← Chapters

ဖိတ်စာ ။

Vol. 85 Ch. 1180

ဖိတ်စာ ။

Vol. 85 Ch. 1180

ဖိတ်စာ မရထား သဖြင့်၊ လင်းယွန် မျက်နှာမှာ၊ မည်းမှောင် သွားသည်။ ထို့ကြောင့် ပိုင်တင်းက ချက်ချင်း ရှင်းပြ လာ၏။

ယဲ့ဇီလင် တစ်ယောက် ကောင်းကင်ဓား ဆုပ်ကိုင် နိုင်စဉ် အချိန်က၊ ဖိတ်ကြားချက် ရရှိခဲ့ ဖူးသည်။ သို့သော် သူမက စိတ် မဝင်စား သဖြင့်၊ ငြင်းပယ် ခဲ့သည်။

အပြာရောင် စံအိမ် နယ်မြေ ဟူသည်မှာ၊ နုံချာသော ဒေသ တစ်ခု ဖြစ်သဖြင့်၊ ဓားခန်းမမှ ဖိတ်စာ ထပ်ပို့ရန်၊ စိတ်မဝင်စား တော့ခြင်း ဖြစ်သည်။

သို့သော် သူတို့တွင် အခွင့် အရေး အနည်းငယ် ရှိသည်။ အပြာရောင် ကျောက်တုံး မြို့သို့ ဝင်ရောက် ပြီးနောက်၊ သူတို့အား ဟွမ် မိသားစု ထံ၊ ပိုင်တင်းမှ ခေါ်ဆောင် လာသည်။

တိမ်လွှာဓား ဂိုဏ်းသည် အပြာရောင် ကျောက်တုံး မြို့နှင့်၊ ရာစုနှစ် များစွာ ကြာသည့် တိုင်၊ ဆက်သွယ်မှု ရှိ၏။

အထူး သဖြင့် ရေပေါ် ကျွန်းမှ၊ သဘာဝ သယံဇာတ များကို ဟွမ် မိသား စုနှင့်၊ အရောင်း အဝယ် ပြုလုပ် ခဲ့သည်။

ထို့အပြင် ဟွမ်မိသားစု ဘိုးဘေးမှာ၊ ဂိုဏ်းချုပ်နှင့် လေးနက်သော ခင်မင် ရင်းနှီးမှု ရှိချေ၏။

“ ဟွမ် မိသားစုကို အထင် မသေးနဲ့ ... ၊ သူတို့မှာ နဂါး သွေးလွှတ်ကြော ကျွမ်းကျင်သူ (၁၀)ဦး ရှိတယ်၊ အပြာရောင် စံအိမ်ရဲ့၊ အဓိက ဂိုဏ်းကြီး လေးဂိုဏ်း ကတောင် ...

... သူတို့ကို မယှဉ် နိုင်ဘူး၊ ပြီးတော့ ... သူတို့က သူတော်စင် တစ်ပါးကို ပိုင်ဆိုင် ထား တယ်၊ ဒါကြောင့် ဓားခန်းမရဲ့ မျက်နှာသာ ပေးခြင်း ခံထား ရတယ်။ ”

ပိုင်တင်းက လမ်းတစ်လျှောက် ရှင်းပြ ခဲ့သည်။ မိသားစု တစ်ခုသည် ဂိုဏ်း (၄) ဂိုဏ်း ပေါင်းစည်း သည်ထက်၊ ပို၍ အားကောင်း နေသည်ကို၊ ကြားလိုက် ရလေရာ၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွား၏။

ယင်းက အပြာရောင် စံအိမ် နယ်မြေမှာ၊ နုံချာသော စီရင်စု တစ်ခု ဖြစ်မှန်း၊ သိသာလာ စေသည်။

“ ဒါဆို သူတို့ကို ... ၊ အခြား လူတွေက အကူ အညီ လာ မတောင်း ဖူးလား။ ”

“ ရှိတာပေါ့ ... ၊ အခြား လူတွေ အတွက် သူတို့က တံခါးဖွင့် ပေးမယ်လို့ မင်း ထင်လား၊ ပြီးတော့ ဓားညီလာခံကို တက်ရောက်တဲ့၊ လူ အများ စုက ...

