← Chapters

တောင်ပိုင်း ဧကရာဇ်။

Vol. 84 Ch. 1173

တောင်ပိုင်း ဧကရာဇ်။

Vol. 84 Ch. 1173

တီးမှုတ်ပြီး သည်နှင့်၊ စားပွဲ ပေါ်ရှိ ဝိုင်ခွက်ကို ကြည့်ကာ၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာခဲ့သည်။

“ ထောင်စုနှစ် မီးလျှံ။ ”

“ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်သွားတဲ့ အတွက် ... ၊ ဂုဏ်ယူ ပါတယ် အစ်ကို လင်း။ ”

လောဟွာမှ ပြုံးကာ ပြောလာ လေသည်။ ထောင်စုနှစ် မီးလျှံကို အဆုံး မရှိ ထောက်ပံ့ပေး နေသဖြင့်၊ လင်းယွန်မှ ဝိုင်ပုလင်း တစ်လုံးအား ထုတ်ယူလျက်၊

“ ဒီနေ့ ... ငါတို့ ပုလင်း ဖွင့်ရအောင်။ ”

-ဟု ပြောလိုက် တော့သည်။

သူ့အိတ် ထဲ၌ နဂါးဝိုင် အမြောက် အများ ပါရှိ သော်လည်း၊ ထောင်စုနှစ် မီးလျှံကို မမီချေ။

“ ဒါက ... ဘာဝိုင်လဲ။ ”

လောဟွာမှ မေးသည်။

“ ဒီဝိုင်က နာမည်ကြီး ဝိုင်တော့ မဟုတ် ပါဘူး ... ၊ ဒါပေမယ့် ... ငါ့ အတွက် အရေး ပါတဲ့ ဝိုင်ပါပဲ။ ”

လင်းယွန်က ပြန်ဖြေ၏။

“ အိုး ... စိတ်ဝင်စား စရာပဲ။ ”

လောဟွာမှာ စူးစမ်းလို စိတ်များဖြင့် ပြုံးရယ်ကာ၊ ‘ငါ သိချင် ပါတယ်၊ ’ -ဟု ပြောလာ တော့၏။

“ ဒီဝိုင်ရဲ့ နာမည်ကို ... ၊ ဖီးနစ် ဝိုင်လို့ ခေါ်တယ်၊ သူမ ပေးခဲ့တာ၊ ငါ့မှာ ဒီတစ်လုံးပဲ ရှိတယ်၊ အခုတော့ အောင်ပွဲ ခံရအောင်။ ”

“ ဟုတ်လား ... ၊ သူဆိုတာ မင်းကို ခေါင်းစည်းကြိုး ပေးခဲ့တဲ့ ကောင်မလေး လား။ ”

လောဟွာမှ ပြုံးပြီး လင်းယွန်၏ လက်ညှိုးကို ညွှန်ပြ လာသည်။

“ ဟုတ် ပါ တယ် ... ။ ”

လင်းယွန်က ခေါင်းညိတ်ပြ လိုက်ပြီး၊

“ ဒီမှာ ... ။ ”

-ဟု ဆိုလျက် ခွက်ကို မြှောက်ပြ လိုက်၏။

“ မင်းကို ဒီဝိုင် ပုလင်း ပေးခဲ့တဲ့ ကောင်မလေးမှာ၊ အခက် အခဲတွေ ရှိလိမ့်မယ် ထင်တယ်။ ”

“ အင်း ... ရှိနိုင်တယ်၊ သူရဲ့ ဖြစ်တည် မှုက အရမ်း မြင့်တယ်။ ”

“ အို ... ဟုတ်လား၊ ဘယ်လောက် အထိ မြင့်လဲ။ ”

“ ဒီကောင်းကင် ကြီး ... ထက်တောင် မြင့်နိုင်တယ်။ ”

“ အို ... အဲ့ဒီ လောက်တောင်လား။ ”

