ခဏ နေပါဦး။
Vol. 86 Ch. 1197
လောင်ကျွမ်းခြင်း ဓားကျိုးသွား သံက၊ လူတိုင်း နား၌၊ ကျယ်လောင်စွာ ကြားလိုက် ရသည်။
ထို့ကြောင့် ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွား၏။
“ ဓား ... ကျိုး သွားတာလား။ ”
တစ်စုံ တစ်ဦးမှ သူတော်စင် ဓားတစ်လက် ကျိုးကျသွား သည်ကို၊ မယုံနိုင် ဟန်ဖြင့် ရေရွတ် လာသည်။
“ မဖြစ် နိုင်ဘူး။ ”
ကျောက်ယန် ခမျာ မျက်လုံးပြူး သွား၏။ လောင်ကျွမ်းခြင်း ဓားမှာ၊ ရူရ် (၁၀၀၀) ဓားနှင့် ယှဉ်နိုင် သောကြောင့်၊ အဓိပ္ပါယ် မရှိချေ။
ကုန်းဟောက်ရန်မှာ ပါးစပ် ဟောင်းလောင်း ဖြစ်သွားသည်။ ဖန် မောင်နှစ်မ မှာမူ၊ ဆိုဖွယ် မရှိ တော့ချေ။ ဓားကျိုး ခြင်းသည် ဓားခန်းမ ဂုဏ် သတင်းကို ပျက်စီးခြင်း မည်၏။
“ အို ... ဘာလဲ၊ ဒါက လောင်ကျွမ်းခြင်း ဓားကို သူ ချိုးပစ်လိုက် တာလား၊ မဖြစ် နိုင်တာ ... ။ ”
“ ဘယ်သူ သိနိုင် မလဲ ... ၊ ဓားခန်းမရဲ့ အရည် အချင်း ကျဆင်း သွား တာလည်း၊ ဖြစ် နိုင်တယ်။ ”
“ ဒါပေမယ့် ... မဟုတ် သေးဘူး ... ၊ ဓားခန်းမ သခင် ဖန်ရွှမ်ဇီက ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်၊ မဟုတ်လား။ ”
လူတိုင်း ထင်မြင် ချက်များ ဖွင့်ဟ လာ တော့သည်။ ယဲ့ဖေးဖန်မှာ အသံ မထွက် ဝံ့တော့ ချေ။
ဤလင်းယွန်သည်၊ ထိုမျှ အငြိုးကြီးသူ တစ်ဦး ဖြစ်မှန်း၊ သူ မသိခြင်း ဖြစ်သည်။ ပါးနပ် သော ဖန်ရွှမ်ဇီမှ၊ သူ့ဓားကို ထုတ်ပြကာ၊ လူရယ် စရာ ဖြစ်နေသည့်၊ ဖန်မိသားစုကို ဆွဲထုတ် နိုင်ခဲ့သည်။
သို့သော် ထိုဓားကို လင်းယွန်မှ ဖျက်ဆီး ပစ်လိုက်၏။ ကြောက်စရာ အငြိုးတရား ပေပင်။ ဓားညီလာခံ ဟူသည် ဓားခန်းမ ဂုဏ် သတင်း ကို၊ မြှင့်တင်ရန် ရည်ရွယ်သော ပွဲဖြစ်သည်။
ဤတစ်ကြိမ် လင်းယွန် ရောက်ရှိ လာ ခြင်းသည်၊ ၎င်းကို ဆန့်ကျင်ရန် ဖြစ်နေသည်။ ထို့ကြောင့် လူတိုင်းမှာ၊ ဖန်ရှောင်ယုထံ လှမ်းကြည့် လိုက်မိသည်။
“ ဘာလဲ ... ၊ ငါနဲ့ ဘာမှ မဆိုင်ဘူး။ ”
လူပေါင်း များစွာ၏ အကြည့်ကြောင့် ဖန်ရှောင်ယု ခမျာ၊ အမြန် ငြင်းချက် ထုတ်လိုက် ရသည်။
လင်းယွန်မှ လူတိုင်းကို နင်းကာ၊ ဓား ညီလာခံကို ဖျက်ဆီးမည် ဟူသော စကားသည်၊ ကျပန်း ပြောလိုက်ခြင်း မျှသာ ဖြစ်၏။
ချန်ပီယံ ဖြစ်ပြီးနောက် တွင်ပင်၊ လောင်ကျွမ်းခြင်း ဓားကို ချိုးပစ် ခြင်းမှာ၊ သူမ နှင့်၊ လုံးဝ မသက် ဆိုင်ချေ။
“ ဒါက ဟာသပဲ။ ”
