← Chapters

ရှုံးရင် မင်းရဲ့ လက်တစ်ဖက်ကို ငါယူမယ်။

Vol. 86 Ch. 1191

ရှုံးရင် မင်းရဲ့ လက်တစ်ဖက်ကို ငါယူမယ်။

Vol. 86 Ch. 1191

တစ်ဖက် လူမှ သူ့အား၊ အမှန် တကယ် ဓားဖြင့် ခြိမ်းခြောက် နိုင်ခဲ့ခြင်းကို၊ ကျောက်ယန် တစ်ယောက် မယုံနိုင် ဖြစ်နေမိလေသည်။

ပန်းသင်္ချိုင်း ဓားကို ပြန်ကြည့်ပြီး၊ အတွေးများ ဝင်လာ၏။ သည်ဓား မရိုးရှင်းမှန်း သူ ခံစား နိုင်သည်။ သူတော်စင် လက်ရာ မဟုတ် သော်မှ၊ လျှပ်စီး အရိပ်ကို ကောင်းစွာ ရင်ဆိုင် နိုင်၏။

လျှပ်စီး အရိပ်တွင်၊ သူတော်စင် ရူရ်များ ရှိနေ၍ သာလျှင်၊ ပန်းသင်္ချိုင်း ဓားထက် သာ သည်ဟု ထင်မိခြင်း ဖြစ်သည်။

ယင်းယွန်နှင့် ပန်းသင်္ချိုင်းမှာ၊ လိုက်ဖက်မှု ရှိသည်ကို၊ ရုတ်တရက် သတိ ထားမိ လာသည်။ သူက လင်းယွန်ကို ရှုံးသည်သာ မက၊ လျှပ်စီး အရိပ် သည်လည်း ပန်းသင်္ချိုင်းကို ရှုံးခဲ့သည်။

ပန်းသင်္ချိုင်း ဓားတွင်၊ မောက်မာသော သက်ရှိ တစ်ကောင်၏ အသွင်မျိုး ရှိနေ၏။ ပို၍ အရေးကြီး သည်မှာ၊ လင်းယွန်မှ ၎င်းအား သက်မဲ့ ကဲ့သို့ မဆက် ဆံခြင်း ပေပင်။

လင်းယွန် ဓားနှင့် ပတ်သက်သော ထူးခြားသည့် အရာ အားလုံးကို၊ သူ သတိပြုမိ လာသည်။

အခြားသူ များသာ ဆိုပါက၊ ဤ လျှို့ဝှက်ချက်ကို သိမြင်ရန် ခက်ခဲ နိုင်ပေ လိမ့်မည်။

သွေးများ စီးကျ နေသော၊ သူ့နဖူးရှိ ဒဏ်ရာကို လက်ဖြင့် တို့ထိကာ၊ သက်ပြင်းချ လိုက်သည်။

“ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ ... ၊ ငါရှုံးတယ် ဆိုတာကို၊ လက်ခံ ပါတယ်။ ”

ထိုစကားက လင်းယွန်ကို ပြုံးမိ စေ၏။ ကျောက်ယန် တစ်ယောက် မည်သည့် အဓိပ္ပါယ် ကို၊ ဆိုချင် နေမှန်း သူ နားလည်သည်။

“ အင်ပါ ရီယန်ကို ရောက်ပြီးရင် ... ၊ ငါတို့ ထပ်တိုက် ရအောင်။ ”

ကျောက်ယန်မှ ပြုံးကာ တောင်းဆို လာသည်။

“ ဒါက မင်း အပေါ် မှာပဲ မူတည်တယ်၊ နောက်တစ်ကြိမ် တွေ့တဲ့ အချိန်မှာ၊ မင်း ဘာမှ တိုးတက် မလာဖူး ဆိုရင်၊ ငါ စိတ်ဝင်စား တော့မှာ မဟုတ်ဘူး။ ”

“ စိတ်မပူ ပါနဲ့ ... ၊ ငါက ... သူတော်စင် ပစ္စည်း အတွက်၊ ဒီကို လာခဲ့တာ မဟုတ်ဘူး၊ ငါ့ အတွက် စိတ်ဝင် စားစရာ ကောင်းတဲ့၊ ပြိုင်ဘက် ရှာချင်လို့ လာတာပဲ၊ ...

