← Chapters

ကောင်းကင် အနောက်တွင်။

Vol. 84 Ch. 1174

ကောင်းကင် အနောက်တွင်။

Vol. 84 Ch. 1174

ပန်းသင်္ချိုင်း ဓားကို ကိုင်လျက် သွေ့ရော် ကျွန်းသို့ သွားရန်မှ လွဲ၍၊ ရွေးချယ်စရာ မရှိ တော့ကြောင်း သိလိုက်သည်။

ပန်းချီကားနှင့် ဓားသည် တောင်ပိုင်း ဧကရာဇ်ပိုင် ရတနာများ ဖြစ်ပြီး၊ ငရဲ တံခါးမှာ ပန်ချီကား ထဲ၌ ဝှက်ထားခြင်း ရှိ-မရှိ အတည် ပြု ရပေ ဦးမည်။

ပန်းချီ ကားကို ထပ်မံ ဖွင့်ကြည့်ရန်၊ မဝံ့ တော့ချေ။ သိချင်စိတ် အလွန် ပြင်းပျ မိသော် ငြားလည်း၊ အန္တရာယ် များလှ၏။

စီနီယာ ဟောင် ပြောသော နတ်ဆိုးများ ထွက်လာ ပါက ခက်ပေ လိမ့်မည်။ အကြောင်း မသိခင် ကြောက်ရွံ့ခြင်း မရှိခဲ့ သည်မှာ၊ သဘာဝ ပေပင်။

အကြောင်း သိပြီး နောက်၊ ယင်းကို ခရမ်းငယ်နှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူ ချင်၏။

သို့သော် မည်သည့် နေရာ တွင်မှ သူမအား၊ မတွေ့ ရ သဖြင့်၊ ပန်းချီကားကို ဆက်၍ မကြည့် တော့ရန်၊ ဆုံးဖြတ် လိုက်သည်။

တိမ်လွှာဓား (၁၃) ကွက်ထံ အာရုံပြောင်း လိုက်၏။ ၎င်းတို့အား သရုပ်ဖော် အဆင့် အထိ၊ မဆုပ်ကိုင် နိုင်လျှင်ပင်၊ ဝှက်ဖဲ အဖြစ် ထားသုံး နိုင်ဆဲ ဖြစ်သည်။

နောက်ဆုံး သုံးကွက်မှာ မြသားရောင် ကြယ်တွေ၊ တိမ်ယံ ထက်က တောင်တန်းနှင့်၊ ကောင်းကင်ကို ကျော်လွန်၍ ဖြစ်သည်။

တိမ်လွှာဓား သုတ္တန်ဖြင့် ပေါင်းစပ်ကာ၊ ၎င်းတို့ ထံမှ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ် နိုင်မည်။

ထိုစွမ်းအားက စင်ကြယ်သော ဝိညာဉ်တော် နည်းစနစ် များနှင့်ပင် ယှဉ်နိုင်သည်။ ယင်းက ကျေနပ် စရာ ဖြစ်၏။

သို့သော် လင်းယွန်မှာ မရောင့်ရဲ နိုင်ချေ။ ပြီးပြည့် စုံသော ကျွမ်းကျင်မှု ဆီသို့ ရောက်လို မိသည်။

အဆင့် သတ်မှတ် ချက်တွင်၊ ထိပ်တန်း ဆယ်ယောက် အဆင့်သို့၊ ဝင်ရောက် လိုသော် သရုပ်ဖော် အဆင့် ရောက်ရ ပေမည်။

တိမ်လွှာဓား (၁၃) ကွက်၏၊ အားသာ ချက်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော် များစွာကို ကိုင်ဆောင် ထားနိုင်ခြင်း ဖြစ်သည်။

ငှက် ဝိညာဉ်တော် (၁၃) ကောင်ဖြင့်၊ တူညီသော အဆင့်မှ ဝိညာဉ်တော် များကို ဖြတ်ကျော် နိုင်မည် ဖြစ်သည်။

၎င်းတို့အား ထိန်းချုပ် ရာတွင်၊ သွေးသား စွမ်းအင် များစွာ သုံးစွဲရ ပေမည်။ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ပြီးနောက်၊ ယင်းမှာ ပြဿနာ မဟုတ် တော့ချေ။

ထို့ပြင် တိမ်လွှာဓား (၁၃) ကွက်၏ စစ်မှန်သော ဝိညာဉ်တော်မှာ၊ ငှက်ပြာ လေးများ မဟုတ်ကြောင်း၊ နားလည် ထားသည်။

ဓားကွက် (၁၃)ကွက် လုံးကို ပိုင်နိုင် ပြီးမှ သာလျှင်၊ တိမ်လွှာဓား သုတ္တန်နှင့် ပေါင်းစပ်ကာ၊ စစ်မှန်သော ထိုဝိညာဉ် တော်အား၊ ဆင့်ခေါ် နိုင်မည် ဖြစ်သည်။

