← Chapters

ဓားသမား၏ မာန။

Vol. 85 Ch. 1182

ဓားသမား၏ မာန။

Vol. 85 Ch. 1182

ရန်ကျိကျန်း မှာမူ၊ သူ့ ဂိုဏ်းမှ ဖိတ်စာ ရယူရန် တာဝန် ပေးအပ် ထား သောကြောင့်၊ အရှက်ခွဲ ခံရ ခြင်းကို ဂရု မစိုက် အားဘဲ၊ တံခါးမှ လေးဘက် ထွက်လိုက်သည်။

ထိုအချိန် အထိ လင်းယွန်မှာ ကွင်းပြင် အလယ် ရပ်နေဆဲ ဖြစ်၏။

“ သခင်မလေး၊ အဲဒီ လူက ရပ်နေ တုန်းဘဲ။ ”

ကျေးကျွန် အမျိုး သမီးက၊ လင်းယွန်ကို ကြာပွတ်ဖြင့် ညွှန်ပြရင်း ပြော လိုက်သည်။

“ ဟမ့် ... ၊ သူ့လို အရိုးမာတဲ့ လူတွေနဲ့ ဆက်ဆံရ တာကို၊ ငါ သဘော ကျတယ်၊ သူ လေးဘက် မသွားရင်၊ ဖိတ်စာ ယူဖို့ မပြောနဲ့၊ တံခါးဝ ကိုတောင် ရပ်ခွင့် မပေးဘူး။ ”

ဖန် မိန်းကလေးက မျက်လုံးများ မှေးစင်းလျက်၊ ပြော လာ၏။ ပြုံး လိုက်သော အခါတွင်၊ ချစ်စရာ ကောင်းလှ သော်လည်း၊ အတွေး များမှာ၊ ယုတ်မာပြီး ရွံရှာဖွယ် ကောင်းလှ လေသည်။

“ ဝှစ် ... ။ ”

ထို့စဉ် ရုတ်တရက် နဂါး အမှတ် အသား ပွင့်လာပြီး၊ လင်းယွန် တစ်ယောက် ကောင်းကင် ပေါ်၊ ခုန်တက် လိုက်၏။

သူတော်စင် လက်ရာနှင့် ယှဉ်နိုင်သော ရုပ်ခွန် အားကိုအသုံး ပြုကာ၊ အတား အဆီး အား ဖောက်လျက်၊ ထွက် မိသည်။

“ ဝှစ် ... ။ ”

ဤမြင်ကွင်းက ဖန် မိန်းကလေးကို ဒေါသ ထွက်လာ စေ၏။ ထို့စဉ် လေးဘက် ထောက် ထွက် လာသော လူအုပ် ရှေ့သို့၊ လင်းယွန်က ဆင်းသက် လိုက်သည်။

သူထွက်လာ ချိန်၌၊ လင်းယွန်မှာ ရပ်လျက် ကျန်နေ ခဲ့သည်။ သို့သော် ယခု ရှေ့တွင် ရပ်နေ သဖြင့်၊ ရန်ကျိကျန်း ခမျာ အံသြ သွား၏။

“ မင်း ... မင်း ဘယ်လို ထွက်လာ တာလဲ။ ”

မယုံကြည် နိုင်စွာ မေးလိုက် မိသည်။

“ မင်း အလုပ်လား။ ”

စိတ်လက် မကြည် မလင် ဖြစ်နေ သောကြောင့်၊ လင်းယွန်က ဒေါသနှင့် ပြန်ဖြေ လိုက်၏။

ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ တစ်စုံ တစ်ဦးသည် သူ့ကဲ့သို့ အင်ပါ ရီယန် တစ်ပါးကို မရို မသေ ဆက်ဆံ လာသဖြင့်၊ ရန်ကျိကျန်း တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။

ဖန်း မိသားစု စံအိမ်သာ မဟုတ် ပါက၊ လင်းယွန်ကို သင်ခန်းစာ တစ်ခု သင်ပေး မိမည် ဖြစ်၏။

“ ငါ့ ... နောက် လိုက်ခဲ့ပါ။ ”

သည့်စဉ် အစေခံ တစ်ယောက် ထွက်ပေါ် လာပြီး၊ သူတို့ အားလုံးကို အခန်း တစ်ခန်းသို့ ခေါ်ဆောင် သွားသည်။

