← Chapters

ဘယ်သူ ငါနဲ့ တိုက်ဦး မလဲ။

Vol. 86 Ch. 1195

ဘယ်သူ ငါနဲ့ တိုက်ဦး မလဲ။

Vol. 86 Ch. 1195

လင်းယွန်မှ လျင်မြန်စွာ ဆုတ်ခွာ နေသော်လည်း၊ သူ မလွတ်မြောက် နိုင် သည်ကို သဘောပေါက် မိသည်။

သူ့ ဓားရောင်ဝါ မှာ၊ ပြိုင်ဘက်၏ နဂါး ပန်းချီအတွက်၊ အံ့ဩစရာ ကောင်းလောက် အောင်၊ အထောက် အကူ ဖြစ်နေသည်။

သတိ ထားမိ ချိန်၌ ပြိုင်ဘက်၏ နဂါး ရောင်ဝါမှာ၊ သူ့အား ပိတ်ဆို့ပြီး၊ ဆုတ်ခွာရန် လမ်းကြောင်း မကျန်ရှိ တော့ချေ။

ထိုမြင်ကွင်းက၊ ကုန်းစွန်ယန်ကို ပြုံးစေ၏။

“ ညီ အစ်ကိုလင်း ... ၊ ငါက သရုပ်ဖော် အဆင့်ကို၊ ရောက်နေတာ ကြာပြီ ဆိုတော့ ... ၊ ကြောက်နေဖို့ မလို ပါဘူး၊ ...

... ဒီဓားကို ကောင်းကောင်းကြီး ငါ ထိန်းချုပ်နိုင် ပါတယ်၊ စိတ်ချပါ မင်း အသက်ကို မယူ ပါဘူး၊ ဒါပေမယ့် ... အနည်းဆုံး လဝက် လောက်တော့ အိပ်ရာ ထဲမှာ၊ အနားယူ ရလိမ့်မယ်။ ”

ကုန်းစွန်ယန်၏ စကား များက ကြီးမြတ်သော အသွင်ကို ပြသရာ ရောက်နေ သဖြင့်၊ လူ အများက ခေါင်းညိတ်လိုက် ကြသည်။

လင်းယွန် ကဲ့သို့ အဓိပ္ပါယ်မဲ့ မောက်မာ ခြင်းမျိုး မဟုတ်ဘဲ၊ သူ၏ မောက်မာ မှုသည် အဓိပ္ပာယ် ရှိ၏။

သို့သော် ဤလုပ်ရပ် နောက်ကွယ်ရှိ၊ ကုန်းစွန်းယန်၏ ဆန္ဒ အမှန်ကို လင်းယွန်မှ သိသည်။

တစ်ဖက် လူသည် သူ့ ဂိုဏ်းနှင့် ဓား ဧကရာဇ် ကြား ဆက်နွယ်မှုကို၊ အခြား လူများ သိစေရန်၊ သည်ဓားရေးကို ရည်ရွယ်ချက် ရှိရှိ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တစ်ကြိမ် တစ်ခါပင် မက အကြိမ်ပေါင်း များစွာ၊ ကိုယ်ရည် သွေးပြ ခဲ့သည်။

ဤသည်မှာ မြင့်မြတ်သော နောက်ခံရှိ သူများ၊ နှစ်သက်သည့် အချင်း အရာမျိုး ဖြစ်၏။ ၎င်းတို့၏ နောက်ခံကို ပြသကာ၊ ပြိုင်ဘက် များအား၊ နင်းချေ တက်ကြသည်။

သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။ ကုန်းစွန်းယန် ဓား၊ သူ့အနား ရောက်ချိန်၌ ဓား ပိုးအိမ်ကို အသက်သွင်း လိုက်သည်။

တစ်ဖက် လူမှ ရှုံးနိမ့်ကြောင်း၊ ဝန်ခံ လာခြင်း မရှိ သောကြောင့်၊ ကုန်းစွန်းယန် တစ်ယောက် ခေါင်းယမ်း မိ၏။

“ ဒါဆိုလည်း ... ငါ တောင်းပန် ပါတယ်။ ”

မဆိုင်း မတွဘဲ၊ သူ့ဓားကို လင်းယွန် နဖူးထံသို့ ဦးတည်ချက် ပြောင်းလဲ လိုက်သည်။ သို့သော် သူဓားမှာ လေထဲ၌ အေးခဲ သွား၏။ ဓားဖျားက ပြင်းစွာ တုန်ခါ လာပြီး နဖူးထံ ဆက်၍ မတိုးကပ် နိုင်တော့ချေ။

