ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ပါး ပိတ်လှောင်ခြင်း အစီရင်။
Vol. 85 Ch. 1185
ဟောင်ခွန်မှ ဤအဖြစ် အပျက်ကို ချန်ထားနိုင် ခဲ့သော်လည်း၊ ဖန်ရှောင်ယုက လက်စား ချေလို သည်မှာ၊ သဘာဝ ပေပင်။
ဘဝ တစ်လျှောက်၊ ဤသို့ တစ်ကြိမ်မျှ မနာကျင်ခဲ့ ရဖူးချေ။ ပါးရိုက် ရုံသာ မက၊ ရေခဲ ဖီးနစ် လက်ကောက် ကိုပင်၊ ပြန်ယူ သွားသည်။
ဟောင်ခွန် ထွက်ခွာသွား သည်နှင့်၊ ဖန်ရှောင်ယုက သူမ၏ အချစ်ဆုံး အိမ်ဖော်ကို ခေါ်ယူ လိုက်သည်။
လင်းယွန်ကြောင့် သူမ မျက်လုံးကို ဆုံးရှုံးလိုက် ရသဖြင့်၊ ဒုက္ခိတ တစ်ယောက်နှင့် မခြား တော့ချေ။
အင်ပါ ရီယန် တစ်ပါး အနေဖြင့်၊ အမြင် အာရုံပေါ်၊ အားကိုး နေစရာ မလို သော်လည်း၊ နောက်ထပ် အောင်မြင်မှု များကို ဆုံးရှုံး သွားပြီ၊ ဖြစ်သည်။
“ ဒီဖိတ်စာကို ... ရန်ကျိကျန်းဆီ ပေးလိုက်၊ သူ ဘာလုပ် ရမလဲ သိပါစေ၊ ပြီးတော့ ... မြို့မှာ သတင်း အချို့ ဖြန့်လိုက်၊ မနက်လင်း တာနဲ့ အဲဒီ သတင်းကို၊ လူတိုင်း သိပါစေ။ ”
“ သခင်မ လေးရဲ့၊ အမိန့် အတိုင်း ပါပဲ။ ”
အိမ်အကူ အမျိုး သမီးက လေးလေး စားစား ပြန်ပြောသည်။ အိမ်အကူ ထွက်သွား ပြီးနောက်၊ ဖန်ရှောင်ယုမှာ ဒေါသ မပြေ သေးချေ။
လောဟွာ အစား၊ လင်းယွန်ကို ဒုက္ခ ထပ်ပေးရန်၊ ကြံရွယ် မိပြန်သည်။ သူမတွင် ထိုလူငယ်ကို သတ်ရန်၊ နည်းလမ်းပေါင်း ထောင်နှင့် ချီ၍ ရှိ၏။
နံနက်လင်း သည်နှင့်၊ ဓား သေတ္တာကို ထမ်းပိုးကာ၊ ခြံဝ၌ လင်းယွန်က ရပ်စောင့်နေ မိသည်။
အကြီးအကဲ ပိုင်တင်းက မည်းမှောင် ပျက်ယွင်း နေသော အသွင်နှင့်၊ လင်းယွန်ထံ လျှောက်လှမ်း လာသည်။
ဖြစ်ပျက်ခဲ့ သမျှတွင် လင်းယွန် အပြစ် မရှိချေ။ ဖန် သခင်မ လေးမှာ အမှန် တကယ်ပင် ယုတ်ညံ့ လှ၏။
ဓား ညီလာခံတွင် ပါဝင်ရန် အတွက်၊ ဓားသမား တစ်ယောက် အနေဖြင့်၊ ဤမျှ သိက္ခာ မဲ့သော လုပ်ရပ်ကို လုပ်ပြ စရာ မလိုချေ။
ဂိုဏ်းချုပ် ရှိလျှင်ပင်၊ လင်းယွန်ကို ဟန့်တားမည် မဟုတ်ကြောင်း သူ သိသည်။
“ အကြီး အကဲ ပိုင်၊ ငါတို့ အပြာရောင် စံအိမ်ကို ရောက်ဖို့၊ ဘယ်လောက်ကြာ မလဲ။ ”
လင်းယွန်က မေးသည်။
“ တစ်ရက်ခွဲ လောက်ပေါ့။ ”
ပိုင်တင်းမှ ပြန်ဖြေ၏။ အပြာရောင် စံအိမ်သည် တိမ်လွှာဓား ဂိုဏ်းနှင့် စာပါက၊ ဤမြို့နှင့် ပိုနီးသည်။
“ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲက ဘယ်တော့ စမှာလဲ။ ”
“ နောက် သုံးရက်။ ”
ယင်းကြောင့် လင်းယွန် မျက်နှာမှာ ပြုံးရွှင် သွားတော့၏။ အချိန် လုံလုံ လောက်လောက် ရှိ ချေပြီ။
“ ဒါဆို ရင်တော့ ... ၊ အဲ့ဒီကို သွားဖို့ အကြီးအကဲ ပိုင် ကိုပဲ၊ ဒုက္ခပေး ရတော့မယ် ထင်တယ်။ ”
“ မင်းက ... အဆင့် ပြိုင်ပွဲ ဝင်မို့လား။ ”
ဂိုဏ်း၌ လင်းယွန်၏ အရည် အချင်းမှာ ပြောစရာ မလို သော်လည်း၊ ထိုပြိုင်ပွဲ အတွက်မူ၊ မလုံလောက် သေးဟု မြင်၏။
“ သွားတော့ မို့လား။ ”
ရုတ်တရက် အသံကြောင့် လင်းယွန်နှင့် အကြီး အကဲ ပိုင်တင်းက လှည့်ကြည့် လိုက်ရာ၊ စူးရှသော အလင်းကို ဦးစွာ မြင်လိုက် ရသည်။
မျက်လုံးအား လက်ဖြင့် ကွယ်လျက်၊ ကြည့်လိုက် ချိန်၌၊ သလင်းရောင် လက်ကောက် တစ်ကွင်းကို ကိုင်ကာ၊ နေရောင်ကို နောက်ခံ ပြုပြီး၊ လောဟွာ လှမ်းလာ၏။
အလင်းသည် ထိုလက်ကောက် အပေါ် နေရောင် ထိုးဆင်း နေခြင်းမှ၊ ဖြာထွက် နေခြင်း ဖြစ်သည်၊
“ ဒါက … ။ ”
အကြီး အကဲ ပိုင်တင်း ခမျာ အံ့ဩ မိစဉ်၊ ပါးလွှာသော အရာ တစ်ခုအား လောဟွာမှ ပစ် ပေးလာသည်။
“ ဖိတ် စာ ။ ”
သည့်နောက် ဝမ်းသာ အားရဖြင့်၊
“ သခင်ငယ် လော၊ ဒါ ... ဒါကို ဘယ်လိုများ ရလာ တာလဲ။ ”
“ ဘာများ ခက်ခဲ စရာ ရှိလို့လဲ။ ”
လောဟွာမှ ပြုံးလျက် လင်းယွန်ထံ လျှောက်လှမ်း လာပြီး၊
“ ဒီမှာ ... ။ ”
-ဟု ဆိုကာ၊ ရေခဲ ဖီးနစ် လက်ကောက်ကို၊ ပြန်ပေး လာသည်။
“ ဒီလက်ကောက်က အရမ်း လှတယ်၊ အဲဒီလို ကောင်မလေး မျိုးကို ပေးလိုက် ဖို့က၊ နှမျော စရာ ပါပဲ။ ”
လောဟွာ မျက်လုံး များက လက်ကောက် ထံမှ၊ မခွာနိုင် ခဲ့ချေ။
( ဟမ့် ... ၊ ငါက ပေးလိုက်ပြီ ဖြစ်လို့၊ စိတ်ထဲ မရှိ တော့ဘူး၊ ဒီဧကရီသာ ဆန္ဒ ရှိရင် ... ၊ လိုချင် သလောက် ဖန်တီး နိုင်တယ်။ )
ဓားသေတ္တာ ထဲမှ နေ၍ ခရမ်းငယ်က နှာခေါင်း ရှုံ့ကာ၊ စကား ပြော လာသည်။
“ ကြိုက်ရင် မင်း ယူလို့ ရပါတယ်၊ မိန်းကလေး လော။ ”
လင်းယွန်မှ ပြုံးကာ၊ ပြန်တွန်းပေး လိုက်သည်။ ခရမ်းငယ် ထံမှ ခွင့်ပြု ပြီးနောက်၊ နှမျော နေစရာ အကြောင်း မရှိချေ။
( အား ... နင် ... နင် လူယုတ်မာ နှာဗူးကောင်၊ သူ့ကို နင်တကယ်ပေး လိုက်တာ လား၊ ငါ နင့်ကို သေအောင် မုန်းတယ်။ )
