နတ်ကြယ် ပန်းများ။
Vol. 84 Ch. 1171
“ ဒုန်း ... ။ ”
သောင်းနှင့် ချီသော လူများ တစ်ပြိုင် နက်တည်း၊ ဒူးတစ်ဖက် ထောက်ချ လိုက်သည့် မြင်ကွင်းက၊ လင်းယွန်ကို တုန်လှုပ် စေသည်။
“ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်ကို ရောက်ရှိ သွားတဲ့၊ စီနီယာ အစ်ကို လင်း အတွက်၊ ဂုဏ်ယူ ပါတယ်။ ”
ပယင်း ကမ္ဘာရှိ၊ ကောင်းကင်ဘုံ ဓားနန်းတော်သို့ ပြန်ရောက် သွား သလိုမျိုး၊ သူ့နှလုံး သွေးများ ပွက်ပွက်ဆူ လာ၏။
မဟာချင် အင်ပါယာ၌ ဓားနန်းတော်၏ ဂုဏ်သတင်းကို ကာကွယ် ပေးသော အခါတွင်၊ ‘စီနီယာ အစ်ကို လင်း၊’ ဟု တပည့် တိုင်းက ခေါ်ကြသည်။
သူ့ အသက်မှာ (၂၀) ပြည့်ရန်၊ (၆) လခန့် လိုပေ သေးသည်။ ထို့ကြောင့် ဤ မြင်ကွင်းက သူ့အား ရူးသွပ်စေ သည်မှာ သဘာဝ ဖြစ်၏။
“ ကောင်းကင် အဆင့်က တပည့် လင်းယွန်ကို၊ ဒီလို ဂုဏ်ပြုတဲ့ အတွက်၊ အားလုံး ပဲ ကျေးဇူး တင်ပါတယ်၊ အနာဂတ်မှာ တိမ်လွှာ ဓားဂိုဏ်း အတွက်၊ ငါ တွန့်ဆုတ် နေမှာ မဟုတ် ပါဘူး။ ”
“ တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့်ကြီး ယဲ့ဇီလင်မှ၊ ဂျူနီယာ မောင်လေး လင်းယွန်ကို ဂုဏ်ပြု ပါတယ်။ ”
“ ကျေးဇူး တင်ပါတယ်၊ အစ်မ ယဲ့။ ”
“ ဟား ... ဟား ... ဟား ... ။ ”
ကျေနပ်သော ရယ်မောသံ နှင့်အတူ၊ ဂိုဏ်းချုပ်က၊
“ ငါ့ မျက်လုံး တွေက၊ ငါ့ အပေါ် သစ္စာ မဖောက်ဘူး၊ လင်းယွန် ... မင်းက တကယ့်ကို ထက်ရှတဲ့ ဓား တစ်လက်ပဲ။ ”
-ဟု ချီးကျူး လိုက်လေသည်။ သို့သော် သူ့ ဆရာ သခင် ကြောင့်ဟု ဆိုပါက၊ ပိုမှန် ချေ၏။
“ ကျေးဇူး တင်ပါတယ်၊ ဂိုဏ်းချုပ်ရဲ့ ထောက်ပံ့မှုသာ မရရင်၊ ဒီလို အောင်မြင် နိုင်မှာ မဟုတ် ပါဘူး။ ”
လင်းယွန်မှ တုန့်ပြန် လိုက်သည်။ အဘယ်ကြောင့် ဆိုသော် သွေးမီးတောက် မှော်နဂါး မူလ ကျောက်တုံးသည်၊ အရေး ကြီးသော ကဏ္ဍ၌ ရှိနေ၏။
သည့်အပြင် နဂါး သွေးရည် ကြည်နှင့်၊ ကြယ်ဝိညာဉ် တောင်တန်း သည်လည်း အပါ အဝင် ဖြစ်လေသည်။
“ ဒါက ငါနဲ့ မဆိုင် ပါဘူး ... ၊ ပြင်ပ အကူ အညီ အချို့သာ၊ ငါပေးခဲ့ တာပါ ... ၊ ကြိုးစားချင် စိတ် မရှိရင်၊ မအောင်မြင် ပါဘူး။ ”
ဂိုဏ်းချုပ်မှ ပြုံးလျက် ငြင်းဆန် လိုက်၏။ လင်းယွန်က ပြန်လည်၍ ငြင်းခုန်ခြင်း မရှိချေ။ သည်ကျေးဇူး တရားကို သူ့ နှလုံးသား ထဲ၌၊ ရေးထွင်း ထားပြီး ဖြစ်သည်။
အနာဂတ်တွင် ဂိုဏ်းချုပ် သည်သာ အကူ အညီ လိုအပ် ပါက၊ အစွမ်းကုန် ကြိုးစား ပေးရန် တေးမှတ် ထား၏။