“ ခရစ် ... ။ ”

ထက်ရှသော ဓား ရည်ရွယ်ချက်က၊ လင်းယွန် နဖူးမှ ထွက်ပေါ် လာပြီး၊ ပိတ်ဆို့ ထားသော နဂါး ပန်းချီကို ထိုးခွဲ လိုက်၏။

ရုတ်တရက် နဂါးကြီး ကွဲအက်လာ သည်ကို မြင်ချိန်၌၊ လူတိုင်း နား မလည်နိုင် ဖြစ်သွားကာ၊ ရှင်းရှင်း လင်းလင်း မြင်နိုင်ရန် အတွက်၊ မတ်တပ် ထရပ် လိုက်ကြသည်။

ထို့စဉ် သူတို့၏ ဓား များက၊ ဆူညံစွာ မြည်ဟည်း လာ၏။

အမည်ခံ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက် ထွက်ပေါ် လာပြီး၊ စင်မြင့်အား ပိတ်ဆို့ ထားသော နဂါးကို အဆုံးသတ် ပစ်လိုက်သည်။

ထို့နောက်တွင် လင်းယွန် ဓား ရောင်ဝါမှာ၊ ငွေရောင် အလင်း အသွင် ကုန်းစွန်းယန် ထံသို့ ဆက်၍ တိုးဝင် သွား၏။

“ ဓား ပိုး အိမ် ပဲ။ ”

အဘယ့်ကြောင့် သူ့ဓား ရေှ့မတိုး နိုင်ခဲ့ သည်ကို ကုန်းစွန်းယန် သိလိုက်သည်။ အံ့သြ မှင်တက် သွားသည့်၊ ထိုအချိန် ခဏလေး အတွင်း မှာပင်၊ ငွေရောင် အလင်း တန်းက သူ့အား ထိမှန် သွား၏။

“ အ ... ။ ”

ညည်းတွားသံ ပြုလျက်၊ မီတာ ရာဂဏန်း အကွာသို့ လွင့်စဉ် သွားလေသည်။ ထိုအတော အတွင်း လင်းယွန်က၊ သူ့နောက် လိုက်ပါ လာကာ၊ ထပ်မံ တိုက်ခိုက် ပြန်၏။

“ ကောင်းကင် ပေါ်သို့ ပျံသန်းခြင်း။ ”

နှုတ်ခမ်းရှိ သွေးစ များကို သုတ်ချိန် မရဘဲ၊ လွင့်စဉ် လျက်မှပင်၊ ကုန်းစွန်းယန် တစ်ယောက် တန်ပြန် လှုပ်ရှား လိုက်ရ၏။

“ ငါ့ ဓားက ထာဝရ။ ”

လေဟာနယ် အတွင်း၊ ဝှက်ထားသော ဓားကိုးလက်က စကြာ ကဲ့သို့၊ သူ့ နောက်တွင် ပွင့် လာသည်။

ထိုဓား (၉) လက် ပေါ်လာ သည်နှင့်၊ ဓား ရည်ရွယ်ချက် ကြီးထွားပြီး၊ အမည်ခံ အရိယာ ကောင်းကင် ဓားအား ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိ သွားသည်။

“ ဖီးနစ် ငိုကြွေးခြင်း။ ”

ကုန်းစွန်းယန်က သူ၏ အစွမ်းထက် ဆုံးသော ဓားရေးကို၊ နောက်ဆုံး၌ အကောင် အထည်ဖော် လာသည်။

ဖီးနစ် အော်သံနှင့် အတူ၊ ဓား (၉)လက် မှသည် ဓားကြီး တစ်လက် အဖြစ် ပေါင်းစည်း သွား၏။

ထိပ်တိုက် တွေ့ဆုံ မှုက၊ ကောင်းကင် တစ်ခုလုံး တုန်လှုပ် သွားစေ၏။ နဂါး၊ ဖီးနစ်နှင့် တောင်များ ကောင်းကင်၌ ပြည့်လျှံ လာသဖြင့်၊ ပရိသတ်များ စိတ်လှုပ်ရှား လာကုန်သည်။

ကြည့်နေဆဲ မှာပင်၊ တိမ်တောင်များ ပြိုကျပြီး၊ ဖီးနစ် အော်သံ ပျောက်ကွယ် သွား၏။ နှစ်ဦးသား လက်ရည် ညီနေခြင်း ဖြစ်သည်။

