ကျောက်ယန်နှင့် တိုက်ခိုက်ခြင်း- (၁) ။
Vol. 85 Ch. 1189
ပြောပြီး သည်နှင့် ချက်ချင်းဆို သလို အားယူကာ၊ တစ်ယောက် အားနည်း ချက်ကို တစ်ယောက် ရှာဖွေရန်၊ တစ်လှမ်းခြင်း ရွေ့လျားလိုက် တော့သည်။
“ ကျောက်ယန်က ထိပ်ဆုံး အဆင့် တစ်ထောင်မှာ၊ အဆင့် သတ်မှတ် ခံထားရတဲ့ လူပဲ၊ အရှေ့ပိုင်း ပျက်သုဉ်း မြေမှာ၊ နာမည် ကောင်း ရှိတယ်၊ ...
... သူ့ နာမည်ကို မကြား ဖူးတဲ့ လူငယ် အများကြီး မရှိဘူး၊ ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင် သူတောင် သူဓား ဆွဲရင်၊ ထိပ်တိုက် ရင်ဖို့ ခက်တယ်။ ”
“ ဒီလို မောက်မာ လွန်းတဲ့ ... ၊ လူငယ်မျိုး မတွေး ဖူးဘူး၊ သူ့ကို ကျောက်ယန်က တိုက်ဖို့ တောင်းဆိုတာ နဲ့တင် ဂုဏ်ယူ သင့်တယ်။ ”
“ စိတ်ဝင်စား စရာပဲ၊ ဓားခန်းမက သူတော်စင် လက်ရာ တွေကို ငြင်းပစ်တယ်၊ သူ့ ဓားကို နတ်ဘုရား လက်ရာများ ထင်နေ သလား မသိဘူး။ ”
ဤနေရာရှိ လူတိုင်းက ကျောက်ယန်၏ ခွန်အားကို ယုံကြည် ကြသဖြင့် လင်းယွန် အား တစ်ချက် တည်းနှင့် အနိုင်ယူ နိုင်မည်ဟု ယူဆ ကြ၏။
ကျန်းယန် အတွက်မူ ထိုမျှ မလွယ်မှန်း သိထား၏။ တစ်ဖက် လူမှာ ငြိမ်သက်နေမြဲ ဖြစ် သဖြင့်၊ တဖြည်းဖြည်း ဒေါသ ထွက်လာသည်။
အဆုံးတွင် သည်းမခံနိုင် တော့ဘဲ ဦးစွာ တိုက်ခိုက်ရန်၊ ဆုံးဖြတ် လိုက်သည်။ ဓားရိုးကို ဆုပ်ကိုင် ထားသော လက်အား၊ ပြင်ယူစဉ် ရောင်ဝါများ ပေါက်ကွဲ လာတော့၏။
ကောင်းကင် တစ်ခုလုံး လျှပ်စီးများ လင်းလက် လာပြီး၊ ဓားရည်ရွယ်ချက် ထွက်ပေါ် လာ၏။ ထိုဓားရောင်ဝါက လင်းယွန် အပေါ် ချက်ချင်း ပြိုကျ သွားသည်။
သို့သော် လင်းယွန် အနား ရောက်ခါ နီးတွင် ဓားရောင်ဝါမှာ အတားအဆီး တစ်ခုနှင့် ရင်ဆိုင် လိုက်ရ၏။
“ ချွင် ... ချွင် ... ချွင် ... ။ ”
လင်းယွန်က သူ့ဓားကို လွှဲလိုက်သော အခါတွင် ဓားမြည် သံများ ညံသွား၏။ စင်မြင့် ထက်၌၊ ကျောက်ယန် ကဲ့သို့ ကောင်းကင်ဓား ထွက်ပေါ် လာသည်။
ကောင်းကင်ဓား နှစ်လက် အချင်းချင်း ထိပ်တိုက် တွေ့ဆုံ သွားကာ၊ ပေါက်ကွဲ မှုများ ဖြစ်ပွား လာ၏။
ယင်းမှ လာသော အသံလှိုင်း များမှာ၊ ပရိသတ် များ၏ နားစည်သို့ တဟုန်ထိုး ပြေးဝင် လာတော့သည်။
