← Chapters

ငါတို့ ဘာ မကြွေးမှ မရှိ တော့ဘူး။

Vol. 84 Ch. 1176

ငါတို့ ဘာ မကြွေးမှ မရှိ တော့ဘူး။

Vol. 84 Ch. 1176

ပင်မ ခန်းမ ဆောင် အတွင်း၊ လှမ်းဝင် လိုက်သည်နှင့် ဂိုဏ်းချုပ်က မတ်တပ် ထရပ် ကာ၊ အပြုံးဖြင့် ဆီးကြို နေခဲ့သည်။

သူ့အား ဤသို့ ကြိုဆို လာလိမ့် မည်ဟု မထင်မိ သောကြောင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွား၏။

ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ပြီး နောက်တွင်၊ ဂိုဏ်းချုပ်မှ သူ့အား ပို၍ ဖော်ရွေ လာသည်။ မြှောက်ပင့်ရန် ကြိုးစားနေ သည်ဟု၊ ခံစား ရ၏။

ဂိုဏ်းချုပ်၏ ဓားသည် အထွတ် အထိပ် စတုတ္ထ တန်း အဆင့်တွင်၊ ဖြစ် သောကြောင့် ဤမျှ ယဉ်ကျေး သိမ်မွေ့ နေစရာ အကြောင်း မရှိချေ။

သို့သော် အတွေး များကို ဖြတ်ပြီး၊

“ တပည့် လင်းယွန်က ကတိ အတိုင်း လာခဲ့ ပါပြီ။ ”

- ဟု နှုတ်ဆက် လိုက်မိသည်။

“ ဟား ... ဟား ... ဟား ... ၊ မင်း ဘာလို့ ဒီလောက် နိမ့်ချ နေရ တာလဲ။ ”

ဂိုဏ်းချုပ်မှ သူ့ ပခုံးကို ဖက်လိုက်ပြီး၊ ထိုင်ခုံသို့ ကိုယ်တိုင် ခေါ်ဆောင် သွားသည်။ ဤ အပြု အမူက လင်းယွန်အား သက်ပြင်း ခိုးချ မိစေ၏။

တစ်ချိန်က ရိုင်းစိုင်း ခဲ့သော အခေါ် အဝေါ် များကို ပြန်သတိ ရကာ၊ တောင်းပန် သင့်သည်ဟု၊ အသိ တရား ဝင် လာသည်။

ဂိုဏ်းချုပ်မှာ တစ်ချိန်လုံး သူ့အပေါ်၊ ကောင်းကောင်း ဆက်ဆံ ခဲ့၏။ ရောက်ရှိစဉ် ကပင်၊ ကောင်းကင် တပည့် ရာထူးကို ပေးအပ်ကာ၊ ဓား သူတော်စင် တောင်ပေါ် တက်ရန်၊ ခွင့်ပြု ခဲ့သည်။

သည့်နောက် မိစ္ဆာ ကျင့်ကြံသူ များကို အမဲလိုက် စေခြင်းဖြင့်၊ နဂါး သွေး ရည်ကြည် အား၊ အဆုံးမဲ့ ထောက်ပံ့ပေး ပြန်၏။

ထို့ကြောင့် သူ၏ (၁၀၀) ရာခိုင်နှုန်း အောင်မြင် မှုတွင်၊ (၇၀%) ထက် မနည်းသော၊ ဂိုဏ်းချုပ်၏ ပံ့ပိုး မှုများ ပါဝင်သည်။

“ ငါ့ အတွက် ... ၊ လုပ်ပေး စရာ ရှိတယ် ဆိုတာ ... ၊ မင်း မှတ်မိ သေးတယ် မဟုတ်လား။ ”

ဂိုဏ်းချုပ်က သူ့ ထိုင်ခုံသို့ ပြန်သွားပြီး ထိုင်ချ လျက်မှ ပြုံးကာ မေးလာသည်။

“ ဟုတ်ကဲ့ ... အဲ့ဒီ အတွက် လာတာပါ။ ”

“ ဒါက သိပ်ပြီး ... ၊ ကြီးကြီး မားမားတော့ မဟုတ် ပါဘူး၊ လျှို့ဝှက် ဓားခန်းမ ဆိုတဲ့ အမည် ကို၊ မင်း ကြားဖူးလား။ ”

လင်းယွန်မှ ခေါင်းညိတ် ပြမိသည်။ ခွန်လွန်ဘုံ၏ အချို့သော အကြောင်း အရာ များစွာကို အချိန် ပေးလေ့လာ ထားခဲ့သည်။

