← Chapters

ဓားရူး ကျောက်ယန်။

Vol. 85 Ch. 1188

ဓားရူး ကျောက်ယန်။

Vol. 85 Ch. 1188

လင်းယွန်မှာ အပြင်လူ တစ်ယောက် ဖြစ်သော ကြောင့်၊ မြို့ခံ ဓားသမား များက သွေးများ ဆူပွက် လာ၏။ ဤမြင်ကွင်းက ဖန်ရှောင်ယုကို ပျော်ရွှင် စေသည်။

လင်းယွန်က သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်ကာ၊

“ မင်း ယုံ လား ... ။ ”

-ဟု အေးစက်စွာ မေးလိုက်သည်။

“ အရေး မကြီးဘူး ... ၊ မင်းက ငါ့ညီမရဲ့ မျက်လုံးကို ဖေါက်ခဲ့တဲ့ အတွက်၊ ဒီပွဲကို ရှုံးတဲ့ လူက၊ မျက်စိတွေ ထားခဲ့ ရမယ်။ ”

ဤလူငယ် အမည်မှာ ချန်ရင် ဖြစ်ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒအား ထုတ်ဖော် လျက်၊ လောင်းကြေး သတ်မှတ် လာ၏။

“ မင်းမှာ ရွေးစရာ မရှိဘူး ... ၊ ဆန္ဒ ရှိရှိ၊ မရှိရှိ မင်း ငါနဲ့ တိုက်ရ မှာပဲ။ ”

စကားဆုံး သည်နှင့် ကြမ်းပြင်ကို ခြေဖြင့် ပုတ်ကာ၊ ပြေးဝင် လိုက်၏။ ၎င်းမှ ဆင့်ခေါ်ထား သော ဝိညာဉ်တော် အရ၊ ရန်ကျိကျန်းထက် သန်မာကြောင်း မြင်သာသည်။

သို့သော် လင်းယွန်မှ ဓားရောင်ဝါကို ထုတ်လွှတ် လိုက်ရာ၊ တောင်တန်းကြီး တစ်ခု ကဲ့သို့၊ ထွက်ပေါ် လာသည်။

ပျံသန်း လာသော ချန်ရင် မှာမူ၊ ထိုဓားရောင်ဝါ အတွင်း ဝင်မိ သည်နှင့်၊ နွံထဲ ရုန်းနေ ရသည့် အလား၊ လေးလံ သွား၏။

လင်းယွန်နှင့် လက်ကမ်း အကွာ ရောက်နေသည် မှန် သော်လည်း၊ သူ့ဓားမှာ မိုင်ပေါင်း များစွာ သွားနေ ရဆဲ ဖြစ်သည်။

( ဘာ လဲ ဟ ... ။ )

ချန်ရင် ခမျာ အကြောက် တရားကြောင့် ချက်ချင်း ပြန်ဆုတ်ရန် ဆုံးဖြတ် မိ၏။ သို့သော် လင်းယွန်မှာ ဓားဆွဲ လိုက်ပြီ ဖြစ်သည်။

“ ..... ။ ”

နဂါး ဟောက်သံ ထွက်လာပြီး၊ ချန်ရင်၏ ကောင်းကင် ဓား ပျက်စီး သွားကာ၊ လေပြင်း အချို့ ရုတ်တရက် တိုက်ခတ် လာသည်။

“ ဝူး ... ။ ”

ပြင်း အားကြောင့် မျက်ခွံများ အလိုလို မှိတ်ကျ သွားပြီး၊ လေများ ဖြတ်ကျော် သွားမှ သာလျှင်၊ မျက်လုံး ပြန်ဖွင့် ကြည့် မိ၏။

မျက်လုံး ဖွင့်ပြီး သည်နှင့် ဦးစွာ ထွက်လာသော စကားမှာ၊ ‘ငါ ရှုံးတယ်။’ -ဟူ၍ ဖြစ်သည်။

“ ဒါဆို မင်း မျက်လုံး တွေကို ထားခဲ့။ ”

“ မ ... မလုပ် ပါနဲ့။ ”

