ကုန်းစွန်းယန်။
Vol. 86 Ch. 1192
လင်းယွန်နှင့် ဖန်ရှောင်းယန်မှာ စင်မြင့် ပေါ်၌ တစ်ဦးကို တစ်ဦး မျက်နှာ ချင်းဆိုင် စိုက် ကြည့်နေသည်။ သူတို့၏ တိုက်ပွဲသည် ဒေါသပေါ် အခြေ တည်၏။
နောက်ဆုံးတွင် လင်းယွန်မှာ၊ မောက်မာသည် ဟူသော သတင်း တောမီး ကဲ့သို့၊ မြို့အနှံ့ ပျံ့လွင့် နေခဲ့သည်။
ဓား ညီလာခံကို အကြောင်း ပြကာ၊ ကိုင်တွယ် ဖြေရှင်း နိုင်သည့် ပစ်မှတ် အဖြစ် ယူဆ ကြပြီး၊ လင်းယွန်ကို တားမြစ် ခဲ့သည်။
ယခုမူ သူတော်စင် ဓား (၁၀) လက် ဖြင့်ပင် ကမ်းလှမ်းကာ၊ ဂုဏ် သတင်းကို ကာကွယ်ရန် ကြိုးစား နေရသည်။
သို့သော် အမှန်ပင် ဖန်ရှောင်းယန်မှာ၊ ဓားတစ်ချက် တည်းနှင့်၊ ရှုံးနိမ့် သွားခဲ့ ပါက၊ ရယ်မော စရာ ဖြစ်လာမည် ဖြစ်သည်။
ပြဿနာ အစသည် ဖန်ရှောင်ယု ထံမှ လာသည် မှန်သော်လည်း၊ ဖန်မိသားစု သြဇာ အပေါ်၊ သက်ရောက်မှု ရှိလာ တော့သည်။
ဖန်ရှောင်းယန်က သူ့ ကျင့်ကြံမှုကို ကောင်းကင်း ဝိညာဉ်သို့ ကန့်သတ် လိုက်ပြီး၊ အသက် ပြင်းပြင်း ရှူလိုက်၏။
ဂရု မစိုက်ဘဲ မနေဝံ့ သောကြောင့်၊ သူ့ အမူအရာမှာ လေးနက် နေသည်။ အဆုံး မရှိ ဓားတစ်လက် ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ထွက် လာ၏။
အင်ပါ ရီယန် နယ်ပယ်တွင်၊ ကောင်းကင် ဓားကို ဆုပ်ကိုင် ထားနိုင် သောကြောင့်၊ ထက်ရှ သူဟု၊ သတ်မှတ် နိုင်သည်။
မဟုတ်သော် ဓားစံအိမ်မှ၊ သူ့အား လက်ခံမည် မဟုတ်ချေ။ အရည် အချင်း အရ ကျန်းယန်ထက် မနိမ့် သည်မှာ မြင်သာ၏။ သို့သော် အခြေခံ အုတ်မြစ် ခိုင်မာမှု အားနည်း ပေသည်။
ဓားစံအိမ် ဟူသည် ဓား သမား အချို့ အတွက် မြင့်မြတ်မြေ ဖြစ်ပြီး၊ အားကောင်းသော ဂိုဏ်းကြီး များမှ လွဲ၍၊ မည်သည့် ဂိုဏ်းမျှ ၎င်းတို့အား မယှဉ် နိုင်ချေ။
“ ဖျပ် ... ။ ”
ဓားရောင်ဝါ ကန့်သတ် ချက်သို့ ရောက်သွားသော အခါ၊ ဖန်ရှောင်းယန်က ရှေ့တစ်လှမ်း တိုးလျက်၊ ဓားကို ဆွဲထုတ် လိုက်သည်။
နောက်တစ် စက္ကန့်တွင် လင်းယွန်ထံ ဦးတည် နေသော ပုံရိပ် ကိုးရိပ် ဖြစ်ပေါ် လာ တော့၏။
မတူ ညီသော နေရာ ကိုးသွယ်မှ တိုက်ခိုက်ရန် ကြံရွယ် လာသည့် ဓားအစီရင် တစ်ခု ပေပင်။
ဤသည်မှာ ဓားစံအိမ်၏ နာမည်ကျော် တိမ်နဂါး ပညာရပ် ဖြစ်သည်။ ပြိုင်ဘက် အပေါ်၊ လုံးဝ ပိတ်ဆို့ ထားနိုင်၏။
ဤမြင်ကွင်းကို ကြည့်ပြီး၊ ဖန်ရွှမ်ဇီနှင့် အခြားသော အကြီး အကဲ များက ခေါင်းညိတ် မိသည်။
