပေါ်လာ၏။

( မီးငှက်၊ ကျားဖြူ၊ မိုးပြာ နဂါးနှင့်၊ လိပ်နက် ဟူသော၊ နက္ခတ် များကို ရည်ညွှန်း ချေသည်။ )

ထိုနက္ခတ် များမှ အလင်း ရောင်များ သိပ်သည်းစွာ ကျဆင်း နေပြီ ဖြစ်သော ကြောင့်၊ လူတိုင်းက စုပ်ယူရန် ထိုင်ချ လိုက်၏။

ဤကြယ်စွမ်းအင် တစ်မျှဉ်သည်၊ နတ်ကြယ်ပုလဲ ထောင်ဂဏန်းနှင့် ယှဉ်နိုင်၏။ လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ လောဟွာထံ လှည့်ကြည့်ကာ၊

“ ငါ ... အခု စတော့မယ် ... မိန်းကလေး လော၊ ကျေးဇူး ပြုပြီး မင်း ... နောက်နည်းနည်း ဆုတ်ပေး ပါ။ ”

-ဟု တောင်းဆို လိုက်၏။

“ မသေ စေနဲ့ ... ။ ”

လောဟွာမှ ခေါင်းညိတ်လျက်၊ သူ့အား ပြန်စိုက် ကြည့်ကာ ဆိုပြီးနောက်၊ လှည့်ထွက် သွားတော့သည်။

သူမ သတိပေး စကားကြောင့်၊ လင်းယွန် ခမျာ ရှုံ့မဲ့ သွားသည်။ လူတိုင်းက သူ သေမည် ဟု၊ ယူဆ ထားပုံ ရ၏။

ဒဏ္ဍာရီ တစ်ပုဒ် ရေးထွင်းရန် အတွက်၊ ဤကြယ် အလင်း များမှာ၊ သူ၏ လှေကားထစ် များ ဖြစ်ကြောင်း၊ လူတိုင်း သိအောင် ပြသရ ပေ တော့မည်။

***

All Chapters