ချန်ရင်က တုန်ယင် စွာဖြင့် တောင်းပန် လိုက် သော်လည်း၊ လင်းယွန်မှာ ထိုစကားကို ကြားပုံ မရချေ။

“ အား ... ။ ”

ဓားအလင်း တစ်ချက် ကျဆင်း လာပြီး၊ မျက်ဝန်း တစ်စုံအား အုပ်ကိုင်လျက်၊ နာကျင်စွာ အော်ဟစ် သံကြီး ထွက်ပေါ် လာတော့သည်။

အော်သံမှာ ကျယ်လောင်လွန်း သဖြင့်၊ လူတိုင်း အသက်ရှူ ကြပ်သွားသည်။ အသက် (၂၀) မျှသာ ရှိသော ဤလူငယ်သည်၊ ရက်စက် လွန်း ချေ၏။

ရန်ကျိကျန်းနှင့် ချန်ရင်မှာ တစ်ကြိမ် တည်းနှင့် ရှုံးနိမ့် သွားသည်။ တစ်ယောက်ကို လည် လှီးပြီး၊ ကျန် တစ်ယောက်အား မျက်စိ ဖောက် ပစ်၏။

ဤသို့ သွေးစွန်းသော ပွဲစဉ်မျိုး၊ ဓားညီလာခံ သမိုင်း တစ်လျှောက်၊ တစ်ကြိမ် မျှပင် မရှိ ခဲ့ချေ၊ ဤသည်မှာ ပထမဆုံး ဖြစ်သည်။

စင်မြင့် ပေါ်ရှိ ဖန်ရှောင်ယု မျက်နှာမှာ၊ ပျက်ယွင်း သွားသည်။ သူမ ပြင်ဆင် ထားသော လူ နှစ်ယောက်မှာ၊ အမှိုက်များ ဖြစ်နေ၏။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်သိမ်း လိုက်ပြီး၊ ချန်ရင်အား စောင့်ကန်ချ လိုက်သည်။

“ ငါ ထွက်သွား ချင်တဲ့ အခါ ... ၊ ဒီမှာ ဘယ်သူမှ မတား နိုင်ဘူး၊ မင်းက ငါ့ကို လာတား ရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဟမ့် ... ။ ”

မောက်မာ လွန်းသော စကားနှင့် အပြု အမူကြောင့်၊ လူ များစွာက သင်ခန်းစာ တစ်ခု သင်ပေး လိုကြသည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ ယှဉ်ပြိုင် ရမည် ဆိုပါက၊ ဤလူငယ်ကို အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း နားလည် လိုက်သည်။ မဆင် မခြင် သွားမိသော်၊ ချန်ရင် ကဲ့သို့၊ အဆုံးသတ် သွားနိုင်၏။

“ ဝှစ် ... ။ ”

ထို့စဉ် လူတစ်ယောက် စင်မြင့် ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက် လာပြီး၊

“ ညီအစ်ကို လင်း ... ၊ ဒီလောက်လည်း အလျင် မလို ပါနဲ့၊ မင်း ခွန်အားနဲ့ ဓားညီလာခံ ကို ပါဝင်ဖို့၊ အရည် အချင်း ရှိပါတယ်၊ ဖိတ်စာနဲ့ ပတ်သက်ရင်၊ ဒါက နားလည်မှု လွဲခဲ့ပုံ ပါပဲ။ ”

-ဟု ဆိုလာ သဖြင့်၊ လင်းယွန်မှ ပြန်မော့ ကြည့် လိုက်မိသည်။

အင်ပါ ရီယန် အဆင့်၊ (၁၀၀၀) အတွင်း ဝင်သည့်၊ ကျွမ်းကျင် ပညာရှင် လေးဦး အနက်မှ တစ်ဦး ဖြစ်သော ကျောက်ယန် ဖြစ်သည်။

“ ဒီလို အမှိုက် တေွနဲ့ တိုက်ရတာ ... ၊ မင်းအတွက် ပျော်စရာ မရှိဖူး ဆိုတာ ... ၊ ငါ သိတယ်၊ ဒါ့ကြောင့် ငါ့ကို တိုက်ပါ ... ၊ ဒါက မင်းကို ပျော်ရွှင်စေ လိမ့်မယ်။ ”

