← Chapters

ရေခဲ ဖီးနစ် လက်ကောက် - (၂)။

Vol. 85 Ch. 1184

ရေခဲ ဖီးနစ် လက်ကောက် - (၂)။

Vol. 85 Ch. 1184

ညရောက် သည်နှင့် လင်းထိန် နေသော လမ်းများ ပေါ်တွင်၊ လူများ ပြည့်နှက် နေသည်။ ဦးလေး ဟောင်နှင့် ဖန် မိန်းကလေး တို့မှာ၊ မရွှင် ပြသော အမူ အရာဖြင့်၊ ရထားလုံး တစ်စင်း ပေါ်၌၊ လိုက်ပါ လာကြ၏။

အထူး သဖြင့် ဦးလေး ဟောင်မှာ၊ သည်ခရီးစဉ် တစ်လျှောက်လုံး ကြောက်ရွံ့ နေ ခဲ့သည်။

သူ၏ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ဟူသော မာနမှာ ပျောက်ကွယ် နေချေ၏။

အဆုံးတွင် ရထား လုံးမှာ လူသူ ကင်းရှင်း နေသော ဇရပ် တစ်ဆောင် ရှေ့၌ ရပ်သွားသည်။ ဦးလေး ဟောင်က အိမ်ဖော် အားလုံးကို မောင်း ထုတ်ကာ၊ ဇရပ်ပေါ် လှမ်းတက် လိုက်၏။

ဇရပ် ပေါ်တွင် အဖြူဝတ် အမျိုးသမီး တစ်ဦးက ကျောက်စားပွဲ တစ်လုံးတွင် ထိုင်ကာ ဝိုင် သောက်လျက် စောင့်ဆိုင်း နေသည်။ ၎င်းအား မြင်သည်နှင့် ဦးလေး ဟောင်မှာ ရိုသေစွာ ဦးညွှတ် လိုက်၏။

“ ဟောင်ခွန်က သခင်ငယ် လောကို နှုတ်ဆက် ပါတယ်။ ”

ဘယ် လက်သီးကို ညာလက်ဖြင့် အုပ်ကိုင်ကာ၊ အရို အသေပြု ပြီးနောက်၊ ဘေးသို့ လှမ်းတက် လာသည့်၊ ဖန် သခင်မ လေးအား တံတောင်နှင့် တွတ်ကာ၊ သတိ ပေးသည်။

“ ဖန် မိသားစုရဲ့ ဖန်ရှောင်ယုက သခင်ငယ် လောကို နှုတ်ဆက် ပါတယ်။ ”

-ဟု ဆိုလိုက် သော်လည်း၊ ဖန် သခင်မလေး၏ မျက်နှာမှာ အေးစက် နေခဲ့ သည်။

သို့သော် တစ်ဖက် လူမှ စကား တစ်ခွန်းမှ ပြန်မပြော သဖြင့်၊ ဇရပ် အတွင်းရှိ လေထုမှာ တင်းမာ သွားသည်။

“ အဟွတ် ... အဟွတ် ဟွတ်။ ”

ဟောင်ခွန်က ချောင်းဟန့် လိုက်သဖြင့် ဖန်မိန်းကလေး၊ မျက်နှာမှာ ရှုံ့တွ သွားသည်။

“ ဖန်ရှောင်ယုက သခင်ငယ် လောကို တောင်းပန် ပါတယ်၊ လင်းယွန်က သခင်ငယ်ရဲ့ မိတ်ဆွေမှန်း မသိ ခဲ့လို့ပါ၊ ... ရပြီလား၊ ငါ အခု နင့်ကို တောင်းပန် ပြီးပြီ။ ”

ယင်းက ဟောင်ခွန်ကို တုန်ယင်လာ စေပြီး၊

“ ဟုတ်ပါတယ် တောင်းပန် ပါတယ်၊ တတိယ မြောက် သခင်မ လေးက ငယ်ရွယ်ပြီး ရိုင်းဆိုင်းတဲ့ မိန်းကလေးပါ၊ သူက ...