... သူတော်စင် မိသားစု ဝင်တွေပါ၊ ဒါက ဓားသမားတွေ အတွက် ပွဲတော် ဖြစ်လို့၊ ဖိတ်စာ တစ်စောင် ရဖို့၊ မခက်ခဲ ကြပါဘူး။ ”

ဟွမ်မိသားစု စံအိမ်သို့ ဝင်ကာ၊ ဘိုးဘေးနှင့် တွေ့ဆုံရန် ဧည့်ခန်းမ ထဲ၌ စောင့်ဆိုင်း နေမိ၏။ တစ်နာရီ အကြာ၌ ဘိုးဘေး ဟွမ်နှင့် တွေ့ရန် ပိုင်တင်းအား၊ လာရောက် ခေါ်ဆောင် သွားသည်။

ဘိုးဘေး ဟွမ် နေထိုင်ရာ အခန်းရှိ ကြမ်းပြင်ကို၊ ကျောက်ပြား ဖြူဖြူ များဖြင့်၊ အလှဆင် ထား၏။ နံရံ များ၌ ညလင်း ပုလဲ (၁၈) လုံး တိတိ မြှပ်နှံ ထားသည်။

“ ဘိုးဘေး ဟွမ်၊ မတွေ့တာ ကြာပြီနော်။ ”

လိုက်ပါ ပို့ဆောင် ပေးသော အစေခံ ထွက်သွား သည်နှင့်၊ ပိုင်တင်းမှ ပြုံးလျက် နှုတ်ဆက် လိုက်သည်။

“ ဒါက ... ၊ ငါရဲ့ လက်ဆောင်ပါ။ ”

ဘိုးဘေး ဟွမ်က ကုလားထိုင် ပေါ်မှ နေ၍ ပြုံးလိုက်ပြီး၊

“ အဘိုးကြီး ပိုင် ... ၊ မင်း ဒီလောက် ယဉ်ကျေး နေဖို့ မလို ပါဘူး၊ မင်းရဲ့ ဂိုဏ်းချုပ်နဲ့ ငါက ခင်မင် ရင်းနှီးမှု ရှိပါတယ်၊ ...

... အခု မင်းလာ ရတဲ့၊ ရည်ရွယ်ချက် ကိုလည်း၊ သူ ပြောပြ ထားပြီး သားပါ၊ အရင် ထိုင်ပါဦး ... ။ ”

ခရီး ဦးကြို စကားကြောင့် ပိုင်တင်းမှာ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။ ဘိုးဘေး ဟွမ်က လက်ဆောင်ကို လက်ခံ ယူပြီးနောက်၊

“ ယဲ့ဇီလင်က ... ဖိတ်စာရ ပေမဲ့ မလာ ခဲ့ဘူး၊ ဒါပေမယ့် ဒီနှစ်တော့ ဖိတ်စာ မရတဲ့၊ အခြား လူ တစ်ယောက်က လာခဲ့တယ်။ ”

“ ဒီတစ်ယောက်ရဲ့ အရည် အချင်းက၊ ယဲ့ဇီလင်ထက် သာပါတယ်၊ ပြဿနာ ကတော့ သူ့ရဲ့ ကျင့်ကြံမှု နိမ့်ကျ နေသေး တာ ပါပဲ။ ”

ပိုင်တင်းမှ ချက်ချင်း ဖြေရှင်း မိသည်။

“ ငါ ယုံပါတယ် ... ၊ မင်းရဲ့ ဂိုဏ်းချုပ်က တခြား လူတွေဆီ ကနေ၊ လွယ်လွယ်နဲ့ အကူ အညီ တောင်းတက်တဲ့ လူမျိုး မဟုတ်ဘူး၊ အခုလို အကူ အညီ တောင်းလာ ထဲက၊ ...

... ဒီကလေး အပေါ်၊ မျှော်လင့် နေတာ သိသာ ပါတယ်၊ ဒါပေမယ့် ... ဒီနှစ် ပြိုင်ပွဲက အရမ်း ပြင်းထန်တဲ့ အတွက်၊ စိတ်မကောင်း စရာပဲ၊ မင်းရဲ့ ဂိုဏ်းချုပ် စိတ်ပျက် ရမှာကို ငါ ကြောက်မိတယ်။ ”

ဘိုးဘေး ဟွမ်က ခေါင်းခါလျက် ပြန်ဖြေ သည်။

“ ဘာကို ဆိုလိုချင် တာလဲဗျ။ ”

