အားလုံးက ပုရွက်ဆိတ်တွေ။
Vol. 86 Ch. 1193
အခြားသူ များနှင့် မတူဘဲ၊ လင်းယွန်မှာ မည်မျှ ထူးခြား မည်ကို၊ ကုန်းစွန်းယန် သိသည်။ တစ်စုံ တစ်ယောက်မှ၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ ရောက်ရှိ သွားသည့် သတင်း ပထမဆုံး ကြားစဉ်က၊ သူလည်း မယုံ ခဲ့ချေ။
နောက်ဆုံးတွင် ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ ရန်မှာ၊ ခက်ခဲလွန်း လှ၏။
သူ သည်လည်း၊ ကြိုးစား ဖူးသည်။ ထိုစဉ် အချိန်က ရောင်ဝါ သမုဒ္ဒရာတွင်၊ ကြယ်မိစ္ဆာပန်း (၆) ပွင့်ကို၊ စိုက်ပျိုး နိုင်ခဲ့သည်။
ထို့ကြောင့် ကန့်သတ် ချက်သို့ တက် ရောက်ရန် ဆန္ဒရှိ ခဲ့၏။ သို့သော် စီနီယာ အစ်ကို တစ်ယောက် သေဆုံး သွား သည်ကို မြင် ပြီးနောက်၊ စွန့်လွှတ် လိုက်ရ၏။
( သူ့ကို အနိုင် ယူပြီး ... ၊ ငါ့ ဓားကို ထိုးဖောက် နိုင်ကောင်း၊ ထိုးဖောက် နိုင်မယ်၊ ဓားပိုးအိမ် ကိုတောင် ဖွဲ့ထားလို့ ရမယ် ထင်တယ်။ )
ကုန်းစွန်းယန်က စိတ်ထဲမှ တွေးတော နေမိသည်။ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ မရောက် နိုင်ခဲ့ သော်လည်း၊ ရောက်ရှိ ထားသည့် လင်းယွန်ကို အနိုင်ယူ ခြင်းဖြင့်၊ ကြိုးထုံးအား ချေဖျက် နိုင်မည်ဟု ယူဆ၏။
လက်ရှိ ခွန်အားမှာ၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်တွင် ဖြစ်ပြီး၊ ကနဦး ပင်မ နတ်ဘုရား များကို၊ အလွယ် တကူ ဖြေရှင်း နိုင်သည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ်သို့၊ ဖိနှိမ် ရသော်မှ၊ သူ့မူလ စွမ်းအင် အရည် အသွေးမှာ၊ တစ်ဖက် လူထက် နိမ့်ကျမည် မဟုတ်ချေ။
ထိုအချိန်တွင် ဖန်ရှောင်းယန် ခမျာ၊ ရှုံးလု နီးနီး ဖြစ်နေသည်။ လင်းယွန်မှ တစ်ချိန်လုံး ပြန် မတိုက်သေး သော်လည်း၊ ဓားရောင်ဝါ များဖြင့်၊ သူ့ကို ပိတ်လှောင် ထား နိုင်သည်။
ဖန်ရှောင်းယန်နှင့် လင်းယွန် အကြား ခြားနားချက် အလွန် ကြီးမား လွန်း သည်ကို၊ ကုန်းစွန်းယန် မြင်၏။
ဖန်ရှောင်းယန် သည်သာ သူ့ ကျင့်ကြံမှု ကန့်သတ်ချက်ကို မဖယ်ရှား ပါက၊ အနိုင်ယူ နိုင်မည့် နည်းလမ်း မရှိချေ။
သို့သော် အင်ပါ ရီယန် နယ်မြေသို့၊ လင်းယွန်သာ ရောက်ရှိ သွားပါက၊ ထိုအားသာ ချက် ပျောက်သွားမည် ဖြစ်သည်။
သူ ပင်လျှင် ထိုနယ်ပယ်တွင် လင်းယွန် မည်မျှ အစွမ်းထက် လာ မည်ကို မတွက်ဆ နိုင် သေးချေ။