သည့်နောက် ဂိုဏ်းချုပ်က အင်ပါ ရီယန် နယ်ပယ်သို့၊ ဝင်ရောက်ခြင်း မပြုမိ စေရန် သတိ ပေးခဲ့သည်။
ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်နှင့်၊ အကျွမ်း တဝင် ရှိလာရန်၊ အချိန် အနည်းငယ် နေစေ လိုခြင်း ဖြစ်၏။
၎င်းနယ်ပယ်နှင့် ပတ်သတ်ပြီး၊ သူ့တွင် အတွေ့ အကြုံ မရှိ သဖြင့်၊ ကိုယ့်ကိုယ် ကိုသာ အားကိုးရန် အထူး မှာကြား လာသည်။
လင်းယွန်၏ အုတ်မြစ် အရ၊ အင်ပါ ရီယန်သို့ ဝင်ရန် ဆန္ဒ ရှိသော်၊ ကြယ်စင်စု အဆင့်ထိ၊ ရောက်ရှိ နိုင်လေသည်။
အင်ပါရီယန် နယ်ပယ်တွင် အဆင့်သေး နှစ်ဆင့်ကို၊ တက်လှမ်း နိုင်ခြင်းသည်၊ လူတိုင်း လုပ်နိုင်သော အရာ မဟုတ်ချေ။
ကောင်းကင် ဝိညာဉ် နယ်ပယ်တွင် အချိန် အတော်ကြာ ပိတ်မိ နေသဖြင့်၊ စိတ်ပင်ပန်း ခဲ့ရ သည်။
မည်မျှပင် အရည် အချင်း ရှိပါစေ၊ နယ်ပယ် တစ်ခုလုံး မြင့်မားသော ရန်သူကို ရင်ဆိုင် ရာ၌၊ လင်းယွန် တစ်ယောက် လုပ်နိုင်စရာ သိပ် မရှိ ခဲ့ချေ။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ လဲ့ယင်ကို သတ်နိုင်ခဲ့ သည်မှာ၊ ကံကောင်း သွားခြင်း ဖြစ်သည်။
ဥပမာ အားဖြင့် လဲ့ယင်သာ သူ၏ ကြယ်စင်စုကို ထုတ်နိုင် ခဲ့သော်၊ ရလာဒ် ပြောင်းသွား နိုင်လေသည်။
၎င်းနှင့် ပတ်သတ်ပြီး၊ ရှင်းရှင်း လင်းလင်း နားလည် ထားပေ၏။ ကျင့်ကြံမှုမှာ သူ့ ခွန်အား ကို ကန့်သတ် ထားချေပြီ။
ထို့ကြောင့် အင်ပါ ရီယန် နယ်ပယ်ကို တက်ရောက်ရန် စိတ်ကူး မိသည်။ သို့သော် အလျင် စလို မလုပ်မိ စေရန်၊ ဂိုဏ်းချုပ်မှ သတိပေး နေသည်။
“ ငါ အရင်က ပြောခဲ့ တာကို၊ မင်း မှတ်မိ သေးလား၊ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ရောက်တဲ့ အခါ၊ မင်း ဆီက အကူ အညီ တောင်းစရာ၊ တစ်ခု ရှိတယ် ဆိုတာ … ။ ”
“ ဟုတ်ကဲ့ ... မှတ်မိ ပါတယ်၊ ပြောပါ ... ။ ”
ကတိကို မမေ့ သဖြင့်၊ လင်းယွန်မှ ဂိုဏ်းချုပ်အား ခေါင်းညိတ်ပြ လိုက်သည်။
“ ကောင်းပြီ ... ၊ လဝက် နေရင် ... ၊ ငါနဲ့ လာတွေ့ပါ။ ”
-ဟု ဂိုဏ်းချုပ်မှ ပြုံးလျက် ဆိုပြီး၊ တပည့်များ အားလုံးကို လူစု ခွဲရန်၊ အချက်ပြ လိုက်တော့ သည်။
ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိသွား ခြင်းသည်၊ ဂိုဏ်းကို သုံးရက်ကြာ သည်အထိ၊ ရုတ်ရုတ် သဲသဲ ဖြစ်စေ ခဲ့၏။
လူတိုင်းကို လက်ခံ တွေ့ဆုံ ပေးခဲ့ သော်လည်း၊ အချိန်ကြာ လာ သည်နှင့် အမျှ၊ လင်းယွန် အတွက် အနှောက် အယှက် ဖြစ်လာပြီး၊ ပုန်းနေ ရတော့သည်။