ပိုင်တင်းမှ ရှုပ်ထွေးသော အမူ အရာဖြင့်၊ ပြန်မေး လိုက်၏။ ဘိုးဘေး ဟွမ်က ပိုင်တင်းကို ကြည့်သည်။

ဤပိုင်တင်းသည် သူ့ဂိုဏ်းမှ ဂိုဏ်းချုပ်၏ အမည် အရင်း ကိုပင်၊ မသိနိုင် လေရာ၊ ထိုစဉ်က အဖြစ် အပျက် များအား၊ သိနိုင်မည် မဟုတ်ချေ။

ဘိုးဘေး ဟွမ်က ပြုံးလိုက်ပြီး၊

“ ဓားခန်းမက ... ၊ အဋ္ဌမတန်း သူတော်စင် ရူရ်တွေနဲ့ သွန်းလုပ် ထားတဲ့ ဓား တစ်လက်ကို ဒီနှစ် ဆုချီးမြှင့် လိမ့်မယ်၊ ...

... ဒီဓား အမည်က လောင်ကျွမ်းခြင်း၊ သူ့ကိုယ် ထည်ကို မီးသလင်း ကျောက်တွေနဲ့ ပြုလုပ် ထားပြီး၊ ...

... မီးသလင်း ကျောက် (၅၀၀၀) ကီလို ဂရမ်ကို အသုံးပြု ခဲ့တယ်၊ အရေး အကြီးဆုံး အချက်က၊ ဒါကို ဓားခန်းမ သခင် ကိုယ်တိုင်၊ ဆယ်နှစ်ကြာ သွန်းလုပ် ထားတာပဲ။ ”

ဟွမ် ဘိုးဘေး၏ စကားက၊ အကြီး အကဲ ပိုင်တင်းကို လုံးဝ အံ့အားသင့် သွားစေသည်။ သူတော်စင် လက်ရာ များကို ရူရ် အရေ အတွက် ပေါ်မူ တည်ကာ၊ အဆင့် ခွဲခြား ကြသည်။

အရေ အတွက် တူညီ ပါက၊ အမာခံ သူတော်စင် ရူရ်၏ အဆင့်ဖြင့်၊ ဆုံးဖြတ်မည် ဖြစ်သည်။

ထို့ကြောင့် အဖိုးတန် သတ္တု ရိုင်းဖြင့်၊ သွန်းလုပ် ထားသော ဓားမှာ အားနည်း လိမ့် မည်၊ မဟုတ်ချေ။

ပို၍ အရေးကြီး သည်မှာ၊ သွန်းလုပ်သူ ဖြစ်သည်။ သတ္တုရိုင်း များနှင့် သူတော်စင် ရုရ် ချင်း တူလျှင်ပင်၊ ပြုလုပ်သူ အပေါ် မူတည်ပြီး၊ တန်ဖိုး ကွာပြား သွားနိုင်မည်။

ဓားခန်းမ သခင်မှာ၊ ဖန်ရွှမ်းဇီ ဖြစ်ပြီး၊ ဓားသမား တစ်ဦး ဖြစ်ရုံ သာမက၊ ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်လည်း ဖြစ်သည်။

ထို့ကြောင့် သဘာဝ အတိုင်း၊ သူ သွန်းလုပ်သော ဓားသည်၊ အခြား လူများနှင့် နှိုင်းယှဉ် နိုင်စရာ မရှိချေ။

ဤတစ်ကြိမ် ဓား ညီလာခံသည်၊ ယခင် အကြိမ် များထက် အဆပေါင်း များစွာ ပြင်းထန် မည်ဟု၊ တွေးထား ပြီးသား ဖြစ်သည်။

သူတော်စင် မိသားစု များနှင့် အင်အားကြီး ဂိုဏ်း များ၏ တပည့်များ ကိုပင်၊ ဆွဲဆောင်နိုင် ခဲ့သည်။

“ ငါ သိသလောက်ဆို၊ မင်း ခေါ်လာတဲ့ ဒီကလေးက၊ ကောင်းကင် ဝိညာဉ် မှာသာ ရှိ သေးတယ်၊ ဟုတ်တယ် မလား။ ”

ဘိုးဘေး ဟွမ်မှ ပြုံးပြီး မေး၏။

“ ဟုတ်ပါတယ်၊ ဒါပေမယ့် ... သူက … ။ ”

