ကောင်းကင် ပြိုကျခြင်း- (၂)။
Vol. 84 Ch. 1166
ကြယ်ရောင် အလင်းတန်း နှစ်ခုတွင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စစ် သံလိုက် စွမ်းအင်များ ပါရှိသည်။
“ ဟိတ် ... ။ ”
ဖုန်ကျန်းက ပြုံးလျက် လက်သီး တစ်ချက် ထုတ်လိုက်ရာ၊ ကြယ်ရောင် နှစ်စင်းက အပိုင်း အစများ အဖြစ် ပြိုကွဲ သွားသည်။
အပိုင်း အစများ ကမ်းပေါ်သို့ ပြုတ်ကျ သွားသော အခါ၊ အတွင်း-အပြင် တပည့် များက ချက်ချင်း၊ လုယက် ယူငင် လိုက် ကြ၏။
ထိုအချိန်တွင် ဖုန်ကျန်း ရှေ့၌ အလင်း စက်လုံး နှစ်လုံး ဖြစ်ပေါ် လာသည်။ ၎င်းတို့ ထဲမှ တစ်ခုမှာ သတ္တုရောင် တောက်ပ နေပြီး၊ ကျန် တစ်ခုသည် အစိမ်းရောင် တောက်ပ ချေ၏။
သည့်နောက် စုပ်ယူ မျိုချ လိုက်ရာ၊ ကျင့်ကြံမှုသည် အထွတ် အထိပ် ကြယ်စင်စု အဆင့်သို့ ရောက်ရှိ သွား ခဲ့သည်။ ဓား ရည်ရွယ်ချက် သည်လည်း၊ ပို၍ ကြီးထွား လာ၏။
“ အ လို ... ။ ”
“ စီနီယာ အစ်ကို ဖုန်ကွ။ ”
သူ့ ကျေးဇူးကြောင့်၊ အစိတ် အပိုင်းများ ရယူသွား နိုင်သည့်၊ အတွင်း တပည့် အချို့က ကြည်နူးစွာ အော်ဟစ် အားပေး လေသည်။
ကျရှုံး ခဲ့သော အမာခံ တပည့် များမှာ၊ ဖုန်ကျန်း တစ်ယောက် ပို၍ အားကောင်းလာ တောမ့ည်ကို နားလည် လိုက်သဖြင့်၊ မနာလို စိတ်များ ဝင်ရောက် လာတော့သည်။
သူတို့နှင့် ဖုန်ကျန်းကြား ကောင်းကင်နှင့် မြေကြီး ကဲ့သို့၊ ကွာခြားချက် ကြီးမား လာနိုင် ပေ မည်။
ဖုန်ကျန်း တစ်ဦးတည်း သည်သာ အောင်မြင်သူ မဟုတ်ချေ။ လျူချင်းယန် သည်လည်း ကြယ် နှစ်ပွင့်ကို ဆွဲဆောင် နိုင်ခဲ့သည်။
နှစ်ယောက် သား တစ်ယောက်ကို တစ်ယောက်၊ ဂုဏ်ပြုသည့် အပြုံး များဖြင့်၊ ခေါင်းညိတ် ပြ လိုက်ပြီး၊ လင်းယွန်ထံ လှည့်ကြည့် မိသည်။
“ အစ်ကို ယွန် ... ၊ ဘာဖြစ် နေတာလဲ။ ”
ဝမ်ယုဝါက သူတို့ နှစ်ယောက် အနား ရောက်ရှှိ လာပြီး၊ မေးမြန်း လေသည်။ ယုဝါ၏ စွမ်းဆောင် ရည်မှာ၊ သူတို့ နှစ်ဦးထက် သာလွန်၏။
ကြယ် (၃) ပွင့်ကို ဆင့်ခေါ် နိုင်ခြင်း အပေါ်၊ ပျော်ရွှင်ခြင်း မရှိချေ။ လင်းယွန် အတွက် စိတ်ပူ နေပုံ ရသည်။