ဤအခိုက်တွင်၊ ဓားညီလာခံသို့ တက် ရောက်လာ မိခြင်းသည်၊ သူ့အတွက် မှန်ကန် သော၊ ရွေးချယ်မှု ဖြစ်မှန်း၊ နားလည် လာ၏။
ဤလင်းယွန်သည် သူ့ ဓားကို နောက် တစ်ဆင့်သို့ တက်လှမ်း ရာ၌၊ ကူညီပေး နိုင်မည် လူ ဖြစ်သည်။ ပြီးပြည့် စုံသော ဓားသွေး ကျောက် ဖြစ်၏။
“ ဟိတ် ... ။ ”
ဖန်ရှောင်းယန်မှာ ဆက်၍ သည်းမခံ နိုင်တော့ဘဲ၊ ကျယ်လောင်သော ဟောက်သံ ပြုလျက်၊ ဝိညာဉ်တော်အား ထုတ်ယူ လိုက်သည်။
ယင်းမှာ နောက်ဆုံး ဝှက်ဖဲ ဖြစ်သဖြင့်၊ ပြိုင်ဘက်သာ ခုခံနိုင် ခဲ့ပါက၊ သူ ရှုံးမည် ဖြစ်၏။ ယင်းကို မြင်ချိန်၌ ကုန်းစွန်းယန် တစ်ယောက်၊ ခေါင်းယမ်း မိသည်။
ထိုအချိန်တွင် လင်းယွန်မှ ပြီးပြည့် စုံသော ကောင်းကင် ဓားကို မျက်လုံးထဲ လောင်းထည့် လိုက်သည်။
ဆံပင်များ တဖျပ်ဖျပ် လွင့်လာစဉ်၊ ဖန်ရှောင်းယန်ထံ လှမ်းကြည့် လိုက်သည်။ ထို စက္ကန့်ပိုင်း အတွင်း၊ ဖန်ရှောင်းယန် ဓား ရည်ရွယ် ချက်မှာ ပြိုကျ လာ၏။
ဤသည်မှာ ပြီးပြည့် စုံသော ကျွမ်းကျင်မှု နှင့်၊ အဆင့်မြင့် ကျွမ်းကျင်မှု ကြား ကြီးမားသော ကွာဟချက် ဖြစ်သည်။
အဆင့်မြင့် ကျွမ်းကျင်မှုသည်၊ ထောပတ် တစ်တုံးနှင့် တူပြီး၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု ကို၊ တစ်ချက် မျှပင် တောင့်မခံ နိုင်ခဲ့ချေ။
“ ဝေါ့ ... ။ ”
သွေးတစ်လုတ် အန်လျက် ကြမ်းပြင်ပေါ် ပြန်ကျ လာသည်။ လင်းယွန်၏ ဓားရောင်ဝါမှ၊ သူ့ပတ်ဝန်း ကျင်ရှိ မူလ စွမ်းအင်ကို အလွယ် တကူ ချေမှုန်း ပစ်ခဲ့သည်။
“ ဝေါ့ ... ။ ”
ထို့ကြောင့် စင်ကြယ်သော ဝိဉာဉ်တော် ကိုပင်၊ အလုံးစုံ မထုတ်နိုင် ခဲ့ချေ။ ဓားရောင်ဝါ ဖိအား အောက်တွင်၊ မျက်နှာ နီမြန်းလျက်၊ ဒူးထောက်၍ လဲကျ သွား၏။
သွေးတစ်လုတ် နောက်ထပ် အန်ချ လိုက်ရပြီး၊ ထိုအတော အတွင်း၊ သားရဲ ရုပ်တု များ၌၊ အက်ကြောင်းများ ဖြစ်ပေါ် လာသည်။
ရုပ်တုများ ကွဲအက် ကုန်သည့် မြင်ကွင်းကြောင့်၊ လင်းယွန် ဖိအားမှာ မည်မျှ ပြင်း မည်ကို၊ မည်သူ မဆို တွေးဆ နိုင်သည်။
ဖန်ရှောင်းယန်မှာ သာ၍ ဆိုးချေ၏။ ကြောက်ရွံ့မှု များနှင့် လင်းယွန်ကို ပြန်မော့ ကြည့်သည်။
“ ငါ ရှုံးတယ် … ။ ”
နှုတ်ခမ်းကို ကိုက်လျက် ဝန်ခံ လိုက်၏။ လက်ရှိ အချိန်၌ အကြောက် ဆုံးသော အရာမှာ၊ သူ့ လက်မောင်းကို ဖြတ်ရန် စေခိုင်း လာခြင်း မျိုး၊ ဖြစ်သည်။