... ငါတို့ ဒီတိုက်ပွဲ ကနေ၊ အများကြီး ရထားတယ်၊ မကြာခင် အောင်မြင်မှု တစ်ခု ရယူနိုင် မှာပါ။ ”

ကျောက်ယန်က စင်ပေါ်မှ ဆင်းသွား ပြီးနောက်၊ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွား လေသည်။

အထူး သဖြင့် လင်းယွန်ကို တားခဲ့ မိသော ဖန် မိသားစု၏ အစောင့် များမှာ နောင်တ ရလာ ကြ၏။

“ ဒီကောင် ... ဓား ညီလာခံကို ဖျက်ဆီးဖို့၊ တကယ် ရောက်လာခဲ့ တာတော့ မဟုတ် ပါဖူး နော်။ ”

ဖန်ရှောင်ယုမှ ဒေါသတကြီး ရေရွတ် လိုက်သည်။ လင်းယွန်၏ နိုင်ပွဲက သူမအား အရှက်ရ စေ၏။

ယင်းက အသန် မာဆုံး လေးဦး နေရာသို့ တက်လှမ်းခြင်း မည်သည်။ ဤနေ့ ပြီးနောက်၊ မြို့တော်၌ သူမအား လှောင်ရယ် ကြတော့ ပေလိမ့်မည်။

“ သူ့ကို လွှတ်လိုက်ပါ ... ၊ သူက ဓားညီလာခံကို မကြိုက်ဘူး။ ”

ကုန်းစွန်းယန်မှ လှမ်းပြောသည်။

သူ့ စကားက တားဆီးရန်၊ ကြိုးစား နေမိသော ဖန်မိသားစု အစောင့် များကို အဆင် မပြေ ဖြစ်လာ စေ၏။

လင်းယွန်အား အမှန်သာ ထွက်သွားခွင့် ပြုလိုက်သော်၊ ဖန်ရှောင်ယု အတွက်၊ မျက်နှာ ထားစရာ နေရာ၊ ရှိတော့မည် မဟုတ်ချေ။

“ ဒါဆို ... ငါ့ရဲ့ ဖန်မိသားစုက၊ လူရယ် စရာ ဖြစ်လာ မှာပေါ့။ ”

ဖန်ရှောင်းယန်က ကုန်းစွန်းယန်ကို အေးစက်စွာ လှည့်ကြည့်ပြီး ပြော လိုက်သည်။

“ ငါ့ သဘောကို ပြောတာပါ။ "

ကုန်းစွန်းယန်မှ ပြုံးလျက် တုန့်ပြန်ကာ၊ နှုတ်ဆိတ် သွားတော့သည်။

“ ကုန်းစွန်းယန် ... မင်း ဘာတွေ ... ၊ တွေး နေလဲ ငါသိတယ်၊ သူ့ကြောင့် ဝှက်ဖဲကို ထုတ်ခဲ့ ရရင်တောင်၊ ပထမ နေရာက ... ၊ ငါ့ အတွက် ပါပဲ၊ မင်း ငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”

ဖန် မိသားစုတွင် သူသည် အသန်မာဆုံး ဖြစ်ပြီး၊ ချန်ပီယံ ဆုနှင့် အတူ၊ မိသားစု၏ ဂုဏ် သိက္ခာကို ထူထောင်ရန် အတွက်၊ ဓား စံအိမ်မှ အမြန် ပြန်လာ ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဖန်ရှောင်ယု မျက်နှာမှာ ပြုံးရွှင် သွားပြီး၊

“ အစ်ကိုကြီး ... ၊ မင်း ငါ့ကို ကူညီ မှာလား။ ”

-ဟု မျှော်လင့် တကြီး မေးလိုက်၏။

“ စိတ်မပူ ပါနဲ့၊ ငါ ပြောပြီးပြီ ဖြစ်တဲ့ အတွက်၊ သူ့ကို လွယ်လွယ်နဲ့ ထွက်သွားခွင့် မပေး နိုင်ပါဘူး၊ ဖန် မိသားစုကို စော်ကားရင်၊ တန်ဖိုး တစ်ခုတော့ ပေးဆပ် ရလိမ့်မယ်။ ”

သည့်နောက် ဓားရောင်ဝါ များကို ထုတ်ဖော်လျက်၊ စင်မြင့် ပေါ်သို့ လှစ်ခနဲ ခုန်ဆင်း လိုက်၏။