... တကယ်လည်း သခင်ငယ်ရဲ့ မိတ်ဆွေ ွဖြစ်မှန်း မသိခဲ့ လို့ပါ၊ မဟုတ်ရင် သူ့ အတွက် ခက်ခဲ စေမှာ မဟုတ် ပါဘူး။ ”

-ဟု အလေး အနက် တောင်းပန် စကား ပြောပေး လိုက်သည်။ သို့သော် တစ်ဖက် လူမှ တုန့်ပြန် လာခြင်း မရှိချေ။

“ ငါ တောင်းပန် ပြီးပြီ ... ၊ နင်က စကား တစ်ခွန်းမှ မပြော ချင်ရင်လည်း ငါတို့ ပြန်မယ်။ ”

တစ်ဖက် လူ၏ တိတ်ဆိတ် နေသော အသွင်က၊ သူမကို ဒေါသ ထွက်လာ စေသဖြင့်၊ သခင်ငယ် လော ဆိုသည့် အမျိုး သမီးကို ဖန်ရှောင်ယုက စိုက်ကြည့်ကာ ပြောသည်။

ဖန် မိန်းကလေး၏ အပြု အမူက ဟောင်ခွန်အား နဖူးမှ ချွေးသီးများ စီးကျလာ စေတော့ သည်။

“ မတ်တပ် ရပ်ပြီး၊ တောင်းပန်လို့ ရလား။ ”

လောဟွာမှ တစ်လုံးချင်း အေးစက်စွာ ပြောလာသည်။ သူမ ထံမှ အေးစက် မှုသည် လေထုကို ချက်ချင်း အက်ကွဲ သွားစေ၏။

“ ရိုင်းလိုက်တာ ... ၊ နင်က ငါ့ကို ဒူးထောက်ပြီး တောင်းပန် စေချင် တာလား၊ နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ။ ”

သူမ ဟူသည် ဖန် မိသားစု၏ ရတနာ ဖြစ်သဖြင့်၊ တစ်ဖက် လူ၏ မောက်မာသော အသွင်ကို သည်းမခံ နိုင်တော့ချေ။

“ အဖိုးက တောင်းပန် ခိုင်းလို့သာ ... ၊ မဟုတ်ရင် ခြေဦးတောင် မလှည့်ဘူး၊ နင့် ရုပ်က ဆိုးနေလို့ မျက်နှာ မပြရဲတာ မဟုတ် ... ”

“ ဖြန်း ... ။ ”

သူမ စကား မဆုံးခင်၊ ပါးရိုက်ခံ လိုက်ရသည်။ ယင်းက ဖန် မိန်းကလေးကို ခဏတာ မှင်တက် သွားစေသည်။

“ နင် ... နင်၊ ငါ့ ပါးရိုက် ရဲတယ် လား။ ”

နီမြန်း လာသော ပါးပြင်ကို လက်ဖြင့် ထိကြည့်ကာ၊ ဒေါသ တကြီး တိုက်ခိုက်ရန် ပြေးတက် လိုက်မိသည်။

“ နင့် မျက်နှာကို၊ ငါ စုပ်ဖြဲမယ်။ ”

“ ဖြန်း ... ။ ”

သို့သော် ခြေ တစ်လှမ်း မလှမ်း နိုင်ခင်၊ နောက်ထပ် ပါး တစ်ခြမ်းအား အရိုက်ခံ လိုက်ရ ပြန်သည်။

“ နင် ... နင် ... ။ ”

ပါး နှစ်ချက် အရိုက် ခံရ ခြင်းကြောင့် မူးဝေလျက် ဆံပင်များ ပြန့်ကျဲ သွားတော့သည်။ ယင်းက သူမကို ရူးသွပ် လာစေ၏။

ဖန်မိသားစု၏ ပုလဲ ရတနာ တစ်ပါး ပီပီ သူမ၏ ကျင့်ကြံ မှုမှာ၊ သဘာဝ အတိုင်း မနိမ့်ကျ လှပေ။ သတ်ဖြတ် လိုသော ရည်ရွယ်ချက် နှင့် အတူ၊ ဓားကို ဆွဲလိုက်၏။

“ သခင်မလေး ... မလုပ်နဲ့ ... ။ ”

ဤမြင်ကွင်းကြောင့် ဟောင်ခွန်ကို ထိတ်လန့် လာစေသည်။ ဆက်၍ ငြိမ်မနေ ဝံ့ တော့ချေ။ လှမ်းဆွဲရန် ပြင်လိုက် သော်လည်း အချိန် နှောင်းသွားပြီ ဖြစ်သည်။

“ အား ... ။ ”

ဖန်ရှောင်ယုမှာ သွေးအန်လျက် ပြန်၍ လွင့်စဉ် လာ၏။ ဇရပ်ရှိ တိုင်ကြီး တစ်လုံးနှင့် တိုက်မိ သွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျ သွားသည်။