အခန်း ထဲ၌ ဖန် မိန်းကလေးက ထိုင်စောင့် နေသည်။ ထို့ကြောင့် လူအုပ်က ဒူးထောက်ပြီး လက်ဆောင်များ ဆက်သ မိကြ၏။

အများ စုမှာ၊ တတိယတန်း သူတော်စင် ဆေးလုံး၊ နှစ် တစ်ထောင် သက်တမ်း ရှိသော သစ်သီး၊ တန်ဖိုးကြီး လက်ဝတ် ရတနာ များနှင့် ထူးဆန်းသော ပန်း တစ်ပွင့် ဖြစ် လေသည်။

ပန်းပွင့်ကို ရန်ကျိကျန်းမှ၊ ယူဆောင် လာခြင်း ဖြစ်၏။ သို့သော် ထိုပန်းက ဖန်မိန်းကလေး ၏ အာရုံကို၊ ဖမ်းစား နိုင်ခြင်း မရှိ ခဲ့ချေ။

ယင်းကို သတိထား မိသော ရန်ကျိကျန်းမှာ၊ အနည်းငယ် စိုးရိမ် သွားပြီး၊

“ တတိယ သခင် မလေး ၊ ဒါက ရှားပါး ငွေနှင်းဆီပါ အခုလို ခရမ်းရောင် ပြောင်းသွားဖို့ အတွက်၊ နှစ် တစ်ထောင် လိုအပ် ပါတယ် ။ ”

-ဟု အမြန် ရှင်းပြ လိုက်မိသည်။

“ အဆင် ပြေမယ် ထင်တယ်။ ”

တတိယ သခင်မ လေးက ပန်းပွင့်ကို ကောက်ယူကာ၊ ခရမ်းရောင် ပွင့်ချပ် များအား တစ်ချက် ကြည့်ပြီး၊ ချွေမွပစ် လိုက်၏။

နှစ်တစ်ထောင် ကြာမှ တစ်ကြိမ်သာ ပွင့်သော ငွေနှင်းဆီမှာ၊ ချက်ချင်း ပျောက်ကွယ် သွားတော့ သည်။

သည်မြင်ကွင်းက ရန်ကျိကျန်း နှုတ်ခမ်း များကို တုန်ယင် သွားစေ သော်လည်း၊ အသံ တစ်ချက်မျှ မထွက်ဝံ့ တော့ချေ။

“ မင်းရော ... ငါ့ အတွက် ဘာတွေ ပြင်ဆင် လာလဲ။ ”

ဖန် မိန်းကလေးက လင်းယွန်အား အေးစက်သော မျက်ဝန်း များဖြင့် လှမ်းကြည့် ကာ၊ မေးသည်။ သူမ ထံမှ သတ်ဖြတ် လိုသည့် ရည်ရွယ် ချက်များ ထွက်လာပြီး၊ လင်းယွန်ကို အုပ်မိုး သွား၏။

ငယ်ရွယ်သော ကောင်မလေး တစ်ယောက်တွင်၊ ထိုမျှ ပြင်းပျသော သတ်ဖြတ် လိုစိတ် ရှိနေလိမ့် မည်ဟု မထင်ထား သဖြင့်၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။

ဤမိန်းကလေးမှာ သူတို့နှင့် ကစား နေခြင်းသာ ဖြစ်ပြီး၊ ဖိတ်စာ ပေးရန် ဆန္ဒ ရှိပုံ မရချေ။

သို့သော် သေတ္တာ တစ်လုံးကို ထုတ်ပြီး၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော အခါတွင်၊ ကျေးကျွန် အမျိုး သမီးက ကြာပွတ်နှင့် ညွှန်လျက်၊

“ အရိုင် အစိုင်း ကောင် ... ၊ နင် ... ငါတို့ရဲ့ သခင်မ လေးကို၊ ဘာလို့ အရို အသေ မပေးသေး တာလဲ။ ”

-ဟု ဟောက် လိုက်သည်။

“ အရေး မကြီးဘူး၊ လွှတ်ပေးလိုက် သူ့ လက်ဆောင်ကို၊ ငါ အရမ်း စိတ်ဝင် စားတယ်။ ”

ဖန် မိန်းကလေးက ကောက်ကျစ်စွာ ပြုံးလျက် ပြောလာသည်။ လင်းယွန်က ရှေ့သို့ ဆက်လှမ်း သွားပြီး၊ သေတ္တာကို ဖွင့်ပြ လိုက်၏။