သူတို့၏ ဖန်ရှောင်းယန်မှာ ဓားစံအိမ်၌ နေရာ တစ်ခု ရထားပုံ ပေပင်။ မဟုတ်သော် ဤဓားရေးကို လေ့ကျင့်ခွင့် ပြုမည် မဟုတ်ချေ။ အနည်းဆုံး အတွင်း တပည့် အဆင့်၌ ရှိနေရ ပေမည်။
လင်းယွန် အတွက် မျှော်လင့်ချက် မရှိဟု မြင်မိသည်။ အဆုံးတွင် ပုံရိပ် ကိုးရိပ်မှာ ဘက် ပေါင်းစုံမှ၊ တိုးဝင် လာတော့သည်။
“ ဝှစ် ... ။ ”
အလယ်တွင် ပစ်မှတ်ထား ခံရသော လင်းယွန်က ခြေလှမ်း စလှမ်း လိုက်သည်။ ဖြည်းညှင်းစွာ ရွေ့လျားခြင်း ဖြစ်သော်လည်း၊ ဓားများမှ မဖမ်းမိ လိုက်ချေ။
ယင်းက လူတိုင်းကို စိတ်လှုပ်ရှား လာစေသည်။ ဖန်ရှောင်းယန် ဓားမှာ နှေးကွေး နေသည်လော။
သို့မဟုတ် လင်းယွန် မှပင် မြန်ဆန် လွန်းနေသည်လော။ မည်သူမျှ တပ်အပ် မပြော နိုင်တော့ချေ။
ကုန်းဟောက်ရန် ခမျာ၊ မျက်နှာ ပျက်ယွင်း သွားသည်။ လင်းယွန်အား ကြောက်ရွံ့စွာ လှမ်း ကြည့်ပြီး၊
“ ဘာ ဖြစ်နေ တာလဲ၊ သူက ဘယ်သူလဲ။ ”
-ဟု သည်းတွား လိုက်တော့ သည်။
သူ့ ညည်းတွား သံကြောင့်၊ ကုန်းစွန်းယန်မှ ပြုံးကာ၊
“ မင်း ... မသိ ဖူးလား၊ သူက လွန်ခဲ့တဲ့ ခြောက်လ လောက်ကမှ၊ တိမ်လွှာဓား ဂိုဏ်းကို ရောက်လာပြီး၊ သူတော်စင် တောင်ကို တက်နိုင် ခဲ့တယ်၊ ...
... ပြီးတော့ မကြာ သေးခင် ကမှ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို၊ သူ ရောက်ရှိ ထားတယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် နဲ့ဆို၊ ရင်ဆိုင်ဖို့ နည်းလမ်း မရှိဘူး။ ”
-ဟု ဝေမျှ ပေးလိုက်သည်။
ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ဟူသည်၊ သူတော်စင် မျိုးနွယ်များ ပင်လျှင်၊ မအောင်မြင် နိုင်သော အရာ ဖြစ်သောကြောင့် လူတိုင်း အသက်ရှူ ကြပ် သွား၏။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် တစ်ဦးက၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်နိုင် စရာလား၊ ကုန်းစွန်းယန် မင်း ငါတို့ကို အရူးများ ထင်နေလား။ ”
ကုန်းဟောက်ရန်မှ လက် မခံချေ။ ကုန်းစွန်းယင် စကားကို မယုံ သည်မှာ သဘာဝ ပေပင်။ ကျောက်ယန်က စကား တစ်ခွန်းမျှ မပြော သော်လည်း၊ ကုန်းစွန်ယန်မှ ချဲ့ကား ပြောဆိုနေ သည်ဟု ယူဆ မိ၏။
လင်းယွန်၏ ဓားရည်ရွယ် ချက် အပေါ်၊ မြင်နိုင် သော်လည်း၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်သို့၊ ရောက်ရှိ သွားသည် ကိုမူ၊ မမြင် နိုင်ချေ။
“ သူ တကယ်ပဲ၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို၊ ရောက်သွား ရင်တောင်၊ ဓား တစ်ချက် တည်းနဲ့၊ အနိုင်ယူ နိုင်တဲ့ နည်းလမ်းတော့ မရှိ ပါဘူး။ ”
