← Chapters

ပစ်မှတ်ထား ခံရခြင်း။

Vol. 85 Ch. 1187

ပစ်မှတ်ထား ခံရခြင်း။

Vol. 85 Ch. 1187

လူတိုင်း၏ အကြည့်များ ကျရောက်လာ သော်လည်း၊ လင်းယွန် မျက်နှာမှာ အပြောင်း အလဲ မရှိချေ။

အင်ပါရီယန် အဆင့်မှ ပါရမီရှင် များကို ဂရုမစိုက် သကဲ့သို့၊ ရန်ကျိကျန်း အပေါ်လည်း၊ စိတ်မဝင်စား သဖြင့်၊ ပြိုင်ပွဲ ဝင်ချင် စိတ်များ ကုန်ဆုံး သွားသည်။

“ ရှောင်ယု ကောလ ဟာလ တွေက အမှန်လား၊ ဒီလင်းယွန်က မင်းရဲ့ အိမ်ဖော်ကို မျက်စိ ဖောက်ပြီး၊ ဓားညီလာခံမှာ ငါတို့ကို နင်းမယ်လို့၊ တကယ် ပြောခဲ့ တာလား။ ”

ဖန်ရှောင်းယန်က သူ့ညီမကို လှည့်မေး သည်။ သတင်း များမှာ၊ ချဲ့ကားလွန်း သည်ဟု သူ ထင်၏။ ၎င်း၌ ဟာကွက် များစွာကို မြင် နိုင်သည်။

ဖန်ရှောင်းယု၏ အဖြေကို၊ အင်ပါ ရီယန် အဆင့်ဝင်၊ ကျန်(၃)ဦး မှလည်း၊ စိတ်ဝင်စား လာသည်။

“ အမှန် တွေပါ ... ၊ ညီမလေးရဲ့ အိမ်ဖော် တစ်ဦးကို မျက်လုံး ဖောက်ပြီး၊ ကျန် လူတွေကို ပါးရိုက် သွားတယ်၊ ဒါကို သက်သေခံ နိုင်တဲ့ လူတွေတောင် ရှိပါတယ်။ ”

“ သေချာ တယ်နော် ... ၊ ဒါဆို ရင်တော့ ဖိတ်စာ တစ်စောင် အတွက် ဒီလို လုပ်တာတော့ မကောင်းဘူး။ ”

“ ဒါတင် မဖူး၊ ဓားညီလာခံမှာ လျှပ်စီး တစ်ထောင် ဓားကို ရအောင်၊ ယူမယ် လို့လည်း ပြောသွား သေးတယ်၊ ဘယ်လောက် တောင် မောက်မာ လိုက်လဲ။ ”

ဖန်ရှောင်ယု၏ စကားများက လူတိုင်း ကြားရန် လုံလောက် သဖြင့်၊ ဝေဖန် သံများ ကြွက်ကြွက် ညံ လာသည်။

“ ငါက ... ဒီလို ပါးစပ် သရမ်းတဲ့၊ လူ မဟုတ်ဖူး၊ ဓားညီလာခံက တကယ့်ကို စိတ်ပျက် စရာ ကောင်းတာပဲ။ ”

လင်းယွန်က မတ်တပ် ထရပ် လိုက်ပြီး လှည့်ထွက် မိသည်။ ဤဓား ခန်းမသည် ရွံစရာ ကောင်းသော မိန်းမ တစ်ယောက် ကြောင့်၊ ဂုဏ်သိက္ခာ မရှိ တော့ချေ။

သူ့ အမြင် အရ ဓားသမား ဟူသည် ဖြောင့်မတ် သင့်၏။ ထို့ကြောင့် ဤမျှ နံစော် နေသော ဓားညီလာခံ၌ ဆက်နေရန် စိတ်ကူး မရှိ သည်မှာ သဘာဝ ပေပင်။

“ လင်းယွန် ... မင်း ဒီစကား တွေကို အရင်က မင်း ပြောခဲ့တယ် ဆိုတာ၊ ငါ့ နားနဲ့ ဆက်ဆက် ကြားထားတယ်၊ အဲဒီ တုန်းက ငါ့ကိုတောင် မင်းက ...

... အလစ်ဝင် တိုက်ခိုက်ခဲ့ သေးတယ်၊ ဒါကြောင့် ဒီနေ့ ငါ မင်းနဲ့ မှန်ကန်တဲ့ တိုက်ပွဲ တစ်ပွဲ တိုက်ချင်တယ်။ ”

သို့သော် လင်းယွန်မှ ရန်ကျိကျန်းကို ဂရု မစိုက် ခဲ့ချေ။

“ မင်း ဆန္ဒ ရှိတဲ့ အတိုင်း ... ၊ လာချင် သလိုလာ၊ ပြန်ချင် သလို၊ ပြန်လို့ ရတယ်လို့ ထင်နေလား၊ သူ့ကို တား ထား စမ်း ... ။ ”