ကုန်းစွန်းယန်မှာ အမည်ခံ အရိယာ ကောင်းကင်ဓားကို ယှဉ်ရန်၊ လျှို့ဝှက် နည်းစနစ် တစ်ရပ်အား သုံးစွဲ လိုက်ရ၏။

“ ကြောက်စရာ ကောင်း လိုက်တာ။ ”

“ ဓား ဧကရာဇ်ရဲ့ ... ၊ ဓားရေးလေး တစ်ရပ်က၊ တကယ့်ကို ကြောက်စရာ ကောင်း တာပဲ၊ ဒါ့ကြောင့်လည်း အရှေ့ဘက် ပျက်သုဉ်း နယ်မြေကို၊ သူ့ဓားနဲ့ သိမ်းယူ နိုင်ခဲ့တာ ... ။ ”

“ ဒါ ... ဘာများ ဟုတ်သေး လို့လဲ၊ လင်းယွန်က ကောင်းကင် ဝိညာဉ် နယ်ပယ် လေးနဲ့၊ အမည်ခံ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်ပြီ၊ ဘယ်လိုတောင် ကောင်းကင် ဘုံကို၊ အံတု နိုင်တဲ့ အရည် အချင်း မျိုးလဲ။ ”

ဤနေရာရှိ လူတိုင်းမှာ၊ ဓားသမားများ ဖြစ်သဖြင့်၊ လင်းယွန် ဓားရည်ရွယ်ချက် အပေါ်၊ မနာလို စိတ်များ ဝင်ရောက် လာသည်။

“ ဓားနဲ့ ပတ်သက်ရင် လင်းယွန်က ပို သန်မာတယ်။ ”

ကျောက်ယန်က လေးနက်သော အမူ အရာနှင့် သုံးသပ် လိုက်၏။ ကုန်းစွန်းယန်နှင့် လင်းယွန်မှာ သူ အလေးအနက် ထားရသော ကျွမ်းကျင်သူ နှစ်ဦး ဖြစ်သည်။

လျှို့ဝှက် နည်းစနစ် တစ်ရပ်ကို သုံးထား ရသော ကုန်းစွန်းယန် ခမျာ၊ ဤအခြေ အနေကို ကြာကြာ ထိန်းထား နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လင်းယွန်မှာ ပို၍ သန်မာ၏။

“ အဲဒီ လောက်လည်း ... သေချာ မနေ နဲ့ဦး၊ ဓားဧကရာဇ်ရဲ့ ဓားပညာ ရပ်က၊ အရမ်း အစွမ်း ထက်တယ်၊ သူက ...

... ပြိုင်ဘက် အပေါ်၊ လေျာ့တွက် လိုက် မိလို့ပါ၊ သူသာ အလေး အနက် တကယ်ထား ခဲ့ရင်၊ လင်းယွန်က ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင် မှာလဲ။ ”

ကုန်းဟောက်ရန်က ဆိုသည်။ သို့သော် ကုန်းစွန်ယန်မှ လင်းယွန်ကို လျော့မတွက် ထား ခဲ့ကြောင်း၊ ကျောက်ယန် သိ၏။

တက်နိုင်ပါက၊ တစ်ကြိမ် တည်းနှင့် လင်းယွန်ကို ရိုက်နှက်ချင် နေသည်။ သို့သော် ဤသို့ စကား အများကြီး ပြောရန် စိတ်မဝင် စားသောကြောင့်၊ ကျောက်ယန်က ပါးစပ် ပိတ်ထား လိုက်သည်။

ငြင်းခုန်ရ သည်ထက်၊ တိုက်ခိုက် ရသည် ကိုသာ ကြိုက်၏။ ကုန်းဟောက်ရန်၏ စကား အပေါ်၊ ပတ်ဝန်း ကျင်ရှိ လူများက ထောက်ခံ လေသည်။

နောက်ခံနှင့် မျိုးရိုး အရ၊ လင်းယွန် တစ်ယောက် ကုန်းစွန်းယန်အား ယှဉ်နိုင် စရာ မရှိဟု ယုံကြည် ကြ၏။