“ အဲဒါကို ပြောစရာ မလို ပါဘူး။ ”

လင်းယွန်သည် ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ ပိုင်တင်းမှ ပြောချင် သော်လည်း၊ ဘိုးဘေး ဟွမ်က လက်ဝှေ့ ယမ်းကာ၊ နှောင့်ယှက် လိုက်သည်။

“ အရင် တုန်းက ဖိတ်စာတွေ ရဖို့ လွယ်ပေမယ့်၊ ဒီတစ်ကြိမ်တော့ ချွင်းချက်ပဲ၊ ဖိတ်စာတွေ အားလုံးကို၊ တစ်ဦး တည်းက ပေးဝေ နေတာပါ။ ”

“ ကျေးဇူး ပြုပြီး ... ကူညီပါ။ ”

ပိုင်တင်း စကားကြောင့် ဘိုးဘေး ဟွမ်က သက်ပြင်းချ လိုက်၏။ ပိုင်တင်းကို မျက်နှာ မလွှဲ ချင် သော်လည်း၊ ခက်ခဲ နေမိသည်။

“ ငါ့မှာ ဖိတ်စာ တစ်စောင်မှ မရှိဘူး၊ မဟုတ်ရင် မင်း အတွက်၊ ဒီလို အခက် တွေ့စေ ပါ့မလား၊ ပြီးတော့ ...

... မင်းရဲ့ ဂိုဏ်းချုပ်ကို အကြွေး ဆပ်ဖို့ ရှိပေမယ့်၊ တောင်းပန် ရတော့ မှာပဲ၊ ဖိတ်စာတွေ အားလုံးက ဖန် မိသားစုရဲ့ တတိယ မိန်းကလေး လက်ထဲမှာ ရှိတယ်၊ သူက ဖန်ရွှမ်းဇီရဲ့ အချစ်ဆုံး မြေး။ ”

“ ကျေးဇူး တင်ပါတယ်၊ ဘိုးဘေး ဟွမ်။ ”

အကြီး အကဲ ပိုင်တင်းက၊ မျှော်လင့်ချက် ကြီးစွာဖြင့်၊ ရွှင်မြူး လာ၏။ ယင်းကို ဘိုးဘေး ဟွမ်က တစ်ချက် ပြန် ကြည့်ကာ၊

“ ဒါပေမယ့် ... သိပ်ပြီးလည်း မမျှော်လင့် ပါနဲ့ဦး၊ ဒီမိန်းကလေးက ဒေါသ ကြီးပြီး၊ ဆင်ခြင် တုံ တရား မရှိ ဖူးလို့၊ နာမည် ကြီးတယ်၊ ဒီမြို့ မှာတော့ ...

... သူမကို ဘယ်သူမှ ရန်မစ ဝံ့ဖူး၊ ဖိတ်စာ လိုချင် ရင်တော့၊ မင်း ကောင်လေးက သူ့ဆီမှာ သွားတောင်း ရလိမ့်မယ့်၊ ရ-မရ ဆိုတာ ...

... သူ့ အပေါ် မှာပဲ မူတည် တယ်၊ ပြီးတော့ သူ ကျေနပ် လောက်မဲ့၊ လက်ဆောင်ကို ပြင်ဆင် သွားဖို့ လည်း မမေ့နဲ့။ ”

“ ဟုတ်ကဲ့၊ နားလည် ပါပြီ။ ”

ပိုင်တင်းမှ ခေါင်းညိတ် မိသည်။ ထို့နောက် လင်းယွန်နှင့် လောဟွာထံ ပြန်လာပြီး၊ ဘိုးဘေး ဟွမ် စကား များကို ပြန်ပြောင်း ပြောပြ မိ၏။

“ ဖိတ်စာ မရှိ ရင်တော့ ... ၊ တက်ရောက် ခွင့်ရမှာ မဟုတ်ဘူး၊ မင်းရဲ့ ဒေါသကို နည်းနည်း ထိန်းပြီး၊ ဖိတ်စာ ကိုပဲ အာရုံစိုက် ရအောင်။ ”

ပိုင်တင်း စကားကို လင်းယွန်က၊ ခေါင်းညိတ်ပြ လိုက်၏။ ဖိတ်စာအား ရယူ နိုင်လိမ့် မည်ဟု၊ သူ ယုံကြည်သည်။