အလင်းရောင် အောက်တွင်၊ တောက်ပ နေသော ငွေရောင် လက်ကောက် တစ်ကွင်း ထွက်ပေါ် လာသည်။

လက်ကောက်သည် သလင်း ကဲ့သို့၊ ကြည်လင် အေးစက် နေပြီး၊ ရေခဲ ဖီးနစ်ငယ် တစ်ကောင် လှည့်ပတ် ပျံဝဲ လာ၏။

၎င်းသည် ယမန်နေ့ ညမှ ခရမ်းငယ် သန့်စင်ပေး ထားသော အရာ ဖြစ်ပြီး၊ မည်သည့် မိန်းကလေး မဆို စိတ်ဝင်စား စေမည်မှာ၊ သေချာသည်။

“ လှ လိုက် တာ ... ။ ”

လက်ကောက်ကို ကောက်ကိုင်လျက် ဖန်မိန်းကလေး မျက်နှာမှာ၊ ချက်ချင်း တောက်ပ သွားသည်။

သူမ ဘေးတွင် ရပ်နေသော ကျေးကျွန် အမျိုးသမီးမှာ အံ့အားသင့် သွားပြီး လွှတ်ခနဲ ချီးမွှမ်း လိုက်မိ၏။

“ မင်းလို အပြာရောင် စံအိမ် နယ်မြေရဲ့၊ ကောင်းကင် ဝိညာဉ် ကျင့်ကြံသူ တစ်ယောက် က၊ ငါ့ရဲ့ သခင်မ လေးကို ဖမ်းစား နိုင်တဲ့ အရာ တစ်ခု ပေးနိုင် လိမ့် မယ်လို့၊ ထင်တောင် မထင်ထား မိဘူး။ ”

“ လက်ဆောင်ကို ကြိုက်ရင် ဖိတ်စာ ပေးပါ။ ”

လင်းယွန်က စကား အပို မပြောချင် တော့သဖြင့်၊ လိုရင်း ကိုသာ တိုက်ရိုက် ပြော လိုက်သည်။ သူ့ စကားကြောင့် ခန်းမ အတွင်း လေထုမှာ ချက်ချင်း ပြောင်းလဲ သွား၏။

အထူး သဖြင့် ဖန် မိန်းကလေး၏ အပြုံးမှာ ပျောက်ကွယ် သွားသည်။

“ မင်းက တကယ် ရဲရင့် တာပဲ၊ ငါ့ ... မိသားစုက ကျင်းပတဲ့၊ ဓားညီလာခံကို တက်ဖို့၊ ဒီလို ပုံစံနဲ့ ငါ့ဆီက ဖိတ်စာ တောင်းရဲလား၊ ငါ့ ခွေးကို သတ်လိုက် ထဲက၊ မင်း သေသင့် နေပြီ၊ ဒါကို ဖိတ်စာ တောင်းဝံ့ တယ်ပေါ့၊ ဟမ့် ... ။ ”

ထို့နောက် သူမက လှောင်ပြောင်သော အပြုံးဖြင့် ဆက်၍၊

“ မင်း ဖိတ်စာ လိုချင် လို့လား ... ၊ ငါ့ကို တောင်းပန် ပါ။ ”

-ဟု ဆိုလိုက် တော့သည်။

ဤသည်မှာ လင်းယွန် အတွက်၊ အခွင့် အရေး တစ်ရပ် ဖြစ်သည်ဟု၊ ကျန် လူများက မြင်မိ၏။ ဒူးထောက် ရုံဖြင့်၊ ဖိတ်စာ ယူနိုင်သော်၊ ဝမ်းသာ စရာ ပေပင်။

သို့သော် လင်းယွန်က သူတို့အား အထင် သေးစွာ ဝေ့ကြည့် မိသည်။ အဘယ်ကြောင့် ဤ လူများ ဖိတ်စာ မရခဲ့ သည်ကို၊ နားလည် သွား ၏။ ၎င်းတို့တွင် ဓားသမား တစ်ယောက်၏ မာနမျိုး မရှိ ကြချေ။

“ ဒူး မထောက် သေးဖူးလား ... ၊ သူ့ မျက်လုံး တွေကို ဖောက်ပြီး၊ ဆွဲထုတ် သွားကြ စမ်း။ ”