ဖန်ရှောင်းယန်က စဉ်ပေါ်မှ နေ၍ အော်ငေါက် အမိန့်ပေး လိုက်၏။ ချက်ချင်းပင် ဖန် မိသားစု အစောင့်များ ထွက်လာပြီး၊ လင်းယွန်းကို ဝိုင်းရံ တော့သည်။

“ လျှပ်စီး တစ်ထောင် ဓားကို၊ ယူချင် တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားချင် နေတာတုန်း။ ”

“ ဟား ဟား ဟား ... ၊ ဟုတ်တယ် ခဏ နေပါဦး။ ”

အစောင့် ခေါင်းဆောင်၏ စကားကြောင့် ပတ်ဝန်းကျင်၌ ရယ်သံများ လျှံထွက် လာသည်။ ဤမြင်ကွင်း အရ၊ လင်းယွန်မှာ ရန်ကျိကျန်းကို ကြောက်ရွံ့ နေကြောင်း၊ မြင်သာ စေသည်။

“ မင်း ... ၊ သူ့ကို တိုက်ပြီးမှ ဆက်သွားပါ။ ”

အစောင့် ခေါင်းဆောင် စကားကြောင့် လင်းယွန်က ရန်ကျိကျန်းကို လှည့်ကြည့် မိ၏။ ဓားညီလာခံကို စိတ် မဝင်စား သော်လည်း၊ အဖိုး ကြီးအား အကြွေး ဆပ်စရာ ရှိနေသည်။

“ ဟောင်လွန်းတဲ့ ခွေးတွေကို ငါ အရမ်း မုန်းတယ်။ ”

ဤအခိုက်တွင် သူ အလွန် ဒေါသ ထွက်လာပြီ ဖြစ်သည်။ တစ်ချက် လှည့်ကြည့် ရုံနှင့်၊ စင်ပေါ်သို့ ရောက်ရှိ သွား၏။ ထိုအဟုန်က လူအုပ်ကို တုန်လှုပ်သွား စေသည်။

ရန်ကျိကျန်း သည်ပင် ထိန်လန့် လာသည်။ သို့သော် ဤသည်မှာ ဓားညီလာခံ ဖြစ်သဖြင့်၊ ဓားရေး ထက်ရန်သာ လိုချေပြီ။

“ လင်းယွန် ငါတို့က ဓားရေး ကိုပဲ၊ ပြိုင်ရမယ် ဆိုတာ၊ မင်း သတိ ရပါ၊ ဒါက ဓား ညီလာခံရဲ စည်းမျဉ်း။ ”

လွန်ခဲ့သည့် နှစ်ရက်က လက်သီးကို သူ သတိရ နေသေးသည်။ ဖန်ရှောင်ယု ထံမှ အစွမ်း ထက်သော ဆေးလုံးသာ မရရှိ ပါက၊ ဤပွဲကို လက်လွှတ် ရမည် ဖြစ်သည်။

“ လာ ... ။ ”

“ ချွင် ... ။ ”

လင်းယွန်က လက် ဝှေ့ယမ်းလျက် ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်၏။ ရန်ကျိကျန်း သည်လည်း စကား တစ်ခွန်းမျှ မပြောဘဲ၊ သူ့ဓားကို ဆွဲထုတ် လိုက်သည်။

သည့်နောက် ကောင်းကင်ဓားနှင့် စင်ကြယ်သော ဝိညာဉ် တော်အား တစ်ချိန်တည်း ထုတ်လွှတ် လိုက်သည်။ ဝိညာဉ်တော် အပြီးသပ် မဖြစ် တည်မီ ဓားအား ခုတ်ပိုင်းချ လိုက်၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ခန္ဓာကိုယ် ယိမ်းကာ ရှောင်တိမ်းသည်။ ထို့စဉ် အလင်းများ အားလုံး ပေျာက်ကွယ် သွားကာ၊ ရန်ကျိကျန်း ဓား ကျိုးသွား လေသည်။

ပါးစပ်မှ သွေးများ စီးကျလျက် မယုံကြည် နိုင်စွာ၊ လင်းယွန်အား ပြန်ကြည့်သည်။

“ ငါ ... ငါ အရှုံးပေး ... ”

လေထဲ၌ လည်ပင်းထံ လာနေသော ဓားတစ်လက်ကို အာရုံခံ မိ သဖြင့်၊ တုန်ယင် သွားကာ၊ ချက်ချင်း ဝန်ခံ လိုက်သည်။

နောက်ဆုံးတွင်၊ ဓား ညီလာခံ၌ လူသတ် ခြင်းကို တားမြစ် ထားကြောင်း ပြိုင်ဘက်မှ မေ့နေ ပုံ ရချေပြီ။

သို့သော် စကား မဆုံးခင် လည်ပင်းမှ သွေးများ ပန်းထွက် လာသည်။ ယင်းကို ရွံရှာ ဟန်ဖြင့် လင်းယွန်က၊ နောက်သို့ ခြေ သုံးလှမ်း ပြန်ဆုတ်ကာ၊ ရှောင်တိမ်း သွားသည်။

