ဘဝ-မရဏ ပန်းချီ။
Vol. 84 Ch. 1175
လင်းယွန်၏ နေအိမ်မှ လွင့်စင် လာသော ဓားရောင်ဝါသည်၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း တစ်ဂိုဏ်း လုံးကို၊ ချက်ချင်း လွှမ်းခြုံ သွား၏။
ဤအရာက တပည့် တိုင်းကို တုန်လှုပ် သွားစေသည်။ ယဲ့ဇီလင်နှင့် ဝမ်ယုဝါတို့ နှစ်ဦး က၊ လင်းယွန် အိမ်သို့၊ တပြိုင် နက်တည်း၊ ကြည့် လိုက်မိ၏။
“ ဘာဖြစ် နေတာလဲ။ ”
ဝမ်ယုဝါမှာ နားမလည် နိုင်ချေ။ ထက်ရှ လွန်းသော ဓားရောင်ဝါကို ခံစားမိပြီး၊ လက်ထဲရှိ ဓားအား ဆုံးရှုံး လုနီးပါး ဖြစ်လာသည်။
သို့သော် ကံကောင်း စွာဖြင့်၊ ယဲ့ဇီလင်မှ ကောင်းကင် ဓားကို ထုတ်ဖော်ကာ၊ ဟန့်တား ပေး ခဲ့၏။
မဟုတ်သော် သူမ၏ ဓားမှာ၊ အခြားသော ဓားများ ကဲ့သို့ပင်၊ လင်းယွန် နေအိမ်သို့ ပျံသန်း သွားမည်မှာ၊ သေချာသည်။
“ စင်ကြယ်သော ဝိညာဉ်တော်။ ”
ယဲ့ဇီလင်က တောက်ပသော မျက်လုံး များဖြင့် ရေရွတ် လိုက်သည်။ နှင်း သူတော်စင် မိသားစု၏ လူငယ် မျိုးဆက် တွင်ပင်၊ ဤမျှ အစွမ်း ထက်သော ပါရမီ ရှင်မျိုး မရှိချေ။
အသက် (၂၀) မျှသာ ရှိသေးသော လင်းယွန်သည်၊ အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရှိ ပြီးပါက၊ ပြိုင်ဘက် ကင်းမည်မှာ၊ သေချာသည်။
“ စစ်မှန်သော ဝိညာဉ်တော် လား၊ ငှက်ပြာလေးက တိမ်လွှာဓား (၁၃) ကွက်ရဲ့ ဝိညာဉ် တော်တွေ မဟုတ် ဖူးလား။ ”
ဝမ်ယုဝါမှ ခေါင်းကို စောင်းငဲ့ကာ မေး လိုက်သည်။
“ မဟုတ်ဘူး၊ တိမ်လွှာဓား ဆိုတာ အရှေ့ဘက် ပျက်သုဉ်းခြင်း၊ နယ်မြေ တစ်ခု လုံးကို၊ တုန်လှုပ် စေခဲ့တဲ့ ဓားပဲ၊ သူ့ရဲ့ ...
