ကောင်းကင်ဓား မျက်လုံး။
Vol. 86 Ch. 1194
စင်မြင့် ပေါ်တွင် လင်းယွန်နှင့် ကုန်းစွန်းယန်က၊ မျက်နှာ ချင်းဆိုင် ရပ်နေကာ၊ တစ်ဦးကို တစ်ဦး စိုက်ကြည့် နေကြသည်။
မည်သည့် တိုက်ပွဲတွင် မဆို ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ် သူသည်၊ တိုက်ပွဲ အပေါ် အုပ်စီးမိ နိုင်ချေ ရှိ၏။
သို့သော် ကျွမ်းကျင်မှု လုံလုံ လောက်လောက် မရှိ ပါက၊ ဒုတိယ လူမှ အားနည်းချက် များကို၊ ရှာတွေ့ နိုင်သည်။
အားနည်း ချက်ကို ရှာ မတွေ့သော်၊ လက်ဦးမှု ရယူ နိုင်ခဲ့သော ပထမ လူမှာ၊ အနိုင် ရမည် ဖြစ်၏။
တိုက်ဆိုင် စွာပင်၊ လင်းယွန်နှင့် ကုန်းစွန်းယန်မှာ သူတို့ကိုယ် သူတို့ ယုံကြည်မှု ရှိကြပြီး၊ ဒုတိယ လူ နေရာ ၌သာ၊ နေလို ကြသည်။
ပြိုင်ဘက် ထံမှ ချို့ယွင်းချက် များကို၊ ရှာဖွေနိုင် မည်ဟု၊ နှစ်ယောက်သား ယုံကြည်၏။ ထို့ကြောင့် ပြိုင်ဘက်မှ လက်ဦးမှု ရယူ မည်ကို မကြောက် ကြချေ။
“ ချပ် ချပ် ချပ် ... ။ ”
ဤသို့ဖြင့် မိနစ် သုံးဆယ် နီးပါး မလှုပ်ရှားဘဲ၊ တစ်ဦးကို တစ်ဦး မျက်နှာချင်း ဆိုင် စိုက်ကြည့် နေသည်။
ကုန်းစွန်းယန်မှ ပြုံးလိုက်သည်။ သူ့ ပြိုင်ဘက်သည် ကျောက်ယန်နှင့် ပွဲ၌ ဝှက်ဖဲ အများ စုကို ထုတ်ပြ ထားခဲ့သည်။
“ ဝှစ် ... ။ ”
၎င်းအတွင်း အားနည်းချက် များစွာကို၊ မြင်ခဲ့ရ သဖြင့်၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည် ကာ၊ ခြေတစ်လှမ်း တိုးလိုက်၏။
ချက်ချင်း တည်နေရာ ရွေ့ပြောင်း လိုက် သကဲ့သို့၊ လင်းယွန်ရှေ့ ရောက်ရှိ သွားသည်။ ထို အမြန် နှုန်းမှာ လူများ စွာကို တုန်လှုပ် စေ၏။
“ ထန် ... ။ ”
သို့သော် လင်းယွန်၏ ရင်ဘတ်ကို ဓားထိသွား သည်နှင့်၊ သတ္တုအား ထိုးမိ သကဲ့သို့ မီးပွားများ ပွင့်ထွက် လာသည်။
လင်းယွန်က နှလုံးနှင့် လွဲစေရန် ခန္ဓာ ကိုယ်ကို နှစ်လက်မ ခန့် ရွှေ့ကာ၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ကာလိုက်ခြင်း ဖြစ်၏။
“ ဝှီး ... ။ ”
သည့်နောက် ဒုတိယနှင့် တတိယ ဓားချက် များကို၊ ဆက်၍ အသီးသီး ထုတ်ဖော် တိုက်ခိုက် တော့သည်။
