တောင်ထိပ်ဖျား ဆီသို့။
Vol. 84 Ch. 1167
ပဉ္စမနှင့် ဆဋ္ဌမ အလွှာ ကွဲသွား ချိန်၌ ကြယ်ရောင်စုံ အလင်း များမှာ၊ ပို၍ နီးကပ် လာသည်။
ထို့ကြောင့် နက္ခတ် လေးလုံးကို၊ ကွက်ကွက် ကွင်းကွင်း မြင်လာ တော့သည်။ အလွှာ များများ ခွဲနိုင် လေလေ၊ ၎င်းတို့ကို ပို၍ မြင်ရ လေလေ ဖြစ်သည်။
ပြတ်သားစွာ ကြည့်လို ပါက၊ အလွှာ (၃၆)လွှာ လုံးကို ခွဲပစ် ရ ပေမည်။ သည်ဖြစ်စဉ် ကြောင့်၊ တိမ်လွှာ ဓားဂိုဏ်း တစ်ဂိုဏ်းလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကြသည်။
“ သူ ... ၊ ဘာလုပ်ဖို့ ကြိုးစားနေ တာလဲ။ ”
ဤအဆင့်ဖြင့် လင်းယွန်မှာ အင်ပါရီယန် နယ်ပယ်သို့ ရောက်ရှိ နိုင်ပြီ ဖြစ်ရာ၊ ကျန်းလိချန် တစ်ယောက် ခေါင်းရှုပ် သွားသည်။
ယင်းက ကြယ်စင်စု အဆင့် သို့မဟုတ် ကြယ်စင်စု အထွတ် အထိပ် အဆင့် ထိပင် ရောက်နိုင် ပြီဟု၊ သူ ခံစား မိ၏။
လင်းယွန်၏ အခြေခံ အုတ်မြစ်မှာ၊ ကြောက်မက်ဖွယ် ကောင်းလွန်းမှန်း ဝန်ခံ ရပေမည်။ အထူး သဖြင့် ကောင်းကင် ဝိညာဉ် နယ်ပယ်၌ စွမ်းအားများ စုပုံ နေ၏။
ကျင့်ကြံ မှုတွင်၊ တစ်စုံ တစ်ရာ တိုးတက် လာခြင်း မရှိ သော်လည်း၊ အင်ပါ ရီယန် များကို တိုက်ခိုက်ရန် လုံလောက်သော ခွန်အားရှိ ခေျသည်။
နက္ခတ် အဆင့်မှ တစ်ယောက် ယောက် မဟုတ် သ၍၊ မည်သူမျှ လင်းယွန်အား နှိမ်နှင်း နိုင်မည် မဟုတ်ချေ။
ဂိုဏ်းချုပ်နှင့် စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲများ အားလုံးက၊ စိုးရိမ် စွာဖြင့် လင်းယွင်ထံ စိုက်ကြည့်နေ ကြသည်။
ယဲ့ဇီလင်မှာ အပြင်ပန်း တည်ငြိမ်နေ သော်လည်း၊ နှလုံးသားက ထိတ်လန့် နေပေ သည်။
လင်းယွန် တစ်ယောက်၊ ကန့်သတ်ချက် ရောက်ရန် ကြိုးစား နေပြီ ဖြစ်ကြောင်း သူမ သိ ၏။
ရေှးဟောင်း ပျက်သုဉ်းခြင်း နယ်မြေမှ ဉာဏ်ကြီး ရှင်များ သည်ပင်၊ ၎င်းကို စွန့်စားရန် မဝံ့ ကြချေ။
ထူးချွန် ထက်မြက် လွန်းသော ပါရမီရှင် တစ်ဦး တစ်လေ မျှသာ၊ ၎င်းအား ကြိုးပမ်းရန် သတ္တိ ရှိမည် ဖြစ်သည်။
လင်းယွန်က ဖြည်းညှင်းစွာ ထရပ်လာ ပြီးနောက်၊ ကြယ်ဝိညာဉ် တောင်ထံ ကြည့်လိုက် သည်။ ပြီး လူတိုင်းထံ လှည့်ကြည့် ၏။
