← Chapters

ရေခဲ ဖီးနစ် လက်ကောက် - (၁)။

Vol. 85 Ch. 1183

ရေခဲ ဖီးနစ် လက်ကောက် - (၁)။

Vol. 85 Ch. 1183

အရာ အားလုံး စက္ကန့်ပိုင်း အတွင်း ဖြစ်ပျက် သွားခြင်း ဖြစ်သည်။ လင်းယွန် လုပ်ရပ်ကြောင့်၊ လူတိုင်း အံသြ သွား၏။

ရန်ကျိကျန်းကို လက်သီးနှင့် ထိုးကာ၊ အိမ်အကူအား မျက်လုံး ဖောက်ပစ် ခဲ့သည်။ ဖန် မိန်းကလေး သည်ပင် တုန်လှုပ်မှုကို မထိန်းနိုင် လိုက်ချေ။

သူမ တစ်သက် မကြုံ ဖူးသော ဖြစ်ရပ် ပေပင်။ အမှောင်ထဲမှ ကာကွယ် ပေးနေသော၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူသာ မရှိ ပါက၊ လွယ်လွယ်နှင့် ထွက်သွားမည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

သို့သော်မှ လက်ကောက် ပြန်မပေးသော် မည်သူမျှ မကယ် နိုင်ဟု ခြိမ်းခြောက် သွားပြန် ၏။

ထိုစကားမှာ သူမကို ဦးတည် ခြင်း မဟုတ်ဘဲ၊ ပုန်းအောင်း နေသော သက်တော် စောင့်ကို ရည်ရွယ် ချေပြီ။ ယင်းက ထိုသူကို မကြောက်ဟု အဓိပ္ပါယ် ဖွင့်ဆို နိုင်၏။

“ ထွက်သွား ကြစမ်း ... ၊ ဒီနေ့ ဖြစ်ပျက်ခဲ့ တာတွေသာ သတင်း ပျံ့ခဲ့ရင် မင်းတို့ရဲ့ လျှာကို ငါလာ ဖြတ်မယ်။ ”

ဖန် မိန်းကလေးက ဒေါသတကြီး ဟောက်ထုတ် လိုက်ရာ၊ ဓားသမား အားလုံး ကြောက်လန့် တကြား ထွက်ပြေး သွား၏။။

ရန်ကျိကျန်း၏ အဖော် များက ဦးခေါင်း နစ်ဝင် နေသော သူ့အား ကြမ်းပြင်မှ ဆွဲထုတ် ကာ၊ ခေါ်ဆောင် သွားတော့သည်။

လူတိုင်း ထွက်ခွာ သွားပြီးနောက်၊ မီးခိုးရောင် ဝတ် လူကြီး တစ်ဦး၊ ထွက်ပေါ် လာကာ၊ အိမ်ဖော် များကို ထွက်သွားရန် လက်ဝှေ့ ယမ်းပြီး အချက်ပြ လိုက်သည်။

“ ဦးလေး ဟောင်၊ မင်း သူ့ကို ဘာလို့ မသတ် တာလဲ ။ ”

အဘိုးအိုထံ စိုက်ကြည့်ပြီး၊ အေးစက်စွာ မေးခွန်းထုတ် လိုက်၏။ သည့်နောက်၊

“ ငါ့ စကားကို နားထောင် ရမယ်လို့ ... ၊ အဘိုး ပြောခဲ့ တာကို၊ ဦးလေး ဟောင် မှတ်မိ သေးတယ် မဟုတ်လား၊ သူ့ကို အခု ချက်ချင်း လိုက်ဖမ်းပြီး၊ ခွေးစာ ကျွေးပေးပါ။ ”

“ သည်းခံပါ ... ၊ သူက ဟွမ် ဘိုးဘေး အကြံပြု ထားတဲ့ လူ တစ်ယောက်ပဲ၊ ဘိုးဘေး ဟွမ်က သခင်မလေး အဖိုးနဲ့၊ သူငယ်ချင်း မိုလို့ ငါ မလုပ် ရဲဘူး။ ”

ဖန် သခင်မ လေးအား နှစ်သိမ့်ရန် ကြိုးစားသည့် အနေဖြင့်၊ အဖိုးအိုမှ ပြောသည်။

“ ဒါပေမယ့် ... သူ၊ ငါ့ရဲ့ ခွေးကို သတ်ပြီး၊ ငါ့ကျွန်ကို မျက်စိ ဖောက်ပစ် တယ်၊ ပြီး လူတေွ ရှေ့မှာတောင် ခြိမ်းခြောက် သွား သေးတယ်၊ ငါ့တစ်သက် ဒီလို အနိုင်ကျင့် တာမျိုး တစ်ကြီမ်မှ မခံခဲ့ ရ ဖူးဘူး။ ”

ဖန် မိန်းကလေးက ဒေါသဖြင့် ထပ် ပြော လိုက်သည်။

“ ဒီမြို့မှာ သူ့ကို ထိလို့ မရ သေးဘူး။ ”