... စစ်မှန်သော ဝိညာဉ်တော်က ကြောက်စရာ ကောင်းတယ်၊ ဒါက မတူညီတဲ့ ဓားရေး နှစ်ရပ်လို့ ပြောလို့ ရတယ်။ ”
ယဲ့ဇီလင်မှ ဖြေကြား လာသည်။
“ အိုး .. ဒါဆို အရမ်း ကောင်းတယ်။ ”
ဝမ်ယုဝါက ရွှင်မြူး သွားပြီး၊
“ အစ်ကို လင်းသာ ... အင်ပါ ရီယန် နယ်ပယ်ကို ရောက်ပြီးရင်၊ ငါတို့ ချန်ပီယံ ဖြစ် လာမှာ၊ သေချာတယ်။ ”
“ ဒါက ... မင်းရဲ့ စီနီယာ အစ်ကိုပဲ မဟုတ်လား။ ”
“ ဟဲ ဟဲ ... ၊ ဘယ်တုန်း ကတည်းက ... ယုဝါရဲ့ စီနီယာ အစ်ကိုလင်း ဖြစ်သွားရ တာလဲ၊ အစ်မ ယဲ့နဲ့ အစ်ကို လင်း တို့က၊ ဘယ်တော့ တွဲဖို့ စဉ်းစား ထားလဲ။ ”
“ ငါတို့ တွဲရင် ... ၊ မင်း ပေျာ်မှာလား။ ”
ယဲ့ဇီလင်က ပြုံးလျက် ဝမ်ယုဝါအား ပြန်မေး လိုက်သည်။
“ ဒါတော့ မသိဘူး ... ၊ ဒါပေမယ့် ... အစ်မ ယဲ့တို့ နှစ်ယောက်ကို၊ အတူတူ တွေ့ရရင် ယုဝါ ပျော်တယ်။ ”
ဝမ်ယုဝါမှ တွေးဆဆဖြင့် ပြန်ဖြေ၏။ သူမသည် စိတ်ထား ဖြူစင်ပြီး၊ လူရည် မလည် သေးချေ။
“ အရူး မလေး ... ၊ မင်း ပျော်နိုင်မှာ မဟုတ်ဘူး။ ”
ဝမ်ယုဝါ ခေါင်းကို ပွတ်ကာ၊ ယဲ့ဇီလင်မှ ပြောလိုက်သည်။ ခဏ အကြာတွင် ခေါင်းယမ်း လျက်၊
“ ငါတို့ ... ပေါင်းစည်းမှာ မဟုတ်ဘူး ... ၊ ငါတို့က သူငယ်ချင်း အဖြစ်ပဲ ဆက်ရှှိ နေမှာပါ၊ တစ်ခါ တလေ ချစ်သူထက်၊ မိတ်ဆွေက ရှာရ ခက်တယ်။ ”
“ မသိဘူး၊ ဘာပဲ ဖြစ်ဖြစ် ... ၊ အစ်မတို့ အတူ ရှိနေ ရမယ်၊ ဒါမှ ယုဝါ ပျော်မှာ။ ”
ထိုစကားကြောင့် ယဲ့ဇီလင်က ဝမ်ယုဝါ နဖူးကို အသာထု လိုက်ကာ၊ ရယ်မော မိတော့ ၏။
“ တော်တော့ ... ၊ မဟုတ်ရင် ငါ မင်းကို ရိုက်ရ လိမ့်မယ်။ ”
“ အဟီး ... မလုပ် ပါနဲ့၊ ဒါနဲ့ ... အစ်ကို လင်းက တကယ်ပဲ၊ ငါတို့နဲ့ အတူ လိုက်လာ မှာလား၊ အစ်မ။ ”
အစ်ကို လင်းနှင့် မတွေ့ရ သည်မှာ၊ ရက်အနည်းငယ် ကြာပြီ ဖြစ်သဖြင့်၊ မျှော်လင့် ချက်များ ပေါက်ပွား လာသည်။
“ အင်း ... ။ ”
ယဲ့ဇီလင်မှ ပြုံးကာ ခေါင်းညိတ် ပြ၏။ တိမ်လွှာဓား (၁၃) ကွက်၏ စစ်မှန်သော ဝိညာဉ် တော်ကို ဆုပ်ကိုင် နိုင်သည်မှာ၊ ဂုဏ်ယူ စရာ ပေပင်။