“ အဆင့်မြင့် ကျွမ်းကျင်မှု။ ”
လင်းယွန်ကို ကြည့်ပြီး လူတိုင်း အံ့သြ သွားသည်။ ကောင်းကင် ဝိညာဉ် နယ်ပယ်ဖြင့် ဤအဆင့်အား မည်သို့ ဆုပ်ကိုင် ထားနိုင်မှန်း မတွေးဆ နိုင်ကြချေ။
“ ငါ သိတယ်။ ”
ကျောက်ယန်က သူ့ မှန်းဆချက် မှန်နေ သောကြောင့် ပြုံးလိုက်၏။ မူလ တည်းကပင်၊ သူ့ကဲ့သို့ လင်းယွန်၌ ကောင်းကင်ဓား ရှိမည်ကို သိ၏။
“ ဟိတ် ... ။ ”
ထို့ကြောင့် ကြုံးဝါးသံကို ထုတ်လွှတ်လျက်၊ ခြေ တစ်လှမ်း တိုးလိုက်သည်။ ချက်ချင်း ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ လင်းယွန် ရှေ့ ပြန်ပေါ် လာ၏။
လျှပ်စီး အရိပ် ဓား၏၊ ပင်မ သူတော်စင် ရူရ်ကို အသက် သွင်းကာ၊ ဓားကို လင်းယွန်ပေါ် ခုတ်ချ လိုက်သည်။
“ ဗျစ် ... ။ ”
ကြီးမားပြီး သန့်စင်သော စွမ်းအင်များ ကျဆင်း လာပြီး၊ လေထုထဲ လှိုင်း ဂယက်များ ပျံ့ကျဲ သွား၏။
လင်းယွန် သည်သာ၊ ရုပ်ခန္ဓာ သန်စွမ်း နေခြင်း မရှိပါက၊ အတွင်း ကိုယ်တွင်း အင်္ဂါများ ပျက်စီး သွား နိုင်မည်။
“ ရွှပ် ... ။ ”
“ ထန် ... ။ ”
ထိုဓားကို ရင်ဆိုင်ရန်၊ လင်းယွန်က မူလ စွမ်းအင်အား ပန်းသင်္ချိုင်းထဲ လောင်းထည့်ကာ ပြန်၍ ပက်ထုတ် လိုက်၏။ သို့သော် ခြေလှမ်း များစွာ နောက်ဆုတ်ပေး လိုက်ရသည်။
လျှပ်စီး အရိပ်၏ စွမ်းအား အပြည့်ကို ကျောက်ယန်မှ မထုတ်နိုင် သော်လည်း၊ ၎င်းမှာ သူတော်စင် လက်ရာ တစ်ခု ဖြစ်သဖြင့် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
“ ပထမ လှုပ်ရှားမှု။ ”
ကျောက်ယန်မှ ပြုံးကာ ရေတွက် လိုက်သည်။ ဤတွေ့ဆုံမှု ပြီးနောက် တစ်ဖက် လူ၏ ပန်းသင်္ချိုင်း ဓားမှာ၊ တဆက်ဆက် တုန်ခါ နေခဲ့သည်။
၎င်းသည် အထွတ် အထိပ် တာအို အဆင့် ၌သာ ရှိသော်လည်း၊ သူ့အား ပြန်၍ ရင်ဆိုင်နိုင် သဖြင့်၊ လျှပ်စီး အရိပ် ဓားမှ၊ မယုံ ကြည်နိုင် ဖြစ်လာ ပုံရ လေသည်။
ရုတ်တရက် ပွင့်ချပ်များ ဝဲပျံ လာပြီး၊ အိမ်မက် ဆန်သော ဖြစ်စဉ်ကို ပန်း သင်္ချိုင်းမှ ဖန်တီး လာ၏။
ထိုဖြစ်စဉ်၏ ဗဟို၌ ရှိနေသော လင်းယွန်ကို တစ်ချက် လှမ်းကြည့်ကာ ကျောက်ယန်မှ ထပ်မံ လှုပ်ရှား လိုက်သည်။
“ ဝှစ် ... ။ ”
သို့သော် အေးစက်စက် ဓားအလင်း တစ်လက် သူ့ထံ၊ ပြေးဝင် လာသဖြင့် အစီစဉ် ပြောင်းလိုက် ရသည်။