ယဲ့ဖေးဖန်က မနေနိုင် မထိုင် နိုင်ဖြင့်၊ နှုတ်စော့ မိသော၊ သူ့ ပါးစပ်ကို ချက်ချင်း ပြန် ပိတ်လိုက် ရသည်။
အကြီး အကဲ ပိုင်တင်း လက်၌၊ ချွေးစီးများ သီးထ လာ၏။ လောဟွာမှ မည်သည့် စကားမျှ မဆို သော်လည်း၊ ပြဿနာ တက်ပြီကို၊ နားလည် လိုက်သည်။
စင်မြင့် ပေါ်ရှိ လင်းယွန်၏ နှုတ်ခမ်းများ တုန်ယင် လာသည်။ နှလုံး သွေးများ စီးကျလာ ပြီး၊ လွတ်နေသော ဓားရိုးကို စိုက်ကြည့် မိ၏။
သည်ဓားမှာ သူ့ အတွက် မသင့်တော် လျှင်ပင်၊ အခြားသော ရတနာ များနှင့်၊ လဲလှယ် နိုင် သကဲ့သို့၊ မိတ်ဆွေ အချို့ ကိုလည်း၊ လက်ဆောင် ပေးနိုင်၏။
ရုတ်တရက် သူ့အား သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ အစေခံ နှစ်ဦးမှ စိုက်ကြည့် လာသည်ကို၊ ခံစား မိသည်။
ထို့ကြောင့် အဆင် မပြေသော အပြုံးနှင့်၊ လင်းယွန်က ဓားရိုးကို ဓားသေတ္တာထဲ ပြန်ထည့် ပေးပြီး၊
“ ပြန်ယူ သွားလို့ ရပြီ။ ”
-ဟု ကယောင် ကတမ်း ပြောချ လိုက်သည်။
“ ကောင်လေး ... အသွား မပါ တော့တဲ့ ဓားရိုးကို ... ၊ ပြန်ယူ သွားလို့ ပြောတာက၊ ဘာ အဓိပ္ပါယ်လဲ။ ”
အစေခံ နှစ်ယောက်မှ ဒေါသဖြင့်၊ ငေါက်ငမ်း လာသည်။
ထိုအချိန်တွင် ဖန်ရွှမ်ဇီ ခမျာမှာ၊ တုန်ယင်လျက်၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျပြီး၊ ထိုင်ခုံပေါ် ညွတ်ကျ သွား၏။
“ ငါ ... ငါ့ ဓား ... ။ ”
“ အစ် ကို ကြီး ... ။ ”
“ ခန်းမ သခင်။ ”
ဖန်မိသားမှ လူတိုင်း၊ လှုပ်လှုပ် ရွရွ ဖြစ်သွားသည်။ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦးအား၊ သွေးအန် စေသော လုပ်ရပ်မှာ၊ မယုံနိုင် စရာ ပေပင်။
ဖန်ရွှမ်ဇီ အင်အားမှာ၊ အမည်ခံ သူတော်စင်နှင့် ယှဉ်နိုင်ပြီး၊ သူတော်စင် တစ်ပါး သည်ပင်၊ သူ့အား စော်ကား ဝံ့ခြင်း မရှိချေ။
“ ကျန့်ကျင်းရှန် ... ၊ မင်းက တကယ် တော်တဲ့ ... ၊ တပည့်ကောင်း တစ်ယောက်ကို တွေ့ခဲ့ တာပဲ၊ ကောင်းတယ် ... ကောင်းတယ် ... အရမ်း ကောင်းတယ် ... ။ ”
လင်းယွန်ကို လက်ညိုး ညွှန်လျက်၊ ဖန်ရွှမ်ဇီမှ တုန်ယင် နေသော ဒေါသ သံနှင့်၊ ပြောလိုက်သည်။
ကျန့်ကျင်းရှန် ဟူသော အမည်ကြောင့်၊ လင်းယွန် ခမျာ အနည်းငယ် တွေဝေ သွား၏။ သို့သော် ယင်းမှာ တိမ်လွှာဓား ဂိုဏ်းမှ အဖိုးကြီး အမည် ဖြစ်မည်ဟု၊ ခန်းမှန်း နိုင်လိုက်သည်။
ထိုသို့ ဆိုသော် ဓားခန်းမ သခင်နှင့်၊ အဖိုးကြီးကြား ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ပုံ မရချေ။ ယခု သူ့ လုပ်ရပ်သည် ထိုအခြေ အနေပေါ်၊ ပို၍ ဆိုးရွား သွားစေ၏။
