← Chapters

နားလည်မှု လွဲခြင်း။

Vol. 85 Ch. 1178

နားလည်မှု လွဲခြင်း။

Vol. 85 Ch. 1178

“ ဟား ... ဟား ... ဟား ... ၊ မင်း ပြောတာ မှန်တယ်၊ ငါတို့ လုံလောက်ပြီ။ ”

နန်းတော် သခင်က သိုလှောင်အိတ်ကို ပွတ်လိုက်ပြီး၊ လှံ တစ်စင်းအား၊ ထုတ်ယူလျက် ချူထျန်းဟောင်ထံ ကမ်းပေး လေသည်။

လှံကို ကြည့်လိုက်ပြီး၊ ချူထျန်းဟောင် မျက်လုံးများ တောက်ပ လာ၏။ ပန်း သင်္ချိုင်းမှ သူ့ လက်နက်အား သိမ်းယူ သွားပြီးနောက်၊ သူတော်စင် ပစ္စည်း မရှိ တော့ချေ။

လှံဖျားကို ဖုံးအုပ် ထားသော အနက်ရောင် ဝတ်ရုံ စကို ဖယ်ရှား လိုက်သော အခါ၊ ငွေရောင် အလင်းများ ဖြာထွက် လာ၏။

“ မိစ္ဆာ နက် ... ။ ”

ဤသည်မှာ လေလွင့် နန်းတော်၌၊ အကောင်း ဆုံးသော သူတော်စင် လက်ရာ ဖြစ် ချေပြီ။

ပင်မ အမာခံ ရူရ်မှာ၊ ဆဋ္ဌမ တန်းစား သူတော်စင် ရူရ် ဖြစ်ပြီး၊ အရံ သူတော်စင် ရူရ် ပေါင်း (၄၀၀) ဖြင့်၊ ဝိုင်းရံ ထား၏။

“ အခု ... မင်းကို ခဏ ငှားလိုက်မယ်၊ ချန်ပီယံ ဖြစ်ခဲ့ ရင်တော့ ... ၊ မင်း ပြန်ပေး စရာ မလို တော့ဘူး။ ”

“ ဝှစ် ... ။ ”

နန်းတော် သခင်မှ ပြုံးလျက် ပြော လာသည်။ ချူထျန်းဟောင်က စကား မဆို တော့ဘဲ၊ လှံအား ခါးလည်မှ ကိုင်လျက်၊ လှည့်ပတ် ကစား လိုက်မိ၏။

၎င်းတို့နှင့် တစ်ချိန် တည်းတွင်၊ နတ်မိစ္ဆာ နယ်မြေရှိ၊ ကောင်းကင်ဘုံ ကြယ်ခန်းမ ၌လည်း၊ လှုပ်လှုပ် ရွရွ ဖြစ်နေ ခဲ့၏။

ခန်းမ သခင် ရှေ့တွင်၊ အနက်ဝတ် လူငယ် တစ်ဦး ရပ်နေသည်။ ၎င်း၏ အမည်မှာ ကျန်းဟီ ဖြစ်ပြီး၊ ကောင်းကင်ဘုံ ကြယ်ခန်းမမှ ပါရမီရှင် တစ်ဦး ဖြစ်၏။

အင်ပါ ရီယန် နယ်မြေသို့ ရောက်ရှှိခဲ့ သည်မှာ၊ တစ်နှစ် မျှသာ ရှိသေး သော်လည်း၊ ထိပ်တန်း (၅၀၀၀) သို့ တက်လှမ်းထား နိုင်သည်။

ထိပ်ဆုံး (၁၀,၀၀၀) အတွင်း ဝင်နိုင် သူများမှာ၊ နက္ခတ် အဆင့် အထွတ် အထိပ်၌ ရှိပြီး၊ (၅၀၀၀) သို့ တက်လှမ်း နိုင်သူ အများ စုမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၌ ဖြစ်၏။

ထို့ကြောင့် ဤကျန်းဟီတွင်၊ လုံလောက်သော ခွန်အားမျိုး ရှိနေ သည်ဟု အဓိပ္ပါယ် ရသည်။

“ ပန်းသင်္ချိုင်းက ... ၊ အပြာရောင် စံအိမ် နယ်မြေရဲ့ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲကို၊ တက်မှာ သေချာ ရဲ့လား။ ”