“ ငါ ... လုပ်နေ သမျှက၊ သူ့နားမှာ ရပ်နိုင်ဖို့ ပါပဲ။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ နှစ်ယောက် သား ဝိုင်သောက်လျက် စကား ကောင်း နေမိ၏။ သည့်နောက် သစ်သား သော့ကို သတိရ သွားပြီး ထုတ်ယူလျက်၊

“ မိန်းကလေး လော၊ မင်းက သူတော်စင် မိသားစုက ဖြစ်တဲ့ အတွက်၊ ဒါကို သိနိုင် မလား။ ”

-ဟု မေးလိုက်သည်။

“ သွေ့ရော် နက်ရှိုင်းခြင်း သော့။ ”

လောဟွာမှ အံ့သြသော အသွင်ဖြင့်၊ သော့အား လှမ်းယူ လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း (၃,၀၀၀) ခန့်၌၊ ဧကရာဇ် (၉) ပါး ပေါ်ထွန်း လာပြီး၊ နတ်နဂါး အင်ပါယာကို ပြန်လည် ထူထောင် ခဲ့သည်။

သို့သော် သူတို့ တစ်ပါး စီတွင်၊ မတူ ညီသော အဆုံး သတ်များ ရှိသည်။ တောင်ပိုင်း ဧကရာဇ် ရလဒ်မှာ၊ အဆိုးဆုံး ဖြစ်၏။

ကွယ်လွန် သွားသော ဇနီး သည်ကို၊ ပြန်လည် ရှင်သန် စေလိုသည့် ဆန္ဒ များဖြင့် ပိတ်မိကာ၊ သေဆုံး ခဲ့သွားသည်။

သေဆုံး ပြီးနောက်၊ သူ့ အမေွကို ကျန်ဧကရာဇ် ရှစ်ပါး မှပင်၊ စိတ်ဝင်စား ခဲ့ကြ လေသည်။ ထို့ကြောင့် ၎င်းတပည့် ဖြစ်သော သွေ့ရော် မဟာ သူတော်စင်မှာ၊ ပစ်မှတ် ထားခြင်း ခံခဲ့ ရ၏။

အထူး သဖြင့် တောင်ပိုင်း ဧကရာဇ်၏ ဆန်းကြယ်သော ရတနာ သုံးပါးမှာ၊ မည်သူ့ကို မဆို၊ စိတ်ဝင်စား စေမည် ဖြစ်သည်။

၎င်းတို့မှာ ငရဲ တံခါးကို ဝှက်ထားသည့် ဘ၀မရဏ ပန်းချီကား၊ ကောင်းကင်ဘုံ နဂါး အရိုးနှင့်၊ ကောင်းကင်ဘုံ ဆင့်ခေါ်ခြင်း အဆောင် တို့ ဖြစ်၏။

အဆိုပါ ရတနာ သုံးပါးကို၊ တောင်ပိုင်း ဧကရာဇ်နှင့် အတူ၊ မြှပ်နှံထား သည်ဟု သတင်း ကြီးနေ ခဲ့သည်။

သို့သော် အချို့က သွေ့ရော် မဟာ သူတော်စင်၏ လက်ထဲတွင် ရှိနေသည် ဟုပင်၊ ထင်ကြေး ပေးလာ ကြသည်။

ထို့ကြောင့် တောင်ပိုင်း ဧကရာဇ်၏ သင်္ချိုင်းကို၊ ရှာ မတွေ့မည့် အတူတူ၊ သေွ့ရော် မဟာ သူတော်စင် ကိုသာ ရှာဖွေလျက်၊ ဝိုင်းအုံ တိုက်ခိုက် တော့၏။

အကျိုးဆက် အနေဖြင့်၊ ပြင်းထန်သော ဒဏ်ရာ များကြောင့်၊ သွေ့ရော် သူတော်စင်မှာ၊ သွေ့ရော် ပင်လယ်တွင် သေဆုံးသွား ခဲ့သည်။

သို့သော် သွေ့ရော် မဟာ သူတော်စင်တွင် ထိုရတနာများ မရှိဘဲ၊ အချိန်ကြာ လာသည်နှင့် အမျှ၊ လက်လျော့ ကုန်ကြသည်။