သို့သော် လင်းယွန်မှာ ဖန်ရှောင်းယန်အား တစ်ချက် မျှပင် မော့ မကြည့်ဘဲ၊ စင်မြင့် ပေါ်မှ၊ ထွက်ခွာရန် ပြင်သည်။

ထို့ကြောင့် လင်းယွန် ရှေ့သို့ ဖန်ရှောင်းယန်မှ ချက်ချင်း ရွေ့လျား လိုက်ပြီး၊

“ ကြောက်လို့လား၊ အရမ်း နောက်ကျ သွားပြီ၊ ငါ ဒီစင် ပေါ်မှာ၊ ရပ်နေ မှတော့ မင်းကို လွယ်လွယ်နဲ့၊ ထွက်သွားခွင့် မပြု နိုင်ဘူး။ ”

-ဟု ပြုံးလျက် ပြောလိုက် တော့၏။

“ ကြောက်ရမယ် ... ဟုတ်လား၊ မင်းကို ငါက ကြောက်နေ တယ်လို့၊ ပြောချင် တာလား။ ”

လင်းယွန်မှ ပြုံးလျက်ဖြင့်၊

“ မင်း အတွေး လွန်နေပြီ ... ၊ ဒီမှာ ငါ့ကို တိုက်ဖို့၊ ဘယ်သူမှ အရည် အချင်း မပြည့် မီဘူး။ ”

-ဟု ပြန်ပြော လိုက်၏။

ထိုစကားကို ကြားသော အခါတွင်၊ ဖန်ရှောင်းယန် မျက်နှာ၌ ဒေါသများ တောက်လောင် လာပြီး၊

“ အဟက် ... ၊ ကျောက်ယန်နဲ့ ပွဲမှာ ... ၊ မင်းရဲ့ ခွန်အားကို အများကြီး ထုတ်ဖော် ခဲ့တယ် မဟုတ်လား၊ ဒါကြောင့် ရှုံးမှာကို မင်း ကြောက်နေ တာပေါ့၊ ...

... ဒါပေမယ့် စိတ်မပူ ပါနဲ့၊ ငါ မင်းကို အခွင့်ကောင်း ယူမှာ မဟုတ် ပါဘူး၊ လှုပ်ရှားမှု အကြိမ် ငါးဆယ် တိတိ ရင်ဆိုင် နိုင်ရင်၊ မင်း အနိုင်လို့ သတ်မှတ်ပါ။ ”

“ ငါ တိုက်ချင်တဲ့ လူကို တိုက်မယ် ... ၊ မတိုက် ချင်တဲ့ လူကို မတိုက်ဘူး၊ ဒါ ... ငါ့အခွင့် အရေးပဲ။ ”

လင်းယွန်မှ ဂရု မစိုက် ဟန်ဖြင့်၊ ဆက်လက် ငြင်းဆန် ၏။

“ ငါ့ကို အနိုင်ယူ နိုင်ရင် ... ၊ မင်း သူတော်စင် လက်ရာကို ရနိုင် မှာပါ။ ”

“ မင်းတို့ရဲ့ သူတော်စင် လက်ရာနဲ့ ... ၊ မင်းကို ငါစိတ်မဝင် စားဖူး၊ မင်းက ကျောက်ယန် ထက်တောင် အားနည်းတယ်၊ မကြာခင် ကျောက်ယန် က မင်းကို အနိုင်ယူ လိမ့်မယ်၊ ...

... ပြီးတော့ ငါသာ ဒီဓားညီလာခံရဲ့ ဆုလာဘ်ကို တကယ်လို ချင်ရင်၊ မင်းကို အနိုင် ယူမယ့် လူကိုပဲ စိတ်ဝင် စားတယ်။ ”

ဖန်ရှောင်းယန်မှာ ကျောက်ယန်ထက် ပို၍ သန်မာ သည်ကို လူတိုင်း နားလည် ထားသည်။ ထို့ကြောင့် လင်းယွန်၏ စကား များက ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။

အဆုံးတွင် ဖန်ရှောင်းယန် ဆိုသူမှာ ဓားစံအိမ်မှ လာပြီး၊ အင်ပါ ရီယန် အဆင့်တွင် ကျောက်ယန်ထက် ပို၍ ရှေ့ရောက် ချေပြီ။

လက်ရည်တူ ဆိုပါက လက်ခံနိုင် သော်လည်း၊ ပို၍ အားနည်းသည် ဟူသော အမြင် ကိုမူ၊ လက်မခံ နိုင်ချေ။