အဝတ် အစားနှင့် ဆံပင်များ တဖျပ်ဖျပ် လွင့်လျက်၊ ကြယ်အလင်း များက ရေကန်နှင့် တောင်တန်းကြီး တစ်ခု လုံးကို လွှမ်းခြုံ ထားသည်။
“ ခရစ် ... ။ ”
ရုတ်တရက် ကောင်းကင် ကြီးက နောက်တစ်ကြိမ် ကွဲအက် သွားပြန်၏။ လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့်လာစဉ်၊ အက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပွား လာသည်။
“ ခရစ် ... ခရစ် ခရစ် ။ ”
အဆုံးတွင် အလွှာ (၃၆)လွှာလုံး ကွဲအက် သွားကာ၊ နက္ခတ် လေးလုံးကို ပြတ်ထင်စွာ မြင် လာရ တော့သည်။
“ ဖပ် ... ။ ”
ရေပြင်ပေါ် ခြေဖျားကို ညင်သာစွာ ပုတ်လျက်၊ ကောင်းကင်ပေါ် ပျံတက် လိုက်မိ သည်။ သည့်စဉ် နက္ခတ် တစ်လုံးက ခေါင်းပြူ ပြီး၊ လင်းယွန်ကို ကြည့်၏။
ဦးစွာ နဂါး ဦးခေါင်း ဖြစ်တည် လာသည်။ သူ့နောက်၌ ကိုယ်ထည်၊ ခြေသည်းနှင့်၊ အမြီးတို့ ထွက်ပေါ် လာ၏။
မတ်တပ် ရပ်နေရုံ မျှဖြင့်၊ တစ်ဖက် လူမှာ နက္ခတ် တစ်လုံး လုံးကို၊ ဆွဲခေါ် နိုင်လိမ့် မည်ဟု ကျန်းလိချန်က မထင်ထား မိချေ။
သူ့အတွက် ငရဲကျသော အခိုက် အတန့် ပေပင်။ လင်းယွန်ကို လှောင်ပြောင် မိခြင်းဖြင့်၊ သူ့ကိုယ်သူ ပါးရိုက် မိချေပြီ။
“ မိုးပြာ နဂါး ကြယ်တာရာ ကြယ်စင်စု။ ”
ကြယ်အလင်းဖြင့် ဖွဲ့တည် ထားသော နဂါးကြီးသည် စစ်မှန်သော နဂါ တစ်ကောင်နှင့် မယှဉ်နိုင် သော်လည်း၊ လူအများကို တုန်လှုပ် စေဆဲ ဖြစ်၏။
ယခု အချိန်၌ ကျန်းလိချန်၏ နဂါး ခြေသည်းမှာ၊ သနားစရာ ကောင်းသွား သည်။ သူတို့ကြား ခြားနား ချက်မှာ၊ တိမ်တိုက်နှင့် မြူမှုန် အလား၊ ကွာခြား လှ၏။
“ အစ်ကိုကြီး မင်းရဲ့ ... နဂါး ခြေသည်းက၊ လင်းယွန်ရဲ့ ဒီနဂါးနဲ့ ယှဉ်ရင် ... ၊ စိတ်ပျက် စရာ ပါပဲ။ ”
လျူချင်းယန်မှ ကျန်းလိချန်အား လှည့်ကြည့်ကာ ပြောလိုက် လေသည်။
“ မင်း နားလည်မှု လွဲနေပြီ ... ၊ အစ်ကို ကျန်းက နောက်ပြောင် နေတာပါ၊ ဒါကို မင်းက တကယ်ပဲ နှိမ့်ချ ဝံ့တယ်လား။ ”
ဖုန်ကျန်းမှ ပြုံးလျက် ဝင်ပြော လာ၏။ နှစ်ယောက် စလုံးမှာ ခေါင်းငုံ့ ခံတတ် သူများ မဟုတ် သဖြင့်၊ ဤအခွင့် အရေးကို လက်လွှတ် မခံခဲ့ ကြချေ။
မျက်နှာ ထိုးပေးလာ ချိန်၌၊ ပါး မရိုက်ဝံ့ ပါက၊ သူတို့ အလွန် ဖြစ်ပေ လိမ့်မည်။ ယဲ့ဇီလင် ရှေ့၌ လှောင်ပြောင် ခံရ ခြင်းသည် ကျန်းလိချန်အား ရှက်ရွံ့ စေ၏။
