← Chapters

မီးဘေး ဒုက္ခ။

Vol. 84 Ch. 1168

မီးဘေး ဒုက္ခ။

Vol. 84 Ch. 1168

ကြယ်မိစ္ဆာ ပန်းမှ ရှေးဟောင်း အစီရင် တစ်ခုကို၊ ခင်းကျင်း လာလိမ့်မည်ဟု မထင်ထား သော စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ များမှာ၊ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

ယင်းက ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကန့်သတ်ချက် ရောက်ရန်၊ ကြိုးစားကြ သူများ အဘယ့်ကြောင့်၊ သေဆုံး ရသည်ကို နားလည် လိုက်၏။

လင်းယွန်က ပြုံးသည်။ နောက်ဆုံး၌ နက္ခတ် တစ်လုံးကို အသုံး ချကာ၊ ဒုက္ခခံ ယူရန် စိတ်ကူးမှာ၊ အသက်ဝင် လာပြီ ဖြစ်၏။

ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ဟူသော ဒဏ္ဍာရီကို ရေးထွင်းကာ၊ ခွန်လွန် ဘုံမှ ထူးချွန် ထက်မြက် သူများနှင့်၊ ပခုံးချင်း ယှဉ်နိုင် တော့မည် ဖြစ်သည်။

“ ဒီကောင် သေမှာ၊ တကယ် မကြောက် ဖူးလား … ။ ”

ကျန်းလိချန် တစ်ယောက် မယုံကြည် နိုင်စွာဖြင့်၊ ရေရွတ် လိုက်မိသည်။ သို့သော် သူ့ စကား မှားသွားမှန်း သိ လိုက်၏။

လျူချင်းယန်၊ ဖုန်ကျန်း၊ ဝမ်ယုဝါနှင့် ယဲ့ဇီလင်တို့ ထံမှ အေးစက်သော အကြည့်များ ချက်ချင်း သက်ဆင်း လာသည်။

သို့သော် ယင်းမှာ အမှန် တရား ဖြစ်သည်။ ခွန်လွန်ဘုံရှိ ဘီလူး များပင် ၎င်းသို့ ရောက်ရန်၊ ကြိုးစား ရာ၌၊ မအောင် မြင်ချေ။

နှစ်ထောင် ပေါင်း များစွာ အတွင်း၊ ပါရမီရှင် လက် တစ်ဆုပ်စာ ခန့်သည်သာ၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ ခဲ့သည်။

ကောင်းကင်၌ ပန်း ပင်လယ် တစ်စင်း ဖြစ်တည် လာပြီး၊ တုန်လှုပ်ဖွယ် စွမ်းအင် လှိုင်း များ ပျံ့နှံ့ လာကာ၊ လေဟာနယ်ကို ပုံပျက် သွား စေ၏။

ခရမ်းရောင် ပန်းပွင့် ပေါ်တွင်၊ ထိုင်လျက် လင်းယွန်က ကောင်းကင်ထံ မော့ကြည့်လိုက် လေသည်။

သည့်နောက် ခရမ်းရောင် ပန်းများ သူ့ကို ဝန်းရံလျက်၊ ငွေရောင် အလင်းများ တောက်ပ စွာ၊ လင်းလာ တော့၏။

ထိုပန်းပွင့် များက ကြယ်ဝိညာဉ် တောင်ပေါ်ရှိ၊ ဝိညာဉ် စွမ်းအင် များနှင့် ဓား ရည်ရွယ် ချက်ကို တွင်းနက် တစ်ခုလို ဝါးမျို လိုက်သည်။

အစီရင် အပြင်ဘက် လေဟာနယ် ထဲ၌၊ ဂိုဏ်းချုပ်မှာ လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ လည့်ပတ် ပျံဝဲ လိုက်၏။ လင်းယွန် အတွက် စိတ်ပူနေ ချေသည်။

