← Chapters

သား သတ်ကွင်း။

Vol. 85 Ch. 1181

သား သတ်ကွင်း။

Vol. 85 Ch. 1181

ခေါင်းသုံးလုံး မီးလျှံ ခွေးမိစ္ဆာမှာ၊ နက္ခတ် အဆင့်၌ ရှိပြီး၊ အုပ်စိုးရှင် သွေးသားကို ပိုင်ဆိုင် ထားလေသည်။

သူ့ မျက်လုံး ထဲ၌ ရက်ပေါင်း များစွာ ဆာလောင် ငတ်မွတ် နေသည့် အရိပ် အယောင် များ၊ ထင်ဟပ် နေ၏။

“ ငါတို့ ဘယ်လို တိုက်ရ မှာလဲ။ ”

“ ဒါက အုပ်စိုးရှင် အဆင့်၊ ခွေးမိစ္ဆာပဲ၊ လက်နက်တွေ သုံးရင် တောင်မှ သူ့ကို ထိခိုက် စေမှာ မဟုတ်ဘူး။ ”

မီးလျှံ ခွေးမိစ္ဆာ ချဉ်းကပ်လာ သည်ကို ကြည့်ပြီး၊ မျက်နှာများ ဖျော့တော့ သွား၏။ စမ်းသပ် မှုမှာ အနည်းငယ် လွန် ချေပြီ။

“ ဟိတ် ... ။ ”

ထိုစဉ် နက္ခတ် အဆင့် ဓားသမား တစ်ဦးသည် ကောင်းကင်သို့ ခုန်တက်ကာ၊ သူ့ ကြယ် ပန်းချီအား ထုတ်ယူ လိုက်၏။

ပန်းချီကား ပေါ်လာ သည်နှင့်၊ သူ့အား လွှမ်းခြုံ ထားသော၊ ခွေးမိစ္ဆာ၏ နတ်ဆိုး အငွေ့ အသက်များ ပြန်ဆုတ် သွားသည်။

လူတိုင်းတွင် ကိုယ်ပိုင် ကြယ် ပန်းချီများ ရှိပြီး၊ ၎င်းဖြင့် သိုင်း ရည်ရွယ် ချက်၏ စွမ်းရည် ကို၊ မြှင့်တင် နိုင်သည်။ သိုင်း ဝိဉာဉ်နှင့် ကြယ် အလင်း များကို၊ ပေါင်းစပ် ထားခြင်း ဖြစ်၏။

“ဝှစ် ... ။ ”

“ ဂီး ... ဝုတ် ဝုတ်။ ”

သားသတ်ကွင်း အတွင်း၊ ခေွးမိစ္ဆာနှင့် ဓားသမားသည် တစ်ဦးကို တစ်ဦး၊ မျက်နှာချင်း ဆိုင်ကာ ပြေးဝင်နေ သဖြင့်၊ လေထု တစ်ခုလုံး တုန်ခါ လာသည်။

“ ဝုတ် ... ဝုတ် ... ဂီး။ ”

ခွေးမိစ္ဆာက ဓားသမားထက် ပိုမြန်၏။ နက္ခတ် အဆင့် ဓားသမား ထံမှ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်ပြီး၊ လေပေါ် ခုန်တက်ကာ၊ ခွေးရူး တစ်ကောင် ကဲ့သို့၊ ကိုက်ဆွဲပစ် တော့သည်။

“ အား ... ။ ”

ဖိတ်စာ တစ်စောင် အတွက်၊ အသက် စွန့်သွားသော ဓားသမား လူငယ်ကို၊ လူတိုင်းမှ မှင်တက်စွာ ကြည့်နေ မိသည်။

ထိုအချိန်တွင် ရန်ကျိကျန်းနှင့် အချိုမှာ၊ လှောင်ပြုံး ပြုံးမိသည်။ မင်းသမီး လေး၏ ဒေါသ ကို၊ ဤလူပိန်းများ နားမလည် နိုင်ချေ။

သူမ၏ အကျင့် စရိုက်မှာ၊ အပြာရောင် ကျောက်တုံး မြို့တော်၌၊ ပြောစမှတ် တွင်ပေ၏။

ထို့ပြင် ဖိတ်စာ များမှာ၊ အကန့် အသတ် ရှိသော ကြောင့်၊ တက်ရောက် ချင်သူ များလာ ချိန်၌၊ သူမ စိတ်ကြိုက် ကစားခွင့် ရလာ တော့သည်။

၎င်းတို့နှင့် ဆန့်ကျင်ဘက် ခံစားချက် များဖြင့်၊ လင်းယွန်က ခွေး မိစ္ဆာကို စူးစူး ရဲရဲ စိုက်ကြည့် မိသည်။

သတ်ကွင်း ပတ်ဝန်းကျင်၌ သူတို့အား တိရစ္ဆာန်များ ကဲ့သို့ ကြည့်နေသည့် လူအုပ်ကို မြင်မိ၏။

