ကောင်းကင် ဝိညာဉ် နယ်ပယ်၏ ကန့်သတ်ချက်။
Vol. 84 Ch. 1170
လင်းယွန်၏ ဖြစ်စဉ်ကို စောင့်ကြည့် ပြီးနောက်၊ ပါရမီ ရှင်များ သေဆုံး ရသည့် အကြောင်း ရင်းကို လူတိုင်း နားလည် လာသည်။
သူတို့သာ ဆိုပါက၊ ပထမ ဒုက္ခ ဖြင့်ပင်၊ သေဆုံးမည် ဖြစ်သည်။ ကြယ်မိစ္ဆာ ပန်းပင်လယ် ကြီး ပျောက်ကွယ် သွားသော အခါတွင်၊ နက္ခတ် လေးလုံးက ကောင်ကင်၌ တဖန် ပြန်ပေါ် လာသည်။
ကြယ်ရောင် များက ရေတံခွန် ကဲ့သို့ လင်းယွန်အား ဖုံးအုပ် ထားပြီး၊ ခမ်းခြောက် နေသော ရေကန်ထံ လျှံကျ သွားသည်။
နွေဦး ရာသီတွင် စီးဆင်း နေသော စမ်းချောင်ငယ် ကလေး ကဲ့သို့ ဝိညာဉ် စွမ်းအင် များ တသွင်သွင် စိမ့်ဝင် နေ၏။
ဂိုဏ်းချုပ်က ကောင်းကင်မှ သွန်းလောင်း နေသော၊ ငွေရောင် ရေတံခွန်ကို ကြည့်ကာ ပြုံး လိုက်သည်။
လင်းယွန်ကို ထမ်းထား ရသော ကြယ်ဝိညာဉ် တောင်မှ စွမ်းအင်များ ကလည်း၊ အကန့် အသတ် မရှိ၊ တိုးဝင် နေ၏။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ လက်ဆောင် ဖြစ်ပြီး၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း အတွက်၊ မည်မျှ အကျိုး ကျေးဇူးများ တော့ မည်ကို၊ မတွက်ဆ နိုင်တော့ချေ။
အနာဂတ်တွင် ကြယ် ဝိညာဉ် တောင်မှာ၊ ကောင်းကင် (၃၆) လွှာကို အလွယ်တကူ ခွဲနိုင် တော့မည် ဖြစ်သည်။
တစ်နည်း အားဖြင့် လင်းယွန်ကြောင့် ဂိုဏ်း၏ အခြေခံ အုတ်မြစ်မှာ များစွာ တိုးတက် လာခြင်း ပေပင်။
ကမ်းစပ် အနားရှိ တပည့် များက ဤသို့သော ထိတ်လန့် ဖွယ်ရာ မြင်ကွင်း မျိုးကို တစ်ကြိမ်မျှ မမြင်ဖူး သောကြောင့်၊ မှင်တက်နေ ကြသည်။
“ အဲဒါ ... ရေတံခွန် အစစ်လား။ ”
ကောင်းကင်ဘုံ (၉) ထပ် အပြင်၌ ကောင်းကင်မြစ် တစ်စင်း တည်ရှိ သည်ကို၊ ပုံပြင် တစ်ပုဒ်လို ကြားထား ဖူးသည်။
ကောင်းကင်ဘုံ (၉)ထပ် ဟူသည် သူတို့ အတွက် ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်၏။ ထို့ကြောင့် ဤ ဖြစ်စဉ်ကို မြင်တွေ့ခွင့် ရ သည်မှာ၊ ကံကောင်းလှ လေသည်။
“ အစ်ကို လင်းက ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို အောင်မြင်စွာ တက်လှမ်း နိုင်ပြီ၊ ဒါပေမယ့် သူက ဂိုဏ်းရဲ့ တပည့် အဖြစ် ခံယူဖို့ ဆန္ဒရှိ ပါ့မလား။ ”