သွေ့ရော် နက်ရှိုင်းခြင်း သော့ ဟူသည်၊ ထိုမဟာ သူတော်စင်၏ သင်္ချိုင်းသို့ ဝင်ရာ၊ သော့ တစ်ချောင်း ဖြစ်ပေသည်။

တောင်ပိုင်း ဧကရာဇ်၏ ရတနာ သုံးပါး မရှိသော်လည်း၊ ၎င်း သူတော်စင်၏ အမွေမှာ၊ စိတ်ဝင်စား စရာ ကောင်းနေဆဲ ဖြစ်သည်။

“ ဒီသော့ကို ဘယ်က ရတာလဲ ... ။ ”

လောဟွာမှ သူ့ စကားကို အဆုံး သတ်ပြီး၊ မေးသည်။

“ နတ်မိစ္ဆာ မိုးကြိုးဓား ... ။ ”

“ အိုး ... ကောင်းကင်ယံ ဂိုဏ်းက စွန့်ပစ် ထားတဲ့ လူ မဟုတ်လား၊ ဒီဂိုဏ်းက လူတိုင်းကို လှည့်စားဖို့၊ ကြိုးစား နေပုံ ရတယ်။ ”

လောဟွာမှ သစ်သား သော့အား ပြန်ပေး လိုက်ပြီး၊

“ ကောင်းကင်ယံ ဂိုဏ်းက၊ ... တစ်စုံ တစ်ဦးကို၊ မဟာ သူတော်စင်ရဲ့ အမွေ အတွက် သော့ရှာဖို့၊ တာဝန် ပေးခဲ့ တယ်လို့၊ ...

... ငါ ကြားမိတယ်၊ ခုတော့ ပန်းသင်္ချိုင်းလို လူ တစ်ယောက်ကို၊ ပြိုင်ဘက် အဖြစ် ရွေးချယ် မိတဲ့ အတွက်၊ သူတို့ ကံဆိုး သွားရပြီ။ ”

“ ..... ။ ”

လောဟွာ စကားကြောင့် လင်းယွန် ခမျာ၊ အတွေးနက် သွား၏။ နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ဖြတ် ပြီးနောက်၊ သူ့အား သတ်ဖြတ်ရန်၊ လူများ စွာမှ ကြိုးစား လာကြသည်။

ထိုစဉ်က ကောင်းကင်ဘုံ ကြယ်ခန်းမ ကြောင့်ဟု ထင်ခဲ့ သော်လည်း၊ တရား ခံမှာ ကောင်းကင်ယံ ဂိုဏ်း ဖြစ်နိုင်၏။

ပန်းသင်္ချိုင်း ဟူသော အမည်ဖြင့်၊ သတိ ကြီးစွာ လှုပ်ရှားခဲ့ သည်မှာ၊ ကံကောင်း ချေေ၏။ မဟုတ်သော် တိမ်လွှာဓားဂိုဏ်း တွင် ရှိနေ လျှင်ပင်၊ အသတ်ခံ ရနိုင်သည်။

“ သွေ့ရော် ကျွန်းကို ... ၊ အဝေးက မြင်ဖူးတယ်၊ သူတော်စင် တွေတောင် ... ၊ သူ့ အနား ကပ်ဖို့ မလွယ်ဘူး။ ”

လင်းယွန်မှ ပြောလိုက်သည်။

“ နဝမတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တွေက၊ နက္ခတ်တွေကို ကြည့်ပြီး၊ အနာဂတ်ကို မြင်နိုင်တယ်၊ သူတို့က သွေ့ရော် ကျွန်းမှာ ရှိတဲ့၊ အတား အဆီးက မကြာမီ ပျောက်ကွယ် လိမ့် မယ်လို့၊ ဟောကိန်း ထုတ်ထားတယ်။ ”

လောဟွာက ပြန်ဖြေသည်။ ဤသည်သာ အမှန် ဖြစ်ပါက၊ သစ်သား သော့သည် အသုံးဝင် လာနိုင်၏။

“ ကျေးဇူး တင်ပါတယ် ... ။ ”