“ လင်းယွန် ... ၊ ဓားညီလာခံမှာ လူသတ်လို့ မရ ... ”

သွေးများ ပန်းထွက် နေသောကြောင့် လည်ပင်းကို အုပ်ကိုင်လျက်၊ ရန်ကျိကျန်းမှ ကြောက်ရွံ့စွာ သတိ ပေးလိုက်သည်။

“ တောင်းပန် ပါတယ် ... ၊ ငါ ခေွး မသတ်ဘူး၊ စကားထပ် ပြောလို့ သေသွား ရင်တော့ မင်းကိစ္စပဲ၊ ငါနဲ့ မဆိုင်ဘူး။ ”

လက်ရှိ အချိန်၌၊ ရန်ကျိကျန်းမှာ မသေ သေးချေ။ သို့သော် ဤနေ့ ကုန်လွန် ပြီးနောက်၊ သေဆုံး သွားမည်ကို လူတိုင်း သိသည်။

“ လင်းယွန်ရဲ့ ဓားရေးက မဆိုးဘူး ... ။ ”

“ ဟုတ်တယ်၊ ရန်ကျိကျန်း ပြောသလို အလစ် ဝင်တိုက်စရာ မလို ပါဘူး၊ ဒီဓားကို လူ တစ်ရာမှာ သုံးဆယ် လောက်ပဲ၊ ရှောင်နိုင် လိမ့်မယ်။ ”

“ သုံးဆယ်လား ... ၊ မင်း သူ့ကို လျှော့တွက်နေ တာပဲ၊ ငါ အမြင် အရတော့ နှစ်ဆယ် လောက်သာ ရှောင်နိုင်မယ်။ ”

ဤပွဲသို့ တက်ရောက်လာ သူ အချို့တွင် ကောင်းကင်ဓား ရှိသဖြင့်၊ လင်းယွန် မည်မျှ သန်မာ သည်ကို သူတို့ သိနိုင်သည်။

“ ဖန်ရှောင်ယု ... အဲ့ဒီနေ့က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မင်းကိုယ်မင်း အသိ ဆုံးပါ၊ ငါ မင်းကို မေ့လိုက်ပြီ၊ ငါက မိန်းမ တစ်ယောက် အပေါ် ကလဲ့စား ချေတက်တဲ့ လူ မဟုတ်လို့ မင်း လွန်မလာ ပါနဲ့။ ”

သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော်လျက်၊ လင်းယွန်က ဖန်ရှောင်ယုထံ မော့ကြည့်ကာ လှမ်းပြော လိုက်သည်။

တစ်စုံ တစ်ယောက်မှ၊ ဓား ညီလာခံတွင် ဖန်မိန်းကလေးအား၊ သတ်ဖြတ် လိုခြင်း ဆန္ဒကို ဤမျှ ပြောင်ပြောင် တင်းတင်း ထုတ်ပြ လိမ့် မည်ဟု၊ မည်သူမျှ မထင် ထားသဖြင့်၊ အံသြ သွားကြသည်။

“ ဝှစ် ... ။ ”

ပြီးသည်နှင့် လင်းယွန်က စင်မြင့် ပေါ်မှ ခုန်ဆင်းကာ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် သူ့ရှေ့သို့ ပုံရိပ် တစ်ရိပ် ကျဆင်း လာပြီး၊

“ လင်းယွန် ... ၊ မင်းက ငါ့ ညီမလေးကို မျက်စိ ဖောက်ပြီး၊ ထွက်သွားချင် နေတာလား၊ ဒါဆို မင်း မျက်လုံး ကိုလည်း ထားခဲ့ပါ။ ”

-ဟု ဆို လာတော့သည်။

ယင်းက အိမ် အကူကို ရည်ရွယ်မှန်း သိသဖြင့်၊ လင်းယွန်က ဖန်ရှောင်ယုထံ ထပ်၍ မော့ကြည့် လိုက်သည်။

ထို့ကြောင့် ဖန်ရှောင်ယုက၊

“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဖိတ်စာ အတွက် မင်း ဒူးထောက် ခဲ့တယ်၊ ငါက မပေး ချင်တဲ့ အခါ၊ ငါ့အိမ်ဖော် တွေကို ရိုက်နှက် သွားတယ်၊ ...

... ရန်ကျိကျန်းကို အနိုင်ယူ နိုင်ရုံနဲ့ မင်းကိုယ်မင်း သန်မာ တယ်လို့ တကယ် ထင် နေလား၊ ဒါဆို မင်း ဘယ်လောက် သန်မာ နိုင်မလဲ၊ ငါ ကြည့်ပါ ရစေ။ ”

-ဟု တုန့်ပြန် လိုက်တော့သည်။

သူမ စကား များက လူအုပ်ကို ပွက်လော ရိုက်စေ၏။ ပါရမီရှင် အဖြစ် သွေးနထင် ရောက် နေကြသော၊ လူငယ် အချို့မှာ၊ ဘုမသိ ဘမသိ၊ ဒေါသများ ထွက်လာ လေသည်။

***

All Chapters