“ ဂီး ... ။ ”

ထိုစဉ် ခွေးမိစ္ဆာမှ ထပ်မံ တိုက်ခိုက် လာသဖြင့်၊ ထိတ်လန့် သွားပြီး၊ စင်ကြယ်သော ဝိညာဉ်တော် များကို ထုတ်ဖော် လိုက်သူ များပင်၊ ရှိလာ တော့သည်။

“ အိုး ... လူတွေ ဒီလောက်တောင် များတာလား၊ စိတ်ပျက် စရာပဲ။ ”

ဖန် မိန်းကလေးက ဂါဝန် တိုတိုကို ၀တ်ဆင်လျက် ခြေချိတ် ထိုင်ကာ၊ သားသတ် ကွင်းကို လှမ်းကြည့် လိုက်သည်။

“ ဒီအမှိုက်တွေ ... ၊ ငါ့ခွေး ကိုတောင် မနိုင်ဘဲ၊ ဓားညီလာခံကို တက်ချင် ကြတယ်၊ တကယ် မရှက် ကြဘူး။ ”

-ဟု နှာခေါင်း ရှုံ့ လိုက်၏။ သူမ စကားကြောင့် အနားရှိ ကျေးကျွန် အမျိုး သမီးက၊

“ သူတို့က သခင်မလေး ဆီက၊ ဖိတ်စာ လိုချင် ရအောင်၊ တကယ် ရူးနေကြ တာပဲ။ ”

-ဟု ထပ်မံ ရှုံ့ချ လိုက်သည်။

ဖန် မိန်းကလေးက လှောင်ပြုံးဖြင့်၊

“ အရည် အချင်း ရှိတဲ့ လူတိုင်းကို ... ၊ ငါတို့က ဖိတ်စာ ပို့ပေးပြီး သားပါ၊ ဒီလူတွေက အမှိုက် တွေပဲ၊ ဝါးနိုင် တာထက် ...

... ပိုဝါး ချင်တဲ့ သူတို့လို လူတွေကို၊ ငါ ရွံ့တယ်၊ ကြည့်ထား ဘယ်သူ ကိုမှ ဓားဆွဲခွင့် မပေးနဲ့၊ ငါ့ခွေး ဒဏ်ရာ ရသွားမယ်။ ”

“ ခစ် ခစ် ခစ် ... ၊ စိတ် မပူ ပါနဲ့ သခင် မလေး၊ ဓားကို ဆွဲဝံ့တဲ့ လူရှိရင် ကိုင်တွယ် လိုက် ပါ့မယ်။ ”

ကျေးကျွန် အမျိုးသမီးက ပြုံးလျက် ဆိုသည်။

“ ကောင်းပြီ ... ၊ အားလုံးတော့ မသေ စေနဲ့ ... ၊ ငါ့ အတွက် ယူလာတဲ့ လက်ဆောင် တွေကို ကြည့်ချင် သေးတယ်။ ”

“ ရွှပ် ... ။ ”

“ ဝှစ် ... ။ ”

ရုတ်တရက် ဓားဆွဲသံ ထွက်လာ သဖြင့်၊ ကျေးကျွန် အမျိုး သမီးမှ ကြာပွတ်ကို ဆွဲထုတ် ကာ၊ လှမ်းရိုက် လိုက်သည်။

“ အား ... ။ ”

လျှပ်စီးများ လက်နေသော ကြာပွတ်က ဓားဆွဲသော လူငယ်ကို ထုတ်ပိုး ပစ်လိုက်သည်။ လူငယ် ခမျာ အသည်းခိုက် မတက် နာကျင် လှသဖြင့်၊ အော်ဟစ် မိ၏။

“ ကြည့်ထားကြ ... ၊ ဘယ်သူ မဆို ဓားဆွဲဝံ့ရင် ဒါက အဆုံး သတ်ပဲ။ ”

ကျေးကျွန် အမျိုး သမီးက အေးစက်စွာ ခြိမ်းခြောက် လိုက်သည်။ သူမ စကားကြောင့် လူတိုင်း မျက်နှာ ဖြူဖျော့ သွား၏။

မီလျှံ ခေွး မိစ္ဆာကို ရင်ဆိုင် ရသည်မှာ၊ အန္တရာယ်များ လှသဖြင့်၊ ဓားကို မသုံးဘဲ ခုခံ ကာကွယ်ရန် နည်းလမ်း မရှိချေ။

ရန်ကျိကန်းနှင့် ပါးနပ်သော လူငယ် အချို့မှာ၊ ခွန်အား အပြည့် အဝ မထုတ်ဘဲ၊ ရှောင်တိမ်းရန် ဆုံးဖြတ် လိုက် ကြသည်။

