သရဲဓား တစ်ရာ အစီရင်။
Vol. 86 Ch. 1198
လျှပ်စီး တစ်ထောင် ဓားနှင့် ပတ်သက်၌၊ ဒဏ္ဍာရီ များစွာ ရှိခဲ့ပြီး၊ အရှေ့ဘက် ပျက်သုဉ်း ခြင်း နယ်မြေ တစ်ခုလုံး၊ ဤအမည်ကို ကြားဖူး ချေ၏။
ဓားခန်းမထက် ပို၍၊ ကျော်ကြားသော မိုမိသားစုမှ ပြုလုပ် ထားခြင်း ဖြစ်သည်။ ထို မိသား စုမှာ၊ လျှို့ဝှက် ဆန်းကြယ်ပြီး၊ သာမန် လူများ လက်လှမ်း မမီ နိုင်ဟု လူသိ များ၏။
မို မိသားစုသည် ရှေးဟောင်း ပစ္စည်းများ၊ ရတနာ များနှင့်၊ ရုပ်သေးများ သွန်းလုပ် ရာတွင်၊ အထူး ကျွမ်းကျင် သည်။ ၎င်းတို့တွင် လျှို့ဝှက် ပညာရပ် များနှင့်၊ ဝိုင်များ စွာလည်း ရှိ၏။
ထို့ကြောင့် မိုမိသားစု တံဆိပ် ပါရှိသော၊ မည်သည့် အရာ မဆို၊ ရှားပါး ရတနာ စာရင်း ဝင်ချေပြီ။
ဓားစံအိမ်တွင် ခွန်လွန်ကို ဖြန့်ကျက် ထားသော ဓား ခန်းမပေါင်း၊ သုံးထောင်ကျော် ရှိ၏။
၎င်းတို့ အနက် အပြာရောင် ကျောက်တုံး ဓားခန်းမ ကျော်ကြား လာရ ခြင်းမှာ၊ လျှပ်စီး တစ်ထောင် ဓားကြောင့် ဖြစ်သည်။
အခြား ခန်းမ များတွင်၊ နာမည်ကြီး သူတော်စင် ရူရ် တစ်ထောင် ဓားများ ရှိကြ သော်လည်း၊ ဤဓားအား မယှဉ် နိုင်ချေ။
ယင်းက ဖန်ရွှမ်ဇီ၏ မာန တစ်ခု ဖြစ်ပြီး၊ လျှပ်စီး တစ်ထောင် ဓားကို ပိုင်ဆိုင် နေသမျှ၊ ဖန် မိသားစု ဂုဏ်သိက္ခာ တက်မည် ဖြစ်သည်။
ထိုဓား တည်ရှိ နေသည်ကို၊ လူ အများမှ သိကြ သော်လည်း၊ မူလ နောက်ကြောင်းကို မသိ ကြချေ။
လင်းယွန်မှ ဓားကို ပြန်ယူရန် ရောက်နေ သည်ဟု ဆိုလိုက်သော အခါ၊ ပြဿနာ တစ်ရပ် ရှိခဲ့ မည်အား၊ နားလည် လာမိသည်။
တစ်ချိန် တည်းမှာပင်၊ ဖန်ရွှမ်ဇီ လေသံ အတွင်းရှိ ခြိမ်းခြောက် မှုကို၊ လူတိုင်း ခံစားမိ၏။ သို့သော် လင်းယွန်မှ တုန်လှုပ်ခြင်း မရှိချေ။
“ ကျန့် ကျင်း ရှန် ... ၊ ဒီလို ထက်မြက်တဲ့၊ တပည့် တစ်ဦးကို သေဖို့၊ မင်းက စေလွှတ်လိုက် တာပဲ၊ ကောင်းပြီ ...