တစ်ဖက်တွင် တည်ငြိမ် လွန်းသော လင်းယွန်ထံ ကြည့်ပြီး၊ ယဲ့ဖေးဖန် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိသည်။
ဤအရာကို လင်းယွန်မှ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ခြင်း ဖြစ်၏။ ကျောက်ယန်ကို ချီးကျူးကာ လွှတ်ပေး ဖူးသောကြောင့်၊ သဘောကောင်း မည်ဟု ထင်ပါက မှားချေမည်။
လင်းယွန်၌ သည်းခံ နိုင်မှုသည် အကန့် အသတ် ရှိပေမည်။ ဖန်ရှောင်းယန်မှာ ၎င်းကို ကျော်လွန် သွားပုံ ရ၏။
လူအုပ်က မည်သို့ ဆက်ဖြစ် မည်ကို၊ တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြသည်။
“ မင်းရဲ့ လောင်းကြေးကို ပေးဖို့ အချိန် ကျပြီ။ ”
“ ငါ ... ။ ”
ယင်းမှာ သူ အကြောက်ဆုံး စကား ပေပင်။ ထို့ကြောင့် ဖန်ရေှာင်းယန် မျက်နှာ ဖြူဖျော့သွား လေသည်။
“ ဘယ်လို ခံစားရလဲ ... ။ ”
လင်းယွန်မှ လွှတ်ပေး မည့်ဟန် မပြဘဲ၊
“ ငါထွက်သွား ချင်တဲ့အခါ ခွင့် မပြုတဲ့ အတွက်၊ ငါ ဘယ်လောက် ဒေါသ ထွက်ခဲ့ ရလဲ မင်း သိလား၊ ...
... မင်းတို့ မိသားစု ထဲက အဲ့ဒီ မိန်းမ၊ ငါ့ကို အကြိမ်ကြိမ် စော်ကား သတင်းလွှင့် နေတုန်းက၊ ငါ ဘာဖြစ် နေလဲ မင်း သိလား၊ ...
... ငါ ဒီနေရာကို ခြေချ လိုက်တာနဲ့ ... ၊ မင်းရဲ့ အစောင့် တွေက ငါ့ကို လှောင်ပြောင် ချိန်မှာ၊ ငါ လူသတ်ချင် နေတာ၊ မင်း သိလား။ ”
ထိုမေးခွန်း များက ဖန်ရှောင်းယန်အား ရှက်စိတ် ဝင်လာစေ သဖြင့်၊ ခေါင်းငုံ့ ချလိုက် မိသည်။
လက်အား ဖြတ်ရန်၊ သတ္တိ မရှိ သကဲ့သို့၊ လင်းယွန် စကားများ ကိုလည်း၊ ပြန်၍ ချေပရန် စကားလုံး မရှိိချေ။
“ မင်းက ကျောက်ယန်ထက် ... ၊ အားနည်းတယ် ဆိုတဲ့ ငါ့ စကားကို၊ မင်း အခု နားလည် ပြီလား။ ”
လင်းယွန်၏ မေးခွန်း များက တရစပ် ထွက်ပေါ် နေြမဲ ဖြစ်သည်။
“ မင်း နေရာ မှာသာ ... ၊ ကျောက်ယန် ဆိုရင်၊ ငါ အခုလို ပြောနေ စရာတောင် မလိုဘူး၊ သူ့ လက်ကို ဖြတ်ပြီး၊ ခုန်ချ သွားတာ ကြာပြီ။ ”
“ ငါ … ဖြတ်မယ်။ ”
သို့သော် ဖန်ရှောင်းယန်မှာ ဆက်မလုပ် ခဲ့ချေ။ ခေါင်းငုံ့ကာ တွေတွေကြီး ရပ်နေသေး လေသည်။
“ ဘာလို့ မျက်နှာသာ မပေး တာလဲ၊ ဒီကိစ္စကို ထားလိုက်ပါ၊ ကတိ အတိုင်း မင်းကို ဖန် မိသားစုရဲ့ သူတော်စင် ဓားဆယ်လက်၊ ငါ ပေးမယ်၊ ...
