← Chapters

ငါ နင့်ရဲ့ အကူအညီ လိုတယ်။

Vol. 84 Ch. 1172

ငါ နင့်ရဲ့ အကူအညီ လိုတယ်။

Vol. 84 Ch. 1172

များမကြာခင် ယဲ့ဇီလင်နှင့် ဝမ်ယုဝါတို့ ရောက်ရှိ လာသည်။ လင်းယွန်အား မြင်သည် နှင့် ဝမ်ယုဝါ မျက်နှာမှာ တောက်ပ လာပြီး၊

“ စီနီယာ အစ်ကိုလင်း ... ။ ”

-ဟု နှုတ်ဆက် တော့၏။

“ မင်း ... အရွယ်ရောက် နေပြီ၊ ကိုယ့်ကိုယ်ကို သတိထားဦး။ ”

“ ဟမ့် ... မထားဘူး၊ စီနီယာ အစ်ကို လင်းသာ အတော် ဆုံးပဲ။ ”

ဝမ်ယုဝါမှ ပြုံးလျက် ပြောလိုက်၏။ ဤနေရာ၌ အစ်မ ယဲ့မှ လွဲ၍၊ မည်သူမျှ မရှိ သဖြင့်၊ ဂရုစိုက် နေစရာ မလိုချေ။

အစ်ကို လင်းသည် သူမ အတွက်၊ ဖြူစင်သော အစ်ကို တစ်ယောက် ဖြစ်၏။

“ သူပဲ ... ငါ့ကို အတင်း ခေါ်လာတာ။ ”

ယဲ့ဇီလင်မှ ပြုံးလျက် ဝင်ပြော လိုက်သည်။

“ မဟုတ် ပါဘူး၊ အိုး ... ကလေး လေး။ ”

နဂါလေးအား မြင်သွားပြီး၊ ဝမ်ယုဝါ တစ်ယောက် အာရုံပြောင်း သွားသည်။ ပြုံးရွှင် နေသော အသွင်နှင့်၊ အပြေး ပွေ့ချီ တော့၏။

ယဲ့ဇီလင်နှင့် သူ့အား အချိန် ရစေရန်၊ ဝမ်ယုဝါမှ ဖန်တီး နေခြင်း ဖြစ်ကြောင်း၊ မည်သူ မဆို ပြောနိုင် လေသည်။

သို့သော် နှစ်ယောက် လုံးက၊ ယင်းကို စိတ်မဝင် စားချေ။

“ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်ကို ရောက်ပြီး တဲ့နောက်၊ မင်းရဲ့ စိတ်နေ စိတ်ထား တွေက၊ ပြောင်းလဲ လာပုံပဲ၊ ဘုရင် တစ်ပါး လိုမျိုး၊ ခံစား မိစေတယ်။ ”

ယဲ့ဇီလင် စကားကြောင့်၊ လင်းယွန်မှ ပြုံး လိုက်သည်။

“ တခြားလူ တစ်ဦး ကသာ ပြောခဲ့ရင်၊ ယုံမိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ... မင်းကိုတော့ ငါ ယုံတယ်။ ”

လင်းယွန်က ယဲ့ဇီလင် အတွက် ထိုင်ခုံ တစ်လုံး ပြင်ဆင်ပေး လိုက်သည်။ ယဲ့ဇီလင်မှ အခန်း အတွင်း ဝေ့ကြည့်ကာ၊

“ ခရမ်းငယ် ဘယ်သွားလဲ၊ ငါ သူ့ကို တောင်းပန် ချင်တယ်။ ”

“ ဟား ... ဟား ... ဟား ... စိတ်ချ၊ နောက်တစ်ခါ မင်း ရောက်လာရင်၊ ငါ ပြောထား လိုက်ပါမယ်၊ မင်း လာမယ် ဆိုတာ သူ သိရင်၊ ဝမ်းသာ သွားမှာ သေချာတယ်။ ”

ဓားသေတ္တာ ထဲတွင်၊ ပုန်းအောင်း နေသော၊ ခရမ်းငယ်မှာ၊ ကြောက်ရွံ့ တုန်လှုပ် နေသည်ကို သိသဖြင့်၊ လင်းယွန်က ရယ်မော လိုက်သည်။