ဖန်ရှောင်ယုက တိုင်ကို ကျောမီလျက် ချက်ချင်း ထရပ်ကာ၊ စကား မပြောနိုင် သေးဘဲ၊ အသက်ကို အလု အယှက် ရှူသွင်း မိ၏။

ဟောင်ခွန်မှာ တုန်လှုပ် နေပြီး၊ အသက်ပင် ပြင်းပြင်း မရှူရဲ တော့ချေ။ ရိုင်းစိုင်းသော အပြု အမူ များသည်၊ ပြဿနာ မဟုတ် သော်လည်း၊ ဓားဆွဲ ခြင်းမှာ မတူ ညီသော အရာ ဖြစ်၏။

တစ်ချက်ပင် မလှုပ်ဝံ့ တော့ဘဲ၊ ခေါင်းငိုက်စိုက် ချကာ အပြစ်ကို ခံယူရန် စောင့်မျှော် နေမိ တော့သည်။

အသိ ပညာ မဲ့သော သူများသည် တစ်ခါ တစ်ရံ၌၊ အကြောက် တရား သူသည့် ဝေါဟာရ ကို၊ သူတို့ ဦးနှောက်မှ နားမလည် နိုင်ကြချေ။

သိပ်ဖျင်းသော နှလုံးသားက ကိုယ်တွေ့ ကြုံမှသာ သင်ခန်းစာ ယူတက်၏။ ဤလောက ကြီး၌ သူတို့ လက်လှမ်း မမီသော အရာများ ရှိ သည်ကို၊ အသက်ပေး ပြီးမှ နားလည်နိုင် ကြသည်။

ထို့စဉ် လောဟွာမှ မတ်တပ် ထရပ် လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ စားပွဲခုံ တစ်ခု လုံးကို အပိုင်းပိုင်း ခွဲပစ် လိုက်သည်။

သည့်နောက် ဖန်ရှောင်ယုအား လေထဲ မြှောက်တင် လိုက်၏။

“ မဟုတ်ဘူး ... မဟုတ်ဘူး၊ ငါ့ကို အောက်ချပေး။ ”

ဤအခိုက်တွင် အကြောက် တရား ဟူသည်ကို စတင် နားလည်လာ တော့သည်။ တစ်ဖက် လူမှာ ရောင်ဝါ ဖြင့်ပင်၊ သူ့အား သတ်နိုင်၏။

ဖြစ်စဉ် တစ်လျှောက်လုံး ဦးလေး ဟောင် သည်ပင် ဘေးမှ အသံ မထွက် ရဲဘဲ၊ ရပ်ကြည့် နေရသည်။

“ လျှို့ဝှက် ဓား စံအိမ်ရဲ့ အရှင် သခင် တောင်မှ၊ ငါ့ကို ဒီလို လေသံနဲ့ စကား မပြော ရဲဘူး၊ နင့်လို ဓားခန်းမ တစ်ခုရဲ့၊ မိန်းကလေး တစ်ယောက်က၊ နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ၊ ဟမ့် ... ။ ”

လောဟွာ အမူ အရာမှာ၊ တည်ငြိမ် နေဆဲ ဖြစ်သော်လည်း၊ မည်မျှ ဒေါသ ထွက်နေ မည်ကို သိနိုင်၏။

“ ဘုန်း ... ။ ”

“ အ ... ။ ”

စကားဆုံး သည်နှင့် ဇရပ် တိုင်ကြီး ထံသို့၊ ပစ်ပေါက် လိုက်၏။

“ ဖိတ်စာ ... ။ ”

သည့်နောက် လောဟွာက ဟောင်ခွန်ထံ လှည့်ကြည့် လိုက်သည်။

“ ဒီ ... ဒီမှာပါ ... ၊ ကျွန်တော်တို့ ပြင်ဆင် ထားပြီး သားပါ။ ”

တုန်ယင် စွာဖြင့် ကမ်းပေး လိုက်သည်။ ကြမ်းပြင်တွင် သတိလစ် နေသော ဖန်ရှောင်ယု အား၊ တစ်ချက် မျှပင် မကြည့် တော့ဘဲ၊ ဖိတ်စာကို ယူ၏။

ယင်းက ဟောင်ခွန်ကို စိတ် သက်သာရာ ရစေသည်။ သို့သော် ရုတ်တရက် ဖန်ရှောင်ယုထံ ပြန်လှည့် ကြည့်နေ သဖြင့်၊ အသက်အောင့် လိုက်မိ၏။