လျှို့ဝှက် ဓားခန်းမသည် ဓားသွန်း လုပ်ရာ၌ ကျော်ကြားသော အဖွဲ့ အစည်း ဖြစ်ပြီး၊ ယင်းကို လျှို့ဝှက် ဓားစံအိမ်မှ ပိုင်ဆိုင် ချေ၏။

ဓား စံအိမ်၏ လက်အောက်တွင် ဓားခန်းမပေါင်း (၃၆၆၆) ရှိသည်။ ထိုဓားခန်းမ များသည် ဓားသမားများ အတွက် တန်ဖိုးထား သင့်သော နေရာများ ဖြစ်၏။

ဓားသမား တစ်ယောက်သည် ကိုယ်နှင့် အလိုက်ဖက် ဆုံးသော ဓားကို၊ ၎င်းတွင် ရှာဖွေ ဝယ်ယူ နိုင်ပြီး၊ အခြား ဓားသမားများ နှင့်လည်း၊ ဓားရေး ဖလှယ် နိုင်သည်။

အပြာရောင် စံအိမ် နယ်မြေနှင့် အနီး ဆုံးသော ဓားခန်းမ အမည်မှာ၊ အပြာရောင် ကျောက်တုံး ဓားခန်းမ ဖြစ်ပြီး၊ ၎င်း၏ သြဇာ လွှမ်းမိုးမှာ၊ စံအိမ် (၉)လုံးပေါ် သက်ရောက် လေသည်။

“ မင်းအရွယ် တုန်းက၊ အပြာရောင် ကျောက်တုံး ဓားခန်းမ သခင်နဲ့၊ စကား အချေ အတင် ဖြစ်ခဲ့ ဖူးတယ်၊ ဒါက ရှက်စရာ ကောင်းပြီး၊ ငါ့ ဆရာ သခင် ပေးခဲ့တဲ့ ဓားကိုတောင် ဆုံးရှုံး လိုက်ရတယ်။ ”

ဂိုဏ်းချုပ်မှ ပြုံးလျက် ပြောနေ သော်လည်း၊ ဆရာ သခင်ဟု ရည်ညွှန်း ချိန်၌ နာကျင် မှုများ ထက်ဟပ် လာတော့သည်။

အသက် (၂၀) မပြည့်ခင်၊ အပြာရောင် ကျောက်တုံး ဓားခန်းမ သခင်နှင့်၊ ဤသို့ ကစား ရဲသည့် ဂိုဏ်းချုပ်မှာ၊ မည်မျှ မာနကြီး မည်ကို တေွးဆ နေမိ၏။

“ အဲဒီ ဓားက၊ ဘယ်လို ဓားလဲ။ ”

လင်းယွန်မှ ပြုံးပြီး ပြန်မေး လိုက်သည်။

“ မို မျိုးနွယ်က သွန်းလုပ် ထားတဲ့ သူတော်စင် ရူရ် တစ်ထောင် ပါတဲ့၊ ဓား။ ”

ဂိုဏ်းချုပ်မှ ပြန်ဖြေ၏။ ထိုအဖြေက လင်းယွန်ကို တံတွေးနင် သွားစေသည်။

သူတော်စင် ရူရ် (၁၀၀၀) သည်ပင်၊ လွန်လှပြီ ဖြစ်ရာ၊ မို မိသားစု လက်ရာဟု တွဲစပ် ပါနေ သဖြင့်၊ နတ်ဘုရား လက်ရာ နီးနီး အစွမ်းထက် မည်မှာ သေချာ၏။

ထိုသို့ ရတနာ တစ်ပါးကို၊ အပြာရောင် ကျောက်တုံး ဓားခန်းမ သခင်နှင့်၊ လောင်းကြေး ထပ်ဝံ့ သော ဂိုဏ်းချုပ်တွင်၊ ယုံကြည်ချက် မည်မျှ ပြင်းထန် ခဲ့ကြောင်း၊ တွေးကြည့် နိုင်သည်။

သူသာ ဆိုသော် ပန်းသင်္ချိုင်း ဓားအား လောင်းကြေး ထပ်ကာ၊ ကစား ရမည့် ပွဲမျိုးကို လှည့်ပင်၊ ကြည့်မိမည် မဟုတ်ချေ။