“ ငါ ... ၊ နင့် အကူ အညီ လိုတယ်။ ”

ယဲ့ဇီလင်မှ စကားစ လာ၏။ သူမ အကျင့် စရိုက် အရ၊ တစ်စုံ တစ်ဦး ထံမှ အလွယ် တကူ၊ အကူ အညီ တောင်းမည် မဟုတ် ကြောင်း၊ လင်းယွန် သိသည်။

“ ပြော ပါ ... ။ ”

“ ဂိုဏ်းကို ကိုယ်စား ပြုပြီး၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲမှာ၊ ပါဝင် စေချင်တယ်၊ အမှန်တော့ တိမ်လွှာဓားကို၊ သင်ပေး ပြီးထဲက၊ ငါ နင့်ကို ဒုက္ခ မပေးသင့် တော့ဘူး၊ ဒါပေမယ့် ...

... တကယ် ခက်ခဲ လာလို့ပဲ၊ အခုက ဂိုဏ်းကြီး လေးဂိုဏ်းသာ မကဖူး၊ မိစ္ဆာဂိုဏ်း တွေပါ၊ ပါဝင် လိမ့်မယ်၊ ပြီးတော့ ချန်ပီယံ ဖြစ်မှသာ၊ ဆက်ပြီး နေနိုင်မယ်။ ”

ထိုစကားကို ကြားသော အခါ၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွား၏။ အပြာရောင် စံအိမ် နယ်မြေ၏ အာဏာကို၊ တစ်စုံ တစ်ဦးမှ အပြောင်း အလဲ လုပ်ချင် နေပုံ ရသည်။

“ ပြဿနာ မရှိ ပါဘူး၊ ကူညီပေး ပါမယ်။ ”

လင်းယွန်က မဆိုင်း မတွ ပြန်ဖြေ၏။ ထို့ကြောင့် ယဲ့ဇီလင်မှာ ဝမ်းသာ သွားလေသည်။ လင်းယွန် သည် ကောင်းကင် ဝိညာဉ်၌ ရှိနေဆဲ ဖြစ် သော်လည်း၊ ကန့်သတ် ချက်သို့ ရောက်ရှိ နေသူ တစ်ဦး ဖြစ်သည်။

အလိုရှိ ပါက အင်ပါ ရီယန် အတွင်း၊ အချိန် မရွေး ဝင်ရောက် လာ နိုင်၏။ ယင်းက ပြိုင်ပွဲ၌ ချန်ပီယံ ဖြစ်ရန်၊ အခွင့် အလမ်း များစွာ ရှိစေသည်။

“ ကျေးဇူး တင်ပါတယ် ... ၊ အနာဂါတ်မှာ အကူ အညီ လိုခဲ့ရင် ... နင်ငါ့ကို လာရှာပါ၊ ဘယ် နေရာ ရောက်ရောက်၊ ငါ လာခဲ့ ပါမယ်။ ”

“ ဟား ... ဟား ... ဟား ... ၊ ဒီလောက်လည်း အလေး အနက်ထား နေစရာ မလို ပါဘူး။ ”

လင်းယွန်က တုန့်ပြန် လိုက်သည်။ တိမ်လွှာ ဓားဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်သဖြင့်၊ ဂိုဏ်းကို ကူညီရ မည်မှာ၊ သဘာဝ ပေပင်။

ထို့အပြင် ဤပြိုင်ပွဲ အပေါ်၊ ယဲ့ဇီလင် တစ်ယောက် မည်မျှ အလေး အနက် ထားသည် ကိုလည်း၊ သူ သိ၏။

အရည် အချင်းနှင့်၊ မျိုးဆက်သွေး အရ၊ ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေသို့၊ သူမ သွားသင့် သည်မှာ ကြာပြီ ဖြစ်သည်။

အပြာရောင် စံအိမ်၌ ရှိနေ ခြင်းသည်၊ အချိန်ကို ဖြုန်းတီး ခြင်းသာ ဖြစ်၏။

“ အမှန် ဆိုရင် ... ၊ မင်း မိန်းကလေး လောဟွာနဲ့၊ စကား ပြောကြည့် သင့်တယ်။ ”