ကုန်းစွန်းယန်၏ အပြုံး များက ပို၍ တောက်ပ လာပြီး၊ လင်းယွန်ကို စိုက်ကြည့် နေသည်။

တစ်ဖက်တွင် ဖန်ရှောင်းယန်မှာ၊ သူ့ထက် အားနည်းသည် ဟူသော၊ လင်းယွန်၏ စကားက ကျောက်ယန်ကို၊ ကျေနပ် သွားစေသည်။

“ မင်းက ငါ့ကို အရှက်ခွဲ နေတာလား။ ”

ဖန်ရှောင်းယန်မှာ သည်းမခံ နိုင်တော့ဘဲ၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို၊ ချက်ချင်း ထုတ်ဖော် လိုက်သည်။

“ ငါက မင်းကို အရှက် ခွဲစရာ မလို ပါဘူး၊ အမှန် အတိုင်း ပြောရရင် ... ၊ မင်းကို အနိုင် ယူဖို့ ဓား တစ်ချက်ပဲ လိုတယ်။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ဖန်ရှောင်းယန် မျက်နှာ ပျက်ယွင်း စေသည်သာ မက၊ လူအုပ် ကြီးသည်ပင်၊ မျက်လုံးပြူး လာသည်။

လင်းယွန် မှာမူ၊ ကောင်းကင် ဝိညာဉ် ကန့်သက် ချက်တွင် ရှိနေပြီ ဖြစ်ရာ၊ ကျင့်ကြံမှု ဖိနှိပ်လျက်၊ ယှဉ်ပြိုင် လာပါက၊ ပင်မ နတ်ဘုရား ကိုပင်၊ အနိုင်ယူ နိုင်မည် ဖြစ်၏။

ထို့ကြောင့် ဖန်ရှောင်းယန်တွင် အခွင့် အရေး မရှိဟု သတိပေး လိုက်ခြင်း ဖြစ်သည်။ ၎င်းအား ကျောက်ယန်ထက် အားနည်း သည်ဟု၊ ဆိုရ ခြင်းမှာ၊ အကြောင်းရင်း ရှိသည်။

ကျောက်ယန်သည် ပန်းသင်္ချိုင်း ဓားနှင့်၊ သူ့ကြား ဆက်နွယ် မှုကို၊ ရှာတွေ့ နိုင်သူ လူ အနည်းငယ် အနက်မှ တစ်ဦး ဖြစ်၏။

ဓားတာအို အပေါ် ရူးသွပ် လွန်း၍သာ၊ ဤအရာကို မြင်နိုင်ခြင်း ပေပင်။ ကျောက်ယန် အမြင် တစ်ဝက် ခန့်သာ၊ ဖန်ရှောင်းယန်တွင် ရှိနေ ပါက၊ သူ့အား ဤသို့ ရဲရဲ တင်းတင်း စိန်ခေါ် ဝံ့မည် မဟုတ်ချေ။

ယင်းကို နားမလည် နိုင်သော ဖန်ရှောင်းယန်၏ မျက်နှာမှာ ဒေါသကြောင့် လက်တွေ့ ကျကျ ပျက်ယွင်း နေသည်။

အင်ပါ ရီယန် အဆင့် (၇၀၀) အတွင်း ဝင်နိုင်သော၊ ဓားစံအိမ်မှ တပည့် တစ်ဦးကို၊ ဓား တစ်ချက် တည်းနှင့်၊ အနိုင်ယူ နိုင်သည် ဟူသော အရာမှာ၊ အရှက်ခွဲ ခြင်းသာ မည်၏။

“ မင်း ... ၊ ငါ့ကို ဓား တစ်ချက် တည်းနဲ့ အနိုင်ယူ နိုင်ရင်၊ သူတော်စင် ဓား ဆယ်လက် ပေးမယ်။ ”

ဖန်ရှောင်းယန်မှ အံကြိတ်လျက် လောင်းကြေး ဖွင့် လိုက်သည်။

အစောပိုင်း အချိန်၌ လင်းယွန်မှာ၊ ကြောက်ရွံ့ နေသဖြင့်၊ ထွက်ပြေးရန် ကြိုးစား ခြင်း ဖြစ်မည်ဟု ထင်မိ၏။