“ မကြာခင် ... ဓားခန်းမရဲ့ ... ၊ ဓား ညီလာခံက စလိမ့်မယ် ... ၊ မင်း အဲ့ဒီ ဓားကို ပြန်ယူ လာပေးပါ။ ”

ဓားညီလာခံ ဟူသော အမည်ကြောင့်၊ လင်းယွန် တစ်ယောက်၊ ငြိမ်သက် သွားမိသည်။ ထိုအကြောင်းကို သူ ကောင်းကောင်း သိ၏။

ဓားညီလာခံကို အဆင့်များ ခွဲခြား ထားသည်။ ကြားဖြတ် ညီလာခံကို ဓားခန်းမ တိုင်းက၊ နှစ်စဉ် ဒေသတွင်း ညီလာခံ အဖြစ်၊ ကျင်းပ ပေး၏။

စစ်မှန်သော ဓားညီလာခံ ကိုမူ၊ လေးနှစ် တစ်ကြိမ်သာ ကျင်းပမည် ဖြစ်သည်။ ထိုအချိန်၌ ၎င်းသြဇာ သက်ရောက်ရာ နယ်မြေ၏ လူငယ် မျိုးဆက်မှ ထူးချွန်သူ အသီး သီးအား ရွေးချယ် ဖိတ်ကြား ပေမည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့် အင်ပါ ရီယန် များသာ တက်ရောက်ခွင့် ရှိချေ၏။ ပင်မ နတ်ဘုရားများ တက်ရောက်ခွင့် မရှိချေ။

အင်ပါ ရီယန် တစ်ပါး အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးကို ရင်ဆိုင် လို ပါက၊ ၎င်း၏ ကျင့်ကြံ မှုအား၊ လျှော့ချ ပေးရန် လိုသည်။

အနိုင် ရရှိ သူသည် ဓားခန်းမမှ သွန်း လုပ်သော ဓားများကို လက်ဆောင် ရရှိမည် ဖြစ်ပြီး၊ သူတို့ နာမည်အား တည်ဆောက် ယူ နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဓားသမားများ အတွက်၊ ပြီးပြည့်စုံသော ပွဲတစ်ပွဲ ဖြစ်၏။

လင်းယွန် သည်လည်း ခြွင်းချက် မရှိပေ။ ထိုညီလာခံသည် သူ့အား အမြင် ကျယ်စေမည် ဖြစ်ပြီး၊ အခြားသော ဓားသမား များနှင့်လည်း၊ ထိတွေ့ နိုင်မည် ဖြစ်သည်။

“ နေဦး ... ။ ”

ရုတ်တရက် လင်းယွန်က သတိရ သွားသည်။

“ ဓားညီလာခံမှာ သူတော်စင် ရူရ် တစ်ထောင် ဓားကို၊ ဆု အဖြစ် သုံးမယ်လို့ ပြောနေ တာလား။ ”

“ ဘာတွေ လောနေ တာလဲ ... ၊ ရောက်သွားတဲ့ အခါ သိရ မှာပေါ့ ... ၊ မင်းနဲ့ အတူ သခင်ငယ် လော လိုက်ပေး လိမ့်မယ်။ ”

“ သခင်ငယ် လော ... ။ ”

လင်းယွန်မှ နားရှုပ် သွားပြီး၊ သံယောင် လိုက် ရေရွတ် မိစဉ်၊ အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားသော လောဟွာက ခန်းမ အတွင်း လှမ်းဝင် လာသည်။

“ သခင်လေး လင်း ... ၊ ငါတို့ အတူတူ ခရီးထွက် ရတော့မယ်။ ”

လောဟွာမှ ပြုံးပြီး နှုတ်ဆက် လာသည်။ နတ်နဂါး ခေတ်၌၊ သခင်ငယ် ဟူသော နာမ်စား ကို၊ အမျိုး သားများ အတွက်သာ၊ အသုံးပြု ကြခြင်း မဟုတ်ချေ။

အထူး သဖြင့်၊ ဂုဏ်သရေရှိ အမျိုးကောင်း သမီးများ အပေါ်၊ ရည်ညွှန်း ရာ၌လည်း သုံးကြ ပေ၏။

သို့သော် ဂိုဏ်းချုပ် အနေဖြင့် လောဟွာကို သခင်ငယ်ဟု အဘယ်ကြောင့် ခေါ်ဆို နေရသည် အား၊ နားမလည် နိုင်ခေျ။