သို့မှသာ လူတိုင်း သူ့ကို မနှောက်ယှက် တော့ရန်၊ သတိဝင် လာကုန်သည်။ လင်းယွန် အတွက်မူ၊ ခြောက်လခန့် ခံစားနေ ခဲ့ရသော စိတ် ဖိစီး မှုများ၊ ကွယ်ပျောက် သွားသည်။
ကြယ်မိစ္ဆာ ပန်း၊ တိမ်လွှာဓား (၁၃)ကွက်နှင့် တိမ်လွှာဓား သုတ္တန်ကို နေ့တိုင်း လေ့ကျင့် နေမိ ၏။
တိမ်လွှာဓား (၁၃) ကွက်၏၊ နောက်သုံး ဓား(၃) ကွက်ကို လေ့ကျင့် ရာတွင်၊ ပြဿနာ အချို့ ကြုံတွေ့ နေဆဲ ဖြစ်သည်။
၎င်းအား သရုပ်ဖော် အဆင့်သို့ ရောက်ရှိ လိုသဖြင့်၊ ရည်ရွယ်ချက် အမှန်ကို ရှာဖွေ ရပေ မည်။
“ ဟိတ် ... ။ ”
ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့် လုံးကို၊ တောက်လောင် စေပြီးနောက်၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။
သူ့ ခန္ဓာကိုယ် ထဲမှ၊ ထွက်လာသော ရောင်ဝါမှာ၊ ကြယ်အဆင့် အထွတ် အထိပ် နီးနီး၊ မြင့်တက် လာခဲ့၏။
“ ဗျစ် ... ဗျစ် ဗျစ်။ ”
ကြယ်မိစ္ဆာ ပန်းများ လောင်ကျွမ်း စေခြင်းဖြင့်၊ မူလ စွမ်းအင်များ သိသိ သာသာ ကြီးထွား လာသည်။
ယခင် ပန်းများ လောင်ကျွမ်း ချိန်၌၊ ခွန်အားကို (၃) ဆသာ မြှင့်တင် နိုင်သော်လည်း၊ ယခုမူ (၇) ဆ အထိ၊ မြှင့်တင် နိုင်၏။
ထို့အပြင် ၎င်းတို့ လောင်ကျွမ်း ချိန်၌၊ သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်အား အလွန် သန်မာ စေသည်။
ဆိုလို သည်မှာ၊ ကြယ်မိစ္ဆာ ပန်းများ စုံပြီးနောက်၊ လှုပ်ရှားမှု နည်းစနစ်၊ ရုပ်ခန္ဓာ သန်စွမ်း မှုနှင့်၊ ဓား ရည်ရွယ်ချက် တို့ကို ထောက်ပံ့ ပေးလေသည်။
“ ဝှစ် ... ။ ”
ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ လက်သီး တစ်ချက် ပစ်လွှတ် လိုက် သဖြင့်၊ နဂါးလေးမှာ ပြန်ဆုတ် သွားရသည်။
ထိုအချိန်၌ လင်းယွန်မှာ လေထု အလယ် မျက်လုံးမှိတ် လျက်ဖြင့်၊ နဂါးလေးအား ပြန်၍ တွန်းထုတ် လိုက်ခြင်း ဖြစ်၏။
“ ဝုန်း ... ။ ”
ဤသို့ဖြင့် နဂါး လေး၏ တိုက်ခိုက်မှု ဆယ်ကြိမ်ကို၊ အလွယ် တကူ ကာကွယ်နိုင် ခဲ့သည်။
“ ဂါး ... ။ ”
အဆုံးတွင် နဂါး မျောက်ဝံ ပုံစံကို ခံယူကာ၊ ကောင်းကင်မှ ခုန်ချ လာခဲ့သည်။ ကောင်းကင် တခွင် မှောင်မိုက် သွားကာ၊ ကြောက်မက်ဖွယ် ကောင်းသော၊ ရေဝဲ တစ်ခု ဖြစ်ပေါ် လာ၏။
လင်းယွန်က ရုတ်တရက် မျက်လုံးဖွင့် ကြည့်ပြီး၊ နဂါး အမှတ် အသားကို အသက်သွင်း လိုက်သည်။
မူလ စွမ်းအင် များနှင့် ထောက်ပံ့ ပေး ထားသော၊ မိုးကြိုး မုန်တိုင်း တစ်စင်းက၊ သူ့ ခန္ဓာအား ချက်ချင်း ဖုံးလွှမ်း ပေးလာသည်။
“ ဝုန်း ... ။ ”