“ ဂိုဏ်းချုပ် ... ၊ သူ ... သူက ကြယ်ဝိညာဉ် တောင်ရဲ့၊ ဓား ရည်ရွယ်ချက်ကို ဝါးမျို နေတယ်၊ အဲဒါ ငါတို့ ဂိုဏ်းရဲ့၊ အခြေခံ အုတ်မြစ်ပဲ။ ”

စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ တစ်ဦးက၊ တုန်လှုပ်သော အသံဖြင့် လှမ်းပြော လာသည်။ ဂိုဏ်းချုပ်က လှည့်မကြည့်ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး၊

“ ဒီကောင်က ဉာဏ်ကောင်းတယ် ... ၊ ဒီအထိ ရောက်ဖို့ ... ၊ သူ့ အတွက် မလွယ် ခဲ့ဘူး၊ စိတ်မပူ ပါနဲ့ ... ၊ သူ အောင်မြင်ရင်၊ ...

... ကြယ်ဝိညာဉ် တောင်ရဲ့ အကျိုး ကျေးဇူးက ... ၊ မင်း စိတ်ကူး နိုင်တာထက် ကျော်လွန် သွား လိမ့်မယ်။ ”

“ တကယ်လို့ ... သူ ကျရှုံး သွားရင်ရော။ ”

ဂိုဏ်းချုပ်၏ စကား များက၊ လင်းယွန်မှာ တိမ်လွှာဓား ဂိုဏ်း တစ်ဂိုဏ်းလုံး ထက်ပင်၊ ပို၍ အရေးကြီး ကြောင်း၊ ဆိုလိုရာ ရောက်နေ၏။

ယင်းက စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲကို၊ မျက်နှာ ပျက်ယွင်း လာစေ သည်။

“ သူ့ အတွက် သေခြင်းပဲ။ ”

ဂိုဏ်းချုပ် စကားက ထိုအကြီး အကဲကို တိတ်ကျသွား စေ၏။ သည့်နောက် ဂိုဏ်းချုပ်က ပြုံးလိုက်ကာ၊

“ ဒါပေမယ့် ... သူ အောင်မြင် သွားရင်၊ နောက်တစ်ကြိမ် ကောင်းကင် ကိုးလွှာကို ငါတို့ လွယ်လွယ် ကူကူ ဖွင့်လာ နိုင်မှာပါ၊ ...

... ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက် ရောက်နိုင်တဲ့၊ ပါရမီရှင် တစ်ပါး ကို မွေးဖွား ပေးခြင်းက၊ ငါတို့ တိမ်လွှာ ဓားဂိုဏ်း အတွက် အကျိုး ကျေးဇူးများ လာလိမ့်မယ်။ ”

အဆုံးတွင် ဂိုဏ်းနှင့် တပည့် များကြား၊ အချင်းချင်း အားဖြည့်ပေး နေကြပြီး ၎င်းတို့၏ ကံကြမ္မာမှာ၊ ဆက်နွယ်မှု ရှိလေသည်။

ဤလုပ်ငန်း စဉ်သည် အစွမ်းထက် လွန်းသော ပါရမီရှင် များပင်၊ မအောင်မြင် နိုင်သော အရာ ဖြစ်သည်။

လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၌၊ ထိုသို့သော တည်ရှိ မှုမျိုး မွေးဖွားလာ ပါက၊ မယုံ နိုင်ဖွယ် ကံကြမ္မာကို ရရှိမည် ဖြစ်သည်။

“ ကောင်းကင်ယံ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက် ကို၊ အောင်မြင်ခဲ့ သူပဲ၊ သူ ဂိုဏ်းချုပ် ဖြစ်လာ ပြီးတဲ့နောက်၊ သူ့ ဂိုဏ်းက မယုံ နိုင်အောင် ဩဇာ ရှိလာတယ်။ ”

စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ တစ်ဦးမှ၊ ဝင်ပြော လာသည်။ ဂိုဏ်းချုပ်မှ ခေါင်း ငြိမ့်ပြ လိုက် သော်လည်း၊ အကြည့် များက အေးစက် သွားသည်။