နောက်တဖန် ဤအဘိုး အိုသည် မရိုးရှင်း သဖြင့်၊ အပြု အမူ အပြော အဆို များနှင့်၊ အကဲ ဖြတ်၍ မရကြောင်း၊ သိလိုက် သည်။

“ သခင်လေး လင်း ... ဘာလို့လဲ၊ ငါနဲ့ အတူ ခရီး မသွားချင် လို့လား။ ”

လင်းယွန်၏ ရှုပ်ထွေး နေသော မျက်နှာ အသွင်ကို ကြည့်ကာ၊ လောဟွာ အသံ အေးစက် သွားသည်။

“ ဒါက ... ၊ ငါ့အတွက် ဂုဏ်ယူ စရာပါ။ ”

လင်းယွန်မှ ပြုံးကာ တုန့်ပြန် လိုက်သည်။

“ ကောင်ပြီ ... ၊ အကြီး အကဲ တစ်ယောက်က၊ သုံးရက် နေရင် လိုက်ပို့ ပေး လိမ့်မယ်။ ”

“ နောက် သုံးရက်လား၊ ရက်ရွေ့ ပေးလို့ မရ ဖူးလား။ ”

ယင်းမှာ ယဲ့ဇီလင်နှင့် အပြာရောင် စံအိမ်သို့ လိုက်ပါ ရမည့် ရက် ဖြစ်သည်။

“ မရဘူး ... ၊ ငါတို့မှာ အချိန် မရှိ တော့ဘူး၊ သုံးရက် နေရင် ခရီး ထွက်ပါ။ ”

ဂိုဏ်းချုပ်မှ ပြုံးပြီး ပြတ်သားစွာ ဆိုလိုက် သော်လည်း၊ လင်းယွန် တစ်ယောက် မပြုံးနိုင် ခဲ့ချေ။ ရုတ်တရက် လေထုမှာ အနည်းငယ် တင်းမာ လာ၏။

“ အစ်ကို လင်း ... ၊ မင်းမှာ ဘာ အခက် အခဲ ရှိနေ လို့လဲ။ ”

လင်းယွန်၏ မျက်နှာ အပြောင်း အလဲကြောင့်၊ လောဟွာမှ ဝင်မေး လာသည်။ ခေါင်းညိတ်လျက် ယဲ့ဇီလင်နှင့် ကတိကို လင်းယွန်က ပြောပြ လိုက်၏။

တစ်ဖက်လှည့် အနေဖြင့် ဂိုဏ်းချုပ်အား စိတ်ပြောင်း သွားစေ ရန်လည်း ရည်ရွယ်ချေ သည်။

“ သူက မင်းကို လှည့်စား နေတာ၊ ဒီအကြောင်း ငါ့ကိုတောင် လာမပြော ဖူးဘူး၊ ဒီပြိုင်ပွဲ အတွက် စိတ်မပူနဲ့၊ မင်း နာမည်ကို စာရင်းထဲ ကနေ၊ ဖျက်ပေး လိုက်မယ်။ ”

ဂိုဏ်းချုပ်က အရေး မကြီး ဟန်ဖြင့်၊ ပြုံးကာ လှမ်း ပြောသည်။

“ မဟုတ်ဘူး၊ သူ မလိမ်ဘူး။ ”

ဒေါသကို ထိန်းနေရ သဖြင့် လင်းယွန်၏ မျက်လုံးများ နီရဲ လာသည်။ သို့သော် မည်သူ မဆို သူ့ထံမှ၊ ဒေါသ အငွေ့ အသက်ကို ခံစား နိုင်၏။

ထို့ကြောင့် ဂိုဏ်းချုပ်၏ နှုတ်ခမ်းများ လှုပ်ယမ်းလျက်၊ မျက်နှာ တစ်ပြင်လုံး အေးစက် သွားသည်။ လင်းယွန်က ဂရု မစိုက်ချေ။

“ ကျေးဇူး ပြုပြီး ... ၊ ငါ့ကို အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ၊ သွားခွင့် ပြုပါ။ ”

ဦးညွှတ်လျက် တောင်းဆို၏။ သို့သော် ဂိုဏ်းချုပ်မှာ သူ့ထက် မလျော့သော အသွင်ဖြင့်၊

“ ဟမ့် ... ၊ မင်းရဲ့ ခွန်အားက တိမ်လွှာဓား ဂိုဏ်းကို၊ ကိုယ်စား ပြုနိုင်တဲ့ အနေ အထားမှာ၊ မရှိ သေးဘူး၊ ပြီးတော့ ဒီကိစ္စမှာ ဆုံးဖြတ်ချက် ချရမဲ့ လူက၊ ငါပဲ ... မင်း မဟုတ်ဘူး။ ”