“ ထန် ... ထန် ။ ”
စင်မြင့် ပေါ်၌ ဓားနှစ်လက် ထပ်မံ တွေ့ဆုံ သွားသော အခါတွင်၊ မီးပွားများ အဆက် မပြတ် ထွက်ပေါ် လာသည်။
တစ်ချိန်တည်း မှာပင် လင်းယွန် နောက်၌၊ ပန်းပွင့်များ ပေါ်လာ ပြီးနောက်၊ ကုန်းစွန်းယန် ထံသို့၊ လက်ညိုးနှင့် တောက်ထုတ် လိုက်၏။
“ နတ်ဘုရား ပုံရိပ်ယောင် ဓား။ ”
“ လောဟာနယ် ... ဖျက်ဆီးခြင်း လက်ချောင်းများ။ ”
ကုန်းစွန်းယန် မှလည်း၊ သူ၏ လက် ငါးချောင်ကို ဖွင့်လျက်၊ ဓား အလင်းဖြင့် ပြန်၍ ပစ်ထုတ် ဟန့်တား လာ၏။
ဓား အလင်းများ အချင်းချင်း တိုက်မိ ပြီးနောက်၊ ပေါက်ကွဲ သွားသဖြင့်၊ နှစ်ယောက် စလုံး နောက်ပြန် ဆုတ် သွားသည်။
“ နဂါး ညီနောင် ဟစ်ကြွေးခြင်း။ ”
ကုန်းစွန်းယန်မှ ဓားကို လွှဲယမ်း လျက်၊ နဂါး နှစ်ကောင်အား ထုတ်လွှတ် လိုက်၏။ ယင်းက လေနဂါးနှင့် ရေနဂါး ဖြစ်၏။
“ ရွှပ် ... ရွှပ် ရွှပ်။ ”
မျက်စိ တစ်မှိတ် အတွင်း၊ ကုန်းစွန်းယန် ဓားမှ၊ ဓားအလင်းပေါင်း (၈၁)စင်း၊ လင်းယွန်ထံ ပြေးဝင် သွားလေသည်။
ကောင်းကင် တစ်ခုလုံး နဂါးများ၊ ဓား အလင်းများ၊ လေ၊ ရေနှင့်၊ ဓား မြည်သံများ ညံ လာ တော့၏။
ဤအရာ အားလုံးသည် လင်းယွန်ကို အမှန်ပင် အံ့အားသင့် စေခဲ့သည်။ ကုန်းစွန်းယန် ဓားရေးမှာ ဤမျှ လေးနက် လိမ့်မည်ဟု မထင် ထားမိ ချေ။
ရှောင်တိမ်း ရန်မှ တစ်ပါး အခြား မရှိနိုင်။
“ ရစ်ခွေ နေသော နဂါး။ ”
ကုန်းစွန်းယန်က ကောင်းကင်ပေါ်၊ ပျံတက်ပြီး၊ လင်းယွန်ထံ ဓားဖြင့် ချိန်ရွယ်လျက် တိုးဝင် လာပြန်သည်။
နောက်ဆုတ်ရန် မြေပြင်ပေါ် ပြန်၍ ဆင်းသွားသော လင်းယွန်ထံ စိုက်ကြည့်ကာ၊
“ မင်း ပြေးလို့ ... ၊ လွတ်မယ် ထင်လား။ ”
-ဟု အော်ဟစ် လိုက်၏။
“ တိမ်ဖုံး နေသော နေမင်းကြီး။ ”
လင်းယွန်မှ မြေပြင် ပေါ်သို့ ခြေချပြီး သည်နှင့်၊ တိမ်လွှာဓား (၁၃) ကွက်ကို ချက်ချင်း ထုတ်ဖော် လိုက်သည်။
သူ့ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားက အလင်း များကို စုပ်ယူပစ် သောကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် သွား၏။
“ မင်း ဘယ်လိုမှ၊ မတားဆီး နိုင်ပါဘူး။ ”