သို့သော် လင်းယွန်မှာ သူ့ အပေါ်၊ အထင် သေးပြီး၊ ပြိုင်ဘက် အဖြစ်ပင် ရှုမြင် ခဲ့ပုံ မရချေ။ ယင်းက အရှက်ခွဲ ခံရခြင်း မည်၏။

ထို့ကြောင့် သူတော်စင် ဓား (၁၀) လက် နှင့်ပင်၊ လင်းယွန်ကို ကမ်းလှမ်း လိုက်ရလေ သည်။

ထိုအချိန်တွင် ဖန် မိသားစု အကြီး အကဲ များမှာ၊ ထိတ်လန့် သွားကြသည်။ တူညီသော မျိုးဆက်မှ၊ မည်သူ မဆို ဖန်ရှောင်းယန်အား ဓား တစ်ချက်နှင့် အနိုင်ယူ လိုပါက၊ ထိပ်တန်း (၁၀) ယောက် အဆင့်၌၊ ရှိနေ ရမည် ဖြစ်၏။

ထိပ်တန်း (၁၀၀) သည်ပင်၊ ထူးခြားသော ပါရမီ ရှင်များ ဖြစ်နေ ကြပြီ ဖြစ်ရာ၊ ထိပ်ဆုံး (၁၀) ယောက်သာ ဆိုသော်၊ ဘီလူးများ ဖြစ် မည်မှာ၊ သေချာသည်။

လင်းယွန် သည်သာ ထိုသို့သော ဘီလူးမျိုး ဖြစ်ပါက၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၌ ရှိနေမည် မဟုတ်ချေ။

ယင်းအစား ဓားဂိုဏ်း ကဲ့သို့၊ တန်ခိုးကြီး ဂိုဏ်း များတွင် ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် ကြောက်နေ စရာ အကြောင်းဟု ယူဆ နိုင်၏။

သို့သော် သူတော်စင် ဓား (၁၀) လက် ဟူသည် ဓားခန်းမ အတွက်၊ များ လွန်းသည့် ပမာဏ ဖြစ်နေသေး လေရာ၊ မသက် မသာ ခံစား နေရဆဲ ဖြစ်သည်။

လင်းယွန် သည်သာ ကံကောင်းပြီး၊ အနိုင်ရ သွားခဲ့သော်၊ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ် ဖြစ် လာ နိုင်၏။

ယင်းကို ဖန်ရှောင်းယန်မှ မတွေး မိချေ။ ဒေါသကြောင့် မျက်နှာ မည်းမှောင် သွားပြီး၊

“ ငါ ကတိ ပေးတယ်၊ မင်း အနိုင် ရရင် သူတော်စင် ဓားဆယ်လက် ရမယ်၊ ရှုံး ရင်တော့ မင်းလက် တစ်ဖက်ကို ငါ ယူမယ်။ ”

-ဟု ထပ်မံ ဆွဲဆောင် လိုက်၏။

“ ငါ့မှာ ရွေးစရာ မရှိ တော့ဘူး။ ”

“ အမှန်ပဲ ... ။ ”

“ ဒါဆိုလည်း စလိုက် ရအောင်၊ ဓား ဆယ်လက်ကို ငါမလို ချင်ဘူး ... ၊ ရှုံးရင် မင်းရဲ့ လက်တစ်ဖက် ကိုပဲ၊ ငါလို ချင်တယ်။ ”

လင်းယွန်မှ ဖန်ရှောင်းယန်အား စိုက်ကြည့်ကာ၊ ပေါ့ပေါ့ ပါးပါးပင် ပြောလိုက် သည်။ သူ့ စကားက ရင်ပြင်ရှိ လူအုပ် ကြီးကို ထိတ်လန့် သွားစေ၏။

ကျောက်ယန် ခမျာ၊ လေးနက်သော အသွင်နှင့်၊ လင်းယွန်အား လှမ်းကြည့် မိသည်။ ဖန်ရှောင်းယန်အား ဓားတစ်ချက် တည်းဖြင့်၊ အနိုင်ယူ နိုင်ရ လောက်အောင်၊ မည်မျှ အစွမ်း ထက်နေ မည်ကို၊ တွက်ဆ နေမိသည်။

သည့်နောက် ဖန်ရှောင်းယန်ထံ အကြည့် ရွေ့ကာ၊ ခေါင်းယမ်း လိုက်မိ တော့၏။ ယင်းမှာ လုံးဝ မဖြစ် နိုင်ချေ။

***

All Chapters