-တစ်လုံးချင်း ပြောလာ တော့သည်။

ထိုတုန့်ပြန် မှုကြောင့်၊ စကား တစ်ခွန်းမျှ ထပ်မဆို တော့ဘဲ၊ လင်းယွန်မှ လှည့်ထွက် လာ ခဲ့သည်။

အမြင် မတူ သည့်နောက်၊ ဂိုဏ်းချုပ် ဖြစ် သော်မှ၊ စကားဆက်ပြော နေစရာ အကြောင်း မရှိချေ။

ဤပြိုင်ပွဲမှာ၊ ယဲ့ဇီလင် အတွက် အရေး ပါချေ၏။ ထို့ကြောင့် ကူညီ မည်ဟု ကတိပေး ထား သဖြင့်၊ ရောက်အောင် သွားရ ပေမည်။

“ လင်းယွန် ... ၊ ငါ့အကူ အညီ မပါဘဲ၊ ကောင်းကင်ဘုံ ဝိညာဉ် ကန့်သတ် ချက်ကို၊ မင်း အောင်မြင် နိုင်မယ်လို့ ထင်လား။ ”

ဂိုဏ်းချုပ်က အပေါက်ဝ ရောက်နေပြီ ဖြစ်သော လင်းယွန် နောက်ကျောကို ကြည့်ပြီး၊

“ မင်း ... ငါ့ကို ပေးစရာ ရှိတယ်။ ”

-ဟု သတိ ပေးလိုက် တော့သည်။

ဤစကားက သူ့နှလုံး သားကို ဖျစ်ညှစ် လိုက် သကဲ့သို့၊ လင်းယွန် တစ်ယောက် ခံစား လာရ၏။ ကမ္ဘာကြီး တစ်ခုလုံး ချက်ချင်း မှောင်မိုက် သွားသည်။

ချေပရန် နည်းလမ်း မရှိတော့ သဖြင့်၊ အသားများ တဆက်ဆက် တုန်ပြီး၊ လက်သီး ကျစ်ကျစ် ပါအောင် ဆုပ်ကာ၊

“ ဘာ လို ချင် လဲ။ ”-ဟု လှည့် မကြည့်ဘဲ၊ ပြန်မေး လိုက်၏။

“ ဓားညီလာခံကို သွားပါ။ ”

ဂိုဏ်းချုပ်မှ သူ့ဓားကို လေထု အတွင်း၊ ထုတ်လွှတ်ကာ၊ ပြောကြား လိုက်၏။ ထိုဓားက ကောင်းကင် ဝိညာဉ်၊ ကန့်သတ်ချက် ရောက်ရှိ ရန်၊ ကြိုးပမ်း စဉ်ကထက် များစွာ လေးလံ သည်။ နာကျင်မှုမှာ အသည်း ခိုက် ပေ၏။

“ ကောင်းပြီ ... ။ ”

သို့သော် တစ်ချက် မညည်းညူဘဲ၊ လင်းယွန်မှ အံကြိတ်လျက် ပြောလိုက်သည်။

“ ဒါပေမယ့် ... ငါ့ နာမည်ကို၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ကနေ မဖျက်နဲ့ ... ၊ မဟုတ်ရင် ဓားညီလာခံကို ငါ မသွားဘူး။ ”

“ ကိစ္စ မရှိဘူး၊ မင်း အချိန်မီ မသွား နိုင်ဘူး။ ”

ဂိုဏ်းချုပ်မှ လှမ်းပြောသည်။ ထိုစကားကြောင့် လင်းယွန်မှာ အံကြိတ် မိ၏။ သည့်နောက် လှည့်ကြည့် ပြီး၊

“ မင်းကို တောင်းပန် ရမလား ဆိုပြီး၊ ငါ တွေးနေ မိသေးတယ်၊ အခုတော့ မလို တော့ဘူး၊ အဖိုးကြီး ... ဒါပြီးရင်၊ မင်းနဲ့ငါ ဘာ အကြွေးမှ၊ မရှိ တော့ဘူး။ ”

-ဟု ဆိုကာ၊ ခန်းမ အတွင်းမှ၊ လျင်မြန်စွာ ပြေးထွက် သွားတော့သည်။

***

All Chapters