သို့သော် ပိုင်တင်း မှာမူ မျှော်လင့်ချက် မဲ့သွားသည်။ သက်ပြင်း ချလျက် ဂိုဏ်းချုပ်ထံ မည်သို့ ပြန်၍ မျက်နှာပြ ရမည်ကို၊ တွေးတော နေမိ၏။

လင်းယွန် တစ်ယောက် မပျှော်ရွှင် သည်ကို၊ လောဟွာ သိသည်။ လမ်း တစ်လျှောက် စကား တစ်ခွန်းမျှ မဆို သော်လည်း၊ ယဲ့ဇီလင်နှင့် ကျန်သူများ အပေါ်၊ စိုးရိမ်နေ ချေသည်။

“ ဘာ လက်ဆောင် ယူသွားဖို့ ရည်ရွယ် ထားလဲ။ ”

တိတ်ဆိတ် မှုကို လောဟွာမှ ချိုးဖြတ် လိုက်၏။

“ လက်ဆောင် ... ဘာ လက်ဆောင်လဲ။ ”

လင်းယွန်က နားမလည် ဟန်ဖြင့်၊ ပြန်မေး လာသည်။

“ စောစောက အကြီး အကဲ ပိုင်တင်း ပြောသွား တာကို၊ အာရုံ မရ လိုက်ဖူး ထင်တယ်၊ အဲဒီ ကောင်မ လေးက ဖိတ်စာ အတွက်၊ လက်ဆောင်နဲ့ လဲချင် နေတယ်။ ”

“ ပြဿနာ ပဲ ... ။ ”

လင်းယွန်က ညည်းတွား လိုက်သည်။ နတ်ဘုရား အသွေးတော် ရှိသော်လည်း၊ ပေးရန် ဆန္ဒ မရှိချေ။

ထို့ကြောင့် ဧကရာဇ် ချိတ် ကိုသာ ပေးစရာ ရှိသည်။ သို့သော် ဓားခန်းမသည် လက်နက်များ သွန်းလုပ်ရာ နေရာ ဖြစ်သဖြင့်၊ အဆင် ပြေမည် မဟုတ်ချေ။

ငွေလမင်း မျက်နှာဖုံးနှင့် ပလွေ အတွက်မူ၊ စိတ်ကူး ထဲပင် မရှိချေ။ လောဟွာမှ ခေါင်းညိတ် လိုက်ပြီး၊

“ စဉ်းစားဖို့ အချိန်ရှိ ပါသေးတယ်။ ”

-ဟု ဆို လာတော့၏။

နောက်တစ်နေ့ မနက်တွင်၊ ဟွမ် မိသားစုမှ အစေခံ တစ်ယောက်က ဖန် မိသားစုပိုင် နေအိမ် တစ်အိမ်သို့၊ လင်းယွန်အား ပို့ဆောင် ပေးခဲ့သည်။

ဤအိမ်တွင် ဖန် မိန်းကလး နေချေ၏။ ခမ်းနားသော အဆောင် အယောင် များကြောင့်၊ မင်းသမီး တစ်ပါး၏ စံအိမ် အလား၊ ထင်မှား စေသည်။

အိမ်ထဲ လှမ်းဝင် လိုက်ချိန်၌၊ ဓားသေတ္တာ ကိုယ်စီ ထမ်းပိုး ထားသော လူငယ် အချို့အား၊ တွေ့လိုက် ရ၏။

တတိယ မိန်းကလေးနှင့် တွေ့ရန်၊ ဤနေရာ၌ စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။ ၎င်းတို့က အသစ် ရောက်ရှိ လာသော လင်းယွန် အား၊ စူးစမ်း လာသည်။

လူသစ်၏ ကျင့်ကြံ မှုမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိနေ သောကြောင့်၊ အံဩ သွား ကုန်၏။

“ ငါက မိုးကြိုး ဂိုဏ်းက ... ရန်ကျိကျန်းပါ၊ မင်းကို ဘယ်လို ခေါ်ရ မလဲ။ ”

လူအုပ် အတွင်း၊ သန်မာပုံ ရသော လူငယ် တစ်ဦးမှ၊ ပြုံးရွှင်စွာ လျှောက်လာပြီး၊ မိတ်ဆက် စကား ဆိုသည်။