ကျောက်ယန်က တောက်ပသော မျက်လုံး များဖြင့်၊ လင်းယွန်အား စိုက်ကြည့် လိုက်သည်။ လင်းယွန်မှ ပြန်ပြုံးပြ လိုက်ပြီး၊

“ မင်း ... ငါ့ကို အရမ်း မျှော်လင့် နေမိပြီ၊ ဒီဓားညီလာခံက အရမ်း ရွံစရာ ကောင်းတယ်၊ ငါ စိတ်မဝင် စား တော့ဘူး။ ”

“ မင်း ငါ့ကို ကြောက်လို့လား၊ ငါက ကောင်းကင် ဝိညာဉ်ကို ကန့်သတ် ရမှာမို့၊ မင်း အတွက် အခွင့် အရေး ရှိနိုင် ပါတယ်၊ မင်းရဲ့ တိမ်လွှာဓား (၁၃) ကွက် ကိုလည်း၊ ကြည့်ပါ ရစေ။ ”

လင်းယွန်မှာ ကျောက်ယန်၏ စိတ်ဝင် စားခြင်းကို၊ ရယူနိုင် လိမ့်မည်ဟု မထင်ထား ကြ သဖြင့်၊ အံ့သြ သွားသည်။

အဆုံးတွင် ကျောက်ယန် ဟူသည် အပြာရောင် ကျောက်တုံး မြို့တော် ၌ပင်၊ ဂုဏ် သတင်း မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။

“ သူ့မှာ ... ဘာများ စိတ်ဝင် စားစရာ ရှိလို့လဲ၊ ကောင်းကင် ဝိညာဉ်က ဓားသမား လေးပဲ မဟုတ်လား။ ”

ဖန်ရှောင်ယုက မုန်းတီး စွာဖြင့်၊ ပြော လိုက်သည်။ ကျောက်ယန်၏ စကား အဓိပ္ပါယ် အရ၊ သူမ သည်သာ လှည့်စား နေသူ တစ်ဦး အဖြစ်၊ မြင်သာ လာစေသည်။

အသန်မာ ဆုံးသော ကုန်းစွန်းယန်က ပြုံးပြီး၊

“ သူက ... ကောင်းကင် ဝိညာဉ်မှာ ဆိုပေမယ့်၊ ရိုးရှင်းတဲ့ လူ တစ်ယောက်တော့ မဟုတ်ဘူး၊ သူ့ရဲ့ ပထမ ဓားကို ...

... ဒီမှာ ရှိတဲ့ လူငယ်တွေ ထဲက၊ လူ အနည်းစု လောက်ပဲ ဖြေရှင်း နိုင်တယ်၊ ဒုတိယ ဓားကိုတော့ ကောင်းကင်ဓား ရှိမှသာ ...

... ဘယ်လောက် ပြင်းလဲ မြင်နိုင်မယ်၊ ကျောက်ယန်လို ဓားရူး တစ်ယောက် အတွက် ကတော့ ဆိုဖွယ် မရှိဘူး၊ ...

... တစ်ယောက် ယောက်က ... သူ့ အာရုံကို ဖမ်းစား နိုင်ရင် ... ၊ အဲ့ဒီလူက ဘာကြီးပဲ ဖြစ်နေ ပါစေ၊ သူလုပ်မှာ သေချာတယ်။ ”

ကုန်းစွန်းယန် သုံးသပ် ချက်ကြောင့်၊ လူတိုင်းမှာ တိတ်ကျ သွားသည်။ သို့သော် ဖန်ရှောင်းယန်က သူ့ ညီမကို ကာကွယ် လိုစိတ် ရှိသဖြင့်၊

“ မင်းက သူ့ကို အထင်ကြီး နေတာလား။ ”

-ဟု မေးလိုက်၏။

ကုန်းစွန်းယန်မှ ပြုံးပြီး၊

“ ငါတို့ မကြာခင် သိပါ လိမ့်မယ်။ ”