... ဒီအတွက် အနာဂတ်မှာ၊ ဓားနဲ့ ပါတ်သတ်ရင်၊ မင်း လိုအပ်တာ မှန်သမျှကို၊ ငါတို့ အစွမ်းကုန် ကြိုးစား ပေးမယ်။ ”
ပွဲကြည့်စဉ် ပေါ်မှ၊ ဓားခန်းမ သခင် ဖန်ရွှမ်ဇီက သက်ပြင်း ချလျက် ဝင်ပြောလာ လေသည်။
လူအုပ် ကြားရှိ အကြီးအကဲ ပိုင်တင်းက၊ ဆက်မသွား တော့ရန်၊ လင်းယွန်ထံ မျက်လုံးနှင့်၊ အချက်ပြ လာသည်။
လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း အနေဖြင့်၊ အပြာရောင် ကေျာက်တုံး ဓားခန်းမကို၊ ရန်သူ မဖြစ်စေ လိုကြောင်း၊ နားလည် လိုက်၏။
ထို့ကြောင့် လင်းယွန်မှ ဖန်ရှောင်းယန်အား ပြန်ငုံ့ ကြည့်ကာ၊ ‘ထွက်သွား။’ -ဟု မောင်းထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
ဖန်ရှောင်းယန်မှာ အလွန် စိတ်သက် သာရာရ သွားပြီး၊ နောက်သို့ လှည့် မကြည့်ဝံ့ တော့ဘဲ၊ ပျံသန်း သွားခဲ့သည်။
ထို့နောက် အစေခံ တစ်ယောက်က သူတော်စင် ဓား ဆယ်လက် ပါသော သိုလှောင် အိတ်ကို၊ လင်းယွန်ထံ ပေးအပ် လာ၏။
ဤမျှ အထိ ရောက်လာ ပြီးနောက်၊ ဓားညီလာခံမှ ထွက်ခွာရန်၊ မဖြစ်နိုင် တော့မှန်း လင်းယွန် နားလည် လိုက်သည်။ ပိုင်တင်းမှ လက်ခံမည် မဟုတ်ချေ။
“ ဘယ်သူ ရှိသေးလဲ။ ”
လင်းယွန်က လူအုပ်ထံ ဝေ့ကြည့်ကာ၊ စိတ်ခေါ် လိုက်သည်။ လူတိုင်းက သူ့ အကြည့်မှ၊ ချက်ချင်း ရှောင်ထွက် သွား ကြ၏။
“ ငါ ရှိ တယ်။ ”
ကုန်းစွန်းယန်မှာ မတ်တပ် ထရပ်သည်။ ပြီးနောက် ကောင်းကင် ဓား၏ ပြီးပြည့် စုံသော ကျွမ်းကျင်မှုကို ထုတ်လွှတ် လိုက်၏။
“ တိမ်တွေ အောက်က ... လူတိုင်း၊ ပုရွက်ဆိတ်တွေ ပါပဲ။ ”
ကုန်းစွန်းယန်က လူတိုင်း နားမလည် နိုင်သော စကား တစ်ခွန်းကို ပြောပြီး၊ စင်ပေါ် ပျံသန်း လာသည်။
“ ခ ရစ် ... ။ ”
သူ ပျံသန်း လာနေစဉ်၊ ကောင်းကင်ကြီး ကွဲအက် သွားပြီးနောက်၊ ဓား တစ်လက် ကဲ့သို့ ထက်ရှသော လေထုကို၊ ခံစား လိုက်ရ၏။
“ လေဟာနယ် ဖျက်ဆီးခြင်း ပညာရပ်။ ”