ကုန်းစွန်းယန်မှာ ထိတ်လန့်ခြင်း မရှိချေ။ ပြုံးပြီး တိုးဝင် လျက်မှ ပြော၏။ သည့်နောက် ဓား- ဓားချင်း တိုက်မိ သွားကာ၊ မီးပွားများ ပွင့်ထွက် လာသည်။
“ ဝုန်း ... ။ ”
နောက်ဆက်တွဲ အနေဖြင့်၊ လင်းယွန် တစ်ယောက် မီတာ ရာဂဏန်း အကွာ သို့တိုင်၊ လွင့်စဉ် သွားပြီး၊ ရေကန်ပေါ် ပြုတ်ကျ သွားသည်။
ကုန်းစွန်းယန်မှ ရပ်တန့်ခြင်း မရှိဘဲ၊ လင်းယွန်နောက် ဆက်၍ လိုက်ပါ လာသည်။ ပြိုင်ဘက်အား အသက် ရှူချိန် ပေးရန် ဆန္ဒ မရှိချေ။
သို့သော် ထပ်မံ ဆုတ်ခွာ ရမည့် အစား လင်းယွန်က ရွှေကျီးကန်း အသွင်ပြောင်းခြင်း ကိုးမျိုးကို၊ ထုတ်ဖော် လိုက်၏။
သူ့အား ဗဟို ပြုလျက်၊ ရွှေရောင် အလင်းမှုန်များ ရစ်သိုင်း လာပြီး၊ လေပြင်းများ တိုက်ခတ် လာကာ၊ မုန်တိုင်း အသွင် ဖွဲ့တည် တော့သည်။
ထို့နောက် အပြာရောင် ငှက်လေး တစ်ကောင် ကောင်းကင်ပေါ် ပျံတက် လာစဉ်၊ ရေမျက်နှာ ပြင်အား ဓားဖြင့် ခွဲချ လိုက်သည်။
“ ဝုန်း ... ။ ”
ဓားချက်ကြောင့် ရေကန် ကွဲသွားကာ၊ လှိုင်းလုံးများ ဖြစ်စေလျက်၊ ကုန်းစွန်းယန်ထံ ပစ်သွင်း လိုက်သည်။
ပေ (၁၀၀) နီးပါး မြင့်သော လှိုင်းလုံး ကြီးများ ဖြစ်ပြီး၊ ၎င်းအတွင်း ဓား အလင်းများ ရောယှက် ပါဝင် နေ၏။
“ ချိုး ဖြတ် စမ်း ... ။ ”
ဝင်ရောက် လာသော လှိုင်းလုံးကို ကြည့်ကာ၊ ကုန်းစွန်းယန်မှ အားနည်း ချက်အား ရှာဖွေ နေမိသည်။
“ ရွှပ် ... ။ ”
ထို့နောက် ချိန်ရွယ် ထားသော ဓားကို လက်နှစ် ဖက်ဖြင့် ပြန်၍ ဆုပ်ကိုင်ပြီး၊ လှိုင်းခွဲရန် ဓားရောင်ခြည် ပစ်လွှတ်ကာ၊ ဖျက်ဆီး ပစ်လိုက် ရသည်။
တိမ်လွှာဓား (၁၃) ကွက်ကို၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ တစ်စုံ တစ်ဦးမှ အားနည်း ချက်ကို ရှာတွေ့ လိမ့်မည်ဟု၊ မထင် ထားသော လင်းယွန် ခမျာ၊ မျက်မှောင်ကြုတ် မိ၏။
ထို့ကြောင့် ချက်ချင်း ဆုတ်ခွာပြီး၊ ကောင်းကင်ပေါ် မော့ကြည့် လိုက်ရာ၊ ဓားကြီး တစ်လက်၏ ဓားရိုး နောက်တွင် ရှိသော အလုံးအား မြင်လိုက် ရသည်။
( ဓားရိုး နောက်ပိတ်တွင် ရှိသော အလုံး အဝန်း။ )
“ ဒါက ကောင်းကင်ဓား မျက်လုံးလား။ ”