“ သူ့မှာ ပြဿနာ ရှိနေပုံ ရတယ်။ ”
လျူချင်းယန်က မျက်မှောင် ကြုတ်လျက် ပြန်ဖြေ၏။ လင်းယွန် ကျင့်ကြံမှုမှာ နိမ့်ကျနေ သောကြောင့်၊ ဖြစ်မည်ဟု ယူဆ မိသည်။
နောက်ဆုံးတွင် ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ အင်ပါ ရီယန်ကြား ကြီးမားသော ခြားနားချက် တစ်ရပ် ရှိလေသည်။
“ ဘာလုပ် သင့်လဲ ... ။ ”
ဝမ်ယုဝါ၏ စိုးရိမ် မှုမှာ ပို၍ မြင့်တက် သွားသည်။ များမကြာမီ ယဲ့ဇီလင် ရောက်ရှိ လာ၏။
ယဲ့ဇီလင်မှာ ကြယ် (၇) ပွင့်ကို၊ ဆွဲယူနိုင် ခဲ့ပြီး၊ ကြယ်စင်စု တစ်ခုလုံး ကျဆင်းလာ စေရန် ခြေ တစ်လှမ်း မျှသာ လိုခဲ့သည်။ မအောင်မြင် ခဲ့သည်မှာ၊ နှမျော စရာ ကောင်းချေ၏။
သို့သော် ၎င်းကို ဂရု မစိုက်ချေ။ သူမတွင် မျှော်လင့်ခြင်း နှင်း သူတော်စင်၏ မျိုးဆက်သွေး ရှိလေသည်။
ထို့ကြောင့် ကြယ်ဝိညာဉ် တောင်တန်း၏ အကျိုး ကျေးဇူးမှာ၊ သူမ အတွက် သိပ်အရေး မကြီးချေ။
“ လင်းယွန် ... ၊ ဘာဖြစ် နေတာလဲ။ ”
ယဲ့ဇီလင်က မေးသည်။ ဝမ်ယုဝါနှင့် သူမ မေးခွန်းမှာ တစ်ထပ်တည်း ကျနေ သောကြောင့် လျူချင်းယန်နှင့် ဖုန်ကျန်းက၊ အချင်းချင်း ပြန်ကြည့်ကာ၊ ပခုံးတွန့် လိုက်ကြသည်။
“ အခြေ အနေ ကောင်းပုံ မပေါ်ဘူး၊ စီနီယာ အစ်မ ကြည့်ပါဦး ... ။ ”
ဖုန်ကျန်းက လင်းယွန် ထံသို့ ညွှန်ပြ လိုက်သည်။ လင်းယွန် ပတ်ဝန်းကျင်၌ အတက် အကျလှိုင်း မရှိဘဲ၊ ထိုင်နေဆဲ ဖြစ်ပြီး၊ သူ့ခန္ဓာ ကိုယ်မှ ကြယ်ရောင်များ ပြန်လည် စွန့်ထုတ်ခြင်း မရှိ ခဲ့ချေ။
“ ဟမ် ... ။ ”
ဤမြင်ကွင်းက ယဲ့ဇီလင်ကို အံ့သြ သွားစေသည်။ တစ်ခုခု မူမမှန် သည်ကို၊ ခံစားရ သော်လည်း၊ ပြဿနာ မည်သည့် နေရာ၌ ရှိနေမှန်း မသိ သေးခေျ။
ကြယ်ရောင် များကို သန့်စင် ခြင်းမှ နိုးထလာ သူတိုင်းက လင်းယွန်ကို ကြည့်ကာ၊ ပဟေဠိ ဖြစ်ကုန် ကြသည်။
“ သူ ... ဘာဖြစ် နေတာလဲ ... ။ ”
“ ကျင့်ကြံမှု နိမ့်ပါး လွန်းလို့ ဖြစ်မယ်။ ”
“ စိတ်မကောင်း စရာပဲ ... ။ ”
ဆွေးနွေး သံများ တဖြည်းဖြည်း ကျယ်လောင် လာ၏။ အဆုံးတွင် လင်းယွန်၏ ဖြစ်စဉ်မှာ၊ အာရုံ စိုက်စရာ ဖြစ်လာ ချေပြီ။