... ဒါက ဓားစံအိမ်က ချမှတ် ထားတဲ့ စည်းမျဉ်း မိုလို့၊ မင်းကို ငါမတား တော့ဘူး၊ ဒါပေမယ့် … ”
-ဟု ဆိုလျက် လောဟွာ ရှိရာသို့၊ စောင်းငဲ့ ကြည့်လိုက်သည်။
“ သခင်ငယ် လော ... ၊ ဒီစိန်ခေါ်မှု အတွင်းမှာ သူ သေခဲ့ရင်၊ ငါတို့ ဓားခန်းမနဲ့ မဆိုင် ဖူး ဆိုတာ နားလည် ပေးပါ။ ”
ဖန်ရွှမ်ဇီ စကားကြောင့် လူတိုင်းက လောဟွာကို လှည့်ကြည့် မိကြသည်။ ဤအမျိုး သမီးအား၊ ဖန်ရွှမ်ဇီမှ ကြောက်ရွံ့ နေပုံ ရ၏။
တစ်ဖက်တွင် ဓားခန်းမ သခင်မှ၊ သူ့အား အသက် ရှင်ခွင့် ပေးထား သည်မှာ လောဟွာ ကြောင့် ဖြစ်မှန်း၊ လင်းယွန် သိလိုက်သည်။
“ သခင်ငယ် လား၊ ဒီမိန်းကလေးက ဘယ်သူလဲ။ ”
ဖန်ရွှမ်ဇီပင် မျက်နှာသာ ပေးထားရ သည့်နောက်၊ မရိုး ရှင်းကြောင်း လူတိုင်း ပြော နိုင်၏။
ကျွမ်းကျင်သူ များက စူးစမ်း ဟန်ဖြင့်၊ လောဟွာကို စစ်ဆေးလိုက် သော်လည်း၊ မမြင် နိုင်လေရာ၊ အံ့သြ ကုန်ကြသည်။
ဖန်ရှောင်ယုမှာ ရှက်ရွံ့ တုန်လှုပ် စွာနှင့်၊ မဝံ့မရဲ လှမ်းကြည့် လိုက်သည်။ သူမ အဘိုးပင် ဤမိန်းမကို မျက်နှာသာ ပေးနေ ရ၏။
လောဟွာက အကြည့် ပေါင်းများစွာ လျစ်လျူရှုလျက်၊ လင်းယွန်ထံ လှမ်းကြည့် သည်။ သည့်နောက်၊
“ သူ့ စကား အတိုင်း ... ၊ ငါ့မှာ ကန့်ကွက် စရာ မရှိဘူး၊ သူက ဒီအတွက် ဆုံးဖြတ် ပိုင်ခွင့် အပြည့် ရှိတယ်။ ”
ဤမျှ စွဲဆောင်မှု ရှိသော အမျိုး သမီး တစ်ဦးမှ၊ လင်းယွန်အား နူးညံ့စွာ ကြည့်နေ သဖြင့်၊ လူတိုင်း မနာလို ဖြစ်လာ ကြသည်။
လောဟွာတွင် ထူးခြားသော အသွင် လက္ခဏာ ရှိသည့် အတွက်၊ ကုန်းဟောက်ရန် မှာ၊ မပျော်နိုင် ခဲ့ချေ။
“ သူ့ကို ... နည်းနည်း ရင်းနှီး သလို ခံစား ရတယ်၊ ဘယ်သူ များလဲ။ ”
ယဲ့ဖေးဖန်မှ လောဟွာ မည်သူ ဖြစ်မည်ကို၊ တွေးယူ နိုင်သဖြင့်၊ ရုတ်တရက် အံ့သြ သွား၏။ သို့သော် လင်းယွန်ထံ ပြန်ကြည့်ကာ၊ ခေါင်း ယမ်း လိုက်မိသည်။ မဖြစ် နိုင်ချေ။
အဆိုပါ အစီရင် သုံးခုကို ဓားစံအိမ် ဘိုးဘေးမှ၊ ဖန်တီး ထားခြင်း ဖြစ်ပြီး၊ ဓားခန်းမ တိုင်းတွင်၊ အခြေခံ အဆင့် ခင်းကျင်းပေး ထားခဲ့၏။