ကုန်းဟောက်ရန်မှ ပြောကြား လိုက်သည်။ ဖန်ရှောင်းယန်နှင့် တူညီသော အဆင့်၌ ရှိသဖြင့်၊ ၎င်းကို အနိုင်ယူ ခြင်းသည်၊ သူအား အနိုင် ယူခြင်း မည်၏။
“ အရမ်းလည်း ... ၊ အလေး အနက် မထားကြ ပါနဲ့၊ ဒါက ငါသိ သလောက် မျှဝေ ပေးတာပါ၊ ဆက်ကြည့် ရအောင်။ ”
ကုန်းစွန်းယန်က ပြုံးကာ ပြောသည်။ ထိုစကားကြောင့် ဖန်ရှောင်ယုမှာ စင်မြင့်ပေါ်၊ အထိတ် တလန့် ပြန်ကြည့် မိ၏။
မည်သို့ပင် ဆိုစေ ကာမူ၊ ဓား တစ်ချက် တည်းနှင့်၊ အနိုင်ယူ နိုင်သည် ဟူသော အဆိုကို၊ ကုန်းဟောက်ရန်မှ သဘော မတူ သဖြင့်၊ အနည်းငယ် စိတ်သက် သာရာ ရသွားသည်။
လင်းယွန်သာ ရှုံးနိမ့် သွားပါက၊ လက်တစ်ဖက် အဖြတ် ခံရမည် ဖြစ်သည်။ ထိုအချိန်၌ မည်မျှပင် အရည် အချင်း ရှိနေစေ ကာမူ၊ ဒုက္ခိတ တစ်ဦး ဖြစ်သွားရ ချေမည်။
လင်းယွန်၏ အရည် အချင်းမှာ၊ ကြောက်စရာ ကောင်း သောကြောင့်၊ ဤသို့ ဖြစ်စေရန်၊ မျှော်လင့် မိသည်။ မဟုတ်သော် အနာဂတ်၌ ကပ်ဘေး ဖြစ်လာ နိုင်၏။
ကုန်းစွန်းယန် စကားကြောင့် လူအုပ်မှ၊ လင်းယွန်ကို မျှော်လင့် တကြီး ပြန်၍ ကြည့် လာသည်။
သည့်စဉ် ကုန်းစွန်းယန် မျက်ဝန်းများ တုန်ယင် လာပြီး၊ ရူရ်အချို့ လင်းလက် လာကာ၊ တိုက်ပွဲ အပေါ် အာရုံစိုက် လိုက်တော့၏။
ကုန်းစွန်းယန်သည် ယခင်ထက် များစွာ သန်မာလာ သည်ကို ခံစားမိသော ကျောက်ယန် ခမျာ၊ အတွေးများ သွားသည်။ ကုန်းစွန်းယန်ကို သူ မမြင်နိုင် တော့ချေ။
စင်မြင့် ပေါ်တွင် ဖန်ရှောင်းယန်မှာ၊ စင်ကြယ်သော ဝိညာဉ်တော်မှ လွဲ၍ ရနိုင် သမျှ နည်းလမ်းများ အားလုံးကို၊ အသုံးပြု နေရ သည်။
စင်မြင့် အနှံ့ သူ့ဓား ရောင်ခြည် များဖြင့် ဖုံးအုပ်ထား သော်လည်း၊ လင်းယွန်ကို မဖမ်းနိုင် သေးချေ။ တစ်ချိန်တည်း မှာပင် သူ့ ရောင်ဝါမှာ၊ စတင် ကျဆင်း လာသည်။
မောပန်း နွမ်းနယ် နေသည့် လဏ္ခာ ဖြစ် သောကြောင့်၊ စင်ကြယ်သော ဝိညာဉ် တော်ကို ထုတ်ရန်သာ ကျန်ရှိ တော့သည်။
သို့သော် လောင်းကြေး မထပ် ဝံ့ချေ။ ထိုဝိညာဉ်တော် ဖြင့်ပင်၊ အနိုင် မယူနိုင် ပါက၊ ရှုံးနိမ့် သွားမည် ဖြစ်သည်။
“ ဖန်ရှောင်းယန် ရှုံးတော့မယ် ... ။ ”
ကျောက်ယန်က ပြောသည်။ လူတိုင်း မျက်နှာများ တဖြည်းဖြည်း ပြောင်းလဲ သွားကာ၊ ကုန်းစွန်းယန်ပင် စကား တစ်ခွန်းမျှ မပြော တော့ချေ။
“ သူ့ကို အနိုင်ယူ နိုင်မဲ့ လူက၊ လက် နှစ်ချောင်းထက် မပိုဘူး၊ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ဆိုတာက၊ ...