“ ဘာလို့ မရှိ ရမှာလဲ၊ ညီအစ်ကို လင်းက သူကိုယ်သူ တိမ်လွှာဓား ဂိုဏ်းရဲ့၊ တပည့် ဖြစ် တယ်လို့၊ ကောင်းကင်ဘုံ ရေပေါ် ကျွန်းမှာ ကြေငြာခဲ့ ဖူးတယ်၊ လဲ့ယင် လက်ကနေ အသက်နဲ့ ရင်းပြီး၊ အစ်မယဲ့ ကိုလည်း ကယ်တင် ပေးခဲ့တယ်။ ”
“ ဒါဆို အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာ၊ ဂိုဏ်းကို ကိုယ်စားပြု ပေးမှာလား။ ”
ထိုမေးခွန်းက လူအုပ်ကို ခေတ္တမျှ တိတ်ဆိတ် သွားစေသည်။တစ်ဖက် လူသည် ဂိုဏ်းသို့ ရောက်ရှိလာ သည်မှာ၊ ခြောက်လ မျှသာ ရှိပေ သေးသည်။
ထို့ကြောင့် ဂိုဏ်းနှင့် စပ်လျဉ်းသည့် ခံစားချက် မည်မျှ နက်ရှိုင်း မည်ကို မသိ နိုင်ချေ။ ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်း၏ တပည့် တစ်ဦး အဖြစ်၊ မယူဆ ပါက၊ အနည်းငယ် အဆင်မပြေ ဖြစ်လာ နိုင်မည်။
ကြယ်ရောင်စုံ ရေတံခွန်မှာ၊ (၁) နာရီ အကြာတွင် တဖြေးဖြေး အားနည်း လာသည်။ အဆုံး၌ ကောင်းကင် အက်ကွဲကြောင်း ပိတ် သွားပြီး၊ လုံးဝ ပျောက်ကွယ် သွားလေသည်။
ကောင်းကင် ကွဲသွားစဉ်၊ ဝင်ရောက် လာသော အမှောင်ထု နေရာ၌၊ နေရောင်များ ပြန်၍ အစားထိုး လာသည်။
ရုတ်တရက် လင်းယွန် မျက်လုံးများ ပွင့်သွားပြီး၊ ရွှေရောင် အလင်းတန်း နှစ်ခု ပြေးထွက် သွား၏။
သည့်နောက် ရင်ဘတ် ရှေ့တွင် လက် နှစ်ဖက်ကို ကြက်ခြေခတ် သဏ္ဍာန် ပြုလျက်၊ ရောင်ဝါ သမုဒ္ဒရာ များရှိ၊ ကြယ်မိစ္ဆာ ပန်း များအား၊ ဆင့်ခေါ် လိုက်သည်။
ကြယ်မိစ္ဆာ ပန်း များ၏ တောက်ပ လွန်းသော အလင်း များကြောင့်၊ လူတိုင်း မျက်လုံး မှိတ်လိုက် ရ၏။
“ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက်။ ”
ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်ပေါ် လာခြင်းကို၊ ကိုယ်တိုင် တွေ့မြင် ရပြီ ဖြစ်သည်။ နှစ်များစွာ ကြာသည့်တိုင်၊ ဤမြင်ကွင်းက ရင်ထဲ နက်နက် ရှိုင်းရှိုင်း အမြစ် တွယ် နေမည် ဖြစ်၏။
“ သူ တကယ် အောင်မြင်တယ်။ ”
ကျန်းလိချန်က အံကြိတ် လိုက်သည်။ ဤဘီလူးသည် မည်သည့် အရပ်မှ လာသနည်း။ သူထွက်ခွာ ခဲ့သည်မှာ၊ တစ်နှစ်ခွဲ မျှသာ ရှိပေ သေးသည်။