သို့သော် ခရမ်းငယ်က ဒေါသ တကြီး အော်ဟစ် တော့၏။
“ အိုး ... ဒါဆို၊ ငါ ယူလိုက်မယ်၊ မဟုတ်ရင် ငါတို့ရဲ့ သခင်လေးက၊ မိန်းကလေး မြင်တိုင်း၊ လိုက်ပေး နေဦးမယ်။ ”
ရေခဲ ဖီးနစ် လက်ကောက်ကို ဝတ်ဆင် နေလျက်မှ လောဟွာက ဆိုသည်။ လင်းယွန် ခမျာ အဆင် မပြေသော အသွင်ဖြင့်၊ နှာခေါင်းအား ပွတ်လိုက် မိ၏။
တစ်ယောက်က စိတ် မဝင်စား တော့ ဟန်ဖြင့်၊ ပြောလာ သောကြောင့် ပေးလိုက်ရာ၊ ဒေါသနှင့် ကျိန်ဆဲ ခံရသည်။
ကျန်တစ်ယောက် သည်လည်း၊ လိုချင် နေသည်ကို သိသဖြင့်၊ ယူချင်က ယူဟု ဆိုမိရာ၊ လှောင်ပြောင် သွားပြန်၏။
ထို့စဉ် လက်ကောက် မဝတ် ထားသော ကျန်လက်နှင့်၊ လောဟွာမှ လင်းယွန် လက်ကို ဆုပ်ကိုင် လာသည်။
ယင်းက သူ့ကို အံ့အားသင့် စေသည်။ သို့သော် လောဟွာမှ ထိုသို့ ပြုမူခဲ့ သည်မှာ၊ ပထမဆုံး အကြိမ် မဟုတ် သဖြင့်၊ သဘာဝ ကျသည်ဟု ထင်မိ လာသည်။
ဖိတ်စာကို ကိုင်ထားသော အကြီး အကဲ ပိုင်တင်း သည်သာ၊ အဆင် မပြေ ဖြစ်သွားပြီး၊ မျက်နှာ လွှဲလိုက်၏။
“ လှတယ် မလား။ ”
လောဟွာက မည်သည့် အရာ ကိုမျှ ဂရု မစိုက် ဟန်ဖြင့်၊ ပြုံးလျက် လက်ကောက်အား မြှောက်ပြ လာသည်။
“ အင်း တော်တော် လှတယ်။ ”
လင်းယွန်မှ ခေါင်းညိတ်ကာ၊ အသိ အမှတ် ပြုလိုက်ပြီး၊
“ အဆင်ပြေ ခဲ့ရဲ့လား၊ အဲဒီ မိန်းမက ဦးနှောက် မရှိဘူး။ ”
-ဟု သတင်း မေးလိုက်သည်။
“ မပူနဲ့ ... ၊ ငါ့ မှာလည်း ... ၊ ဦးနှောက် မရှိတာ မင်းမသိ ဖူးလား၊ ဒါကြောင့် အဆင်ပြေ ပါတယ်။ ”
လောဟွာ အဖြေကြောင့် လင်းယွန်မှာ ခေါင်းရှုပ် သွားသည်။ သူတော်စင် မိသားစုဝင် တစ်ဦးမှ၊ ဦးနှောက် မရှိဟု ဆိုနေ ပါက၊ သူ့၌ ဆိုဖွယ် မရှိ တော့ချေ။
ရုတ်တရက် တစ်စုံ တစ်ဦးကို တွေးမိ လာပြီး၊ လောဟွာကို ပြန်ကြည့် မိ၏။ သို့သော် ပြောရန် ဆန္ဒ မရှိ ပါက၊ မေးသော်လည်း ထူးမည် မဟုတ်ချေ။
နှစ်ရက် အကြာတွင်၊ လူတိုင်း စောင့်မျှော် နေသော၊ ဓားညီလာခံ ကျင်းပ လာ တော့သည်။ ဓားခန်းမ၏ ညီလာခံသည်၊ ဓား စံအိမ်၌ ကျင်းပသော ညီလာခံကို မမီချေ။
သို့သော် ဓားခန်းမ သခင်၏ ကိုယ်တိုင် သွန်းလုပ် ထားသော ဓားဖြင့်၊ ဆွဲဆောင် ထား သောကြောင့်၊ ပို၍ စည်ကား နေချေသည်။