ကောင်းကင်ယံ ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေတွင်၊ စိတ်ကူး မယဉ် နိုင် သော ပါရမီရှင် များစွာကို မွေးထုတ်ပေး ခဲ့သည်။

အမွေနှင့် အခြေခံ အုတ်မြစ် အရ၊ ဓားဂိုဏ်းကို လုံးဝ မယှဉ်နိုင် သေးသော်လည်း၊ သတိထား ရမည့် စာရင်း၌ နံပါတ် တစ် ဖြစ်၏။

သို့သော် လွန်ခဲ့သည့် ထောင်စုနှစ် အတွင်း ဓားဂိုဏ်း၏ ပုံရိပ်မှာ၊ တဖြည်းဖြည်း ကျဆင်းနေ ခဲ့သည်။ ဂုဏ် သိက္ခာကို ထိန်းနိုင်ရုံ အဆင့် ၌သာ ရှိနေ ပေ၏။

“ ဂိုဏ်းချုပ် ... ၊ လင်းယွန် အောင်မြင်ပါ့ မလား။ ”

စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ တစ်ယောက်က မျှော်လင့်ချက် များစွာဖြင့်၊ မေး လာသည်။

လင်းယွန် နောက်ခံမှာ လျှို့ဝှက် လွန်းပြီး၊ ရောက်ရှိ လာခြင်းသည် ရုတ်ချည်း ဖြစ်ချေ၏။ ထို့ကြောင့် အရာရာကို မမြင် နိုင်သေးချေ။

ဂိုဏ်းချုပ် သာလျှင် လင်းယွန် နောက်ခံကို သိနိုင်သည်။ ဂိုဏ်းချုပ်မှာ ဒေါသ ကြီးသူ အဖြစ်၊ လူသိ များပြီး၊ သူ့ မျက်လုံးထဲ လူတိုင်း မဝင် ချေ။

ယဲ့ဇီလင် ထက်ပင် လင်းယွန် အပေါ်၊ အလေး ထားကြောင်း သူတို့ပြော နိုင်သည်။

“ ရာခိုင်နှုန်း များတယ်။ ”

ဂိုဏ်းချုပ်မှ ပြန်ဖြေသည်။

“ ဉာဏ်နဲ့ ဝီရိယက ဒုတိယပဲ ... ၊ အထီးကျန်တဲ့ ခံစား ချက်ကို၊ သူက ခံနိုင်ရည် ရှိတယ်၊ ပါရမီရှင် ဆိုတဲ့ လူတိုင်း၊ မာန ကြီးပြီး ဘဝင် မြင့်တယ်၊ သူ ကတော့ အဲဒီလို မဟုတ်ဖူး၊ အတွေ့ အကြုံ များတယ်၊ မာနကြီး ပေမယ့် လိုအပ်ရင် နှိမ့်ချ နိုင်တယ်။ ”

လင်းယွန် အပေါ်၊ ဂိုဏ်းချုပ်၏ အကဲဖြတ် မှုမှာ၊ အနည်းငယ် လွန်ကဲ နေသည်ဟု၊ အကြီး အကဲ များက ထင်သည်။

“ သူ့နဲ့ ယှဉ်ရင်၊ ကျန်းလိချန် ကရော ... ။ ”

အကြီးအကဲ တစ်ယောက်မှ မေးသည်။ ကျန်းလိချန်မှာ ဂိုဏ်းမှ ပျိုးထောင် ပေးထား သည့်၊ ပါရမီရှင် ဖြစ်သည်။ ယဲ့ဇီလင် ပြီးနောက် အကောင်းဆုံး ဖြစ်၏။

“ ပုဇွန်နဲ့ နဂါးကို ဘယ်တော့မှ မနှိုင်းမိ စေနဲ့။ ”