တပည့် များနှင့် အကြီး အကဲ များက၊ လင်းယွန် အပေါ် များစွာ မျှော်လင့်ချက် ထားခဲ့ ကြသည်။
ထို့ကြောင့် သာမန် အမာခံ တပည့် များ ထက်ပင်၊ ဆိုးရွား နေသော ဤအခြေ အနေက၊ သူတို့ကို စိတ်ပျက် စေ၏။
“ ရွှပ် ... ။ ”
ဆွေးနွေး သံများ ထွက်ပေါ် နေစဉ်၊ ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းသက် လာသည်။
ဧရာမ တောင်ကြီး တစ်လုံး ပြိုကျလာ ခြင်းနှင့် တူ၏။ အရာ အားလုံး ငြိမ်သက် သွားမှ သာလျှင်၊ တောင် တစ်လုံး မဟုတ်မှန်း သိလိုက် ရသည်။
ကြယ်ရောင်နှင့် ဖွဲ့တည် ထားသော နဂါး လက်သည်း တစ်ဖက် ဖြစ်၏။ တိတိ ပပ ဆိုရ ပါမူ၊ မိုပြာ နဂါး ခြေသည်း၊ ကြယ်အုပ်စု အလင်း ဖြစ်သည်။
ထိုအလင်းတန်း ကျနေသော နေရာ၌ ကျန်းလိချန် တစ်ယောက် မတ်တပ် ထရပ်လာ သည်ကို တွေ့လိုက် ရသည်။
ကြယ် အလင်း များက သူ့ကို လွှမ်းခြုံ လိုက်သော အခါတွင်၊ လွှမ်းမိုး လိုသည့် အသွင် ဖြစ်ပေါ် လာသည်။
လက်သီးနှင့် ထိုးခွဲ လိုက်မှ သာလျှင်၊ ကောင်းကင် ကြီးအား ပုံမှန် အတိုင်း၊ ပြန်၍ မြင်လာ ရတော့၏။
လွင့်ထွက် လာသော အပိုင်း အစများ သည်ပင်၊ အတွင်း တပည့်များ အားလုံး အတွက် လုံလောက်သော အကျိုး ကျေးဇူးများ ရရှိ နိုင် ပေသည်။
“ စီနီယာ အစ်ကိုကျန်း ... ။ ”
ဤမြင်ကွင်းက တိမ်လွှာဓား ဂိုဏ်း၏ တပည့် များကို ရူးသွပ် သွားစေသည်။ အော်ဟစ် နေဆဲ မှာပင်၊ ကျန်းလိချန်၏ ကျင့်ကြံမှုမှာ၊ အထွတ် အထိပ် နက္ခတ် အဆင့်သို့ ရောက်ရှိ သွားသည်။
“ ဝှစ် ... ။ ”
သည့်နောက် ပြုံးလျက် ယဲ့ဇီလင်အား လှည့်ကြည့်ကာ၊ အနားသို့ ပျံသန်းသွား လိုက်မိ သည်။ ယဲ့ဇီလင် အနား ရောက်သည်နှင့် ပြုံးပြ လိုက်ကာ၊
“ ကြယ်ဝိညာဉ် တောင်ကို ဖွင့်လှစ်ဖို့၊ တောင်းဆို ခဲ့တဲ့ အတွက်၊ ဂိုဏ်းချုပ်ကို စိတ် မပျက် စေခဲ့ ပါဘူး၊ အခု အဆင့် တိုက်ပွဲမှာ၊ ကူညီနိုင် မယ်လို့ ယုံကြည် ပါတယ်။ ”
-ဟု စကား စ၏။
“ စီနီယာ အစ်ကို ... ၊ မင်းက နှိမ့်ချ လွန်းတယ်၊ ဒါက ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေရဲ့၊ ...