ထိုအထင်လွဲ မှုကို ရှင်းပြရန်၊ စိတ်ကူး မရှိချေ။ ဓားဆွဲရန် ဤဖန်ရွှမ်ဇီ ကိုယ်တိုင်မှ တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
“ သူ့ကို ... သွား ခိုင်း လိုက်။ ”
ဖန်ရွှမ်ဇီ မျက်နှာမှာ၊ မည်းမှောင်လျက် မောင်းထုတ် လိုက်၏။ သူ့မြေး ဖြစ်သော ဖန် မောင်နှစ်မကို ပါးရိုက် လျှင်ပင်၊ ဤမျှ ဒေါသ ထွက်မည် မဟုတ်ချေ။
ယင်းကြောင့် တစ်ဖက် လူကို ဆက်၍ မမြင်ချင် တော့ သည်မှာ သဘာဝ ဖြစ်သည်။ ထို ခံစား ချက်ကို၊ လူတိုင်း နားလည် နိုင်၏။
လင်းယွန်မှာ ဖန်ရွှမ်ဇ တစ်ယောက် သွေးအန် သွားသော ဖြစ်ရပ်ကြောင့်၊ တုန်လှုပ် သွား၏။
( ဒါက ... ငါနဲ့ ဘာဆိုင် လို့လဲ၊ ဒီဓားကို သူပဲ ဆွဲခိုင်း ခဲ့တာ မဟုတ် ဖူးလား။ )
သို့သော် အသံ မထွက် ဝံ့ဘဲ၊ သက်ပြင်းချကာ၊ အလေး အနက် စဉ်းစား နေမိသည်။
“ မင်း ... ဘာလို့၊ အဲဒီမှာ ... ရှိနေသေး တာလဲ၊ ဓားခန်းမက မင်းကို မကြိုဆို နိုင်ဘူး၊ ထွက် သွား ပါ၊ ငါတို့ကို ဒုက္ခထပ် မပေး ပါနဲ့။ ”
ဖန် မိသားစု၏ မဟာ အကြီး အကဲက၊ မတ်တပ်ရပ် နေဆဲ ဖြစ်သော လင်းယွန်အား ငေါက်ထုတ် လိုက်သည်။
“ ဒါက နားလည်မှု လွဲနေကြ တာပါ ... ၊ တကယ် မရည်ရွယ် ပါဘူး။ ”
လင်းယွန်မှ ခေါင်းမော့ကာ ပြန်ပြော လိုက်၏။
“ ဟမ့် ... ၊ မင်း မထွက်သွား သေးဖူးလား။ ”
မဟာ အကြီး အကဲမှ မကျေ မနပ်ဖြင့်၊ အော်ဟစ် လိုက်သည်။ လောင်ကျွမ်းခြင်း ဓား ပေးရန်၊ ဆုံးဖြတ်သော သူ့အစ်ကို ဆန္ဒ ကိုပင်၊ သဘော မတူခဲ့ သူ ဖြစ်သည်။
လင်းယွန်မှ စိတ်ပျက် လက်ပျက်ဖြင့်၊ ရှင်းပြရန် မကြိုးစား တော့ချေ။ ထွက်သွားချင် သော်လည်း၊ ကတိ ခံထားသော ကိစ္စ ရှိနေ သေးသည်။
“ စီနီယာ ... ၊ ခဏ နေပါဦး။ ”
ထို့ကြောင့် မဟာ အကြီး အကဲအား၊ လျစ်လျူရှု လိုက်ပြီး၊ ထွက်ခွာရန် ပြင်နေသော ဖန်ရွှမ်ဇီကို လှမ်းတား လိုက်သည်။
လင်းယွန် ဟန့်တား သံကြောင့်၊ ဖန်ရွှမ်ဇီ နှုတ်ခမ်း ထောင့်စွန်း ကော့တက် သွားကာ၊ ရှုံ့တွ သွား၏။
“ ဘာလဲ ... မင်းက ငါ့မျက်နှာကို လူသိ ရှင်ကြား ထပ်ရိုက် ချင်လို့၊ ဓား တစ်လက် ထပ် တောင်းပြီး၊ ချိုးပြဦး မလို့လား။ ”
“ အဲဒီလို မဟုတ် ပါဘူး၊ စီနီယာ ... ။ ”
“ ဒါဆို ... မင်း ဘာလို့ ထွက်မသွား သေးတာလဲ၊ အသတ်ခံ ချင်နေ တာလား၊ မင်းလို ချာတိတ် တစ်ယောက်ကို၊ ငါ စိတ်မဝင် စားလို့ ကံကောင်းတယ် မှတ်ပါ၊ ဒါပေမယ့် ...