တောင်ပိုင်း ဧကရာဇ်ကို မေ့ပစ်ကာ၊ တိမ်လွှာဓား (၁၃)ကွက် အတွင်း လုံးလုံး လျားလျား နစ်မြုပ် ပစ်သည်။

မျက်စိ တစ်မှိတ် အတွင်း၊ (၁၁)ရက် ကုန်လွန် သွား၏။ အကန့် အသတ်မဲ့ ဓား ရောင်ဝါ များဖြင့် ပြည့်နှက် နေသော၊ ငှက်ပြာလေး (၁၀) ကောင်က၊ ကောင်းကင်တွင် လှည့်ပတ် နေသည်။

“ မြသားရောင် ကြယ်တွေ။ ”

အသက် ပြင်းပြင်း ရှူလျက် ဓားခုတ်ချ လိုက်၏။ ဓားမြည် သံများ ချက်ချင်း ဆူညံ လာပြီး၊ လေဟာနယ် တစ်ခုလုံး တုန်ခါ သွားသည်။

“ ကျီး ... ။ ”

တစ်ချိန်တည်း မှာပင် ခန္ဓာ ကိုယ်မှ နောက်ထပ် အပြာရောင် ငှက် တစ်ကောင် ထွက်ပေါ် လာ၏။

“ ခရစ် ... ။ ”

ငှက်ပြာလေး (၁၁) ကောင်က၊ လှည့်ပတ် ပျံသန်း နေစဉ်၊ ကောင်းကင်ကြီး ရုတ်တရက် ကွဲ သွားသည်။

ထို့နောက်တွင် ကြယ်ရောင်စုံ လင်းလက် နေသော ကောင်းကင်ကြီး ထွက်ပေါ် လာကာ၊ ရေတံခွန် ကဲ့သို့ အကန့် အသတ်မဲ့ ကြယ် အလင်းများ ရွာကျ လာ၏။

“ ကျီး ... ။ ”

ငှက် (၁၁) ကောင်က အဆက် မပြတ် လှည့်ပတ် အော်ဟစ် လာပြီး၊ ဓား ရောင်ခြည် နယ်နိ မိတ်ကို၊ ပို၍ ချဲ့ထွင် တော့သည်။

“ ခရစ် ... ။ ”

ခြံဝန်း တစ်ခု လုံးကို၊ အကာ အကွယ်ပေး ထားသည့်၊ ဝိညာဉ် ရေးရာ အစီရင်မှာ၊ ချက်ချင်း ကွဲအက် သွားသည်။

ဤအခိုက်တွင်၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊

“ တိမ်ယံ ထက်က တောင်တန်း။ ”

-ဟု အော်ဟစ် လိုက်တော့၏။

သူ့ နောက်၌ တိမ်ပင်လယ်ကြီး တစ်စင်း ဖြစ်တည် လာကာ၊ ဓား ရောင်ဝါက တောင်ကြီး တစ်လုံး ကဲ့သို့ ၊ ၎င်းအတွင်း၌ ဖွဲ့တည် လာ၏။

သို့သော် သရုပ်ဖော် အဆင့်ကို ရည်မှန်း ထားသော သူ့ အတွက် မကျေနပ် နိုင် သေးချေ။ တိမ်ပင်လယ် ကြီးနှင့် အတူ ဓားရောင်ဝါမှာ၊ ပို၍ သိပ်သည်း လာသည်။

ကြည့်နေစဉ် မှာပင်၊ တိမ် ပင်လယ်မှ ငှက်ပြာလေး (၁၂) ကောင်ကို စုပ်ယူ မြိုချလိုက် တော့၏။ လေဟာနယ် တစ်ခုလုံး ကမောက် ကမ ဖြစ်လာ လေသည်။

ဓားကို လွှဲလိုက်သော အခါ၊ ကြောက်စရာ ကောင်းသော၊ အဖြူရောင် လေစုပ်ဝဲ တစ်ခု ပေါ် လာပြီး၊ လေဟာ နယ်အား တိုက်စား သွား၏။

ဤဓားကို ခုခံ ကာကွယ်ရန် အတွက်၊ နည်းလမ်း မရှိ နိုင်ချေ။ ဓားကွက် နှစ်ကွက် ထုတ်ဖော် ပြီးနောက်၊ ဓား ရောင်ဝါမှာ တဟုန်ထိုး မြင့်တက် လာသည်။

“ ချွမ် ... ချွမ် ချွမ် ... ။ ”