အခြေခံ အဆင့် ဆိုလျှင်ပင်၊ စိန်ခေါ်သူ တိုင်းကို သတ်နိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်ရန် မည်သူမျှ စိတ်ကူး မရှိတော့ခြင်း ဖြစ်၏။
“ ခွင့် ပြု တယ် ... ။ ”
ဖန်ရွှမ်ဇီက အံကြိတ်ကာ၊ လင်းယွန်ကို ကြည့်သည်။ ထို့နောက် ကြေငြာချက် ထုတ်ပြန် ကာ၊ ထိုင်ခုံသို့ ပြန်သွား ထိုင်လိုက်၏။။
“ ဒီကောင်က တကယ့် အရူးပဲ။ ”
ကုန်းစွန်းယန်က ခေါင်းယမ်းပြီး ရေရွတ် လိုက်သည်။ လျှပ်စီး တစ်ထောင် ဓားကို ဓား ဧကရာဇ် အမွေ ဆက်ခံ သူပင်၊ မတွေး ဝံ့ချေ။
“ ကျွီ ... ။ ”
သားရဲ ရုပ်တုကြီး (၈) ရုပ်နှင့် ရေကန် ထဲရှိ ရေများ ပျောက်ကွယ် သွားကာ၊ လွင်ပြင် အဖြစ် ပြောင်းလဲ သွားသည်။
လင်းယွန်က ထိုလွင်ပြင်ပေါ် ဆင်းသက် လိုက်စဉ်၊ ဝိညာဉ် ရေးရာ အတက် အကျ လှိုင်း များကို၊ သတိ ထားမိ လိုက်သည်။
အနိုင်ရ ယူရန် အတွက်၊ ယုံကြည်မှု မရှိသော်လည်း၊ ကိုယ့်ကိုယ်ကို ကာကွယ် နိုင် မည်ဟု ယုံကြည်၏။ သို့သော် ကတိ ပေးပြီး ပြီမို့၊ ကြိုးစား ကြည့်ရ ပေမည်။
အဆုံးတွင် သူ့ခန္ဓာ ကိုယ်မှာ၊ သူတော်စင် လက်ရာနှင့် ယှဉ်နိုင် သည်ကို မည်သူမျှ မသိကြ သေးချေ။ ထို့ပြင် အစွမ်း ထက်သော ဝှက်ဖဲ များပင် ကျန်ရှိနေ သေး၏။
“ အစ်ကို လင်း ... ၊ သရဲဓား တစ်ရာ အစီရင်က၊ ဒုတိယ အစီရင်နဲ့ ချိတ်ဆက် ထား တာမို့၊ ပထမ အကျော့မှာ အချိန် မဖြုန်း ပါနဲ့၊ လူများ စွာက ...
... ပထမ အစီရင်မှာ ခွန်အားကို ထိန်ချန်တတ် ကြတယ်၊ ဒါက ဓားစံအိမ်ရဲ့ လှည့်စား မှုထဲ ကျရောက် စေတာပဲ၊ တကယ်ဆို တိုက်ပွဲကို အမြန် အဆုံးသတ် သင့်တယ်၊ မဟုတ်ရင် ဒုတိယ အချီမှာ သေလိမ့်မယ်။ ”
ယဲ့ဖေးဖန် အသံက တိုးတိုးလေး လင်းယွန်၏ နားစည်ကို လာရိုက်သည်။ ထို့ကြောင့် လှည့်ကြည့် လိုက်ရာ၊ ချက်ချင်း ပါးစပ်ပိတ် သွား၏။
သူ ကူညီ ခြင်းကို ဖန် မိသားစုမှ သိရှိ သွားမည်ကို၊ ကြောက်နေပုံ ရ၏။ လင်းယွန်က ခေါင်း ပြန်လှည့် လိုက်သည်။ ယဲ့ဖေးဖန် မှန်ချေ၏။