ပြန်ရောက် ချိန်၌ ဤသို့ ကြောက်စရာ ကောင်းသော ပြိုင်ဘက်ကို ကြုံတွေ့ ရလိမ့် မည်ဟု၊ မထင်ထား မိချေ။ တပည့်ကြီး ဟူသော မာန်မာ နသည်၊ ပြိုလဲ သွား၏။
ယဲ့ဇီလင် ရှေ့၌ ကိုယ်ရည် သွေးမှု များကို၊ ပြန်သတိ ရလာသည်။ ရှက်စရာ ကောင်းသဖြင့်၊ ချက်ချင်း တွင်းတူးကာ သူ့ကိုယ်သူ မြှပ်နှံ ပစ်လိုက် ချင်သည်။
“ ဟား ... ဟား ... ဟား ... ၊ ဒါက ဓားသူတော်စင် တောင်ထိပ်ကို ရောက်တဲ့၊ လူ အတွက် တကယ်ကို ထိုက်တန်တဲ့ အရာပဲ။ ”
ဖုန်ကျန်း ခမျာ စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ် လေသည်။
“ ငါသာ ဖိအား မပေးရင်၊ တောင်ထိပ်ကို သူရောက်နိုင်မှာ မဟုတ်ဘူး၊ ဒါဆို ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ကိုလည်း အောင်မြင်မှာ မဟုတ်ဘူး။ ”
-ဟု ဝံ့ကြွား စွာဖြင့်၊ သူ့ကိုယ်သူ ချီးကျူး လိုက်သည်။
“ ဟား ဟား ဟား ငါ ကတော့ တစ်စုံ တစ်ယောက်က မြေပြင်မှာ ဒူးထောက် လုနီးပါး အရိုက်ခံ ခဲ့ရတာ ကိုပဲ၊ မြင်တယ်။ ”
လျူချင်းယန်မှ ခေါင်းယမ်းလျက် ဖုန်ကျန်းအား လှောင်ပြောင် အရှက်ခွဲ လေ သည်။
“ ပြီးပြီးသား အတိတ်ကို ပြန် မပြောနဲ့။ ”
ဖုန်ကျန်းက အဆင် မပြေသော အမူအရာဖြင့် ငေါက်ငမ်း လိုက်သည်။
“ အစ်ကို လင်းက အရမ်း ချောတာပဲ။ ”
ဝမ်ယုဝါမှ ထုတ်ဖော် ချီးကျူး လိုက်သည်။ စိတ်လှုပ်ရှား စွာဖြင့်၊ ယဲ့ဇီလင် လက်ကို လှုပ်ခါ လိုက်ပြီး၊
“ အစ်မ ... ၊ အစ်ကို ... အစ်ကိုလင်း တကယ် အောင်မြင် သွားပြီ။ ”
-ဟု တတွတ်တွတ် ရေရွတ် တော့၏။
ယဲ့ဇီလင်မှ တုန့်ပြန်မှု မရှိ သော်လည်း၊ တောင်ထိပ်တွင် ရပ်နေသော လူငယ် အတွက်၊ ဂုဏ်ယူစွာ ပြုံးနေ မိသည်။
ဤအချိန်တွင် ဓားသမား တစ်ယောက်၏ ကျေးဇူး တော်ကို အပြည့် အဝ ပြသ နေလေပြီ။။ လင်းယွန်နှင့် မိတ်ဆွေ ဖွဲ့ထား နိုင်သည်မှာ ဂုဏ်ယူ စရာ ဖြစ်၏။
ထိုအချိန်၌ လင်းယွန်၏ ခန္ဓာ ကိုယ်မှ ပန်း(၄၉) ပွင့် ထွက်လာသည်။ ပန်း တိုင်းက အသက်ဓာတ် များဖြင့်၊ ပြည့်လျှံ နေ၏။
ဂရုစိုက်သော် ၎င်းတို့ ထံမှ၊ ပန်းရနံ့ များ ကိုပင်၊ သင်းသင်းလေး ရနိုင်သည်။ ပွင့်ချပ်များရှိ ရူရ် များက၊ သဘာဝ တရား ကြီးနှင့် ဆက်နွယ် နေသည်ဟု ခံစားရစေသည်။