လင်းယွန် တစ်ယောက် ဓား ရည်ရွယ် ချက်ကို မသုံးဘဲ၊ သူ့အား ပြန်၍ တွန်းထုတ် နိုင် သဖြင့်၊ နဂါးလေး ခမျာ အံ့ဩ သွားသည်။
လွန်ခဲ့သည့် ခြောက်ရက် လုံးလုံး၊ သူ၏ တိုက်ခိုက်မှု များကို ခံနိုင်ရည် ရှိရန်၊ ၎င်းအား လင်းယွန်မှ အားကိုး ခဲ့ရသည်။ ယခု မလိုအပ် တော့ပုံ ရ၏။
“ မင်း ... ရှေးဟောင်း နဂါး မျောက်ဝံ့ ပညာရပ်ကို၊ အပြည့် အ၀ ဖြန့်ကျက် မထားဖူး မဟုတ်လား၊ ဒါကြောင့် ငါ့ရဲ့ ခွန်အား ကိုလည်း၊ အပြည့် အ၀ မသုံးဘူး။ ”
လင်းယွန်မှ ပြုံးကာ ရှင်းပြ လိုက်၏။ သူ့ အနေဖြင့် ကြယ်မိစ္ဆာ ပန်းများကို အကုန် အစင် မထုတ် ခဲ့ချေ။
ထိုပန်း များကို အသုံးပြု ရာတွင်၊ မူလ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံး သောကြောင့်၊ နောက်ဆုံး အားကိုးရာ ဖြစ်သည်။
ထို့အပြင် ပေါက်ကွဲသွား ပါက၊ ပြန်လည် ကောင်းမွန် လာရန်၊ အချိန် အကြာကြီး စောင့်ရ ဦးမည် ဖြစ်သည်။
ခရမ်းငယ်က ကောင်းကင် ဝိညာဉ်၏ ကန့်သတ် ချက်ကို အနည်းငယ် ပြောပြ ခဲ့သည်။ ဂိုဏ်းချုပ်နှင့် ယှဉ်ပါက၊ ပို၍ နားလည် နေ၏။
ရှေးဦးခေတ်၌ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ ခဲ့သော ပါရမီရှင် များမှာ၊ ကြယ်မိစ္ဆာ ပန်းများကို (၇) ပွင့်သာ ကျန်သည် အထိ၊ ပေါင်းစပ် ပစ်သည်။
ထိုအဆင့်တွင် ကောင်းကင် (၃၆) လွှာရှိ၊ နတ်မီးတောက် ပါရှိ သဖြင့်၊ ‘နတ်ကြယ် ပန်း၊’ အဖြစ်၊ ခေါ်ဆို ကြ၏။
နတ်ကြယ်ပန်း တစ်ပွင့်တွင်၊ နဝမတန်း သူတော်စင် ရူရ်များ ပါရှိသော၊ ပွင့်ချပ် (၄၇)လွှာ ပါရှိ သည်။
ထိုပွင့်ချပ် တစ်ချပ်သည်၊ သူတော်စင် တစ်ပါးကို သတ်နိုင်မည် ဖြစ်ပြီး၊ နတ်ကြယ်ပန်း တစ်ပွင့် လုံးမှာ၊ ကြယ် တစ်လုံးအား၊ ဖျက်ဆီး နိုင်မည် ဖြစ်သည်။
(၇)လွှာ နတ်ကြယ် အစီရင်ကို၊ ဖွဲ့စည်း နိုင်ပါက၊ ပို၍ပင် မယုံ နိုင်စရာ ကောင်းသော စွမ်းအား မျိုး၊ ပိုင်ဆိုင်လာ နိုင်၏။
ထိုစကားကို ကြားသော အခါတွင်၊ အံ့အားသင့် သွားပြီး၊ ခရမ်းငယ်အား ပြန်မော့ ကြည့်လိုက် မိသည်။
“ ဟမ့် ... ၊ နဂါးလေးကို ဘယ်လို အနိုင် ကျင့်ရ မလဲ ဆိုတာပဲ နင်သိတယ် မဟုတ်လား၊ နဂါးလေးက နင့်ကို ညှာ နေတာ၊ ဒီလောက် အထိ ဘဝင်မြင့် မနေနဲ့။ ”
ခရမ်းငယ်မှ မကျေ မနပ်ဖြင့် ဆို၏။ ကြယ်မိစ္ဆာ ပန်း များရှိ မီးတောက် များကို၊ ငြိမ်းသတ် လိုက်ပြီး၊ ဂိုဏ်းချုပ်၏ မှာကြား ချက်အား၊ ပြန်ပြောပြ လိုက်သည်။
“ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်ကို ရောက်ရှိ ခြင်းက၊ ဒီနယ်ပယ်မှာ ပြိုင်ဘက် မရှိ လို့၊ ပြောလိုက် တာနဲ့ အတူတူပဲ၊ ...