ကျန်းဟီမှ မေးသည်။

“ သေချာပေါက် တက်လိမ့်မယ်၊ သူက တိမ်လွှာဓား ဂိုဏ်းက ဆိုတာ၊ ငါတို့ အတည်ပြု နိုင်တယ်။ ”

ခန်းမ သခင်မှ ပြန်ဖြေ၏။ ဤနှစ်တွင် ချန်ပီယံ မဖြစ် ပါက၊ တိမ်လွှာဓား ဂိုဏ်းမှာ၊ ဖယ်ရှား ခံရမည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ ဝှက်ဖဲ ဖြစ်သော ပန်းသင်္ချိုင်းကို မလွှတ်ဘဲ၊ ထားစရာ အကြောင်း မရှိချေ။

“ ဒါက အကောင်း ဆုံးပဲ ... ၊ မဟုတ်ရင် အဆင့် သတ်မှတ်ချက် ပြိုင်ပွဲက၊ အဓိပ္ပါယ်မဲ့ သွား လိမ့်မယ်။ ”

ပန်း သင်္ချိုင်းသည် ကောင်းကင်ဘုံ ကြယ်ခန်းမကို ပြဿနာ ရှာပြီးနောက်၊ တစ်ဦး တည်းသော အသက် ရှင်လျက် ထွက်ခွာ သွားနိုင်သူ ဖြစ်သည်။

ကြယ် ခန်းမမှ ၎င်းအပေါ် ထုတ်သော ဆုကြေးမှာ၊ ပင်မ နတ်ဘုရား နယ်ပယ် အချို့ ထက်ပင်၊ မြင့်မား နေ၏။

ထို့ကြောင့် ပန်းသင်္ချိုင်းသာ မထွက်လာ ပါက၊ ကျန်းဟီ အတွက်၊ စိတ်ပျက်ဖွယ် ကောင်း ပေမည်။

သူ့လို လူ တစ်ယောက် အနေဖြင့်၊ ဤနယ်မြေကို ခြေချ ခြင်းမှာ၊ ၎င်းကြောင့်သာ ဖြစ်၏။ မဟုတ်သော် အချိန်ဖြုန်း ခြင်းသာ ဖြစ်ပေမည်။

“ ပန်းတိုင် မရောက် ခင်မှာ ... ၊ မော်ကြွား လွန်းတဲ့ အသွင်မျိုး မလုပ် ပါနဲ့၊ ချူထျန်းဟောင် က လေလွင့် ဘုရင် နည်းစနစ်ကို၊ ဆုပ်ကိုင် ထားနိုင် ပြီလို့ ငါထင်တယ်၊ ပြီးတော့ ...

... ယဲ့ဇီလင် ကလည်း မလွယ်ဘူး၊ သူရဲ့ ဓားရေးက ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေ ကိုတောင်၊ ရင်ဆိုင် နိုင်နေပြီ၊ သွေးလမင်း ဗိမာန်လည်း ပေါ်လာ မယ်လို့ ကြားတယ်။ ”

“ အိုး ... ။ ”

သွေးလမင်း ဗိမာန်သည် သူ့အာဏာကို၊ ခွန်လွန်ဘုံ တခွင် ဖြန့်ကျက် ထား သောကြောင့်၊ ကျန်းဟီအား စိတ်လှုပ်ရှား လာစေ၏။

အပြာရောင် စံအိမ် နယ်မြေရှိ သွေးလမင်း ဗိမာန်တွင်၊ ကြောက်စရာ ကောင်းသော ဘီလူး တစ်ကောင် ဝှက်ထားကြောင်း သူ ကြား ထားသည်။

“ အခုမှ ... ၊ စိတ်ဝင်စား စရာ ကောင်း လာတာ။ ”

ကျန်းဟီမှ ရက်စက်သော အပြုံးကို ထုတ်ဖော်လျက်၊ မျက်လုံးများ မှေးကျဉ်းသွား လေသည်။

“ ဘာတွေပဲ ဖြစ်ဖြစ် ... ၊ တိမ်လွှာဓား ဂိုဏ်းရဲ့၊ တပည့် အားလုံးကို သတ်ဖို့၊ မင်း သတိ ရပါ၊ အဲဒါမှ ပန်းသင်္ချိုင်း အပေါ်၊ ဖိအား ပေးနိုင် လိမ့်မယ်။ ”