“ ဒီလို ... ပြောစရာ မလို ပါဘူး။ ”

“ တောင်းပန် ပါတယ်၊ ဒါဆို ... ဝိုင် တစ်ခွက်နဲ့ ... ၊ ငါ့ကိုယ်ငါ အပြစ်ပေး ပါရစေ။ ”

ဝိုင် တစ်ခွက်ကို မသောက်မီ၊ လင်းယွန်မှ မြှောက်ကာ ပြလိုက်၏။ နေအိမ်သို့ ပြန်ရောက် သော အခါတွင်၊ လောဟွာကို ထုတ်မပြ ခဲ့သည့်၊ နှင်းဆီ ပန်းချီကားအား ထုတ်ယူ လိုက်သည်။

အပြာရောင် မိုးကောင်းကင် ဂိုဏ်း၌ ရှိစဉ်၊ စီနီယာ ဟောင်မှ ပေးခဲ့သော လက်ဆောင် ဖြစ် လေသည်။

ပန်းချီကားကို တောင်ပိုင်း ဧကရာဇ်၏ သင်္ချိုင်းမှ ရယူ ခဲ့သည်ဟု၊ စီနီယာ ဟောင်မှ အခိုင် အမာ ဆိုထား သည်။

လောဟွာ စကားများ အရ၊ တောင်ပိုင်း ဧကရာဇ်၏ ဂူသင်္ချိုင်း တည်နေရာကို မည်သူမျှ မသိဟု၊ အဓိပ္ပါယ် သက်ရောက် လေရာ၊ ယင်းက နာမည်တူ နေခြင်းလည်း၊ ဖြစ်နိုင် လေသည်။

တစ်ဖက်တွင် တောင်ပိုင်း ဧကရာဇ်၏ သင်္ချိုင်းသို့၊ အမှန် တကယ် ဝင်ရောက် နိုင်ခဲ့ ပါက၊ စီနီယာ ဟောင်၏ ခွန်အားမှာ မယုံနိုင် အဆင့်၌ ရှိနေ ပေမည်။

သို့သော် နှင်းဆီ ပန်းချီ ကားမှ၊ နတ်ဆိုး များထွက် လာသဖြင့်၊ ဓားအလင်း တစ်လက်မှ ရှင်းထုတ် ခဲ့သည့် မြင်ကွင်းကို မြင်သည်ဟု၊ စီနီယာ ဟောင်မှ ပြောထား ပြန်သည်။

ထိုဓားသည် စီနီယာ ဟောင်၏ အခြေခံ အုတ်မြစ်ကို ပျက်စီး စေသော အစွမ်း ရှိနေ၏။ ယင်းက ငရဲ တံခါးကို ဝှက်ထားသော ဘဝ-မရဏ ပန်းချီကားနှင့် ဆင်တူသည်။

ယင်းသာ အမှန် ဖြစ်ပါက၊ ကြောက်စရာ ကောင်းသော ပန်းချီကား တစ်ချပ်ကို သူနှင့် အတူ၊ သယ်ဆောင် ထားမိ နေလေပြီ။

သည်ပန်းချီကား ထံမှ ဆည်းဆာ အလင်း ဓားကို နားလည် ပြီးနောက်၊ လျစ်လျူရှု ထားမိ ခဲ့သည်။ ထိုစဉ်က အားနည်းလွန်း သဖြင့်၊ ငရဲ တံခါးကို မမြင်နိုင် ခြင်းလည်း ဖြစ်သည်။

ထိုအတွေးက နှလုံးသား ထဲသို့၊ ကြောက်ရွံ့ မှုများ ဝင်ရောက် လာစေ၏။ ဤသည်မှာ ဘဝ-မရဏ ပန်းချီ ကားသာ ဖြစ်ပါက၊ စီနီယာ ဟောင် ဟူသည်၊ သူတော်စင် တစ်ပါး ဖြစ်နိုင် ပေမည်။

သူတော်စင် တစ်ဦး ကိုပင်၊ ဤမျှ သက်ရောက် စေသော၊ သည်ပန်းချီ ကားသည် ထိတ်လန့် စရာ ကောင်းလွန်း ချေပြီ။