ဂိုဏ်းချုပ်မှ ပြန်ဖြေ၏။ ယင်းက အကြီး အကဲများ အားလုံးကို၊ တိတ်ကျ သွားစေသည်။ ကျန်းလိချန်မှာ တပည့် အရင်း ဖြစ် သော်လည်း၊ ဂိုဏ်းချုပ်မှ တစ်ချက် မျက်နှာသာ မပေး ခဲ့ချေ။

သို့သော် သမီး ကိုပင်၊ မချီးမွမ်း ခဲ့ သည့်နောက်၊ ယင်းက အဓိပ္ပါယ် ရှိသည်ဟု ယူဆ မိကြ ပြန်သည်။တစ်ဖက်တွင် လင်းယွန် ဟူသည်မှာ၊ သူ၏ဆရာ သခင် အလို ရှိသော တပည့် တစ်ဦး ဖြစ်သည်။ သူ့ ဆရာ သခင် ဟူသည်ကား၊ သက်တံဓား သူတော်စင် ဖြစ်၏။

ထို့ကြောင့် ကျန်းလိချန်မှာ၊ လင်းယွန်အား ယှဉ်နိုင်စရာ အကြောင်း မရှိချေ။ ကောင်းကင်၌ ပန်း ပင်လယ်ကြီး၊ တဝဲ လည်လည် ဖြစ်တည် နေဆဲ ဖြစ်သည်။

၎င်းမှ ဖွဲ့စည်း ထားသော အစီရင်မှာ၊ လူတိုင်းကို ကြောက်ရွံ့မှု များဖြင့် ထုံမွှန်းလာ စေသည်။

“ လေ လာပြီ … ။ ”

ဂိုဏ်းချုပ်က လေးနက်သော အမူ အရာဖြင့် ရုတ်တရက် ပြောလိုက်သည်။ လင်းယွန် အပေါ် မျှော်လင့်ထား မိသော်လည်း၊ စိုးရိမ် ပူပန် နေဆဲ ဖြစ်၏။

“ ဘယ် မှာ လဲ ... ။ ”

အကြီး အကဲ တစ်ဦးမှ မေးလိုက်စဉ်၊ ရုတ်တရက် ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာသည်။

“ ဝူး ... ။ ”

သည့်နောက် မုန်တိုင်းက၊ လမ်းကြောင်း ကိုးသွယ်မှ နေ၍၊ ကြယ်ဝိညာဉ် တောင် ထံသို့ ဝင်ရောက် လာတော့၏။

“ ဝှစ် ... ။ ”

မုန်တိုင်းကြောင့် ရေမျက်နှာ ပြင်မှာ၊ အပိုင်း (၉)ပိုင်း ကွဲလျက်၊ ချွန်ထက်သော ဓါးများ ကဲ့သို့ ပျံတက် ကုန်သည်။

မုန်တိုင်း (၉)စင်းက၊ ကြယ်ဝိညာဉ် တောင်နှင့် တိုက်မိသွား ပြီးနောက်၊ တူ (၉) ချောင်း အသွင်၊ ပြောင်းလဲ ဆင်းသက် လာသည်။

လင်းယွန် မှာမူ၊ လေပြင်းများ ဝင်လာစဉ် ကပင်၊ ဓားရောင်ဝါကို ဖြန့်ကျက် ထားပြီး ဖြစ် လေသည်။

ကြယ်ဝိညာဉ် တောင်တန်း၏ ဓား ရည်ရွယ်ချက်ကို ဝါးမြို စုဆောင်းထား သဖြင့်၊ သူ့ဓား ရောင်ဝါမှာ၊ မုန်တိုင်းအား ကောင်းစွာ ခွဲထုတ် နိုင်၏။

သို့သော် ကျန်ရှိသော စွမ်းအား ဖြင့်ပင်၊ နာကျင်မှုကို အနည်းငယ် ခံစားလိုက် ရသည် ။ ဤသည်မှာ အစသာ ဖြစ်လေပြီ။