... နင့်ရဲ့ အလား အလာကို အပြည့် အဝ တူးဖော် နိုင်ရုံသာ မကဖူး၊ ခွန်အား ကိုလည်း၊ အဆ ပေါင်း များစွာ မြှင့်တင် နိုင်တယ်။ ”
ခရမ်းငယ် စကားကြောင့်၊ လင်းယွန်က အင်ပါ ရီယန် နယ်ပယ်ကို၊ ကျော်ဖြတ် လိုသော သူ့ အတွေးများ အပေါ်၊ ရှက်ရွံ့ သွားသည်။
“ ဒါပေမယ့် ... နတ်ဘုရား အသွေးတော် အရွက်ကို သန့်စင်ပြီး၊ အင်ပါ ရီယန် နယ်ပယ် ထဲကို၊ ဝင်ရောက် သင့်တယ် ... ၊
... ဒါမှ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်က လူတိုင်းကို ... ၊ အနိုင် ယူဖို့ လုံလောက် လိမ့်မယ် ... ။ ”
ခရမ်းငယ် စကားက လင်းယွန်ကို တိတ်ဆိတ်သွား စေသည်။ နောက်ဆုံးတွင် အသက် ကန့်သတ်ချက် မရှိ သဖြင့်၊ မြေခွေး အိုကြီး များစွာ ရှိနေမည် ဖြစ်သည်။
ထို့ကြောင့် ထိပ်တန်း (၁၀၀၀၀) အတွင်း ဝင်နိုင်သူ များမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိနေ နိုင်ချေ၏။
သည့်အပြင် ဤသည်မှာ၊ အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေသာ မက၊ ခွန်လွန် ဘုံ၏ အဆင့် သတ်မှတ် ချက်လည်း ဖြစ်သည်။
“ ဂိုဏ်းချုပ်က ... ၊ ငါ့ကို ဘာ အတွက် လိုအပ် မယ်လို့ မင်း ထင်လဲ။ ”
ဂိုဏ်းချုပ်ပင် မစွမ်းဆောင် နိုင်သော အချင်းအရာ မျိုးသာ ဆိုသော်၊ သူ လုပ်နိုင် မည်ဟု ယုံကြည်ချက် မရှိချေ။
“ အဲဒီ အဖိုးကြီးက ကြောက်စရာ ကောင်းတယ်၊ အမြဲတမ်း အကြံ အစည် တွေနဲ့ ပြည့်နေတဲ့ မျက်နှာမျိုး၊ သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် တစ်ခုမှ မရှိ နိုင်ဘူး၊ သူ့ သမီး လည်း အတူတူပဲ။ ”
ခရမ်းငယ်မှ ပြန်ဖြေ သည်။
“ ယဲ့ဇီလင်ကို မကောင်း မပြော ပါနဲ့။ ”
“ ဟမ့် ... ၊ ရွံ့စရာ ကောင်း လိုက်တာ၊ မင်းငါ့ကို တားရဲ တားကြည့်၊ ငါ သူ့ကို လက်ညိုး တစ်ချောင်း တည်းနဲ့၊ အသေသတ် ပြမယ်။ ”
“ ငါ မတား ပါဘူး။ ”
လင်းယွန်က ပြုံးလျက် ခေါင်းညိတ် ပြ၏။
“ ဒါဆို သူ့ကို သွားသတ် ရအောင်။ ”
ထို့စဉ် တစ်စုံ တစ်ဦး နေအိမ်သို့ ချဉ်းကပ် လာသည်ကို ခံစား လိုက်ရ သဖြင့်၊ လင်းယွန်မှ ပြုံးကာ၊
“ မလို တော့ဘူး၊ သူ ရောက်လာပြီ။ ”
“ ဘယ် သူ လဲ ... ။ ”
“ ယဲ့ ဇီ လင် ... ။ ”
“ … ”
ခရမ်းငယ် မျက်နှာမှာ၊ ဖြူဖျော့ လာပြီး၊ ဓားသေတ္တာ အတွင်းသို့၊ ချက်ချင်း ပြေးဝင် သွား လေသည်။ ထိုအပြု အမူက လင်းယွန်ကို ပြုံးမိ စေ၏။
***