“ နိမ့်ကျတဲ့ ဒီတိရိစ္ဆာန်က၊ ငါ့ ခွေးကို နှိပ်စက်ချင် နေတာလား၊ တကယ် သေချင်နေ ပုံပဲ။ ”

ဓားဆွဲ ခဲ့သော လူငယ်ကို ကြည့်ကာ၊ ဖန် မိန်ကလေးမှ ပြောလိုက်သည်။

“ သခင်မလေး ဘာလို့ ... ၊ သူ့ကို နောက်ထပ် နည်းနည်း ထပ်ပြီး သင်ခန်းစာ မပေးရ တာလဲ။ ”

“ ထား လိုက်၊ အသားတွေ အရမ်း ညစ်ပတ် နေရင် ငါ့ ခွေးက မကြိုက်ဘူး။ ”

သို့သော် ဤအခိုက်တွင် ဓားသံများ ဆက်တိုက် မြည်ဟည်း လာပြီး၊ သားသတ်ကွင်း တစ်ခုလုံး ပြင်းစွာ တုန်ခါ လာ၏။

တစ်စုံ တစ်ယောက်မှ ဓားဆွဲထုတ် ခဲ့ သည်ဟု ထင်ကာ၊ နှစ်ယောက်သား ပြန်ကြည့် လိုက်သည်။

သို့သော် မည်သည့် နေရာ တွင်မှ၊ ဓားကို မမြင် ရချေ။ ယင်းအစား လျှပ်စီး လက်နေသော အပြာရောင် နဂါးကြီး တစ်ကောင်အား၊ မြင်လိုက် ရ၏။

“ ဂျိန်း ... ။ ”

“ ကိန် ... ၊ ကိန် ... ၊ ကိန် ... ။ ”

ချက်ချင်းပင် ထိုနဂါးက မိုးချုန်းသံ ပြုလျက်၊ ရှေ့သို့ ပြေးထွက် သွား၏။ ယင်းနောက် မီးလျှံ ခွေး မိစ္ဆာမှာ အစွယ်များ ကျိုးလျက်၊ နာကျင်စွာ အော်ဟစ် နေတော့သည်။

ဤနည်းဖြင့် မီးလျှံ ခေွးမိစ္ဆာကို လင်းယွန်မှ တစ်ချက်တည်း၊ ထိုး သတ်ပစ်လိုက် လေသည်။ ရလဒ်က အသံ များကို တိတ်ကျ သွားစေ၏။

ဤလူငယ် မည်သို့ လှုပ်ရှားသွား သည်ကို သိမြင် လိုက်ချိန်၌ ခွေးမှာ အသက်ထွက် နေပြီ၊ ဖြစ်သည်။

“ မင်းက ဘယ်လိုတောင် သတ္တိ ရှိလိုက်လဲ၊ ဟမ့် ... ။ ”

ကြာပွတ်ကို မြှောက်လျက် ကျေးကျွန်း အမျိုး သမီး၏ မျက်နှာမှာ၊ အေးစက် သွားသည်။

“ နေဦး ... ၊ ငါ သူ့ကို ဖြေရှင်းမယ်။ ”

ဖန်း မိန်းကလေးက၊ ကျေးကျွန် အမျိုး သမီးကို ဟန့်တား လိုက်ပြီး၊ လင်းယွန်အား မုန်တီးစွာ လှမ်း ကြည့်သည်။

ကျေးကျွန် အမျိုး သမီးက ခေါင်းညိတ်လျက်၊ လူအုပ်ထံ ပြန်လှည့် လိုက်ပြီး၊ သေဆုံး နေသည့်၊ ခွေးမိစ္ဆာထံ တစ်ချက် ကြည့်ကာ၊

“ မင်းတို့ အားလုံး ထွက်လာလို့ ရပြီ။ ”

-ဟု ပြောလိုက် တော့သည်။

လူတိုင်းက ဝမ်းသာ အားရဖြင့်၊ အထွက် ပေါက်သို့ ခြေဦး လှည့်လိုက်သည်။ သို့သော် အပေါက်မှာ ပွင့်မလာ ခဲ့ဘဲ၊ မျက်နှာ ချင်းဆိုင် အခြား ဝင်ပေါက် တစ်ခု ပွင့်လာ တော့၏။

“ ကျွီ ... ။ ”

“ ဒါက ခွေးမိစ္ဆာ ဝင်လာတဲ့ တံခါးကြီး မဟုတ်လား။ ”

လူအုပ်က တံခါး ပေါက်ထံ ပြန်လှည့် ကြည့်ကာ၊ မျက်နှာများ ပျက်ယွင်း သွားကြ တော့သည်။

“ ငါတို့ကို လေးဘက်ထောက် ထွက်စေ ချင်တာ ထင်တယ်။ ”

ရန်ကျိကျန်းမှ သက်ပြင်း ချလျက်၊ သူ့ ထင်မြင် ချက်အား ထုတ်ပြော လိုက်လေသည်။

***

All Chapters