မုန်တိုင်း များက၊ လမ်းကြောင်း အသွယ် သွယ်မှ အဆက် မပြတ် ဝင်ရောက် လာနေပြီး၊ ပို၍ အားကောင်း လာခဲ့သည်။

အစ ပိုင်းတွင် မုန်တိုင်း (၉) စင်းသာ ဖြစ်သော်လည်း၊ အချိန် ကြာလာ သည်နှင့် အမျှ အရေ အတွက်မှာ၊ (၁၁၄) အထိ ဖြစ်လာ၏။

“ ဝှစ် ... ။ ”

မုန်တိုင်း (၁၁၄)စင်း ပါဝင်သော၊ ပဉ္စမ လှိုင်းကို ရင်ဆိုင် ပြီးနောက်၊ လင်းယွန် ခမျာမှာ၊ ကောင်းကင်သို့ လွင့်စဉ် သွားသည်။

မုန်တိုင်း များက ရေကန် အတွင်းရှိ ရေများကို သယ်ဆောင်လာ သဖြင့်၊ ဓားရောင်ဝါ နှင့် ထိုးခွဲ ရာ၌ ခက်ခဲ ခဲ့သည်။

“ နောက်ဆုံးတော့ ပြီးပြီ။ ”

သူ့ နှုတ်ခမ်း ထောင့်ရှိ သွေးစ များကို လက်ခုံဖြင့် သုတ်ကာ၊ လင်းယွန်မှ ရေရွတ် လိုက်သည်။

“ မီးက ခုမှ လာမှာ ... ။ ”

ဂိုဏ်းချုပ်မှ ပြောလိုက်သည်။ စကားဆုံး သည်နှင့်၊ ကြယ်မိစ္ဆာ ပန်း ပင်လယ်ကြီး ထံမှ၊ မီး ရည်ရွယ် ချက်များ ထွက်ပေါ် လာ၏။

သည့်နောက် လင်းယွန် ခန္ဓာကိုယ် ပေါ်သို့၊ ကြောက်မက်ဖွယ် အပူ လှိုင်းများ ဆင်းသက် လာတော့သည်။

“ လာ ခဲ့ ... ။ ”

တရွေ့ရွေ့ တိုးလာသော အပူ ရှိန်အား အံတုရန်၊ ကြယ်မိစ္ဆာ ပန်းများကို ထုတ်ဖော် လိုက်လေသည်။

ကြယ်မိစ္ဆာ ပန်း (၄၂) ပွင့်က လင်းယွန်၏ ရောင်ဝါ သမုဒ္ဒရာမှ ပေါက်ကွဲ လွင့်ပျံ လာသည်။ မီးလျှံ စပါး အုံးမြွေကြီး (၄၂) ကောင် အဖြစ် ပြောင်းလဲ သွားကာ၊ သူ့အား ဖုံးအုပ် လိုက်၏။

ပြင်းပျသော ရည်ရွယ်ချက် များကြောင့်၊ ကြယ်ဝိညာဉ် တောင်မှာ၊ မီးဟုန်းဟုန်း တောက် လာတော့သည်။

“ စီနီယာ အစ်ကို လင်း ... ။ ”

ဝမ်ယုဝါမှ အော်ဟစ် လိုက်၏။ ဤ မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့်၊ လူတိုင်း အသက် ရှူရန် မေ့လျော့ သွားသည်။

ဂိုဏ်းချုပ်ပင် သက်ပြင်း ခိုးချ မိ၏။ ကန့်သတ်ချက်သို့ ရောက်ရှိရန်၊ လေ၊ မီး၊ ရေခဲ လျှပ်စီးနှင့် သစ်သား ဒုက္ခ များကို ဖြတ်သန်း ရမည် ဖြစ်သည်။

၎င်းတို့ အနက်၊ မီးလျှံ ကပ်ဘေးသည်၊ အသက်သာ ဆုံးသော ဒုက္ခ တစ်မျိုး ဖြစ်ချေ တော့၏။

***

All Chapters