ပန်းသင်္ချိုင်းသည် ခန်းမ သခင် အတွက်၊ အိမ်မက်ဆိုး ဖြစ်သည်။ ၎င်းမှာ ထိုလူ၏ အကာ အကွယ် အောက်တွင်၊ ပုန်းခိုနေ သ၍ သူ တက်စွမ်း နိုင်သည့် အရာ မရှိချေ။

ပင်မ နတ်ဘုရား နယ်ပယ်တွင် မရှိ ပါက၊ အပြာရောင် စံအိမ် နယ်မြေရှိ၊ မိစ္ဆာ ကျင့်ကြံသူ မည်သူ မဆို၊ ပန်းသင်္ချိုင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း ပြောနိုင်သည်။

သို့သော် သတ်ခြင်းသည် စည်းမျဉ်း စည်းပေါင် အတွင်း၌ ရှိနေပါက၊ မည်သူ မဆို စောဒက တက်နိုင်မည် မဟုတ်ချေ။

“ စိတ်မပူ ပါနဲ့ ... ၊ ပန်းသင်္ချိုင်း အတွက် ... ၊ ငါ ဒီကို ရောက်လာ တာပါ၊ သူ အသက်ရှင် စရာ အကြောင်း မရှိတော့ ပါဘူး။ ”

ကျန်းဟီမှ ကတိ ပေးလာသည်။

မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်လွန် သွား၏။ ကြယ် ဝိညာဉ် ရေကန်၌၊ လျူချင်းယန် နှင့် ဖုန်ကျန်း တို့နှစ်ဦး ကျင့်ကြံ နေကြသည်။

သူတို့ နှစ်ဦးမှာ၊ လွန်ခဲ့သည့် ရက် အနည်းငယ် ကပင်၊ နက္ခတ် အဆင့်သို့၊ တက်ရောက် နိုင်ခဲ့၏။

ထို့ကြောင့် ယဲ့ဇီလင်မှ သူတို့အား၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲသို့ ဝင်မည့် လူစာရင်းတွင် ရွေးချယ် ခဲ့ပြီး၊ သည်အခွင့် အရေးကို ပေးခြင်း ဖြစ်သည်။

ဖုန်ကျန်းက သက်ပြင်းရှည် ကြီးကို မှုတ်ထုတ် လိုက်၏။ လျူချင်းယန် သည်လည်း၊ ထိုနည်း လည်းကောင်း ပေပင်။

ဤနေရာတွင် လဝက်ခန့် ကျင့်ကြံ ခြင်းသည်၊ အခြား ဒေသ၌ တစ်လ ကျင့်ကြံ ခြင်းနှင့် ညီမျှ ချေ၏။

ယင်းမှာ လင်းယွန်၏ ကျေးဇူးကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံ ကိုးလွှာကို ချိုးဖျက် ပြီး၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ မတက်လှမ်း နိုင်ပါက၊ နက္ခတ် အဆင့်အား လျင်မြန်စွာ ရောက်ရှိ နိုင်မည် မဟုတ်ချေ။

လင်းယွန်မှာ ကံကောင်းခြင်း များကို ပေးစွမ်း လာသော လူ တစ်ယောက် ဖြစ်သည်။ နှစ်ဝက် အတွင်း ဂိုဏ်း အပေါ်၊ ကြီးကြီး မားမား ပြောင်းလဲ လာစေ၏။

သည့်ထက် ပို၍ စောပြီးသာ ရောက်လာခဲ့ ပါက၊ တိမ်လွှာဓား ဂိုဏ်းသည် ဒေသ အတွင်း ပြိုင်ဘက် ကင်းနိုင် ပေမည်။

လျူချင်းယန်က သဘောတူ ဟန်ဖြင့် ခေါင်းညိတ် လိုက်၏။ ဓားသူတော်စင် တောင်၏ ခေါင်းလောင်းသံ ဖြစ်စေ၊ ကောင်းကင်ဘုံ (၉) လွှာအား ခွဲခြင်း ဖြစ်စေ၊ များစွာ အကျိုး ရှိသည်။

“ ကောင်းပြီ ... ငါတို့ ကျင့်ကြံ ခြင်းကို ရပ်ရအောင်၊ လင်းယွန်နဲ့ အစ်မ ယဲ့က၊ ငါတို့ အပေါ်၊ ပြန်စောင့် နေရရင် မကောင်းဘူး၊ ဒီတစ်ခါ လေလွင့် နန်းတော်ကို အံ့အား သင့်စရာတွေ ပေးနိုင်ပြီ။ ”