အစီရင် သုံးခုသည် ကျော်ကြားပြီး ကြောက်မက်ဖွယ် ကောင်းလေသည်။ အများ စုမှာ ပထမ အကျော့တွင် ဝှက်ဖဲများ ထုတ်ပြရန် စိတ်ကူး ရှိမည် မဟုတ်ချေ။
“ အစီရင် သုံးခုကို ကျော်ဖြတ် နိုင်ရင်၊ ရတနာ ဓားကို၊ မင်း ပြန်ယူသွား နိုင်တယ်၊ ဒါက ဓားစံအိမ်က ချမှတ် ထားတဲ့ စည်းမျဉ်းပဲ။ ”
ကြေငြာချက် အပြီးတွင်၊ အနက်ဝတ် ဓားသမား (၁၀၀) ထွက်ပေါ် လာသည်။ မျက်နှာ များ၌၊ မိစ္ဆာ ဆန်သော မျက်နှာဖုံး များကို၊ တပ်ဆင် ထား၏။
၎င်းတို့ ထံမှ သတ်ဖြတ် လိုသော ဆန္ဒ များမှာ၊ ကြောက်စရာ ကောင်းချေပြီ။ သို့သော် လူတိုင်းမှာ ကောင်းကင် ဝိညာဉ် ၌သာ ရှိနေ၏။
အကြောင်းမှာ အစီရင် များသည် အင်ပါရီယန် များထက်၊ ကောင်းကင် ဝိညာဉ် များနှင့်သာ ပို၍၊ တွဲဖက် ညီသောကြောင့် ဖြစ်သည်။
လူ တစ်ရာနှင့် အစီရင်ကြား ပူးပေါင်း ဆောင်ရွက်မှု ဖြစ်၏။ ထို့ကြောင့် အချိန်ကြာ လာ သည်နှင့် အမျှ၊ သူတို့က ပို၍ အခြေ အနေ ကောင်းလာ နိုင်ပေမည်။
ရုတ်တရက် တစ်စုံ တစ်ရာမှ၊ သူ့အပေါ် ကန့်သတ် လာ သကဲ့သို့၊ လင်းယွန် ခံစားလိုက် ရသည်။
သူသည် အစီရင်၏ အစိတ် အပိုင်း တစ်ခု ဖြစ်လာ၏။ ယင်း ခံစား ချက်မှာ လွယ်ကူသော တွေ့ရှိ မှုမျိုး မဟုတ်ချေ။
သို့သော် မည်သည့် အရာ အပေါ်၊ ကန့်သတ်လိုက် သည်ကို၊ မသိ သည်မှာ၊ စိတ်ပျက် စရာ ပေပင်။
“ သတ် ... ။ ”
ဖန်ရွှမ်ဇီမှ အေးစက်စွာ အမိန့်ပေး လိုက်သည်။ သရဲဓား တစ်ရာ အစီရင် အသက် ဝင်လာပြီး၊ ဓားသမား တစ်ရာက ဓားများကို၊ ဆွဲထုတ်လိုက် ကြ၏။
လင်းယွန် အနား တရွေ့ရွေ့ တိုးကပ် လာပြီးနောက်၊ ၎င်းတို့၏ ဖိအားကို သက်ရောက် စေလိုက်သည်။ လျှပ်စီး တစ်ထောင် ဓားကို၊ လိုချင်သူ မည်သူ မဆို၊ သေလူ ဖြစ်ရ ပေမည်။
“ ချွင် ... ။ ”
ရုတ်တရက် ပန်းသင်္ချိုင်း ဓားမှ မြည်သံ ပြုသဖြင့်၊ လင်းယွန် နှလုံးသား တုန်ခါသွား လေသည်။
သရဲဓား တစ်ရာ အစီရင်မှ သူ့ဓားအား ကန့်သတ် ထားကြောင်း၊ သဘောပေါက် လိုက် မိ၏။
ထို့ကြောင့် ချွေးများ ဖုံးလွှမ်း သွားသည်။ သည့်စဉ် ဓားသမား များက ဓားရောင်ဝါ များကို ထုတ်လွှတ် လာတော့သည်။
***