လျူချင်းယန်နှင့် ဖုန်ကျန်းက၊ စိတ်ထဲမှ ကြိတ်ရယ် လိုက်ပြီး၊ ကျန်းလိချန်အား ခိုးကြည့် မိသည်။
သူတို့၏ စီနီယာ အစ်ကို ကျန်းမှာ လင်းယွန် အပေါ်၊ လျှော့တွက် ခဲ့ချေ၏။ လင်းယွန် ဟူသည် ခြေလှမ်း (၇) လှမ်းဖြင့်၊ ဓားရေး တစ်ရပ်ကို ကစား ပြခဲ့သူ တစ်ဦး ဖြစ်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ် ဖြင့်ပင်၊ လောခွိုက်ကို သတ်ပစ် ခဲ့သည်။ နက္ခတ် အဆင့် မှ ကျွမ်းကျင်သူ တစ်ဦးမှာ၊ သူ့ ကြယ်ပန်းချီကို ထုတ်ဖော် ပြီးနောက် တွင်ပင်၊ အသတ် ခံရဆဲ ဖြစ်သည်။
သို့သော် သူတို့ အားလုံးမှာ၊ တိမ်လွှာ ဓားဂိုဏ်းမှ တပည့်များ ဖြစ်ကြ သဖြင့်၊ အလွန် အကျွံ မဖြစ် စေရန်၊ ထိန်းလိုက် မိ၏။
“ ဝှစ် ... ။ ”
မိုပြာ နဂါးသည် လင်းယွန်၏ လက်သီး ကြောင့်၊ မရေ မတွက် နိုင်သော အပိုင်း အစများ အဖြစ်သို့၊ ကွဲထွက် သွားသည်။
လူတိုင်း အံ့အားသင့် နေရာမှ၊ ၎င်းတို့ကို စုဆောင်းရန်၊ အပြေး အလွှား လုပ်ဆောင် လာ ကြသည်။
“ လာ ခဲ့ ... ။ ”
သည့်နောက် လက်သီး အရွယ် ရှိသော အလင်း စက်လုံး တစ်လုံးကို လင်းယွန်မှ ဖမ်းယူ လိုက်၏။
ဤအခင်း အကျင်းကို ကြည့်ကာ၊ အကြီးအကဲ တစ်ယောက်က စိတ်လှုပ်ရှား သွားပြီး၊
“ သူ ... အင်ပါ ရီယန် နယ်မြေကို ဖြတ်ကျော် တော့မယ်။ ”
-ဟု ပြောလိုက်သည်။
အလင်း စက်လုံးကို မျိုချ လိုက်သည်နှင့်၊ လင်းယွန် ခန္ဓာ ကိုယ်ပေါ်၌ မီးများ လောင်ကျွမ်း လာသည်။
မိုးပြာ နဂါး နက္ခတ်တွင် ပါရှိသော စွမ်းအားသည် ပြင်းပျလွန်း လှ၏။ သာမာန်လူ တစ်ယောက်သာ ဆိုသော်၊ ပြာ အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။
လင်းယွန် ခန္ဓာ မှာမူ၊ သူတော်စင် လက်ရာနှင့် ယှဉ်နိုင် သောကြောင့်၊ ယင်းသို့ မဖြစ်ဘဲ၊ အချိန်ကြာ လာသည်နှင့် အမျှ၊ ကြည်လင်လာ တော့၏။
“ အောင်မြင်မှု မရသေး ဖူးလား။ ”
နှစ်နာရီ ကျော်နေပြီ ဖြစ် သော်လည်း၊ အင်ပါရီယန် နယ်ပယ်သို့ ဝင်ရောက်မည့်၊ အရိပ် အယောင် မပြ သေးချေ။ ယင်းက လူတိုင်းကို စိတ်ပူ လာမိ စေသည်။
“ ဂိုဏ်းချုပ် ... ၊ လင်းယွန် ဘာဖြစ် နေတာလဲ၊ အင်ပါ ရီယန် နယ်ပယ်ကို မဝင် နိုင်ရင်၊ ကြယ်အလင်း တွေက သူ့ကို လောင်မြိုက် သွားမှာ မဟုတ်လား။ ”