... ငါ ထွက်သွား ပြီးရင် ... ၊ မင်းကို တစ်ယောက် ယောက်က သတ်ချင်တဲ့ အခါ ... ၊ ငါနဲ့ မဆိုင်ဘူး၊ အနာဂတ်မှာ မင်း ဒီမြို့ကို လုံးဝ ခြေ မချမိ ပါစေနဲ့။ ”
ဖန်ရွှမ်ဇီက စကား ပြောနေစဉ် တစ်လျှောက်လုံး၊ လင်းယွန်အား တစ်ချက်ပင် လှည့် မကြည့် ခဲ့ချေ။
ထို့ကြောင့် ဖန် မိသားစု၏ အကြီး အကဲ များက၊ သူ့အား ရန်လိုစွာ စိုက်ကြည့် နေမှန်း၊ လင်းယွန်မှ သတိထား မိလိုက်သည်။
ယင်း အခြေ အနေက၊ လင်းယွန်ကို အနည်းငယ် နား မလည်နိုင် ဖြစ်လာ စေသည်။ ၎င်းမိသားစုမှ သတ်ချင် နေသော်မှ၊ ဖန်ရွှမ်ဇီက သူ့အား ရန်ပြုရန် စိတ်ကူး မရှိခဲ့ သည်မှာ၊ ထူးဆန်း နေ၏။
တစ်ဖက်တွင် သူ့အား သတ်ချင် နေသည့် သည်လူ တစ်စုကြောင့်၊ ယဉ်ကျေးစွာ ဆက်ဆံ ရန်၊ စိတ်ကူး မရှိ တော့ဘဲ၊
“ စိတ် မပူနဲ့ ... ၊ ဒီမြို့ကို ရွံ့တဲ့ အတွက်၊ ငါ နောက်ထပ် မလာ တော့ဘူး၊ ဒါပေမယ့် အခု ... ငါ့ ကိစ္စက မပြီး သေးဘူး။ ”
“ ဘာ ကိစ္စလဲ ... ၊ ဘာ မပြီးသေး တာလဲ ... ၊ ဒီနေ့ ... မင်းငါ့ကို ရှင်းမပြ နိုင်ရင်၊ ကျန့်ကျင်းရှန် ကိုယ်စား၊ သင်ခန်းစာ တစ်ခု၊ ငါ ကိုယ်တိုင် သင်ပေးမယ်။ ”
ဖန်ရွှမ်ဇီ စကားကြောင့် လေထုပင် အေးခဲ သွားသည်။ ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါးကို ဒေါသထွက် စေသည့်၊ အကျိုး ဆက်အား မြင်ခွင့် ရတော့မည် ဖြစ်၏။
ကုန်းဟောက်ရန်က ပြုံးရွှင်သော အမူ အရာဖြင့်၊
“ သူက ... သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ မသိဘူး ... ၊ ဖန် မိသားစု ဆိုတာ စော်ကားလို့ ရတဲ့ အရာ မဟုတ်ဘူး။ ”
-ဟု ရေရွတ် လိုက်တော့သည်။
ဖန် မိသားစု ဝင်တိုင်းက၊ လင်းယွန်ကို မုန်းတီးသော အကြည့် များဖြင့်၊ စိုက်ကြည့်နေ ကြသည်။
ဖန်ရွှမ်ဇီ ကြောင့်သာ မဟုတ်သော်၊ အရေးယူပြီး ဖြစ်၏။ ကောင်းကင် ဝိညာဉ်၌ ရှိသော ပုရွက်ဆိတ် တစ်ကောင်မှ၊ ပလွှားနေ ခြင်းသည်၊ မျက်စိ စပါးမွှေး စူးစရာ ပေပင်။
“ ဒီဂျူနီယာက ... ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းက၊ ဂိုဏ်းချုပ်ရဲ့ အမိန့်ကြောင့်၊ လျှပ်စီး တစ်ထောင် ဓားကို ယူမို့ လာတာပါ။ ”