သည့်စဉ် ကုန်းစွန်းယန်နှင့် လင်းယွန်တို့ နှစ်ဦးမှာ နောက်ပြန် ဆုတ်သွား ကြသည်။

လင်းယွန် ကိုသာ အနိုင်ယူ နိုင်ပါက၊ ဓားပိုးအိမ် ဖွဲ့တည်နိုင် မည်မှာ သေချာ နေပြီ ဖြစ်သည်။ ထို့ကြောင့် ကုန်းစွန်းယန် တစ်ယောက် ပြုံးမိ၏။

“ ကျွတ် ... ၊ ကျွတ် ... ၊ ကျွတ် ...၊ အမည်ခံ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက် လား၊ ... လေ လာစမ်း။ ”

ကုန်းစွန်းယန်မှ ရှေးဟောင်း တံဆိပ် တစ်ခုကို ဖန်တီးကာ၊ သူ့ဓားကို မြှောက်လျက် ပေါင်းစည်းပြီး၊ လေကို ဆင့်ခေါ် လိုက်သည်။

“ ဝူး ... ။ ”

ထို့နောက် ကောင်းကင်နှင့် မြေကြီးကြား လေပြင်းများ တိုက်ခတ် လာပြီး၊ ဓား ရည်ရွယ် ချက်၊ ပါရှိသော ရေစက်များ ဖွဲ့တည် လာ၏။

လေနှင့် ရေ ပေါင်းစပ်သွား ပြီးနောက်၊ ရွှေဖီးနစ် တစ်ကောင် ကောင်းကင်၌ ဖြစ်တည် လာသည်။

သွေးသား စွမ်းအင် များကို ထပ်မံ လောင်းထည့် လိုက်သည်နှင့်၊ ၎င်းဖီးနစ်က ပို၍ ထင်ရှား လာ တော့၏။

“ ကျီး ... ။ ”

ရွှေဖီးနစ်က ဂီတ သံစဉ် ကဲ့သို့၊ သာယာ နာပျော်ဖွယ် ကောင်းသော အော်သံကို ပြုလိုက် သည်။

“ ခရစ် ... ။ ”

ထိုအသံက သံကြိုး ကိုးချောင်းဖြင့် ချုပ်နှောင် ထားသော ဓား ထည့်ထားရာ ဓား မီးအိုး ကြီး၌၊ အက်ကြောင်းများ ပေါ်လာ စေတော့၏။

များ မကြာခင် ရွှေဖီးနစ်မှာ ဝိညာဉ်တော် အဖြစ် ပြောင်းလဲ လာပြီး၊ စင်မြင့် အပေါ် အုပ်မိုး ပျံဝဲလာ လေသည်။

တစ်ဖက်တွင် လင်းယွန်မှာ တုန်လှုပ်ခြင်း မရှိဘဲ၊ သူ၏ ငှက်ပြာလေး များကို ရွှေဖီးနစ်ထံ တွန်းပို့ နေဆဲ ဖြစ်၏။

“ ထန် ... ထန် ... ထန် ... ။ ”

ကောင်းကင်၌ ငှက်ပြာလေး များနှင့် ရွှေဖီးနစ်တို့ တွေ့ဆုံ နေစဉ်၊ လင်းယွန်နှင့် ကုန်းစွန်းယန် သည်လည်း၊ ဓား- ဓားချင်း ယှဉ်ခုတ် လိုက်တော့သည်။

ရွှေဖီးနစ်ကြောင့် တိုက်ပွဲ အတွင်း၊ အသာစီး ရလာ သဖြင့်၊ ကုန်းစွန်းယန် ခမျာမှာ ပြုံးမိလာ လေသည်။

“ ငါ့ရဲ့ ... ကောင်းကင်ဓား မျက်လုံး ရှေ့မှာ၊ အရာရာ အချည်းနှီး ပါပဲ ... ၊ အမည်ခံ အရိယာ ကောင်းကင်ဓား ဖြစ်နေပါ စေဦး၊ ဒီနေ့ မင်း ရှုံးကို ရှုံးရ လိမ့်မယ်။ ”

တစ်ဖက် လူ၏ ကိုယ်ရည် သွေးခြင်းကို လင်းယွန် တစ်ယောက် ဆက်၍ သည်းမခံ နိုင် တော့ချေ။

အသက် ပြင်းပြင်း ရှူလျက်၊ ကြယ်မိစ္ဆာ ပန်း(၇) ပွင့်ကို လောင်ကျွမ်း စေကာ၊ ခန္ဓာ အနှံ့ စွမ်းအင်များ ပို့လွှတ် လိုက်၏။