လင်းယွန်မှ အကြံပြု လိုက်သည်။ လောဟွာမှာ သန်မာ သဖြင့်၊ သူမသာ ကူညီမည် ဆိုသော၊ ချန်ပီယံ ဖြစ်နိုင်ချေ မြင့်မား၏။

“ သူ ... ကူညီမှာ မဟုတ်ဘူး၊ နောက်ပြီး ... ငါ သူ့ကို သဘော မကျဘူး။ ”

ယဲ့ဇီလင်မှ တစ်ချက် မစဉ်း စားဘဲ၊ ပြန်ပြော လာသည်။

“ ဒါဆို ... မင်း ငါ့ကိုတော့ ... ၊ သဘောကျ တယ်ပေါ့။ ”

“ ဟုတ် တယ်။ ”

ယဲ့ဇီလင်က မဆိုင်း မတွပင် ဝန်ခံ လိုက်၏။ သို့သော် လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးကို မြင် ပြီးနောက်၊ ‘ အဲဒီလို မတွေးနဲ့၊’ ဟု ပြုံးကာ ဆက်ပြော သည်။

“ ကောင်းပြီ ... ငါ နားလည်တယ်၊ ငါလည်း အတူတူပဲ။ ”

“ ဒါဆို ... မင်း ကတိကို၊ ငါမှတ်ထား လိုက်မယ်၊ လဝက် အတွင်း အပြာရောင် စံအိမ် နယ်မြေကို သွားမယ်၊ မမေ့ ပါနဲ့။ ” “ စိတ်ချ ပါ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ စကား စမြည် အနည်းငယ် ပြောပြီးနောက်၊ နှစ်ဦးသား ပြန်လည် ထွက်ခွာ သွားကြသည်။

“ စီနီယာ အစ်မ ... ၊ အခြေ အနေ ဘယ်လို ရှိလဲ။ ”

“ အဆင်ပြေ ပါတယ်၊ သူ့ရဲ့ အကျင့် စရိုက်အရ၊ ဒါကို သေချာပေါက် သဘော တူမယ် ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ...

... ဒီလောက် လွယ်လိမ့်မယ် လို့တော့ ... ၊ မထင် ထားတာ အမှန် ... ၊ အရင်က ငါ သူ့ပေါ် နားလည်မှု လွဲခဲ့ ပုံပဲ။ ”

“ ဟမ့် ... ဒါတော့ ဟုတ်တယ်၊ အစ်မယဲ့ မှားတယ်၊ စီနီယာ အစ်ကို လင်းက လူကောင်း တစ်ယောက် ဆိုတာ၊ မြင်ထဲက ယုဝါ သိတယ်။ ”

“ သူနဲ့ ပတ်သတ်ပြီး၊ အကြွေးတွေ အရမ်းများ နေပြီ၊ ဘယ်တော့ ပြန်ဆပ် နိုင်မလဲ ဆိုတာ၊ ငါ မသိ နိုင်ဘူး။ ”

ယဲ့ဇီလင်မှ သက်ပြင်း ချကာ ပြောသည်။

“ လွယ်လွယ် လေးကို ... ၊ အစ်မတို့ နှစ်ယောက် တွဲလိုက်၊ တွဲလိုက်ရင် ပြန်ဆပ် စရာ မလိုတော့ ပါဘူး။ ”

“ ဒေါက် ... ။ ”

ယဲ့ဇီလင်က အပြု အမူဖြင့် ပြန်ဖြေသည်။ ဝမ်ယုဝါမှာ လျှာတစ်လစ် ဖြစ်သွားပြီး၊ အခေါက် ခံရသော နဖူးကို၊ ပွတ်သပ် လိုက်ကာ၊

“ အစ်မတို့ ပြောနေတာ ကြားပါတယ်၊ တစ်ယောက်ကို တစ်ယောက် သဘော ကျတယ် ဆိုပြီးလေ။ ”

“ ဒါက အမူ အကျင့်တွေ တူတယ်လို့ ပြေချင်တာ၊ နောက်တစ်ခါ ထပ်ပြောရင် ... ငါ မင်းနဲ့ သဘောတူ ရလိမ့်မယ်။ ”