ထိုဖြစ်စဉ်ကို ကြည့်ပြီး၊ တစ်စုံ တစ်ယောက်မှ၊ အော်ဟစ် လိုက်သည်။ ဤ ဓားရေးမှာ၊ ဓားဧကရာဇ် ယုချင်းဖန် ငယ်ရွယ် စဉ်က၊ ဖန်တီး ခဲ့သော ဓားရေး ဖြစ်၏။
ဧကရာဇ် ဖြစ်လာ ပြီးနောက်၊ ဤဓားရေးကို ပြီးပြည့် စုံအောင် ထပ်မံ ပြုပြင် ခဲ့သည်။
“ ကုန်းစွန်းယန်ရဲ့ ဂိုဏ်းက ... ၊ ဓား ဧကရာဇ်နဲ့ ဆက်စပ် နေတယ်၊ ဒါကြောင့် သူက လေဟာနယ် ဖျက်ဆီးခြင်း ပညာရပ်ကို လေ့ကျင့် ထား နိုင်တာ။ ”
“ သူသာ လှုပ်ရှားဖို့ စိတ်ကူး မရှိရင်၊ ဓားညီလာခံက ပြင်းစရာ ကောင်းတော့ မှာပဲ၊ တော်သေးတယ်။ ”
လူအုပ် ကြီးမှ ဝေဖန် သံများ ညံနေစဉ်၊ ကုန်းစွန်းယန်၏ ဓား ရည်ရွယ်ချက်မှာ၊ လေထု အတွင်း ပျော်ဝင် သွား လေသည်။
ယင်းက ကောင်းကင် ဓားဖြင့် ဖွဲ့တည် ထားသော ဓားကိုးလက် ဖြစ်သည်ကို၊ လင်းယွန် မြင်လိုက် ရ၏။
ကုန်းစွန်းယန်မှ လင်းယွန်ထံ ကြည့် လိုက်ပြီး၊
“ ငါက ... အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက်နေတာ ကြာ ပြီမို့၊ မင်းကို မတိုက်ခိုက် သင့်ဘူး၊ ဒါပေမယ့် ... ကောင်းကင် ဝိညာဉ်ကို ကန့်သတ် ရမယ် ဆိုတော့၊ တရား မျှတ တယ်လို့ သတ်မှတ် နိုင်ပါတယ်။ ”
-ဟု ပြောလာ လေသည်။
စကားဆုံး သည်နှင့် သူ့ဓား ရောင်ဝါဖြင့်၊ ပြိုင်ပွဲ စင်မြင့် တစ်ခု လုံးကို၊ ဖုံးလွှမ်း ပစ်တော့ ၏။
“ လင်းယွန် ... ၊ မင်းက လူတိုင်းထက် အများကြီး သန်မာတယ် ဆိုတာ ငါ သိတယ်၊ ဒီတိုက်ပွဲ ကနေ၊ မင်း အများကြီး ရိတ်သိမ်း နိုင်ပါ စေလို့၊ ဆုတောင်း ပေးပါတယ်။ ”
ကုန်းစွန်းယန်မှ ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။
ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ ခြင်းသည်၊ သန်မာသော လူ အချို့မှ အာရုံစိုက် လာမည်ကို၊ လင်းယွန် သိ၏။
ဤလူသည် ကျောက်ယန်ထက် များစွာ သန်မာပြီး၊ သူ့အား နင်းဖြတ် လိုသော ဆန္ဒရှိ နေချေပြီ။
***