ယင်းက လေလွင့် နန်းတော်၊ မိုးကြိုး ကျောင်းတိုက်နှင့်၊ ကြိုးကြာ တစ်ထောင် မျှော်စဉ် တို့အား၊ ထိတ်လန့် တုန်လှုပ် စေမည်ဟု ယုံကြည်သည်။
ဤနှစ်များ အတွင်း၊ ၎င်းတို့၏ ဖိအား များကို၊ ခါးစည်း ခံခဲ့ရ သည်မှာ၊ နာကျင် စရာ ကောင်း လှ၏။ ယခုမူ ထိုတန်ဖိုးကို ပြန်၍ ရယူရန်၊ အချိန် တန်ပြီ ဖြစ်သည်။
(၇)နှစ် သမီး အရွယ် ကတည်း ကပင်၊ ဤနေရာ၌ နေထိုင် ခဲ့ရ သောကြောင့် ဂိုဏ်းမှာ သူမ၏ အိမ် ဖြစ်သည်။
ထိုစဉ် မြင်း အသွင် ခံယူ ထားသော နဂါးလေးကို စီးနင်းလျက်၊ ခရမ်းငယ် ပြန် ရောက် လာသည်။
ကွဲအက် နေသော ဝိညာဉ်ရေး အခင်း အကျင်းနှင့်၊ ဓားကုန်းကို မြင်ပြီးနောက်၊ ပါးစပ် ဟောင်းလောင်း ပွင့်သွား၏။
“ ဘာတွေ ဖြစ်ကုန် တာလဲ ... ၊ ငါ ထွက်သွားတာ သုံးရက်ပဲ ရှိသေးတယ်၊ နင်က ဒီနေရာကို ဖျက်ဆီး ချင်နေ ပြီလား။ ”
“ ငါ မထိန်း နိုင် လိုက်ဘူး။ ”
အမှန်ပင် ဓား ရည်ရွယ် ချက်ဖြင့်၊ ထိန်းချုပ်ရန် အချိန် မမီ လိုက်ချေ။ နောက်ဆုံး ဓားသည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု၊ မထင်ထား သည်မှာ၊ သဘာဝ ပေပင်။
နောက်ဆုံး ဓားသည် ကောင်းကင်ကို ခွဲဖွင့်ကာ၊ ကြယ်အလင်း များကို စုပ်ယူပြီး၊ ဓား အဖြစ် ပေါင်းစပ် ပေးခဲ့သည်။
ထိုဝိညာဉ် တော်သည် သူ့ မျှော်လင့် ချက်ထက် ကျော်လွန် နေ၏။ မျက်ခုံး အလယ်ရှိ ဓားပိုးအိမ် ကိုပင်၊ ကြီးထွား လာစေသည်။
“ ငါ ... အခု အင်ပါ ရီယန် နယ်ပယ်ကို ဝင်သင့်လား။ ”
လင်းယွန်က ခရမ်းငယ် ထံမှ၊ အကြံဉာဏ် တောင်းခံ လိုက်သည်။ ကောင်းကင် ဝိညာဉ်၏ ကန့်သတ် ချက်နှင့်၊ ရင်းနှီး နေပြီး ဖြစ်သည်။
နတ်ဘုရား အသွေးတော် အရွက်ကို သန့်စင်ခြင်းဖြင့်၊ အင်ပါ ရီယန် နယ်ပယ်သို့၊ (၁၀) နှစ်ကြာ စောရောက် နေသော၊ မြေခွေး အိုကြီး များကိုပင်၊ ယှဉ်နိုင် ပေမည်။
ခရမ်းငယ်က အတော်ကြာ ငြိမ်သက်သွား ပြီးနောက်၊
“ ဆက် နေ ပါဦး၊ ဒီလောက် အလျင်လို မနေနဲ့၊ ဒါပေမယ့် ... နင်က ယဲ့ဇီလင်ကို ကတိခံ ထားတာ ကိုတော့ သတိ ရပါ။ ”
“ နား လည် ပြီ ... ။ ”
အရေးပေါ် အခြေ အနေ၌ မဟုတ် သ၍ အင်ပါရီယန် နယ်မြေသို့ မဝင်ရောက် သင့်ဟု၊ ခရမ်းငယ်မှ ဆိုချင် ပုံ ရလေသည်။