လောဟွာက ဖန်ရှောင်ယု လက်ကောက် ဝတ်ရှိ၊ ငွေလက်ကောက်ကို ကြည့်လိုက်သည်။ ရေခဲ ဖီးနစ်က လက်ကောက် အပြင်၌၊ လှည့်ပတ် နေသဖြင့် အံသြ သွား၏။

ဤမျှ လက်ရာ မြောက်သော လက်ဝတ် ရတနာ အတွက်၊လင်းယွန် တစ်ယောက် များစွာ ကြိုးစားခဲ့ ရပေမည်။

ထိုစဉ် ဖန်ရှောင်ယု တစ်ယောက် ပြန်၍ သတိရ လာပြီး၊ ကြမ်းပြင်၌ ဝမ်းလျား တိုးလျက်၊ ရွေ့လျား လာ၏။

တစ်ဖက် လူမှာ သူမ စော်ကား၍ ရနိုင်သည့် ဖြစ်တည် မှုမျိုး မဟုတ်ကြောင်း၊ နောက်ဆုံးတွင် သိလိုက် ရပြီ ဖြစ်သည်။

“ မ လာ နဲ့ ... ။ ”

လျှောက်လှမ်း လာသော လောဟွာကို မော့ကြည့်ပြီး၊ ဖန်ရှောင်ယု ခမျာ တုန်ယင်သွား လေသည်။

လောဟွာက အနား မရောက်ခင်၊ လက်ဝှေ့ ယမ်းကာ ငွေ လက်ကောက်အား ဆင့်ခေါ် လိုက် တော့၏။

လက်ကောက်ကို ကိုင်လိုက် သည်နှင့်၊ အေးစက်သော ခံစားချက်က လောဟွာ၏ နှလုံး သားထဲ၊ စီးဝင်လာ ခဲ့သည်။

အနီးကပ် ကြည့်မိစဉ် လက်ရာ မြောက်လွန်းသော အချက် အလက် များအား ထပ်မံ တွေ့မြင် လာရ၏။

“ ပြန် ပေး ပါ ... ။ ”

ဖန်ရှောင်ယုမှာ သေအောင် ကြောက်လန့် နေသော်လည်း၊ မိန်းမ သဘာဝ အရ လှပသော လက်ဝတ်ရတနာ တစ်ခုကို မဆုံး ရှုံးချင် သဖြင့်၊ အားတင်းကာ တောင်းဆို လိုက်မိသည်။

သို့သော် လောဟွာ၏ မျက်ဝန်း အတွင်းမှ၊ ရောင်ဝါ အချို့ ထွက်လာပြီး၊ ဖန်ရှောင်ယုအား အဝေးသို့ တွန်းထုတ် လိုက်တော့သည်။

“ ဝုန်း ... ။ ”

ယင်းက ပါးရိုက်ခြင်းထက် ပို၍ နာကျင် ချေ၏။ အဆုံးတွင် ဇရပ်တိုင်ကြီးပင် ပဲ့ကျလာ တော့ သည်။

သို့သော် လက်မလျော့ သေးဘဲ၊ နှမျော စိတ်ဖြင့်၊

“ ပြန် ပေး ပါ ... ၊ ငါ့ကို ပြန်ပေးပါ။ ”

-ဟု ထပ်မံ တောင်းဆို လိုက်သည်။

“ ဒါက မင်းနဲ့ မတန်ဘူး။ ”

လောဟွာက ရွံရှာသော အသွင်ဖြင့် လှည့်ထွက် သွားတော့၏။ သို့မှသာ ဟောင်ခွန် တစ်ယောက်က ခေါင်းပြန် မော့လာ နိုင်သည်။ ဤမျှနှင့် ကျေနပ် သွားသည်မှာ ဝမ်းသာ စရာ ဖြစ်၏။

“ ဦးလေး ဟောင် ၊ သူက ဘယ်သူလဲ။ ”

“ ဒါကို မပြော ရအောင်၊ ငါတို့ အဆင် ပြေပါပြီ။ ”

မဟုတ်သော် သူမ အဖိုး ဓားခန်းမ သခင် မဆိုနှင့်၊ ဓားစံအိမ် သခင် သည်ပင်၊ ဖန်ရှောင်ယု အား ကယ်နိုင်မည် မဟုတ်ချေ။

သည်နေ့ ပြီးနောက်၊ ဦးနှောက် ရှိသူ တစ်ဦးသာ ဆိုပါက၊ ကောင်းကင် မည်မျှ မြင့် သည်ကို၊ သိမြင် လာမည် ဖြစ်သည်။

***

All Chapters