“ တိမ်ဖုံး နေသော နေမင်း၊ တိမ်နှင့် လေမုန်တိုင်း၊ ကောင်းကင်၌ ရွေ့လျား နေသော တိမ်၊ အဝေးမှ တိမ်တိုက်များ၊ အသွင် ပြောင်းလဲသော တိမ် ... ။ ”

စသည်ဖြင့် အသက် တစ်ရှိုက်စာ အတွင်း၊ ဓားချက် ဆယ်ချက်ကို၊ ထုတ်ဖော် လိုက်သည်။ ၎င်းတို့ အားလုံးမှာ တိမ်လွှာဓား သုတ္တန်နှင့် အားဖြည့် ထားသော သရုပ်ဖော် အဆင့် ဓားကွက်များ ဖြစ်လေသည်။

တစ်ဖက်တွင် ကုန်းစွန်းယန် ခမျာ၊ ဆဌမ ဓားချက် အထိ လိုက်ပါ ဖြေရှင်းနိုင် သော်လည်း၊ ၎င်း ပြီးနောက် အနည်းငယ် ချွေးစို့ လာ၏။ ဓားချက် များမှာ၊ တဆိတ် မြန်လွန်း သည်။

“ မင်း အားလုံးကို ဖြေရှင်းနိုင် မလား၊ ငါ ကြည့်မယ်။ ”

နောက်ထပ် ဓားနှစ်ချက် ဖြစ်သည့် မြသားရောင် ကြယ်များနှင့် တိမ်တွေ နောက်က အပြာရောင် တောင်တန်း တွေကို ထုတ်လွှတ် လျက်၊ လင်းယွန်မှ မေးခွန်း ထုတ်၏။

ထိုဓားမှာ ဧကာ ဒသမ ဓားနှင့်၊ ဒွါဒသမ ဓားဖြစ်၏။ အကန့် အသတ်မဲ့ တိမ်ပင်လယ်ကြီး ချက်ချင်း ဖြစ်ပေါ် လာကာ၊ ဓားရောင်ဝါ တစ်စင်း၊ ဖျပ်ခနဲ လင်း သွားသည်။

တိမ်ပင်လယ်၏ ဖိအား ကြောင့်၊ လေဟာနယ် တစ်ခုလုံး အက်ကွဲ ကုန်ပြီး၊ ထိုဓား အလင်းက၊ အဖြူရောင် ရေစက် တစ်စက် အဖြစ်၊ ကျဆင်း လာ၏။

လင်းယွန် တစ်ယောက်၊ တိမ်လွှာဓား (၁၃) ကွက်နှင့်၊ ဤသို့ အလုပ်ရှုပ် နေစဉ်၊ ကုန်းစွန်းယန် မှာလည်း၊ ကြောက်ရွံ့ လာသည်။

“ မ ဟုတ် ဘူး ... ။ ”

ထိတ်လန့်စွာ အော်ဟစ်လျက်၊ ဓား (၉) လက်ကို ပေါင်းထားသော ဓားကြီးဖြင့်၊ ပြန်၍ ပက်ထုတ် လိုက်၏။

“ ရွှပ် ... ။ ”

သို့သော် တိမ်ပင်လယ် ထဲမှ၊ (တေရ သမ) ၁၃- ကြိမ်မြောက် ဓားက၊ ထပ်မံ ဆင်းသက်လာ တော့သည်။

“ ဝုန်း ... ။ ”

ထိုဓားသည် ကုန်းစွန်းယန်မှ ဖန်တီး ထားသော ဓားရိပ် ကြီးကို၊ ချက်ချင်း ကွဲကြေ သွားစေသည်။

“ ဝေါ့ ... ။ ”

ဓားဘုရင် ထွက်ပေါ် လာပြီ ဖြစ်ရာ၊ ကျန်သော ဓားများသည်၊ သူ့ရှေ့၌ မောက်မာ နေစရာ အကြောင်း မရှိချေ။ သွေးအန်လျက် ရေကန်ထဲ ပြုတ်ကျ သွားရ၏။

“ ဝုန်း ... ။ ”

ထိုအချိန်တွင် လင်းယွန်မှာ၊ ကုန်းစွန်းယန် အား လှည့်၍ပင် မကြည့် တော့ဘဲ၊ လူအုပ်ကြီး ထံ ဝေ့ကြည့် လိုက်သည်။ သူ့ အကြည့်ကို လူတိုင်း ရှောင်းတိမ်း သွား၏။

***

All Chapters