အောင်မြင်မှု တစ်ခု ရယူရန်၊ ကြိုးစား ခြင်းသည်၊ သူ့ အတွက် အန္တရာယ် မရှိတော့ပြီ ဖြစ်ရာ၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်၌၊ အကျိုး ကျေးဇူး အားလုံးကို ဆက်၍ တူးဖော် သင့်ပေ၏။
“ ငါ ... မရှိတုန်း နင်ဘာတွေ လုပ်နေလဲ။ ”
ခရမ်းငယ်မှ ဆရာမကြီး လေသံဖြင့်၊ စစ်မေး လာသည်။
“ တိမ်လွှာဓား (၁၃) ကွက်ကို၊ သရုပ်ဖော် အဆင့်ထိ၊ ရယူနိုင် ခဲ့တယ်၊ သူ့ရဲ့ စစ်မှန်သော ဝိညာဉ် တော်က ဓားတစ်လက်ပဲ။ ”
“ အိုး ... ၊ နင့်ရဲ့ ပါရမီက ကြောက်စရာ ကောင်းလိုက်တာ၊ အစက နင့်မှာ ငါ့ကျွန် ဖြစ်ဖို့ ရုပ်ရည်ပဲ ရှိတယ်လို့ ထင်ခဲ့တာ၊ အခုတော့ အရည် အချင်းပါ၊ ရှိနေ ပုံ ရတယ်။ ”
လက်ရှိ အချိန်၌ ကောင်းမွန်သော စိတ် အခြေ အနေကို ပိုင်ဆိုင်ထား သဖြင့်၊ ခရမ်းငယ် စကားအား လင်းယွန်မှ လျစ်လျူရှု လိုက်သည်။
“ မင်းကော ... ၊ အခြေ အနေ ဘယ်လို ရှိလဲ ... ၊ ပြီးခဲ့တဲ့ ရက်တွေမှာ ဘယ်တွေ သွားနေ တာလဲ။ ”
ခရမ်းငယ်က ပြန်မဖြေ သေးဘဲ၊ နဂါးလေးကို ကြည့်ကာ၊ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်၏။
“ ဒီဧကရီက ... သူ့ကြောင့်၊ အပြာရောင် စံအိမ် နယ်မြေ တစ်ခု လုံးကို ခြေဆန့် ခဲ့ရတယ်၊ နောက်ဆုံး မှာတော့ နဂါး သွေး ပါတဲ့၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင်ကို ...
... တွေ့ခဲ့တယ်၊ ဒါက အထွတ် အထိပ် ကြယ်အဆင့် ရောက်ဖို့၊ နဂါးလေး အတွက် လုံလောက် ပါတယ်။ ”
သူမ စကားကြောင့် လင်းယွန်မှာ၊ အားနာ သွားသည်။ ဤရက်ပိုင်း အတွင်း ခရမ်းငယ်မှ အကူ အညီ များစွာ ပေးခဲ့၏။
“ အိုး ... နေဦး၊ နင်က ဘာလို့ ဒီဧကရီကို ရှာရ တာလဲ။ ”
လင်းယွန်က တောင်ပိုင်း ဧကရာဇ်နှင့် ပတ်သတ်သော အချင်း အရာများ အားလုံးကို၊ ပြန်ပြောင်း ပြောပြ လိုက်သည်။
“ ထွပ် ... ။ ” (ဆဲဆိုသံ။)
ခရမ်းငယ်မှ စိတ်လှုပ်ရှား စွာဖြင့်၊ ကျိန်ဆဲ လိုက်သည်။ ခဏကြာ ပြီးနောက် တည်ငြိမ်မှုကို ပြန်လည် ရရှိ သွားကာ၊
“ ဧကရာဇ် ကိုးပါးကို ... ၊ ငါ တကယ် လျှော့တွက် မိခဲ့ပုံ ရတယ်၊ တောင်ပိုင်း ဧကရာဇ် တစ်ပါး မှာတောင်၊ ဒီလို ရတနာတွေ ရှိတယ်လား၊ ...