လျူချင်းယန်မှ ပြောလာ၏။ နက္ခတ် အဆင့်သို့ တက်လှမ်း နိုင် ပြီးနောက်၊ သူ့၌ ယုံကြည် ချက်များ၊ ပြည့်လျှံ နေပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

နှစ်ယောက်သား ရွေ့လျားမှု နည်းစနစ် များကို ထုတ်ဖော်လျက်၊ ရေကန်မှ ထွက်ကာ ဆုံရပ် ထံသို့၊ ပြေးလွှား လိုက်ကြသည်။

ယဲ့ဇီလင်၊ ဝမ်ယုဝါနှင့် အကြီး အကဲ အနည်းငယ်က ကြိုတင် စောင့်ဆိုင်းနေ သည်ကို မြင်လိုက် ရသည်။

“ အစ်ကို လင်းနဲ့ တွေ့သေးလား။ ”

ဝမ်ယုဝါက ရောက်လျှင် ရောက်ချင်း သူတို့အား လှမ်းမေး လိုက်သည်။

“ မတေွ့ဘူး ... ၊ သူ့မှာ လုပ်စရာ လေးတွေ ရှိနေ သေးလို့၊ ဖြစ်ပါ လိမ့်မယ်။ ”

ဖုန်ကျန်းမှ ပြုံးလျက် ဖြေလိုက်၏။ ကတိ ပေးထားပြီး ဖြစ်သဖြင့်၊ လင်းယွန် ရောက်လာ လိမ့် မည်ဟု၊ သူ ယုံကြည်သည်။

လူတိုင်းက စကား စမြည် ပြောဆို နေစဉ်၊ ယဲ့ဇီလင်မှာ တိတ်ဆိတ် နေခဲ့သည်။ မကြာ ခဏ ဆိုသလို၊ လင်းယွန် နေအိမ်သို့ မျက်လုံးများ မှေးစင်လျက် လှမ်းကြည့် နေချေ၏။

သည့်စဉ် အပြာရောင် ဝတ်စုံနှင့်၊ လူရိပ် တစ်ရိပ် ပျံသန်းလာ လေရာ၊ လင်းယွန်ဟု ယူဆ ပြီး၊ ဝမ်ယုဝါမှ ပြုံးရွှင် သွားသည်။

“ အစ်ကိုလင်း ... ။ ”

သို့သော် မျက်နှာကို မြင်ချိန်၌ လင်းယွန် မဟုတ်ဘဲ၊ ကျန်းလိချန် ဖြစ်သဖြင့်၊ စိတ်ပျက် သွား၏။

ကျန်းလိချန်က မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊ လူအုပ်ကို ဝေ့ကြည့်ကာ၊

“ မင်းတို့ လင်းယွန်ကို စောင့်နေ တာလား၊ သူ လာတော့မယ် မထင်ဘူး။ ”

“ ဘာ ပြော တယ်။ ”

“ ဟုတ်တယ် ... ၊ လင်းယွန် အိမ်ထဲကို လောဟွာက ကြယ်ငှက် စီးပြီး၊ ဝင်သွားတာ ငါ တွေ့ လိုက်တယ်၊ ကြယ်ငှက်ရဲ့ ...

... အဓိပ္ပါယ်ကို သိတယ် မဟုတ်လား၊ ခရီးဝေး သွားတဲ့ အခါ၊ စီးနင်း ရတဲ့ ငှက်လေ၊ ငါတို့ ဂိုဏ်းမှာ သုံးကောင်ပဲ ရှိတယ်။ ”

ကျန်းလိချန် စကား များကြောင့် လူတိုင်း သက်ပြင်းချ လိုက်မိသည်။

“ သူ့လို အရည် အချင်း ရှိတဲ့ လူက ... ၊ ဘာလို့ အပြာရောင် စံအိမ် နယ်မြေမှာ ရှိနေရ မှာလဲ၊ လောဟွာနဲ့ အတူ သူတော်စင် မိသားစု ထဲကို ဝင်လိုက် တာက ...