လင်းယွန်မှ သက်ပြင်း ချလျက်၊ ထုတ်ပြောလိုက် တော့သည်။ ထိုစကားကြောင့် လူတိုင်း ဖန်ရှောင်ယုထံ လှည့်ကြည့် မိ၏။
“ ဒါ ... ၊ ငါ့ကို ဘာလို့ ကြည့်တာလဲ။ ”
ဖန်ရှောင်ယု တစ်ယောက် သူ့ ပါးစပ်သူ ပိတ်ရိုက်ချင် လာ တော့၏။ မည်သည့် နတ်ဆိုး မှ သူမ ပါးစပ်ကို၊ ထိန်းချုပ် နေမှန်း မသိ တော့ချေ။
မဟာ အကြီး အကဲမှ၊
“ မင်း အရိုင်း အစိုင်း ကောင် ... ၊ မင်းက ဒီကို ဒုက္ခ ပေးဖို့ လာတာ မဟုတ် ဖူးလို့၊ ငြင်းရဲ သေးလား။ ”
-ဟု တစ်ကိုယ်တည်း ကြားရုံ၊ ညည်းတွား လိုက် တော့သည်။
သည့်နောက် သူ့ ညီထံ၊ အေးစက်စွာ လှည့်ကြည့် လိုက်ပြီး၊
“ ငါ မကြား လိုက်ဘူး ... ၊ သူ ဘာပြော လိုက်တာလဲ။ ”
-ဟု တစ်ဖက် လှည့်ဖြင့်၊ ခြိမ်းခြောက် မေးခွန်းထုတ် လိုက်လေသည်။
ထို့ကြောင့် လင်းယွန်မှာ ဒေါသ ထွက်သွားပြီး၊
“ ငါ ... လင်းယွန်၊ လျှပ်စီး တစ်ထောင် ဓားကို ပြန်ယူဖို့၊ ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ဒီမှာ ရပ် နေတယ်။ ”
-ဟု ကျယ်လောင်စွာ အော်ဟစ် လိုက် တော့၏။
( ယခင် အခန်း များ၌၊ မျိုးရိုး အမည်များ သုံးစွဲ ရာတွင်၊ အမှား အနည်းငယ် ရှိခဲ့ ပါသည်။ တိမ်လွှာ ဓား ဂိုဏ်းချုပ် အမည်ကို၊ ဂျင်ဟု သုံးမိ ရာမှ၊ ကျန့် အဖြစ် ပြောင်းလဲ သုံးသွား ပါမည်။
ဂျင် မျိုးရိုး ရှိ- မရှိ မသိ သောကြောင့်၊ ကျန့် မျိုးရိုး အဖြစ်သာ ပြောင်းလဲ ရေးသား ပေးသွား ပါမည်။
အစောပိုင်း အချိန်တည်းက မှားနေမှန်း၊ သိသော်လည်း၊ စိတ်အနှောက် အယှက် မဖြစ် စေလို သဖြင့်၊ ဆက်၍ သုံးစွဲ ခဲ့ခြင်း ဖြစ်သည်။
သို့သော် အမှန် အတိုင်းသာ ပြန်လည် ပြင်ဆင်ရန် ဆုံးဖြတ် မိသဖြင့်၊ ပြင်ဆင် ဖတ်ရှု ပေးပါရန်၊ တောင်းပန် အပ်ပါသည်။
ဥပမာ ဂျင်ဝူမင် အစား ကျန့်ဝူမင်၊ ဂျင်ဝူရ အစား ကျန့်ဝူရ၊ ဂျင်လင်းအစား ကျန့်လင်း၊ ဂျင် မျိုးရိုး အမည် နေရာ၌၊ ကျန့်မျိုးရိုး အမည်ကို ပြောင်းလဲ ရေးသွား ပါမည်။
စိတ် အနှောက် အယှက် ဖြစ်ပါက၊ ကျွန်တော်၏ ပေါ့လျော့မှု သာ ဖြစ်ပါသည်။ )
***