ဖန် မိန်းကလေးက၊ စိတ် မရှည်တော့ ဟန်ဖြင့်၊ အမိန့်ပေး လိုက်သည်။ ကျေးကျွန် အမျိုး သမီးက၊ ချက်ချင်းပင် ရှေ့တိုး လာ၏။ သူမ ကျင့်ကြံ မှုမှာ နက္ခတ် အဆင့်၌ ဖြစ်လေသည်။

လင်းယွန်သည် ကောင်းကင် ဝိညာဉ် နယ်ပယ် တွင်သာ ရှိသောကြောင့်၊ သူတော်စင် လက်နက်ကို မသုံးရန် ဆုံးဖြတ် လိုက်သည်။

“ လာ ခဲ့ စမ်း ... ။ ”

လင်းယွန်အား ရိုက်နှက်ရန် လက်အား၊ မြှောက်လိုက် သော်လည်း၊ လင်းယွန်မှ သူမ လက်ကောက် ဝတ်ကို၊ နဂါး တစ်ကောင်လို ပြန်၍ ဆုပ်ကိုင် လာသည်။

“ ဝှစ် ... ။ ”

မည်မျှပင် ရုန်းကန် စေကာမူ မလွတ် မြောက်နိုင် သဖြင့်၊ ဒေါသ ထွက်လာပြီး၊

“ ငါ့ကို လွှတ် စမ်း ၊ နိမ့်ချတဲ့ ကျွန်စုတ် ... ။ ”

-ဟု အော်ဟစ် လိုက်၏။

လင်းယွန်မှ လွှတ်ပေး လိုက်သည်နှင့်၊ ကျေးကျွန် အမျိုး သမီးမှာ၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ် လိုသည့် ဆန္ဒကို ထုတ်ဖော်လျက်၊ ချက်ချင်း တိုက်ခိုက် လာသည်။

“ သေ လိုက် စမ်း ... ။ ”

လင်းယွန်၏ မျက်ခုံး အလယ် ဗဟိုရှိ ဓားပိုးအိမ် လှုပ်ယမ်း သွားပြီး၊ ဓား ရည်ရွယ် ချက်က၊ မျက်လုံးထဲ စိမ့်ဝင် လာ၏။

“ အား ... ငါ့ မျက်လုံး ... ၊ ငါ့မျက်လုံးတွေ ... ။ ”

ဤမျှ နီးကပ်သော အကွာ အဝေး၌၊ ကျေးကျွန် အမျိုး သမီး၏ မျက်လုံးများ ပေါက် ကွဲရန် လုံလောက် လေသည်။ မြေပြင်ပေါ် လူးလိမ့်လျက် အော်ဟစ် သွား၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

အော်သံက လူတိုင်း၏ ကျောရိုးကို အေးစက်သွား စေသည်။ သို့သော် လင်းယွန်မှ ကျေနပ်ခြင်း မရှိ သေးချေ။ ရှေ့သို့ လှမ်းတက် လိုက်ပြီး၊ လူလိမ့် နေသော အိမ်ဖော်ကို ကန်ထုတ် လိုက်သည်။

သူတော်စင် တိုက်ပွဲဝင် ခန္ဓာကို ရရှိ ပြီးနောက်၊ ဤကန်ချက် မည်မျှ ပြင်းထန် မည်အား၊ တွေးကြည့် နိုင်သည်။

ကန်ချက်ကြောင့် အရိုးများ ကွဲအက် သွားကာ၊ နံရံ တစ်ချပ် အတွင်း၊ အရုပ် ကြိုးပြတ် ဖောက်ဝင် သွား၏။

“ ဖိတ်စာ မပေး ချင်ရင်၊ ငါ့ လက်ကောက် ပြန်ပေး။ ”

လင်းယွန်က လက်ကောက် ပြန်ယူရန်၊ ရှေ့လှမ်း တက်လိုက်သည်။

“ သူ့ကို တား။ ”

“ ဝှစ် ... ။ ”

“ ရပ် စမ်း ... ။ ”

“ ဖြန်း ... ။ ”

“ ဖြန်း ... ။ ”

ဖန် မိန်းကလေးက အထိတ် တလန့်နှင့် အော်ဟစ် တော့၏။ သို့သော် သူ့အား ဟန့်တား ရန် ပြေးဝင်လာ သူတိုင်းကို၊ လင်းယွန်မှ ပါးရိုက် ထုတ်ပစ်သည်။

