ငါ မတောင်းပန် နိုင်ဘူး။
Vol. 85 Ch. 1177
နေအိမ်သို့ ပြန်ရောက်သော အခါတွင်၊ လင်းယွန် တစ်ယောက် မျက်နှာ တစ်ပြင်လုံး မည်းမှောင် လာကာ၊ စိတ်ဓာတ်ကျ သွားသည်။
“ နင်က သွေးဆူ လွန်းတယ် ... ။ ”
ခရမ်းငယ်က အချိန် အတော်ကြာ ငြိမ်သက် ပြီးနောက်၊
“ ဒီအဖိုးကြီးမှာ ... ၊ တခြား ရည်ရွယ် ချက်တွေ ရှိကောင်း ရှိနိုင်တယ်။ ”
-ဟု ပြောလာ တော့သည်။
“ ဟုတ်တယ် ... ၊ တကယ်တော့ ငါက နည်းနည်း သွေးဆူ သွားတယ်၊ ဒါပေမယ့် ငါတို့ နှစ်ယောက်က၊ အမြင် မတူတဲ့ အတွက်၊ အရေး မကြီးတော့ ပါဘူး။ ”
လင်းယွန်မှ သက်ပြင်း ချကာ ဝန်ခံ လိုက်သည်။
“ ဒီကိစ္စမှာ သူ မမှားဘူး ... ၊ နင် ... သူ့ကို ကတိ အရင် ပေးခဲ့တာ ...၊ ယဲ့ဇီလင်က နောက်မှ မဟုတ်လား ။ ”
ခရမ်းငယ်က နှစ်သိမ့်ရန် ကြိုးစားသည်။ အဖိုး ကြီးမှာ ဒေါသ ကြီး သော်လည်း၊ မဆိုး လှဟု ထင်၏။
“ ဒါက အမှား အမှန် ... ရေွးနေတာ မဟုတ်ဘူး၊ ငါတို့ အမြင် မတူ တာကို ပြောချင် နေတာပါ။ ”
ယဲ့ဇီလင်၏ ခံစား ချက်အား သူ နားလည်ပေး နိုင်သည်။ ယင်းက တစ်ချိန်က အစ်ကိုကြီး၊ ရှင်းဂျူ၏ တောင်းဆိုမှု မျိုးလို ပေပင်။
“ နင်က ဧည့်သည်ပဲ။ ”
“ ငါ သိတယ်။ ”
ထိုစကားကို ငြင်းဆိုရန် ဆန္ဒ မရှိချေ။ အတိတ် ဟူသည် ပြန်မရ မှန်း သိသော်လည်း၊ ပစ္စုပ္ပန်ကို အာရုံစိုက် ရပေမည်။
“ ငါက ဧည့်သည်ပါ၊ ဒါပေမယ့် ... အခု တိမ်လွှာဓား ဂိုဏ်းရဲ့၊ တပည့် တစ်ယောက် ဖြစ်နေ တယ် မဟုတ်လား။ ”
“ ဒီအကြောင်း ... ယဲ့ဇီလင်ကို ပြောပြ ကြည့် မလား။ ”
လင်းယွန်က အချိန် အနည်းငယ် စဉ်းစားကြည့် ပြီးနောက်၊ ခေါင်းယမ်း ပြလိုက် သည်။ ယဲ့ဇီလင်သာ သိပါက သူ့အပေါ်၊ အပြစ် တင်မည် မဟုတ်ကြောင်း၊ သိသည်။
“ ထား လိုက် ပါ။ ”
သို့သော် သူမ အဖေနှင့်၊ ဆိုးရွားသော ဆက်ဆံမျိုး ဖြစ်လာ နိုင်မည်။ စကား အပြော အဆို မပြု တော့သည် အထိပင်၊ မြင့်တက် သွားနိုင်၏။
ထိုအချိန်တွင် ဂိုဏ်းချုပ်မှာ၊ သက်ပြင်းချ လိုက်ပြီး၊ လောဟွာထံ မော့ကြည့် လိုက်သည်။
“ မင်းကို အရမ်း ရှက်စရာ ကောင်းတဲ့ ဆက်ဆံ ရေးမျိုး ပြမိတဲ့ အတွက်၊ တောင်းပန် ပါတယ်။ ”
“ ဒါက ရှက်စရာ ကောင်းတယ် ဆိုတာ ကိုတော့ ... ၊ မင်း သိသေးတယ် မဟုတ်လား။ ”
လောဟွာမှ အေးစက်စွာ ပြန်ပြော လာသည်။ ဤသို့ တစ်ဖက် လူမှ ရိုင်းရိုင်း စိုင်းစိုင်း တုန့်ပြန်လိမ့် မည်ဟု၊ မမျှော်လင့် ထားသော ကြောင့်၊ အံ့ဩ သွားသည်။
“ သခင်ငယ် လောက ... ၊ လင်းယွန်ကို ငါအတင်း အကြပ် ခိုင်းတာမျိုး၊ သဘော မကျဖူး ထင်တယ်။ ”
“ မင်း အမြင် မှာတော့ ... ၊ သူက ဧည့်သည်ပေါ့၊ ဒါကြောင့် အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ဆိုတာ အချိန်ဖြုန်း ခြင်းပဲ၊ ဓားညီလာခံ ကသာ ပိုအကျိုး ရှိလိမ့်မယ်၊ ...