... သူတို့ကို ပုဇွန်လို့ ခေါ်ခဲ့ မိတာ နည်းနည်းတော့ ငါလွန် သွားတယ်၊ ဒါပေမယ့် ဒီဧကရီ ကိုတော့ မယှဉ် နိုင်သေး ပါဘူး။ ”
သူမ၏ ကြားနေကျ ကိုယ်ရည်သွေး စကား ကြောင့်၊ လင်းယွန်မှာ ပြုံးလျက် နှင်းဆီ ပန်းချီ ကားကို၊ ကမ်းပေး လိုက်သည်။
သို့သော် ခရမ်းငယ်မှ၊ ဖွင့်ကြည့်ရန် စိတ်ဝင်စားပုံ မပြဘဲ၊ ပန်းချီကားကို ပြန်တွန်း ထုတ်ကာ၊
“ မကြည့်နဲ့ ... ၊ နင့်ရဲ့ လက်ရှိ အနေ အထားနဲ့၊ ကောင်းတဲ့ အရာ တွေကို မြင်နိုင်မှာ မဟုတ် သေးဘူး။ ”
“ ဒါဆို ... ဒီပန်းချီ ကားက အမှန်ပဲ ... ၊ ဘဝမရဏ ပန်းချီ ကားပေါ့ ဟုတ်လား၊ ဒီကမ္ဘာ မှာ ငရဲ ဆိုတာ တကယ် ရှိလို့လား။ ”
အဆုံးတွင် ခရမ်းငယ် အနေြဖင့်၊ အရာ များစွာကို မကြောက်ရွံ့ တတ်ချေ။ သို့သော် ဤပန်းချီ ကားကို မထိတွေ့ ရဲအောင်ပင်၊ ကြောက်လန့် နေခဲ့သည်။
“ နင် မသိ နိုင်တဲ့၊ အကြောင်း အရာတွေ အများကြီး ရှိတယ်၊ အဲဒီ တုန်းက ခရမ်းရောင် ဓားသူတော်စင်က၊ ငရဲကို သွားပြီး၊ တိုက်ပွဲ ဆင်နွှဲ ခဲ့ဖူးတယ်။ ”
ခရမ်းရောင် ဓား သူတော်စင် ဆိုသည်မှာ၊ စီနီယာ ဓား သူတော်စင်ကို ရည်ရွယ် ချေသည်။
“ ကျွတ် ကျွတ် ကျွတ် ... ဒီကောင်က သူတော်စင် နယ်ပယ် လေးနဲ့၊ နတ်မိစ္ဆာ တစ်ပါး ကိုတောင် သတ်ပစ် လိုက်တယ်၊ ဘယ်လောက် ဂုဏ်ယူ စရာ ကောင်းလိုက်လဲ။ ”
သူတော်စင်နှင့် နတ်ဘုရား ဟူသော အရာသည်၊ သူ လက်လှမ်း မီသည့်၊ နယ်ပယ် မဟုတ် သဖြင့်၊ လင်းယွန်မှ စိတ်မဝင် စား တော့ချေ။
ပန်းချီကားကို သိမ်းဆည်းလျက်၊
“ သွေ့ရော် ကျွန်းကို ငါ သွားရင် ... ၊ မင်း ... လိုက် ချင်လား။ ”
-ဟု မေးလိုက်၏။
“ လိုက်မယ် ... ၊ သွေ့ရော် မဟာ သူတော်စင်က၊ တောင်ပိုင်း ဧကရာဇ်ရဲ့ ဆက်ခံ သူ ဖြစ်လို့၊ ဘယ်လောက် အထင်ကြီး စရာ ကောင်းနိုင် မလဲ၊ ငါ ကြည့်မယ်။ ”
ခရမ်းငယ်မှ ပြန်ဖြေ ကြားလာသည်။ ဤသည်မှာ သူ့ လုံခြုံရေး အတွက်၊ လိုက်မှန်း သိသဖြင့်၊ လင်းယွန်က ပြုံးမိ၏။
“ လာ ... ဓားသေတ္တာ ထဲကို ... ၊ အခု ငါတို့က ... အဲဒီ အဖိုးကြီးနဲ့၊ တွေ့ရမဲ့ အချိန် ရောက်ပြီ။ ”
ယနေ့သည် တိမ်လွှာဓား ဂိုဏ်းချုပ်နှင့် တွေ့ဆုံ ရမည့် နေ့ဖြစ်၏။ ၎င်းမှ မည်သို့သော အရာ များကို တောင်းဆို မည်အား၊ သိချင် လာမိ တော့သည်။
***