... မင်းတို့ ထင်ထား တာထက်၊ ပိုပြင်းထန်တယ်၊ သူက ဓားသွားကို ဖမ်းဆုပ်ရ သလိုမျိုး အရမ်း လေးနက်တယ်။ ”
ကုန်းစွန်းယန်မှ ဆိုသည်။
“ သူ ... နိုင်တော့မယ်၊ ဒီလူက ဓားညီလာခံကို တကယ်ပဲ ဖျက်ဆီးမဲ့ လူလား။ ”
ဖန်ရှောင်ယုက တုန်တုန် ယင်ယင်ဖြင့် ညည်းတွား လိုက်သည်။ ညည်းတွား သံကြောင့် ကုန်းဟောင်ရန်မှာ ပြုံးလိုက်ပြီး၊
“ စိတ်မပူ ပါနဲ့ ... ၊ ညီအစ်ကို ကုန်းစွန်းက ဓားဧကရာဇ် မျိုးရိုး ကနေ၊ ဆင်းသက် လာတဲ့ လူ တစ်ယောက်ပါ၊ ...
... ပြီးတော့ သူရဲ့ ကောင်းကင်ဓားက ပြီးပြည့်စုံ နေပြီ၊ ဒါက လင်းယွန်ကို အနိုင် ယူဖို့ လုံလောက် ပါတယ်။ ”
ဓားဧကရာဇ် ဟူသည်၊ နတ်နဂါး ခေတ်၏ ဧကရာဇ် (၉)ပါး အနက်မှ တစ်ပါး ဖြစ်ပြီး၊ သူ့ အမည်မှာ ယုချင်းဖန် ဖြစ်၏။ ယင်းက ကြားရ သူ တိုင်းကို အံ့အားသင့် စေသည်။
“ ငါနဲ့ ဂိုဏ်း ကြားမှာ ... ၊ ခြားနားချက် ရှိသေးတယ်၊ ညီအစ်ကို ဟောက်ရန်၊ မင်း ငါ့ကို မြှောက်ပင့် နေစရာ မလို ပါဘူး၊ ငါက ဓားဧကရာဇ်ရဲ့ မျိုးရိုး ကနေ ဆင်းသက် လာတာတော့ အမှန်ပါ။ ”
ကုန်းစွန်းယန်မှ သက်ပြင်း ချလျက် ဝန်ခံလိုက် တော့သည်။
“ ဒါဆို ... ငါ့ရဲ့ ဖန်မိသားစု ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ အစ်ကို ကုန်းစွန် ကိုပဲ အကူ အညီ တောင်းရ တော့မှာပေါ့။ ”
ဖန်ရှောင်ယုမှ ပြုံးလျက် ဆိုလာ လေသည်။
“ ဒီကို သူတော်စင်ဓား အတွက် ... ၊ ငါ လာတာပါ၊ တကယ်လို့ ငါ့လမ်းမှာ သူ ရပ်နေ ဦးမယ် ဆိုရင်တော့ ... ၊ ရွေးချယ် စရာ မရှိ ပါဘူး။ ”
ဓားဧကရာဇ် မျိုးဆက်၏ ထောက်လှမ်းရေး ကွန်ယက်မှာ၊ ခွန်လွန် ဘုံ၌ ထိပ်တန်း အဆင့် ဖြစ် လေသည်။
ထို့ကြောင့် တစ်ဖက်လူ မည်မျှ သန်မာ မည်ကို၊ ဤနေရာ၌ သူ သာလျှင် အသိဆုံး ဖြစ် ချေပြီ။
***