ယခု အချိန်တွင် သူ့ထံမှ၊ ဓား သူတော်စင် တောင်တန်း၏ ရည်ရွယ် ချက်မျိုး ပေးစွမ်းနေ သည်။ နောက်ဆုံးဓား နှင့်အတူ၊ ခေါင်းလောင်း သံများ မြည်ဟည်း လာ၏။

“ ခရစ် ... ။ ”

ကောင်းကင်နှင့် မြေကြီးကြား အတောက်ပ ဆုံးသော ဓား အလင်းများ ဖြာထွက် လာသည်။ ဤဓားသည် ကောင်းကင် ပထမ အလွှာကို တိုက်ရိုက် ထိုးခွဲ သွား၏။

ကြယ်စုံ ကောင်းကင်ကြီး ပေါ်လာပြီး၊ နက္ခတ် လေးလုံးက ခေါင်းပြူ ကြည့်လေသည်။ အဆုံး မရှိသော ကြယ်ရောင်များ ခြုံလျက်၊ တောင်ကြီး တစ်လုံး ကဲ့သို့ ရပ်နေ မိ၏။

“ နောက်ဆုံးတော့ ... ငါ အောင်မြင်ပြီ။ ”

သက်ပြင်း ချလျက် နွမ်းလျစွာ ပြုံး လိုက်သည်။ အစ ပိုင်းတွင် ခမ်းနားသည့် ဖြစ်စဉ် ဟူသော အရာကို၊ နားမလည် နိုင်ခဲ့ချေ။

ကြယ်ဝိညာဉ် တောင်ပေါ်မှ နေ၍ ကောင်းကင်၏ ကျေးဇူးတော်ကို ခံယူ နေစဉ်၊ ခမ်းနားသော ဖြစ်စဉ် ဟူသည်အား၊ နားလည် ခဲ့သည်။

ထိုစဉ်က ကြယ်ဝိညာဉ် တောင်သည် သူ့ရောင်ဝါဖြင့် ကောင်းကင် စတုတ္ထ အထပ် ကိုသာ၊ ဖွင့်နိုင် ခဲ့သည်။

လင်းယွန်မှာ ဂိုဏ်းတစ်ခု လုံး၏၊ အခြေခံ အုတ်မြစ် ဖြစ်သော၊ ထိုကြယ်ဝိညာဉ် တောင်နှင့် ယှဉ်ပြိုင်ရန် နည်းလမ်း မရှိချေ။

သို့သော် ဤတိမ်လွှာဓား (၁၃) ကွက်သည် ဓားသူတော်စင် တောင်၏၊ ရောင်ဝါကို ပိုင်ဆိုင် ထား သဖြင့်၊ လင်းယွန်က ‘ထိုအမှုကို’ ပြီးမြောက် ခဲ့ခြင်း ဖြစ်သည်။

(ထိုအမှု = ကောင်းကင် (၃၆) လွှာကို ခွဲခြင်း။ )

ယနေ့တွင် ခမ်းနားသော ဖြစ်စဉ်ကို အောင်မြင်စွာ ဆင့်ခေါ် နိုင်ပြီ ဖြစ်၏။ ယင်းက ပထမဆုံး အကြိမ် ဖြစ်သော်လည်း၊ တိမ်လွှာဓား (၁၃) ကွက်ကို၊ သရုပ်ဖော် အဆင့်ထိ၊ တက် လှမ်းရန်၊ လုံလောက် လေသည်။

“ ကျီး ... ။ ”

ငှက်ပြာလေး များက၊ ရုတ်တရက် စူးရှစွာ အော်ဟစ်ပြီး၊ ပျံသန်းမှု ပုံစံအား ပြောင်းလဲ ပစ် လေသည်။

“ ကျီး ... ။ ”

သည့်နောက် လင်းယွန်ကို ဗဟို ပြုကာ၊ အပြာရောင် အတား အဆီး အလွှာကြီး ဖြစ်ပေါ် လာ၏။

ထိုအတား အဆီး အတွင်း ပိုင်းသည်၊ ကြယ် အဆင့်ရှိ ဉာဏ်ကြီးရှင် တစ်ဦးကို အလွယ်တကူ၊ သတ်ပစ် နိုင်သည်။

ရှင်းရှင်း ဆိုရ ပါမူ၊ ထိုအပြာရောင် အတား အဆီးမှာ၊ ဓား ရောင်ဝါဖြင့် ဖွဲ့တည် ထားသော၊ ဓား နယ်မြေ တစ်ခု ပေပင်။

“ ရွှပ် ... ။ ”

သည့်စဉ် ပန်းသင်္ချိုင်း ဓားကို ဦးတည်ရာ တစ်ရပ်သို့၊ ချက်ခြင်း ထိုးသွင်း မိ၏။ စစ်မှန် သော ဝိညာဉ် တော်အား ခေါ်ရန်၊ အချိန်တန် ချေပြီ။