ဦးလေး ဟောင်က ဆိုသည်။ ထိုစကား ကြောင့်၊ ဖန် မိန်းကလေး၏ မျက်ဝန်းများ တောက်ပ လာပြီး၊

“ ဒါဆို မြို့က ထွက်သွား တာနဲ့ ... ၊ သူ့ကို ဖမ်းပါ။ ”

ဦးလေး ဟောင်က တုန့်ပြန်ခြင်း မရှိချေ။

“ ကောင်းပြီ ... ၊ သူ့ ခြေထောက် တွေကို ချိုးလိုက်၊ ပြီးရင် ခွေး တစ်ကောင်လို ငါ့ရှေ့မှာ လေးဘက် ထောက် သွားခိုင်းပါ။ ”

ဖန် မိန်းကလေးက သတ်ဖြတ် လိုသော ဆန္ဒများ အပြည့်နှင့် အေးစက်စွာ ပြောလိုက် တော့ သည်။ ဦးလေး ဟောင်က ခေါင်းညိတ် လျက် ပြန်လည် ပျောက်ကွယ် သွား၏။

သူ့ အမြင်အရ လင်းယွန်သည် ဘိုးဘေး ဟွမ်ကို အားကိုး လွန်း လေသည်။ ဟွမ် မိသား စုမှာ ဤမြို့၌ အားကောင်း သော်လည်း၊ မြို့ကို ကျော်လွန် နိုင်ခြင်း မရှိ သေးချေ။

ထို့ပြင် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှေ့၌၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ဟူသည်၊ သားပေါက်လေး တစ်ကောင် မျှသာ ဖြစ်သည်။

ထိုအချိန်တွင် ဖန် အိမ်တော်မှ ထွက်ခွာ လာသော လင်းယွန်မှာ၊ သက်ပြင်းချ လိုက်မိ၏။ အဖိုးကြီး ပေးအပ် လာသည့် တာဝန်ကို အပြီး မသတ်နိုင် တော့ချေ။

ဖိတ်စာ အတွက် ဒူးထောက် ရန်မှာ၊ အဓိပ္ပါယ် မရှိချေ။ ခရမ်းငယ်မှ တစ်ည တာလုံး ကြိုးစား ပေးထားသော လက်ကောက်ကို၊ ပေးအပ်ခဲ့ ရခြင်းသည်၊ နှမျော စရာ ပေပင်။

ဤခရီး စဉ်မှာ၊ စိတ် အနှောက် အယှက် များဖြင့်၊ ပြည့်နှက် နေသည်။ ဓားညီလာခံကို သူ စိတ် မဝင်စား တော့ချေ။

ဖိတ်စာ မရ ခြင်းသည် သူ၌ တာဝန် မရှိ သောကြောင့်၊ စိတ် သက်သာရာ ရမိ ပြန်သည်။ ထို့ကြောင့် အဖိုး ကြီးအား ပြန်ဆပ်ရန်၊ အခြား နည်းလမ်း ရှာရ ပေတော့မည်။

ယခု အချိန် ကြယ်ငှက်ဖြင့် ခရီး ဆက်မည် ဆိုပါက၊ ယဲ့ဇီလင်တို့ အဖွဲ့အား လိုက်၍ မီနိုင် ပေမည်။

သူတို့ တည်းခိုရာ ဟွမ် အိမ်တော်သို့ ပြန်ရောက် သည်နှင့် စောင့်မျှော် နေသော လေဟွာနှင့် အကြီးအကဲ ပိုင်တင်းကို ပြန်ပြောင်း ပြောပြ မိသည်။

“ အခု ဓားညီလာခံကို တက်ရောက် စရာ မလို တော့တဲ့ အတွက်၊ မနက်ဖြန် အပြာရောင် စံအိမ်ကို ခရီးဆက် ရအောင်၊ အကြီး အကဲ ပိုင်။ ”

လောဟွာမှာ ငြိမ်သက် နေခဲ့သည်။ စားပွဲခုံအား လက်ချောင် များဖြင့် ‘တတောက် တောက်’ ခေါက်လျက်၊ တွေးတော နေချေ၏။

ယခု အချိန်၌ သူမ မည်မျှ ဒေါသ ထွက်နေ မည်ကို သူမသာ သိသည်။

“ ကြည့်ရတာ ဒီကောင်မ လေးက၊ ဒေါသ အရမ်းကြီး ပုံရတယ်၊ မင်းကို လက်ကောက် ပြန် မပေး သလို၊ ထွက်သွား ခွင့်လည်း၊ ပေးမယ်လို့ မထင်ဘူး။ ”

လေဟွာမှ သူမ အမြင်ကို ထုတ်ပြော လာသည်။ ဖန် မိန်းကလေး မည်သည့် အရာများ တွေးနေ သည်အား၊ တွက်ဆ နေခြင်း ဖြစ်၏။

“ ငါ ပြောခဲ့တယ် ... ၊ လက်ကောက်ကို ပြန်မပေးရင် ... ၊ သူဆီက တန်ဖိုး တစ်ခု ပြန်ယူ ရ လိမ့်မယ်။ ”