“ နင် ... နင် ... မ လာ နဲ့ ... ။ ”

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေသော ဖန် မိန်းကလေးကို ကြည့်လျက် ချဉ်းကပ် လာစဉ်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို၊ ရုတ်တရက် ခံစားမိ သဖြင့်၊ လင်းယွန်၏ ခြေလှမ်းများ ရပ်သွားသည်။

ဤသည်မှာ နဂါး သွေးလွှတ်ကြော နယ်ပယ်မှ ကျွမ်းကျင်သူ ဖြစ်၏။ သို့သော် ကောင်းကင် ချပ်ဝတ် ရှိ သဖြင့်၊ လင်းယွန်မှာ ထိတ်လန့် သွားခြင်း မရှိချေ။

( ကောင်လေး ... ၊ ဒီမှာပဲ ရပ်လိုက် ရအောင်။ )

အမှောင် ထဲရှိ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူက၊ အသံကို လင်းယွန် ထံ၊ တိုက်ရိုက် ပေးပို့ လာသည်။

“ ငါဒီ မြို့တော်က မထွက်ခင်၊ လက်ကောက်ကို မင်း ပြန်ပေးတာ ပိုကောင်း လိမ့်မယ်၊ မဟုတ်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ ”

ပြီးနောက် ‘ဓားသမား’ ဟု ခေါ်သော လေးဘက် ထောက် ထွက်လာသူ အားလုံးကို လျစ်လျူ ရှုလျက်၊ လှည့်ထွက် လိုက်သည်။

“ မင်း ဆန္ဒ အတိုင်း လာချင် သလိုလာ၊ သွားချင် သလို သွားလို့ ရမယ်လို့၊ ဘယ်သူက ပြောလဲ၊ ဟမ့် ... ။ ”

ရန်ကျိကျန်းက ခုန်ထွက် လာပြီး၊ သူ့ လက်ဖဝါးကို လင်းယွန်ထံ ရိုက်ချ လိုက်သည်။ လင်းယွန် အပေါ်၊ မကျေ မနပ် ဖြစ်နေခဲ့ သဖြင့်၊ အခွင့် အရေး ရချိန်တွင်၊ ဖန် သခင်မ လေးကို မျက်နှာ လုပ်ရန်၊ ကြိုးစား မိခြင်း ဖြစ်သည်။

လက်ဖဝါးက လိုရာကို ထိမှန် သွား သော်လည်း၊ တောင်ကြီး တစ်လုံးအား ရိုက်မိ သကဲ့သို့၊ ခံစား လိုက်ရ၏။

“ ငါ ... ၊ မင်းကို နောက်နေ တာပါ။ ”

အခြေ အနေ မဟန်မှန်း သိလိုက်ရာ၊ လက်ကို ပြန်ရုတ်ပြီး၊ မည်သည့် တိုက်ခိုက်မှု ကိုမျှ မထုတ်ဖော် ခဲ့သူ တစ်ဦး အသွင်နှင့်၊ ပြန် ဆုတ်ရန် ကြိုးစား လိုက်သည်။

“ အွတ် ... ။ ”

သို့သော် နဂါး အမှတ် အသားကို ဖွင့်ကာ၊ လင်းယွန်မှ လက်သီးနှင့် ထိုးချလာ လေသည်။ လက်သီးကြောင့် သူ့ အတွင်း အင်္ဂါများ ချက်ခြင်း ပျက်ဆီး သွား၏။

“ အဟွတ် ... အဟွတ် ဟွတ်။ ”

“ ဂျွတ် ... ။ ”

ချောင်းဆိုးလျက် နှုတ်ခမ်းမှ သွေးများ စီးကျလာကာ၊ မြေပြင်ပေါ် လဲကျ သွားသည်။ သူ ပြန်မထ နိုင်ခင် လင်းယွန်က ခေါင်းအား၊ တက်နင်းကာ ထွက်ခွာ သွားတော့သည်။

လင်းယွန် အနေဖြင့် ဤနေရာကို အလွန် စက်ဆုပ် နေပြီ ဖြစ်သည်။ ဆက်၍ နေမိ ပါက၊ သတ်ဖြတ် လိုသော ဆန္ဒကို၊ ထိန်းထားနိုင် တော့မည် မဟုတ်ချေ။

***

All Chapters