... တန်ခိုးကြီး ဂိုဏ်းတွေ မှာတောင် အထင်ကြီး စရာ ကောင်းတဲ့၊ ကြယ်အုပ်စုပဲ မဟုတ်လား။ ”
ယဲ့ဇီလင်က ပြုံးကာ၊ တုန့်ပြန်လိုက် သော်လည်း၊ ကျန်းလိချန်မှာ စိတ်ပျက် သွား သည်။ သူမ အပြုံးသည် ဝတ်ကျေ တမ်းကျေ ဆန်လှ၏။
“ ဂျူနီယာ ညီလေး လင်း အတွက်တော့ ... ၊ စိတ် မကောင်း စရာ ပါပဲ။ ”
ကျန်းလိချန်က အကြောင်း အရာကို ပြောင်းလိုက်သည်။ လက်ရှိ အချိန်၌ လင်းယွန် တစ်ယောက် တည်း သည်သာ၊ ရေကန်၌ ထိုင်နေဆဲ ဖြစ်၏။
လောဟွာ မှာမူ ကြယ်ရောင်ကို လုံးဝ စုပ်ယူခြင်း မရှိဘဲ၊ အစမှ အဆုံး တစ်ချိန်လုံး လင်းယွန်ထံ၊ ကြည့်နေ ခဲ့သည်။
“ ဘာကို ပြောချင် တာလဲ။ ”
ဖုန်ကျန်းနှင့် လျူချင်းယန်က မကျေ မနပ်ဖြင့် ပြန်မေး လိုက်သည်။ လင်းယွန် အခြေ အနေ မကောင်းမှန်း၊ သိထား သော်လည်း၊ ဤသို့ မပြော သင့်ဟု ယူဆ မိသည်။
သူ၏ အောင်မြင်မှုမှာ၊ စွဲမက်ဖွယ် ဖြစ်သော်လည်း၊ လင်းယွန် အပေါ်၊ နင်းတက် လိုသော ကျန်းလိချန် စိတ်ကူးမှာ၊ နှစ်မြို့ဖွယ် တစ်စက် မရှိချေ။
“ သူ့ ကျင့်ကြံ မှုက ... ၊ ကြယ် အလင်းကို သန့်စင်ဖို့ မလုံ လောက်ဘူး၊ ဒီလိုသာ ဆက်လုပ် နေဦးမယ် ဆိုရင်၊ အသက် ဆုံးရှုံးသွား နိုင်တယ်။ ”
ကျန်းလိချန်က ပြန်ဖြေသည်။ ယင်းက ဖုန်ကျန်းနှင့် လျူချင်းယန် တို့ကို ပို၍ ဒေါသ ထွက်လာ စေ၏။ သို့သော် ကျန်းလိချန် စကား များမှာ၊ အဓိပ္ပါယ် ရှိနေ ပြန်သည်။
“ တောင်းပန် ပါတယ် ... ၊ ငါ အမှန် အတိုင်း ပြောနေ တာပါ။ ”
ကျန်းလိချန်၏ တောင်းပန် သံတွင်၊ လှောင်ပြောင် သရော် ရိပ်များ ပါဝင် နေသည်။ လင်းယွန်အား အမှိုက် တစ်စဟု မြင်နေ ပုံရ၏။
“ ခရစ် ... ။ ”
သို့သော် ငြိမ်သက် နေသော ရေကန်မှာ၊ ရုတ်တရက် အက်ကွဲ လာသဖြင့်၊ လှိုင်းလုံးများ ဂယက်ထ လာလေသည်။
“ အိုး ... ကြည့်စမ်း ကောင်းကင်ကြီး ကွဲလာတယ်။ ”
စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ များက၊ ကောင်းကင်ကို သတိ ထားမိ လာသည်။ ကြယ်ဝိညာဉ် တောင်မှ ပဲ့တင်သံ နှင့်အတူ ပဉ္စမ အလွှာ အက်ကွဲ သွား၏။
“ ကောင်းကင် ထက်မှာ၊ ကောင်းကင် တစ်စင်း အမြဲ ရှိတယ်။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။ အက်ကွဲ သံများ ဆက်လက် ထွက်ပေါ် နေပြီး၊ နောက် တစ်လွှာ ကွဲအက် သွားသည်။
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ကျန်းလိချန်က မယုံကြည် နိုင်စွာဖြင့်၊ ထိုမြင်ကွင်းကို ငေးမော လိုက်၏။ ဤသို့ ခွဲဖွင့် နိုင်ရန်၊ လင်းယွန် မည်မျှ စုပ်ယူနိုင် ခဲ့သည်ကို သူ မတွက်ဆ နိုင်တော့ချေ။
***