... ဒါမှသာ နှစ်ကုန်ရင်၊ သက်တံဓား သူတော်စင်ရဲ့ တပည့် ဖြစ်ဖို့၊ အရည် အချင်း ပြည့်မီ နိုင်မယ်၊ ဟုတ်တယ် မဟုတ်လား၊ ...
... မင်းက သူ့ အတွက် အကောင်းဆုံး လုပ်ပေးနေ တာကြောင့်၊ ယဲ့ဇီလင်နဲ့ သူ့ရဲ့ ခံစား ချက်ကို ဂရု မစိုက် ခဲ့ဘူး၊ ဒါပေမယ့် သူ ဝင်လာ တုန်းက သူ့ကိုယ်သူ ဘယ်လို နာမ်စား သုံးခဲ့လဲ မင်း သတိ ထားမိ ရဲ့လား။ ”
တပည့် လင်းယွန် ဟူသော အသံက၊ နားထဲ ပြန်ဝင်လာ သဖြင့် ဂိုဏ်းချုပ် ခမျာ မျက်လုံးများ မှိတ်လျက်၊ ငြိမ်သက် သွားမိသည်။
လောဟွာ စကား များက သူနှင့် လင်းယွန်ကြား ခြားနား ချက်ကို၊ မြင်သာ စေသည်။ လောဟွာ စကားသံမှာ ဆက်၍ ထွက်ပေါ် နေဆဲ ဖြစ်သည်။
“ တိမ်လွှာဓား ဂိုဏ်းကို ရောက်တာ ခြောက်လပဲ ရှိသေးတယ်၊ သူ့ကိုယ်သူ တပည့် တစ်ယောက် အဖြစ် ခံယူ နေပြီ၊ မင်း ဒီမှာ နေလာတာ ...
... (၁၈) နှစ်၊ ဒါနဲ့တောင် မင်းကိုယ်မင်း ဂိုဏ်းချုပ် တစ်ယောက် အဖြစ် ခံယူ ဖူးလား၊ မင်းရဲ့ နှလုံးသားမှာ အမုန်း တရား တွေပဲ ရှိတယ်၊ ...
... မင်းကိုယ်မင်း ဂျင်ကျင်းရှန် ဆိုတဲ့ ... ၊ အမည် အောက်မှာ နေပြီး၊ သက်တံဓား သူတော် စင်ရဲ့ တပည့် အဖြစ်၊ ခံစား နေတုန်းပဲ။ ”
ထိုအချိန်က ဤအဖိုးကြီး မည်မျှ အစွမ်းထက် ခဲ့သည်ကို လောဟွာ သိသည်။ သူ့ အမည်မှာ ဂျင်ကျန်းရှန် ဖြစ်ပြီး၊ ဓားဂိုဏ်း၏ မျှော်လင့်ချက် အဖြစ်၊ ယူဆ ထား ကြ၏။
“ မင်း အများကြီး သိထား တာပဲ ... ၊ ဒါပေမယ့် ... ငါ ဂျင်ကျန်းရှန်က အမှားနဲ့ အမှန် ကို၊ ဘယ်တော့မှ စိတ်မဝင် စားဖူး၊ ဒါဆို ...
... ဘာလို့ မင်းက ငါ့ကို လာပြီး၊ ခွဲခြားပြ နေရ တာလဲ၊ ငါ့ဆရာရဲ့ မိတ်ဆွေ ဖြစ်တာ နဲ့ပဲ၊ မင်း မျှော်လင့်ထား သလို ... ၊ ငါက သူ့ကို တောင်းပန် လိမ့်မယ်လို့ ထင်လား၊ စိတ်လျော့ လိုက်ပါ။ ”
ခေါင်းမာ လွန်းသော အဖိုးအိုကြောင့်၊ လောဟွာက ဆက်မပြော တော့ချေ။ အဆုံးတွင် လင်းယွန် သည်လည်း၊ ၎င်းနှင့် အတူတူ ပေပင်။ ထို့ကြောင့် ချိပ်- ချိပ်ချင်း ချိတ်မိ ကျသည်မှာ သဘာဝ ဖြစ်၏။
***
ထိုအချိန်တွင်၊ လေလွင့် နန်းတော် တစ်နေရာ၌ ချူထျန်းဟောင်က အမည်ခံ ပင်မ နတ်ဘုရား သင်းထောက် နှစ်ဦးနှင့်၊ လေ့ကျင့် နေခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းသော ဘုရင် တစ်ပါး၏ အငွေ့ အသက်က၊ သင်းထောက် (၂) ဦးကို၊ ဖိနှိမ် ထားသည်။
ယင်းက သင်းထောက် နှစ်ဦး၏ ခွန်အားကို တစ်ဝက် တိတိ လျော့ကျ စေသည်။ သည့်စဉ် ချူထျန်းဟောင် နောက်၌ စကားလုံး တစ်လုံး ပေါ်လာ၏။