“ မဖြစ် နိုင်ဘူး၊ ယုဝါက ကလေးပဲ ရှိ သေးတယ်။ ”

ဝမ်ယုဝါ မျက်နှာမှာ ချက်ချင်း နီရဲ သွားတော့သည်။

ထိုအချိန်တွင် ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်လာပြီး၊

“ သူက ထင်သလောက် မဆိုး ပါဘူး။ ”

-ဟု ပြောလာ တော့၏။

“ ဟုတ်တယ် မဆိုးဘူး၊ မင်းက ချော လွန်းတော့၊ ဆိုးသွမ်းတဲ့ လူတွေ အနိုင်ကျင့် မှာကို၊ သူ စိုးရိမ် သွားတာပါ။ ”

“ ဒါတော့ အမှန်ပဲ၊ ငါက လှတယ်၊ ငါ့ရုပ်ရည်ကို ဘယ်သူမှ ယှဉ်လို့ မရဘူး၊ ဒါနဲ့ နင်က သူ့ကို ...

... တကယ် ကူညီ မှာလား၊ အချိန် မမီရင် ဘယ်လို လုပ်မလဲ၊ အဖိုးကြီးကို ကတိ ပေးထား တာ ကိုလည်း မမေ့ နဲ့ဦး။ ”

ခရမ်းငယ်က သတိ တရ ဆိုသည်။

“ ဒါက အကြောင်း အရာ မတူ ပေမယ့်၊ အရမ်း တိုက်ဆိုင် နေသလိုပဲ ... ၊ ဘာပဲ ဖြစ်ဖြစ် ဂိုဏ်ချုပ် ဆန္ဒ ကိုလည်း၊ ဖြည့်ဆည်း ပေးရမယ် မဟုတ်လား။ ”

“ အဲလောက် မသေချာ နဲ့ဦး။ ”

ခရမ်းငယ်မှ ပြောသည်။ လင်းယွန်က ခေါင်းစဉ် ပြောင်းလို သဖြင့်၊ သိုလှောင်အိတ်မှ သစ်သား သော့ကို ထုတ်ကာ၊

“ ဒါက ဘာသော့လဲ သိလား။ ”

-ဟု မေးလိုက်သည်။

“ ပြစမ်း ... ၊ စိတ်ဝင် စားဖို့ ကောင်း လိုက်တာ၊ သူ့မှာ မရဏ အငွေ့ အသက်တွေ ရှိ နေပါလား … ။ ”

“ ဒါက ဧကရာဇ် ကိုးပါးနဲ့ သက်ဆိုင်တယ်။ ”

တောင်ပိုင်း ဧကရာဇ်နှင့် သွေ့ရော် နက်ရှိုင်းသော ပင်လယ်အကြောင်း လင်းယွန်မှ ရှင်းပြ လိုက်သည်။

“ ဧကရာဇ် ကိုးပါး ဆိုတဲ့ ဘွဲ့ကို၊ ဘယ်သူတွေ ကများ၊ ခံယူဝံ့ ကြတာလဲ။ ”

လင်းယွန်မှ ဆက်မပြော တော့ဘဲ၊ ပလွေအား ထုတ်ယူ လိုက် သဖြင့်၊ ခရမ်းငယ်က နှာခေါင်းရှုံ့ လိုက်လေသည်။

“ ဟွန့် ... ။ ”

ကောင်းကင်ပေါ် ပျံတက် သွားသော လင်းယွန်ကို ကြည့်ပြီး၊ “ ရွံ့စရာ ကောင်းလိုက် တာ၊” -ဟု ပြောလိုက် တော့၏။

လင်းယွန်က ဗျပ်စောင်းသံ ထွက်ပေါ် နေသော၊ တောင်တန်း ထံသို့ ဦးတည် ပျံသန်း လာခဲ့ သည်။ လောဟွာနှင့် တွေ့ဆုံ ချိန်တိုင်း၊ လွတ်လပ် ပေါ့ပါးမှုကို ခံစား ရ၏။

***

All Chapters