လင်းယွန်က တည်ငြိမ်စွာ ပြောသည်။ ဖန် မိသားစု၏ တတိယ မြောက် သမီး ဖြစ်လျှင်ပင်၊ ဂရု စိုက်မည် မဟုတ်ချေ။

“ မင်း ငါ့ကို ယုံရင် ... ၊ ဒီကိစ္စ အပေါ်၊ ကိုင်တွယ်ခွင့် ပြုပါ၊ ငါ ပြန်လာ မှပဲ၊ ဆက်နေ သင့်လား၊ သွား သင့်လား ဆုံးဖြတ်ပေါ့။ ”

လေဟွာက သူ့ထံမှ ခွင့်ပြု ချက်ကို တောင်းခံနေ သော်လည်း၊ သူမ ပါဝင်ရန် လုံးဝ ရည်ရွယ် ထားပြီး ဖြစ်လေသည်။

“ အဆင် ပြေပါတယ်။ ”

ထို့ကြောင့် လင်းယွန်မှ တားမြစ်ခြင်း မရှိ တော့ဘဲ၊ ခေါင်းယမ်းလျက်၊

“ အဲဒီ မိန်းမက ... ၊ အရမ်း ရွံစရာ ကောင်းပြီး၊ ဦးနှောက် မရှိဖူး၊ သတိ ထားပါ။ ”

-ဟု သတိပေး လိုက်သည်။

လောဟွာတွင် နောက်ခံ ရှိမှန်း သိသော်လည်း၊ ဤနေရာသည် အပြာရောင် ကျောက်တုံး မြို့တော် ဖြစ်၏။

ထို့ကြောင့် ၎င်း တိရိစ္ဆာန် မသည် ကျိုးကြောင်း ဆီလျော်သူ မဟုတ် သဖြင့်၊ လောဟွာ အတွက် စိုးရိမ်မိ သေးသည်။.

“ တကယ်ပဲ ... မိန်းမ တစ်ယောက်က ... ၊ ငါတို့ သခင်လေး လင်းကို၊ စော်ကား ဝံ့ သလား၊ သူ့ ဘယ်လောက် ရွံ့စရာ ကောင်းလဲ၊ ငါ သိချင် သွားပြီ။ ”

လောဟွာမှ ပြုံးလျက် ထွက်ခွာ သွားသည်။ သူမ ထွက်ခွာ သွား သည်နှင့်၊ ခရမ်းငယ်က ဓား သေတ္တာ ထဲမှ ပြေးထွက် လာ၏။

သူမ အသွင်မှာ နွမ်းလျ နေဆဲ ဖြစ် သော်လည်း၊ အပြုံး တစ်ပွင့်ကို ထုတ်ဖော်လျက် လင်းယွန်အား ကြည့်သည်။

“ လင်းယွန် ... ၊ ငါ နင့်ကို အရမ်း သဘော ကျတယ်၊ မင်းက ဖန် မိန်းမယုတ် အိမ်တော်မှာ တကယ့်ကို ကြီးစိုး နိုင်ခဲ့ တာပဲ၊ ဒါက ... ငါ့ကို ဂုဏ် နည်းနည်းလေး တက်စေတယ်။ ”

“ ဒါပေမယ့် မင်းရဲ့ လက်ကောက် … ။ ”

“ ပြဿနာ မရှိဖူး ... ၊ ဒါက လက်ကောက်လေး တစ်ခုပဲ၊ တန်းဖိုး ရှိလှတယ် မဟုတ် ပါဘူး။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန်မှာ စိတ်မကောင်း ဖြစ်သွားသည်။ ယင်းမှာ သာမာန် လက်ကောက် မဟုတ်ကြောင်း သူ သိ၏။

၎င်းတွင် ရေခဲ ဖီးနစ် မျိုးနွယ်စု၏ တာအို တေးသွားများ ပါရှိသည်။ သည့်အပြင် ခရမ်းငယ် အတွက်၊ အချိန် များစွာ ကုန်ဆုံး ခဲ့ရသည်။

သည်ကမ္ဘာတွင် ရေခဲ လက်ကောက် တစ်ကွင်းကို၊ သန့်စင်ပေး နိုင်သော ဖီးနစ်ငှက် တစ်ကောင် ရှိသည် ဆိုပါက၊ ခရမ်းငယ်သာ ဖြစ်ပေမည်။

ဆိုလို သည်မှာ ဤလက်ကောက် သည်၊ ကမ္ဘာ ပေါ်၌ တစ်ကွင်း တည်းသာ ရှိသော ရှားပါး ရတနာ တစ်ပါး ဖြစ်ချေ၏။

“ နင် တကယ်ပဲ ... ၊ ဓားညီလာခံကို မတက်တော့ ဖူးလား။ ”

ခရမ်း ငယ်မှ မေးသည်။ လင်းယွန်က ပြန်မဖြေဘဲ၊ သက်ပြင်း အသာ ချကာ၊ ငြိမ်နေ လိုက်၏။

***

All Chapters