“ ငရဲ ဆိုတာ ဘာလဲ မင်းသိလား။ ”
ဂိုဏ်းချုပ်က စိတ်အနှောက် အယှက် ဖြစ်ဟန်ဖြင့်၊
“ သူတောင် ဘာမှ မဖြစ်တာ ... ၊ မင်းက ဘာဖြစ်နေ တာလဲ ... ၊ နား မလည်ရင် ပါးစပ် ပိတ်ထား ... ။ ”
ကြိမ်းမောင်း သံက ထိုအကြီး အကဲကို၊ ထိတ်လန့် သွား စေ၏။ သို့သော် ဂိုဏ်းချုပ် ဖြစ်နေ သဖြင့်၊ သည်းခံ လိုက်ရသည်။
အခြားသော အကြီးအကဲ များမှာလည်း၊ ပါးစပ်ကို အမြန် ပိတ်ကာ၊ အသံ မထွက် ဝံ့တော့ ချေ။
ဂိုဏ်းချုပ်မှ ထိုအကြီး အကဲကို ငေါက်ငမ်း ပြီးနောက်၊ လင်းယွန်ထံ ဂုဏ်ယူသော အပြုံးနှင့်၊ ပြန်လှည့် ကြည့်သည်။
လွန်ခဲ့သော ခြောက်လ လုံးလုံး၊ လင်းယွန် ခမျာ သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ပိတ်မိနေ ခဲ့သည်။
ထို့ကြောင့် အတင်း အဖျင်း များက သူ့ နှလုံးသားအား၊ မည်မျှ ဒုက္ခရောက် စေမည်ကို၊ နားလည် ပေးနိုင်၏။
သို့သော် အရာရာကို သည်းခံ ခဲ့သည်။ အင်ပါရီယန်နှင့် ခြေ တစ်လှမ်း မျှသာ ဝေးကွာ သည့်တိုင်၊ ရုပ်ခန္ဓာ ပေါ်သာ အာရုံ စိုက်နေ၏။
ယင်းကို နားလည် ပေး နိုင်သော၊ ဂိုဏ်းချုပ်၏ မျက်လုံး များတွင်၊ မီးလျှံများ တောက်လောင် လာသည်။ လင်းယွန်ထက် သူက ပို၍ စိတ်လှုပ်ရှား နေတော့၏။
ရုတ်တရက် ကောင်းကင်မှာ မှောင်ကျ သွားသည်။ ထိုအမှောင် ထုက လူတိုင်း အတွက် စိတ်မသက် မသာ ဖြစ်စေသည်။
များ မကြာခင် မီးတောက် နေသော ပန်းပွင့်များ၊ ကောင်းကင်၌ ဖြစ်တည် လာ၏။ ပန်း တစ်ပွင့် စီတွင်၊ မှော်ဆန်သော ရောင်ဝါများ ပိုင်ဆိုင် ထားချေသည်။
ပွင့်ချပ်များ ပေါ်ရှိ မီးလျှံ ရူရ် များက၊ ရုတ်တရက် တောက်ပ လာပြီး၊ ရောင်ဝါများ ဖြာထွက် လာတော့၏။
“ အားလုံး ပြန်လာခဲ့ ... ။ ”
ဂိုဏ်းချုပ်က ယပ်တောင်ကို ဝေှ့ယမ်းကာ၊ အမိန့်ပေး လိုက်သည်။ ရေကန် ပေါ်ရှိ တပည့် တိုင်း၊ ချက်ချင်း နောက်ဆုတ် လိုက်ရ၏။
ကျန်းလိချန်မှာ တုန်လှုပ် သွားသည်။ လင်းယွန် တစ်ယောက် ဘာလုပ် နေ သည်ကို၊ နောက်ဆုံး၌ သူ သိပြီ ဖြစ်၏။
“ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကန့်သတ်ချက်။ ”
ဤအခိုက် အတန့်တွင်၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ လေထုမှာ၊ ပရမ်း ပတာ ဖြစ်လာ တော့သည်။
***