“ တိမ်လွှာ ဓားဂိုဏ်းမှ လင်းယွန်။ ”

“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း လား။ ”

ရန်ကျိကျန်း ဆိုသော လူငယ်မှာ၊ အံဩ သွားပြီး၊ အထင် အမြင် သေးသော အပြုံးကို ပြောင်းလဲ လိုက်၏။

“ အား ... ၊ သတိ ရပြီ ... ၊ အပြာရောင် စံအိမ် နယ်မြေက၊ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်လား၊ အရမ်း နုံချာတဲ့ နေရာပဲ၊ လာဖို့ လွယ်ခဲ့မယ် မထင်ဖူး၊ ကြယ် ငှက်တောင် ရှိရဲ့လား။ ”

ရန်ကျိကျန်း စကားကြောင့်၊ လူအုပ် ကြီးက ပြုံးရယ် လာသည်။ လင်းယွန်မှ ရန်ကျိကျန်းကို တစ်ချက် ပြန်ကြည့် လိုက်ပြီး၊

“ ငါ ... ဒီကို ဘာနဲ့ လာခဲ့လဲ ဆိုတာ၊ မင်းနဲ့ ဘာဆိုင်လဲ။ ”

“ ဟား ဟား ဟား ... ၊ ဟုတ်ပါပြီ ... ဟုတ်ပါပြီ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ လူ တစ်ယောက်က ဒေါသကြီး လိုက်တာ။ ”

ရန်ကျိကျန်းမှ ရယ်မော လှောင်ပြောင် လိုက်ပြီး၊ လင်းယွန်အား လျစ်လျူရှု သွားသည်။ ထို့နောက် ဖိတ်စာ တောင်းယူရန်၊ မည်သို့ လုပ်ဆောင် ရမည်ကို၊ ကျန်လူငယ် များနှင့် ဆွေးနွေး တော့၏။

သိပ်မကြာခင် မှာပင်၊ အိမ် အကူ တစ်ယောက်၊ လှုပ်ရွ လှုပ်ရွဖြင့် ဝင်ရောက် လာပြီး၊

“ ဖိတ်စာ လိုချင်ရင် ... ၊ နင်တို့ သန်မာရ မယ်လို့၊ ငါ့ရဲ့ သခင်မလေးက ပြောလိုက်တယ်၊ ဒါကြောင့် နင်တို့ အားလုံး သခင်မ လေးရဲ့ သားရဲကို၊ ရင်ဆိုင်ပါ။ ”

ကျေးကျွန် တစ်ယောက်၏ အပြု အမူကို ကြည့်ကာ၊ သူ့ သခင်သည် မည်သို့သော လူမျိုး ဖြစ်မည်အား ခန့်မှန်း နိုင်သည်။

သို့သော် လူတိုင်းက ၎င်းကို လျစ်လျူရှု လိုက်ပြီး၊ စိတ်လှုပ်ရှား စွာဖြင့်၊ အစေခံ အမျိုး သမီး နောက်သို့၊ လိုက်ပါ သွားကြ၏။

များမကြာမီ စစ်သည် များကို လေ့ကျင့် ပေးသော ကွင်းပြင် ကျယ်ကြီးအား လှမ်းမြင် လိုက်ရ သည်။

ကွင်းပြင် ပတ်ပတ် လည်ကို၊ မြင့်မားသော ကျောက်နံရံ များဖြင့် ကာရံပြီး၊ သားသတ်ကွင်း အသွင် ပြောင်းလဲ ထား၏။

“ ဂီး ... ၊ ဂီး ... ၊ ဂီး ... ။ ”

သည့်စဉ် အော်ဟစ် မာန်ဖီသံ နှင့်အတူ၊ ခေါင်းသုံးလုံး ပါရှိသော ခွေးမိစ္ဆာ တစ်ကောင် တံခါး ဖွင့်ကာ၊ ပြေးထွက် လာလေသည်။

“ မီးလျှံ ခွေး မိစ္ဆာ။ ”

“ နက္ခတ် အဆင့် အုပ်စိုးရှင် သားရဲ။ ”

ကြီးမား လွန်းသော ရွံ့စရာ ကောင်းသည့်၊ ခွေးမိစ္ဆာအား ကြည့်ကာ၊ လူတိုင်း မျက်နှာများ ပြောင်းလဲ သွား တော့သည်။

***

All Chapters