မျိုးဆက်တူ အတွင်း၊ ကုန်းစွန်းယန်၏ ဓားမျက်လုံးသည် ပြိုင်ဘက် အားနည်းချက် များကို၊ မြင်နိုင် သည်ဟု ကြားထား ဖူး၏။
ယင်းမှာ အမှန် ဖြစ်ပုံ ရသည်။ ထို့ပြင် ၎င်း ရောင်ဝါ သမုဒ္ဒရာ တစ်ခု စီတွင်၊ ကြယ်မိစ္ဆာ ပန်း ပန်း (၆)ပွင့် ရှိကြောင်း ကိုလည်း၊ ကြားသိ ထား၏။
ထို့ကြောင့် ဤကုန်းစွန်းယန်သည်၊ ဓားညီလာခံ၌ အသန်မာဆုံး ပြိုင်ဘက် အဖြစ် သတ်မှတ် နိုင်ပေမည်။
သို့သော် သူ့ တွင်လည်း၊ အားနည်းချက် များကို ရှာနိုင်သော အသူရာ နဂါး မျက်လုံးများ ရှိသည်။
၎င်းမှာ ကုန်းစွန်းယန်မှ ထုတ်လွှတ် ထားသော ကောင်းကင်ရှိ၊ ဓား မျက်လုံးထက် များစွာ အားကောင်း လှ၏။
သို့သော် ဤဓား မျက်လုံးများ ကဲ့သို့၊ အချိန်ကြာ မြင့်စွာ သုံးနိုင်ခြင်း မရှိချေ။ လက်ရှိ ခွန်အား ဖြင့်ပင် စက္ကန့်ပိုင်း မျှသာ၊ ထုတ်ဖော် နိုင်မည်။
“ ဟိတ် ... ။ ”
ရှေ့မတိုး နောက်မဆုတ် ဖြစ်နေ မိစဉ်၊ ကုန်းစွန်းယန်မှ ဓားကို လွှဲကာ၊ လှိုင်းလုံးကြီး တစ်လုံးကို ဖန်တီးလျက်၊ လှိုင်းခုံး ထိပ်ပေါ်၊ ခုန်တက် လိုက်၏။
သူ့ ပတ်ဝန်းကျင် လေဟာနယ် အတွင်း၊ သာမာန် မျက်စိဖြင့် မမြင်နိုင်သော ဓားကိုးလက် ရှိကြောင်း၊ လင်းယွန် သိထားသည်။
ဓား ဧကရာဇ်မှ ဖန်တီး ထားသော ဤဓားရေးမှာ၊ ကိုင်တွယ်ရ ခက်ချေ၏။ သို့သော် အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။ အဆုံးတွင် အရာ အားလုံးကို မြင်နိုင်သော အသူရာ နဂါး မျက်လုံး ရှိသည်။
ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ပါး၊ ပိတ်လှောင်ခြင်း အစီရင်ကို ဤနေရာမှ မြင်နိုင် ပြီး၊ ထိုဝှက်ဖဲကို ထုတ်ပြ မိပါက၊ ပြဿနာများ ဆောင်ကျဉ်း လာမည် ဖြစ်သည်။
“ ညီအစ်ကို လင်း၊ မင်း အခု စိတ်ပျက် နေပြီလား။ ”
ကုန်းစွန်းယန်မှ အထက်စီး ဆန်သော အပြုံးကို ထုတ်ဖော်လျက်၊ လှိုင်းခုံးထိပ် ပေါ်မှ နေ၍ ငုံ့ကြည့် စကား ဆိုလာသည်။
“ ကောင်းကင်ဓား မျက်လုံးပဲ ဖြစ်ဖြစ်၊ လေဟာနယ် ဖျက်ဆီးခြင်း ဓားပဲ ဖြစ်ဖြစ်၊ ဒါကို ငယ်ငယ် ထဲက ငါ လေ့ကျင့် ထားတာ၊ မင်း အတွက် စိတ်မကောင်း ပါဘူး၊ ...