လူတိုင်းက ဤဓားကို ရယူ လိုကြ၏။ တစ်ဖက်တွင် လင်းယွန်မှာ ဓားညီလာခံ အပေါ်၊ အထင် မကြီး တော့ချေ။ ဖန်သခင်မ လေး၏ အကျင့် စရိုက်က၊ ဤ သက်ရောက်မှုကို ပေးခဲ့ခြင်း ဖြစ်သည်။
လူတိုင်း ကိုသာ ကောင်းကင် ဝိညာဉ်သို့ ဖိနှိမ်ထား ပါက၊ သူ့ ဓားအောက်တွင် ရပ်နိုင် မည့်သူ မရှိဟု ယုံကြည်သည်။
ဒိုင် လူကြီးမှာ၊ ကြားနေ မိသားစုမှ အကြီးအကဲ တစ်ဦး ဖြစ်သဖြင့်၊ တရား မျှတမှု အပေါ်၊ ရှေးရှု ချေမည်။
ခန်းမ အတွင်း၌၊ ပင်မ အဆောက် အဦး များနှင့် ချိတ်ဆက် ထားသော သံကြိုး ကြီးများ ကို၊ နေရာ တိုင်းတွင် တွေ့မြင် နိုင်သည်။
လင်းယွန်က ခြံဝန်း အတွင်း လှမ်းဝင် တော့မည့် အချိန်၌၊ လူအချို့ သူ့ထံ ဦးတည် လာနေ သည်ကို၊ သတိထား မိသည်။
သို့သော် တစ်ချက်သာ ကြည့်ပြီး၊ မျက်နှာ လွှဲလိုက်၏။ မည်သည့် နည်းဖြင့်၊ ဖိတ်စာ ရယူ နိုင်ခဲ့ သည် ကိုမူ၊ နားမလည် တော့ချေ။
ရန်ကျိကျန်း တစ်ယောက် လက်သီးနှင့် အထိုးခံ ထားရခြင်း အပေါ်၊ မေ့လျော့ နေပုံ ပေပင်။ သူက လှောင်ပြုံး ပြုံးလိုက်ပြီး၊
“ တိုက်ဆိုင် လိုက်တာ ... ၊ ညီအစ်လင်း မင်းမှာ သန်မာတဲ့ ကိုယ်လုံး ကိုယ်ပေါက် ရှိလဲ၊ ဒီနေ့ အသုံး မဝင် နိုင်ဘူး၊ ဒီနေ့က ဘယ်သူ့ ဓားက၊ ပိုထက်လဲ ဆိုတာ ဆုံးဖြတ်မှာ။ ”
-ဟု စကား စလာ တော့သည်။
သူ့ စကားကြောင့် လူ အချို့က လှည့်၍ ကြည့်လာ ကြသည်။ သို့သော် လင်းယွန်မှ သူ့ကို အဖက်ပင် မလုပ် သဖြင့်၊
“ ဒီနေ့ မင်း ... သေရ လိမ့်မယ်၊ ဘယ်သူမှ မကယ် နိုင်ဘူး။ ”
-ဟု ဆိုကာ၊ ဖြတ်ကျော် သွားတော့သည်။
“ သူက ... ၊ ဘယ် သူ လဲ ... ။ ”
အကြီးအကဲ ပိုင်တင်းက မျက်မှောင် ကြုတ်လျက် မေး၏။
“ တစ်ယောက် ယောက် ... ၊ ကြိုးချည် ထားဖို့ မေ့သွားတဲ့၊ ခွေး တစ်ကောင်ပါ။ ”
လင်းယွန်မှ ပြန်ဖြေပြီး၊ ပြိုင်ပွဲ ကျင်းပရာ ရင်ပြင်ထံသို့၊ ဦးတည် လိုက်သည်။ လောဟွာနှင့် ပိုင်တင်းမှာ ဖိတ်စာ မရှိ သဖြင့်၊ ပွဲ့ကြည့်စဉ် ပေါ်သို့သာ တက်ရောက် သွား၏။
လင်းယွန်က သူ့ ဖိတ်စာကို လွှဲပေးပြီး၊ နာမည် ပြောလိုက်သော အခါတွင်၊ အစောင့်မှ ပြန်ကြည့် လာသည်။
“ ဒါဆို မင်းက လင်းယွန်ပေါ့ ... ၊ လူ တော်တော် များများက၊ မင်းကို စိတ်ဝင်စား ကြပါ လိမ့်မယ်၊ လာ အထဲ ဝင်။ ”
ယင်းက လင်းယွန်ကို မျက်မှောင်ကြုတ် မိစေ၏။ တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း၊ ခံစား မိသည်။