-ဟု တုန့်ပြန် လိုက်တော့သည်။

ကုန်းစွန်းယန်၏ ခွန်အားနှင့် ဂုဏ် သတင်းသည် မျိုးဆက်သစ် လူငယ်များ အကြား လွှမ်းမိုး နိုင်စွမ်း ရှိချေသည်။

ထို့ကြောင့် သူ့ စကားက ကျောက်ယန်နှင့် လင်းယွန်တို့ တိုက်ပွဲ အပေါ်၊ လူစိတ်ဝင် စားမှု ပိုတိုး လာစေသည်။

“ အစ်ကိုလင်း ... ၊ မင်းရှေ့က လူက ဓားရူး တစ်ယောက်ပဲ၊ မင်းက သူ့ရဲ့ ပစ်မှတ် ဖြစ်လာပြီ ဆိုတော့၊ ဓားညီလာခံက ထွက်သွား နိုင်ခဲ့ ရင်တောင်၊ မင်း လွတ်မှာ မဟုတ်ဘူး၊ သူက တစ်ချိန်လုံး လိုက်နေ ဦးမှာ။ ”

ယဲ့ဖေးဖန်က လူအုပ် ထဲမှ နေ၍ လင်းယွန်ကို ဆက်သွယ် သတိပေး လာသည်။ တစ်ဆက် တည်း မှာပင် ပြုံးလျက်၊ မျက်စိ တစ်ဖက် မှိတ်ပြ လိုက်၏။

“ သူ ပြောတာ မှန်တယ် ... ၊ မင်း ထွက်သွား ရင်တောင် ... ၊ ငါ လိုက်နေရ ဦးမှာပဲ။ ”

ကျောက်ယန်က ယဲ့ဖေးဖန် စကားကို ပြုံးလျက် အတည်ပြု ပေးလာ၏။

တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် နေသော ကေျာက်ယန်ကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် ခဏမျှ စဉ်းစား လိုက်ပြီး

“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းလို ဓားရူးနဲ့ ငါလည်း တိုက်ကြည့်ချင် ပါတယ်၊ ကဲ စရအောင်။ ”

-ဟု ခေါင်းညိတ် လိုက်တော့သည်။

“ ဟား ... ဟား ... ဟား ... ၊ ဒါဆို ... ငါ့ကို စိတ်မပျက် စေနဲ့။ ”

ရယ်မောလျက် သူ့ ဓားသေတ္တာ ထဲမှ အနက်ရောင် ဓားရှည် တစ်လက်ကို ဆင့်ခေါ် လိုက်၏။ ပြီး၊

“ ဒီဓားရဲ့ နာမည်က လျှပ်စီး အရိပ်ပဲ ... ၊ ပင်မ ရူရ်ကို သတ္တမတန်း သူတော်စင် လျှပ်စီး ရူရ်နဲ့ သွန်းထားပြီး၊ ...

... ရူရ် (၃၀၀)နဲ့ ဝိုင်းရံ ထားတယ်၊ ကနဦး ပင်မ နတ်ဘုရား ရှစ်ပါးကို သတ်ဖို့၊ ငါ တစ်ကြိမ် သုံးခဲ့ဖူး တယ်။ ”

“ ချွင် ... ။ ”

“ ပန်းတွေကို မြှုပ်နှံမဲ့ ... ပန်းသင်္ချိုင်းပါ။ ”

လင်းယွန်မှ တုန့်ပြန် လာသော ဓားထံ လှမ်းကြည့်ပြီး၊

“ မင်းရဲ့ ဓားက သူတော်စင် လက်ရာ မဟုတ်ဘူး၊ တခြား ဓား တစ်လက်ကို သုံးပါ၊ ဓားခန်းမ ကနေ သူတော်စင် ဓားတစ်လက် ငှားပေးဖို့၊ ငါ ပြောပေး ရမလား။ ”

“ ခွင့် ပြု တယ် ။ ”

ဖန်ရွှမ်ဇီမှ ခွင့်ပြု လိုက်သည်နှင့်၊ ဓားသေတ္တာများ ကိုင်ဆောင်လျက်၊ အစေခံ ဆယ်ဦး စဉ်မြင့်ပေါ် ပြေးတက် လာ၏။