ဓားအား ထိုးသွင်း နေစဉ်၊ တိမ်လွှာဓား သုတ္တန်ကို၊ ဖြန့်ချီ လိုက်၏။ ထို့ကြောင့် ဝိညာဉ် တော် များကို၊ အလွယ် တကူ ထိန်းချုပ် လာနိုင်သည်။

“ ပေါင်း စပ် ... ။ ”

ကောင်းကင် တခွင် မှောင်မိုက် သွားပြီး၊ ဓားရောင်ခြည် တစ်စင်းသာ တောက်ပလျက် ကျန်ရစ် ခဲ့သည်။

ထို့စဉ် ကြယ်ရောင်စုံ လင်းလက် နေသော နဂါး ငွေ့တန်း တစ်ခု ပေါ်လာပြီး၊ သူ့ နေအိမ်ကို ကောင်းကင်ဘုံ အလား၊ ဖြစ်လာ စေ၏။

ဤဖြစ်စဉ်ကို တိမ်လွှာဓား ဂိုဏ်း၏ မည်သည့် နေရာမှ မဆို၊ လူတိုင်း မြင်နိုင်သည်။ ဂိုဏ်းချုပ်က ကောင်းကင်ကို မော့ကြည့်လျက်၊

“ ဒီကောင် ... ။ ”

-ဟု ရေရွတ် မိတော့သည်။

“ တိမ်လွှာဓား (၁၃)ကွက် — အနန္တ ဓား အဖြစ် ပေါင်းစည်းခြင်း။ ”

ငှက်ပြာလေး (၁၃) ကောင်သည်၊ ချက်ချင်းပင် အပြာရောင် လျှပ်စီး ဓားရှည်ကြီး တစ်လက် အဖြစ်၊ ပေါင်းစည်း သွား၏။

၎င်းထံမှ ရောင်ဝါသည်၊ ကျောက်တုံးများ၊ သတ္တု များနှင့် သစ်ပင် ကြီးငယ် များကို ဖုန်မှုန့် အဖြစ်၊ တိုက်စား သွားသည်။

ရုတ်တရက် သူ့ ပတ်ဝန်းကျင် တစ်ခုလုံး၊ ကန္တာရ အဖြစ် ပြောင်းလဲသွားပြီး၊ သက်ရှိ အရိပ် အယောင်များ ပေျာက်ကွယ် ကုန်သည်။

“ ချွင် ... ၊ ချွင် ... ၊ ချွင် ... ။ ”

အပြာရောင် လျှပ်စီး ဓားသည် ဓား အားလုံး၏ ဘုရင်နှင့် တူပြီး၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းမှ၊ ဓားတိုင်းကို ဆင့်ခေါ် တော့သည်။

“ ဝှစ် ... ။ ”

ဓား ထောင်ဂဏန်းခန့် ပျံသန်း လာပြီး၊ အပြာရောင် ဓားနယ်မြေ အတွင်းသို့ တဝှစ်ဝှစ် နှင့်၊ ဆင်းသက် လာတော့၏။

ထိုဓားများ၏ ရောင်ဝါကို၊ အပြာရောင် လျှပ်စီး ဓားပုံရိပ် ကြီးက၊ စုပ်ယူလိုက် သဖြင့်၊ ထက်ရှမှု များ ကင်းမဲ့ ကုန်ကာ၊ ဓားသင်္ချိုင်း အဖြစ် ပြောင်းလဲ သွားသည်။

“ ပြန် သွား ... ။ ”

၎င်းက ရပ်တန့်ရန် မပြဘဲ၊ လက်နက် တိုင်းကို ထပ်မံ ဆင့်ခေါ် နေသဖြင့်၊ ဂိုဏ်းချုပ်မှ လက်ဝှေ့ ယမ်းကာ၊ ခေါင်းလောင်း သံကို နှောက်ယှက် လိုက်သည်။

“ ချွင် ... ။ ”

ယင်းကြောင့် လင်းယွန် နေအိမ်သို့ ပျံသန်း နေသော လက်နက်များ အားလုံး လမ်း ခရီး၌ အရှိန် ကုန်ကာ၊ ပြုတ်ကျ သွားတော့၏။

“ ဓား ဘုရင် ... ။ ”

အပြာရောင် ဓားရှည် ကြီးကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ စစ်မှန်သော ဝိညာဉ်တော်မှာ ဓားဘုရင် ဖြစ်နေ လိမ့်မည်ဟု၊ မထင်ထား မိချေ။

၎င်းသည် အစွမ်း ထက်ရုံ မျှသာ မက၊ ဆင့်ခေါ် ထားသော ဓားများ ထံမှ ထက်ရှမှု ကိုလည်း၊ ဝါးမြို နိုင်ပေ၏။

***

All Chapters