ထိုအတွေးဖြင့် ညီလာခံ ကျင်းပရာ ကွင်းပြင်သို့ လှမ်းဝင် လိုက်သည်။ ကွင်းပြင် အနှံ ဓားသမား လူငယ် များနှင့်၊ ပြည့်နှက် နေသည်။
အလယ်၌ ရေကန်ကြီး တစ်ကန် တည်ရှိသည်။ ထိုနေကန် ဗဟိုတွင်၊ ဓားများ သွန်းလုပ် ရာ၌ အသုံး ပြုသည့်၊ ပေတုံးကြီး တစ်တုံး ရှိ၏။
အဆိုပါ ပေတုံး ပေါ်တွင်၊ သံကြိုး (၈) ချောင်းဖြင့် တုပ်နှောင် ထားသော ဓားတစ်လက် ကို၊ မီးအိုးကြီး တစ်လုံး ထဲ၌ ထည့်ထား လေ သည်။
သံကြိုး များ၏ အခြား တစ်ဖက်ကို၊ ထူးဆန်းသော သားရဲ ရုပ်တု (၈) ရုပ်နှင့် ချိတ် ဆက် ထားချေ၏။
ဤမြင်ကွင်းနှင့် ပတ်သက်၍ ရင်းနှီးသည့် ပုံရိပ် အချို့အား မြင်ယောင် လာသည်။ ယင်းက သူ့ ခန္ဓာကိုယ် ထဲရှိ၊ ဓားကို တုပ်နှောင် ထားသည့်၊ မြင်ကွင်းမျိုး ဖြစ်၏။
ထိုရုပ်တုများ အထက်တွင် အစီရင်နှင့် အုပ်ထားသော စဉ်မြင့် တစ်ခု ရှိသည်။ ပြိုင်ပွဲဝင် တိုင်းက ၎င်းစဉ်မြင့်ပေါ် တက်ရမည့် ပုံ ရှိ၏။
“ အဟက် ... ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ပါး၊ ပိတ်လှောင်ခြင်း အစီရင် ကို၊ မင်း ပထမဆုံး မြင်ဖူးတာ မဟုတ်လား၊ ဒါက ပုံတူပဲ ရှိသေးတယ်၊ အစစ် အမှန်က ဓားစံအိမ် မှာသာ ရှိတယ်။ ”
လင်းယွန် ဘေးရှိ လူငယ် တစ်ယောက်က၊ ပြုံးပြီး စကား ပြောလာသည်။
“ ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ပါး၊ ပိတ်လှောင်ခြင်း အစီရင်။ ”
လင်းယွန်မှ သံယောင်လိုက် ရေရွတ် မိပြီးနောက်၊ ထိုလူငယ်ထံ တစ်ချက် ကြည့်ကာ၊ ခုံတွင် ဝင်ထိုင် လိုက်သည်။
“ မင်း ... ဒီအစီရင် အကြောင်း တစ်ခုခု သိထားလား။ ”
ထိုလူငယ်က သူ့ မေးခွန်းကြောင့်၊ ဝမ်းသာ အားရဖြင့် ခေါင်းညိတ် လိုက်သည်။
“ ငါ့နာမည်က ယဲ့ဖေးဖန်ပါ၊ ဒီအစီရင်နဲ့ ပတ်သတ်ပြီး၊ ဓား ခန်းမတောင် ငါ့လောက် မသိ ပါဘူး၊ မင်း လူရွေး မှန်တယ်။ ”
“ ပြောပါ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။
“ ဒါဆို သေချာ နားထောင်၊ ငါပြောမယ့် အရာတွေက နဂါ သွေးလွှတ်ကြော နယ်ပယ်က၊ ကျွမ်းကျင်သူ တွေတောင် မသိတဲ့ လျှို့ဝှက် ချက်ပဲ။ ”
ယဲ့ဖေးဖန်က ကြီးကြီး ကျယ်ကျယ်ဖြင့် ပုံပြောသူ တစ်ဦး ကဲ့သို့၊ စကားကို နိဒါန်းပျိုး လာတော့သည်။
***