ဓားသေတ္တာ အားလုံးတွင် သူတော်စင် ဓား တစ်လက်စီ ပါရှိ ချေသည်။ အရည် အသွေးမှာ လျှပ်စီး အရိပ်ထက်၊ ညံ့ဖျင်း လိမ့်မည် မဟုတ် ကြောင်း ပြောနိုင်သည်။

ခန်းမသခင် ဖန်ရွှမ်ဇီမှ ဓား တစ်လက် ငှားရန် သဘောတူ လိုက်ခြင်းဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အဆုံးတွင် ဓားညီလာခံ တရားဝင် စတင် လာပြီ ဖြစ်၏။

“ သခင်လေး လင်း၊ တစ်ခု ရွေးပါ၊ ပြီးတော့ ပြန်ပေး စရာ မလို ပါဘူး။ ”

အစေခံ များက ဂုဏ်ယူစွာ ပြောကြား လာသည်။

“ အားလုံး ယူလိုက် အစ်ကို လင်း၊ ဓားခန်းမက ချမ်းသာတယ်၊ ဒီဓား အရေအတွက် လောက်တော့ ဂရု မစိုက်ဘူး။ ”

ယဲ့ဖေးဖန်မှ ပြုံးလျက် အော်ဟစ် အကြံ ပေးလာ သဖြင့်၊ အစေခံ များ အားလုံး မျက်လုံး ပြူးသွားသည်။

ထိုပေါက်လွှတ် ပဲစား၏ အကြံဉာဏ် အတိုင်း၊ အားလုံးကို ရွေးလိုက် မည်ကို စိုးရိမ် လာသော၊ အစေခံ ခေါင်းဆောင်က၊ လင်းယွန် ကို စိုက်ကြည့် သည်။

သို့သော် လင်းယွန်က သူတို့၏ ဓားသေတ္တာ များကို ထိပင် မထိဘဲ၊

“ မလိုဘူး ... ၊ ပန်းသင်္ချိုင်းနဲ့ လုံလောက်တယ်။ ”

-ဟု ပြန်ပြော လာတော့သည်။

“ ..... ။ ”

လင်းယွန် စကားကြောင့် အချိန် မဆိုင်း တော့ဘဲ၊ အစေခံများ ပြန်လည် ခုန်ချ သွား၏။ လင်းယွန် စိတ် မပြောင်းခင် မြင်ကွင်းမှ ပျောက်ကွယ် လိုပုံ ရသည်။

ကျောက်ယန်မှာ အနည်းငယ် အံ့အားသင့် သွား သော်လည်း ခေါင်းညိတ်လျက်၊

“ ငါ နားလည်ပြီ၊ မင်းရဲ့ ဓားကို မပြောင်း ချင်မှတော့ ... ၊ ငါ မင်းကို အခွင့်ကောင်း ယူမှာ၊ မဟုတ် ပါဘူး၊ ငါ့ဓား (၁၀) ကွက်ကို ခံနိုင်ရင်၊ မင်း အနိုင် အဖြစ် မှတ်ယူ နိုင်မယ်။ ”

-ဟု သတ်မှတ် ပေးလိုက်သည်။

“ မင်းရဲ့ ကျင့်ကြံမှုကို ကောင်းကင် ဝိညာဉ်မှာ ကန့်သတ်မှာ ဖြစ်လို့၊ သူတော်စင် ရူရ် တွေရဲ့ စွမ်းအား အကုန် အစင်ကို၊ မင်း မထုတ် နိုင် တော့ဘူး၊ ဒါကြောင့် ...

... ဆယ်ကြိမ် တည်းနဲ့၊ ငါ့ကို အနိုင် မယူ နိုင်မှာ သေချာတယ်၊ မင်းမှာ နောက်ထပ် အခွင့် အရေး မရှိလို့၊ ငါ့ကို တကယ် တိုက်ပါ။ ”

ကျောက်ယန် စကား များကို ဂရု မစိုက် ဟန်ဖြင့်၊ လင်းယွန်မှ အေးစက်စွာ သတိပေး လိုက် တော့သည်။

***

All Chapters