ထိုစကားလုံး ထံမှ လူသတ် လိုသော ဆန္ဒများ ထုတ်လွှတ် ပေးလေသည်။ လှုပ်ရှားမှု တိုင်းက ကောင်းကင်မှ ဆင်းသက် လာသော ဘုရင် တစ်ပါး အလား ခံစား ရစေ၏။
ဆယ်ကြိမ် ပြီးနောက်၊ ပြိုးပြက်သော အလင်းများ ပေါက်ကွဲ လာပြီး၊ သင်းထောက် နှစ်ဦးကို လွင့်စဉ် သွားစေ ခဲ့သည်။
“ လေလွင့် ဘုရင်၏ တံဆိပ်တော်။ ”
ချူထျန်းဟောင်ကို ဖုံးအုပ် ထားသည့် အနက်ရောင် မြူများကို ကြည့်ပြီး၊ နှစ်ဦးသား မျက်လုံးပြူး ကုန်သည်။
၎င်းမှာ လေလွင့် ဘုရင် နည်းစနစ်၏ နောက်ဆုံး အဆင့် ဖြစ်ပြီး၊ နယ်ပယ် မြင့်မား သော၊ ရန်သူ များကို သတ်ပစ် နိုင်ပေမည်။
ထိုနည်းစနစ်ကို လေလွင့် နန်းတော်၌ မည်သူမျှ မအောင်မြင် ခဲ့သည်မှာ၊ နှစ်ရာချီ ကြပြီ ဖြစ်၏။
ထို့ကြောင့် ချူထျန်းဟောင်ကို အပြာရောင် စံအိမ် နယ်မြေ၌ အထူး ချွန်ဆုံး ပါရမီရှင် အဖြစ်၊ ခေါ်ဆို ကြခြင်း ဖြစ်သည်။
“ ကောင်း တယ် ... ။ ”
ရုတ်တရက် ပြုံးလျက် အဘိုးအို တစ်ဦး ထွက်ပေါ် လာသည်။ ထိုအဘိုးအိုကို မြင်သည် နှင့်၊ သင်းထောက် နှစ်ယောက်က ချက်ချင်း လက်ဝှေ့ ယမ်းကာ နှုတ်ဆက် လိုက်၏။
“ မင်္ဂလာပါ နန်းတော် သခင်။ ”
“ ထျန်းဟောင် ... ၊ မင်း လေလွင့် ဘုရင် နည်းစနစ်ကို၊ ဒွါဒသမ အဆင့်ထိ ဆုပ်ကိုင်နိုင် ခဲ့ပြီ။ ”
အဘိုးအိုက သင်းထောက် နှစ်ဦးအား လျစ်လျူ ရှုလျက် စိတ် လှုပ်ရှားစွာ၊ ပြောလိုက် တော့သည်။
“ ဒါပေမယ့် ... ဒါက အဆုံး မဟုတ်သေး ပါဘူး၊ နောက် တစ်ဆင့် တက်လှမ်းနိုင် မယ်လို့၊ တပည့် ခံစားရ ပါတယ်။ ”
“ အိုး ... ။ ”
သူ့ စကားကြောင့် အဘိုးအိုမှာ၊ အံ့သြ သွားသည်။
“ ဘုရင် တံဆိပ်ကို ဖွဲ့စည်း နိုင်ခြင်းက၊ ဘုရင် တစ်ပါးရဲ့၊ အလို ဆန္ဒကို အပြည့် အဝ မပြသ နိုင်သေးဘူး၊ မျက်နှာပြင်ကို ထိရုံသာ ရှိပါ သေးတယ်။
“ မင်း ... လေလွင့် ဘုရင် ရည်ရွယ် ချက်ကို ပြောနေ တာလား။ ”
အဘိုးအိုမှ ပြန်မေး လိုက်သည်။ အဆုံးတွင် ဧကရာဇ် တာအိုကို၊ အာဏာပိုင် တာအို အဖြစ် ခေါ်ဆို ကြပြီး၊ ထိပ်တန်း တာအို အမျိုး အစား အတွင်း၊ အဆင့် သတ်မှတ် လေသည်။
ယင်းကို နားလည် နိုင်ခဲ့သော်၊ တတိယ တန်းစား သိုင်း ရည်ရွယ်ချက် များအား၊ ယှဉ်နိုင် မည် ဖြစ်၏။
“ မျက်နှာပြင် ဆိုပေမယ့် လည်း ... ၊ အပြာရောင် စံအိမ် နယ်မြေကို ဖြတ်ကျော်ဖို့ အတွက်တော့ လုံလောက် နေပါပြီ။ ”
ချူထျန်းဟောင်မှ မောက်မာ စွာဖြင့် တစ်ကိုယ်တည်း ပြောနေဟန် စကားဆို လိုက် တော့သည်။
***