“ စိတ်ဝင် စားစရာပဲ ... ။ ”
ယင်းက တိုက်စစ်နှင့် ခံစစ်ကို ထောက်ပံ့ ပေးသော၊ ပန်း အစီရင် တစ်ခု အဖြစ် ဖွဲ့တည် လာ၏။ ပြုံးလျက် ပန်းတစ်ပွင့်ကို လက်ဖဝါး အပေါ်၊ ဆင့်ခေါ် လိုက်သည်။
ပန်းပွင့် အလေး ချိန်မှာ၊ တောင်ကြီး တစ်လုံးနှင့် တူနေ သဖြင့်၊ အံ့အားသင့် သွား၏။ ဖျစ်ဖျစ် မြည်လျက် ကြောက်စရာ ကောင်းသော ရွှေမီးတောက်များ တောက်လောင် နေသည်။
အဖျက် စွမ်းအားမှာ၊ သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားသော လင်းယွန်အား ထိတ်လန့် မှုများ ပေးစွမ်း နိုင်၏။
ပန်း (၄၉) ပွင့် လုံးသာ၊ တစ်ပြိုင် နက်တည်း ပေါက်ကွဲ ခဲ့ပါက၊ မည်မျှ အစွမ်းထက် မည်ကို စိတ်ကူး မယဉ်နိုင် တော့ချေ။
ထိုအတွေးက သူ့အား ကြောက်လန့် လာစေပြီး၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်တွင်၊ လေ့လာရန် အကြောင်း အရာများ ရှိနေ သေးကြောင်း၊ သတိ ပြုမိ စေ၏။
ထို့နောက် လက်နှစ်ဖက်ကို ပုံမှန် အတိုင်း ဆန့်ထုတ် လိုက်ကာ၊ ကြယ်မိစ္ဆာ ပန်း များကို၊ ခန္ဓာကိုယ် အတွင်းသို့ ပြန်၍ ရုတ်သိမ်း သည်။
သည့်နောက် လောဟွာထံ လှမ်းကြည့် လိုက်မိသည်။ ပိုးပဝါ နောက်ကွယ်၌ သူမ ပြုံး နေမည်ကို၊ လင်းယွန် သိ၏။
ပြီး ခရမ်းငယ်ထံ လှည့်ကြည့် မိသည်။ အထင် သေးသော အသွင်ဖြင့် မဲ့ပြုံး ပြုံးကာ၊ ကြည့်နေ၏။ ‘မလာဖူး၊’ ဟု ငြင်းဆိုထား သော်လည်း၊ သူမ လာခဲ့သည်။
ထို့နောက် အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊ သူနှင့် ရင်းနှီး သူတိုင်းအား တစ်ချက် ကြည့်ကာ၊ ခေါင်းညိတ် လိုက်သည်။
“ တပည့် လင်းယွန်က ဂိုဏ်းချုပ်ကို နှုတ်ဆက် ပါတယ်။ ”
အဆုံးတွင် ဂိဏ်းချုပ်ထံ ပျံသန်း သွားပြီး၊ နှုတ်ဆက် လိုက်သည်။ ယင်းက သူ့ သဘောကို ထုတ်ဖော် ပြသရာ ရောက်ချေပြီ။
“ ဒုန်း ... ။ ”
ထိုအတည်ပြု ချက်က တပည့် တိုင်းကို မြေပြင်ပေါ်၊ ဒူးတစ်ဖက် ထောက်ကျ သွားစေ တော့၏။
“ ဒုန်း ... ဒုန်း ... ။ ”
“ ကောင်းကင် ဝိညာဉ် နယ်ပယ်ရဲ့၊ ကန့်သတ် ချက်ကို ရောက်သွားတဲ့ ... ၊ စီနီယာ အစ်ကို လင်း အတွက်၊ ဂုဏ်ယူ ပါတယ်။ ”
***