... ပိုအဆင် ပြေမယ် မဟုတ်လား ... ၊ မင်းတို့က သူ့ကို သူငယ် ချင်းလို့ မှတ်ယူထား ပေမယ့်၊ သူ့ ရင်ထဲက သူငယ်ချင်း ကတော့ လောဟွာ ပါပဲ။ ”

“ တော် လောက် ပြီ ... ။ ”

လျူချင်းယန်မှ ကျန်းလိချန်အား ဟန့်တား အော်ဟစ် လိုက်သည်။

“ ဘာလို့လဲ ... ၊ ငါ မှားလို့လား၊ သူလို လူမျိုးကို၊ ဂိုဏ်းက ထိန်းထား နိုင်မယ် မင်း ထင်လား၊ ... သူတော်စင် မိသားစု ကသာ ခေါ်ထားလို့ ရလိမ့်မယ်။ ”

ကျန်းလိချန်က ရပ်တန့်ရန် စိတ်ကူး မရှိဘဲ၊ ဆက်လက် ပြောဆို လိုက်သည်။

“ မဖြစ် နိုင်ဘူး ... ၊ အစ်ကို လင်းကို ကိုယ်တိုင် မေးချင်တယ်၊ သူ ယုဝါ တို့ကို လိမ်မှာ မဟုတ်ဘူး။ ”

ဝမ်ယုဝါမှ သွားမေးရန် ပြင်လိုက် သော်လည်း၊ ယဲ့ဇီလင်က ဖမ်းဆွဲ ထားလိုက်၏။ သည့်စဉ် ကျယ်လောင်သော လေခွင်းသံ ကြီးနှင့် အတူ၊ အလင်းတန်း တစ်ခု ကောင်းကင်ပေါ် ထိုးတက် လာသည်။

“ ဝရူး ... ။ ”

အာရုံစိုက် ကြည့်ပါက၊ ၎င်းမှာ အပြာရောင် ငှက် တစ်ကောင် ဖြစ်ပြီး၊ သူ့ ကျောပြင် ပေါ်၌၊ လူရိပ် သုံးရိပ် ပါရှိ၏။

၎င်းတို့ အနက် အပြာရောင် ဝတ်စုံနှင့်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော ပုံရိပ်ကို မြင်ချိန်၌၊ လင်းယွန် ဖြစ်မှန်း သိလိုက် ကြသည်။

ထို့စဉ် နားလည်ရ ခက်သော ပလွေသံက လွင့်ပျံ လာသည်။ ဤပုံရိပ်သည် လင်းယွန်နှင့်၊ လောဟွာ ဖြစ်မှန်း၊ အတည်ပြု နိုင်သဖြင့်၊ လူအုပ်မှာ တိတ်ဆိတ် သွား၏။

“ စီနီယာ အစ်ကို လင်း ... ။ ”

ဝမ်ယုဝါက တုန်လှုပ် သွားသည်။ အစ်ကို လင်းမှာ၊ သူတို့အား ကတိ ပေးပြီး ဖြစ်သဖြင့်၊ ဤသို့ ထွက်ခွာ သွားခြင်း အပေါ် နားမလည် နိုင်ချေ။

“ အရူး မလေး၊ တိတ်တော့ ... ။ ”

ယဲ့ဇီလင်က ဝမ်ယုဝါကို ပွေ့ဖက်ကာ၊ နှစ်သိမ့် ပေးမိသည်။ မိုးကုပ် စက်ဝိုင်းထံ ပျံသန်း နေသော တစ်ဖက် လူထံ မျှော်ကြည့်လျက်၊ မည်သည့် အခါမျှ၊ ပြန်ဆုံ နိုင်တော့မည် မဟုတ်ကြောင်း၊ နားလည် လိုက်၏။

နှင်း သူတော်စင် မိသား စုတွင်၊ ကြီးပြင်း ခဲ့ရသော သူမသည်၊ ဂိုဏ်းနှင့် ပူးပေါင်း ရန်သာ၊ ဆန္ဒ ရှိနေစဉ်၊ လင်းယွန်မှာ သူတော်စင် မိသား စုသို့ ဝင်ရန် ဆုံးဖြတ် ခဲ့သည်။

ခေါင်းယမ်း လိုက်လျက် ယဲ့ဇီလင်မှ၊ သက်ပြင်းချ လိုက်သည်။ လူတိုင်းတွင် ရွေးချယ် ရန်၊ အခွင့် အရေး ရှိချေ၏။

***

All Chapters