“ ရေတွင် မြူးထူး နေသော နဂါး ... ။ ”
တိုက်ပွဲကို အဆုံး သတ်ချိန် တန်ပြီ ဖြစ်ရာ၊ ကုန်းစွန်းယန်မှ အော်ငေါက် လိုက်ပြီး၊ အပြင်း ထန် ဆုံးသော ဓားကို ထုတ်လွှတ်၏။
ကောင်းကင်၌ ထွက်ပေါ် လာသော ရေနဂါးကို ကြည့်လျက်၊ လင်းယွန် တစ်ယောက် သက်ပြင်းချ လိုက်သည်။
ကုန်းစွန်းယန်ကို တစ်ချိန်လုံး အာရုံ စိုက်ထား သော်လည်း၊ ချို့ယွင်းချက် များကို မမြင်နိုင် သေးချေ။
“ ဟိတ် ... ။ ”
အဆုံးတွင် ဤတိုက်ခိုက် မှုကို မျက်နှာချင်းဆိုင် အင်းအားသုံး ဖြေရှင်း ရန်သာ ရှိပေ တော့သည်။ ထို့ကြောင့် ကောင်းကင်ပေါ်၊ ခုန်တက် လိုက်၏။
ယင်းနောက် သူ့ ဓားရောင်ဝါမှာ၊ နဂါး တစ်ကောင် အဖြစ် ဖွဲ့တည် လာပြီး၊ ပတ်ဝန်း ကျင်ရှိ တိမ်တိုက် များကို ဝါးမျို လေသည်။
“ ဝှစ် ... ။ ”
ကောင်းကင်တွင် နဂါး အချင်းချင်း ထိပ်တိုက် တွေ့ဆုံ နေစဉ်၊ လင်းယွန်မှ ရွေ့လျား မှု နည်းစနစ်အား၊ အဆုံးထိ တွန်းထုတ် ထားသည်။
နဂါးဓား ရောင်ဝါက ပြိုင်ဘက်၏ ဓား ရောင်ဝါကို၊ အဆက် မပြတ် တိုက်စား သဖြင့်၊ ကုန်းစွန်းယန် ဓားရောင်ဝါ ခမျာ၊ အားနည်း လိုက်လာသည်။
ယင်းက ကုန်းစွန်းယန်ကို အံ့အားသင့် သွားစေ၏။ ပြိုင်ဘက်မှာ သူ၏ သေးငယ်သော အားနည်း ချက်ကို၊ ရှာတွေ့ ခဲ့သည်။
“ ဝှီး ... ။ ”
ထို့ကြောင့် ချက်ချင်းပင်၊ နဂါး ပန်းချီကို ထုတ်ဖော် လိုက်ရ၏။ သူ့ဓားက စုတ်တံ ကဲ့သို့၊ ပေါ့ပါးစွာ ရွေ့လျား သွားပြီး၊ လင်းယွန် ဓားကို ဖြိုခွဲရန် ကြိုးစား လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ ဓား ရည်ရွယ် ချက်ဖြင့်၊ ရေးဆွဲ ထားသော နဂါး တစ်ကောင်၏ ကောက်ကြောင်း ထွက်ပေါ် လာသည်။
ထိုနဂါးကို ပြီးမြောက်ရန် နောက်ထပ် တစ်ကြိမ် လှုပ်ရှား ရန်သာ ကျန်ရှိချေ တော့၏။ သူ လုပ်ရမည်မှာ၊ လင်းယွန်၏ နဖူးထံ ဓားကို ရွေ့ယူ လိုက်ရုံ ပေပင်။
“ ဖျပ် ... ဖျပ် ဖျပ်။ ”
ဤဓား မည်မျှ ပြင်းထန် မည်ကို ခံစားမိ သဖြင့်၊ လင်းယွန် တစ်ယောက် အလျင် အမြန်၊ ဆုတ်ခွာ လိုက်ရသည်။
သို့သော် ပြိုင်ဘက်၏ ဓား ရည်ရွယ် ချက်မှာ၊ ပန်းချီကား အသွင်၊ သူ့ အပေါ် ပိတ်လှောင်ထား သဖြင့်၊ သွေးချင်းချင်း ရဲလာ တော့သည်။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် ကုန်းစွန်းယန်မှာ၊ သူ့ နောက်သို့ ဆက်၍ လိုက်ပါ နေဆဲ ဖြစ်သော ကြောင့်၊ အကျပ် တွေ့လာသည်။
ယင်း အပြု အမူက၊ ကုန်းစွန်းယန်အား၊ သားကောင် လိုက်ဖမ်း နေသော နဂါး ကြီးနှင့် တူသွား စေတော့၏။
***