၎င်းမှ လျှို့ဝှက်ချက် များကို ထုတ်ယူ ခြင်းသည်၊ အန္တရာယ် များသော လုပ်ရပ် ဖြစ်၏။ ထို့ကြောင့် ယခု အချိန်၌ အဆိုပါ အန္တရာယ်ကို မလိုချင် သေးချေ။

ပန်းချီကားကို အမြန်ဖယ် လိုက်ပြီး၊ အတွေးများ ဆက်နေ မိပြန်သည်။ ပန်းသင်္ချိုင်း ဓားသည် ဤပန်းချီကား နှင့်အတူ၊ တောင်ပိုင်း ဧကရာဇ် ဂူမှ ထုတ်ယူလာ သည်ကို သတိရ လာပြန်သည်။

သို့သော် ၎င်းသည် ရတနာ သုံးပါး စာရင်းတွင် မပါ ဝင်ချေ။ သူ၏ ကြင်ယာတော်မှ ပေးသော လက်ဆောင် ဖြစ်နိုင်သည်။ နှင်းဆီ ပန်းချီ ကားရှိ၊ ကဗျာကို ပြန်၍ ရေရွတ် မိသည်။

( ပန်းတွေက အိပ်မက်လို လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက၊ မိုးရေနဲ့ အတူ ရွာတယ်၊ ဒီကမ္ဘာ ပေါ်က အရာ တိုင်းကို၊ ဘယ်သူမှ အစိုး မရဘူး၊ သခင့်ကို နှင်းပန်းဖြူ တစ်ပွင့် ငါ ပေးမယ်။ )

ပန်းသင်္ချိုင်း ဓားကို ကိုင်လျက်၊ သူ့ ထင်မြင်ချက် မှန်နိုင်ကြောင်း၊ သဘောပေါက် လာမိသည်။

တောင်ပိုင်း ဧကရာဇ်သည် သူ့ ဇနီးကို ချစ်စိတ်ဖြင့်၊ ပြန်၍ အသက် သွင်းရန်၊ ကြိုးစားခဲ့ သည်ဟု၊ လောဟွာမှ ဆိုသည်။

လူသေ တစ်ယောက်ကို အသက် ပြန်သွင်းရန် ကြိုးစား ခြင်းမှာ၊ မဖြစ် နိုင်ချေ။ ထို့ကြောင့် တောင်ပိုင်း ဧကရာဇ်မှာ ကျရှုံး ခဲ့ခြင်း ဖြစ်သည်။

“ ဘာပဲ ဖြစ်ဖြစ် ... သွေ့ရော် ကျွန်းကို ငါသွား သင့်တယ် … ။ ”

သွေ့ရော် မဟာ သူတော်စင်၏ အမွေကို အပြင်လူများ ရယူခွင့် မပေး နိုင်ချေ။ ၎င်းတွင် တောင်ပိုင်း ဧကရာဇ်နှင့်၊ ပတ်သတ်သော လျှို့ဝှက်ချက် အချို့ကို၊ ရရှိ နိုင်သည်။

တောင်ပိုင်း ဧကရာဇ်၏ သင်္ချိုင်း ဂူတွင်၊ သူ၏ ကြင်ယာတော်ပါ ရှိနေ နိုင်သဖြင့်၊ ၎င်းတို့ နှစ်ဦးအား အနှောက် အယှက် မဖြစ် စေရန်၊ တားဆီး ရပေမည်။

“ ကြည့်ရတာ ... ငါက ဒီနှစ်တွေ တစ်လျှောက်လုံး၊ မင်းကို စိတ်မပျက် စေခဲ့ဖူး ထင်တယ် ... ။ ”

ပန်းသင်္ချိုင်း ဓားကို အချိန် အတော်ကြာ ကြည့်ပြီးနောက်၊ သက်ပြင်း ချလျက် ခပ်တိုးတိုး ရေရွတ် လိုက်မိ တော့သည်။

***

All Chapters