ထို ဓားအလင်းမှ လာသော လေ အဟုန်သည်၊ သူ့အရေ ပြားအား၊ စပ်ဖျဉ်းဖျဉ်း ဖြစ်လာ စေ၏။
“ မင်း ငါ့ ဓားကို ယူ ... ။ ”
ကေျာက်ယွန်က ဓား အလင်းကို ဖျက်ဆီး နိုင်ခဲ့ သော်လည်း၊ တစ်ဖက် လူမှာ ဓားနှင့် အတူ သူ့ညာ ပခုံးပေါ် ကျဆင်း လာသည်။
ယင်းကြောင့် နောက်အမြန် ဆုတ်ကာ၊ ရှောင်တိမ်း ပေးလိုက် ရသည်။ သို့သော် ၎င်းကို တွက်ဆ ထားပုံဖြင့်၊ လင်းယွန်က လေထု အလယ်၊ ပုံစံ ပြောင်းပြီး၊ နဖူးထံ ချိန်ရွယ် လိုက်သည်။
“ ထန် ... ။ ”
နောက်ဆုတ် နေခြင်းမှာ၊ အဖြေ မဟုတ်တော့ သောကြောင့်၊ ကြမ်းပြင်ပေါ် ပြန်ဆင်း လျက်၊ ဓားအား နဖူး ရှေ့တွင် အပြားလိုက် ကာကွယ် လိုက်ရသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ပန်းသင်္ချိုင်း ဓားနှင့် လျှပ်စီး အရိပ် ဓားတို့ တိုက်မိ သွားပြီး၊ မီးပွားများ ပွင့်ထွက် လာကာ၊ ကျောက်ယန်ကို ခြေလှမ်း များစွာ နောက်ပြန် ဆုတ်စေသည်။
ယင်းက အဆုံးသတ် မဟုတ် သေးချေ။ လင်းယွန်မှ တိမ်လွှာဓား (၁၃) ကွက်ကို စတင် လိုက်သည်။
“ တိမ်ဖုံး နေသော နေမင်း ... ။ ”
“ လျှပ်စီး မြွေနဂါး ... ။ ”
စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါး ကောင်းကင်ပေါ် ပျံတက် လာသည်။ သို့သော် အပြာရောင် ငှက်မှာ လျှပ်စီး မြွေနဂါးကို မယှဉ် နိုင်ခဲ့ချေ။ ထို့ကြောင့် ကျောက်ယန် အတွက် အသက် ရှူခွင့် ရသွားသည်။
သည်အခွင့် အရေးအား ဆုပ်ကိုင်လျက်၊ လျှပ်စီးမြွေ နဂါးကို ငှက်ပြာလေးအား အပြီးပိုင် ဖျက်ဆီးရန်၊ စေခိုင်း လိုက်သည်။
လင်းယွန်ကို ခြေလှမ်း တစ်ဝက်မျှ နောက်ပြန် ဆုတ်အောင် တွန်းထုတ် နိုင်သ၍ သူနိုင်မည် ဖြစ်သည်။
“ တိမ်နှင့် လေမုန်တိုင်း ... ။ ”
“ ကောင်းကင်၌ ရွေ့လျား နေသော တိမ်။ ”
“ အဝေးမှ တိမ်တိုက်များ … ။ ”
“ အသွင် ပြောင်းလဲသော တိမ် ... ။ ”
ကံမကောင်း စွာဖြင့် သူ့ ဆန္ဒ မပြည့် ခဲ့ချေ။ တစ်ဖက် လူမှာ ဓားလွှဲရုံ မျှနှင့်၊ တိမ်လွှာဓား (၁၀) ကွက် တိတိ၊ ခင်းကျင်း သွားသည်။
“ ကျီး ... ။ ”
ငှက်ပြာလေး (၁၀) ကောင် ချက်ချင်း ထွက်ပေါ် လာပြီး၊ သူ၏ လျှပ်စီး မြွေနဂါးကို ဝိုင်းအုံလျက် အမဲဖြတ် တော့၏။
***