ဓား ... ။
Vol. 86 Ch. 1199
ဓားသမား တစ်ရာ ထံမှ၊ ဓား အလင်းများ ပြေးထွက် လာသဖြင့်၊ လင်းယွန် တစ်ယောက် ဓားဆွဲ လုနီးပါး ဖြစ်သွားသည်။
“ ချွင် ... ။ ”
သို့သော် ပန်းသင်္ချိုင်း ဓားမှ သူ့ကို သတိပေးသည့် အသံမျိုး၊ ထုတ်လွှတ် ပေးလာ ၏။
အများစုမှာ ဤအချက်ကို သိရှိ သဖြင့်၊ ဓားမဆွဲဘဲ၊ ဖြတ်ကျော်ရန် ကြိုးစား ကြခြင်း ဖြစ် ပေမည်။
ဓားသမား တစ်ယောက်သည် ဓားမဆွဲ ရပါက၊ ခွန်အား အပြည့် ထုတ်ဖော် နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယဲ့ဖေးဖန် အမြင်၌၊ ခွန်အား တစ်ဝက် မျှသာ သုံးကာ၊ အချိန်ဖြုန်း နေသည် ဟု၊ မြင်ခြင်း ဖြစ်၏။
နောက်ဆုတ်ရန် အချိန်နှောင်း သွားပြီ ဖြစ်သဖြင့်၊ ကျောရိုး တစ်လျှောက် အေးစက် သွား လေသည်။
“ ဝှစ် ... ။ ”
ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးကို ကန့်သတ် ချက်သို့ တွန်းထုတ် ပြီး၊ ဓား ရောင်ခြည်အား ရှောင်မိ၏။
“ ရွှပ် ... ။ ”
ရွေ့လျားနှုန်းမှာ မြန်ဆန်လှ သော်လည်း၊ သုံးကြိမ် တိုင်တိုင် ထိမှန်ခံ လိုက်ရသည်။ သွေး အနည်းငယ် စီးကျ လာပြီး၊ အဝတ် အစားများ စွန်းထင်း ကုန်၏။
“ သတ် ... ။ ”
မြေပြင်သို့ ပြန်၍ ဆင်းသက် မိစဉ်၊ ဓားသမား တစ်ရာက၊ လင်းယွန်ကို ထပ်မံ တိုက်ခိုက် လာပြန်သည်။
ဓား မဆွဲဘဲ၊ ဓားသမား တစ်ရာနှင့် ရင်ဆိုင်နေသော လင်းယွန်၏ အသွင်က ရင်သပ် ရှုမောဖွယ် ကောင်းနေသည်။
ဓားသမား (၁၀၀)မှ တစ်ကြိမ်လျှင် (၁၀)ယောက် နှုန်းဖြင့်၊ ရေလှိုင်းများလို အဆက် မပြတ် တိုးဝင် လာခြင်း ဖြစ်သည်။
“ ဘာ ဖြစ် နေတာလဲ၊ လင်းယွန်က ဘာလို့ ဓားကို မဆွဲ တာလဲ။ ”
“ ဓား မဆွဲဘဲ သူ ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်၏ လုပ်ရပ်ကြောင့်၊ လူတိုင်း အံ့သြသွား ကြသည်။ လျှပ်စီး တစ်ထောင်ဓား အား၊ ယူနိုင်လိမ့် မည်ဟု သူတို့က၊ မယုံချေ။
သို့သော်၊ သရဲဓား တစ်ရာ ကိုမူ၊ လင်းယွန် တစ်ယောက် လွယ်လွယ် ကူကူ ကျော်ဖြတ်နိုင် မည်ဟု ယုံကြည် ထားသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ဒီရေ လှိုင်းများ ကဲ့သို့၊ တိုးဝင် လာသော ဓားသမား များ ရန်ကြောင့်၊ လင်းယွန် ခမျာ အန္တရာယ် ရှိသော အခြေ အနေသို့ ကျရောက် သွားသည်။
“ ဒီကောင်က အစီရင်ကို နားလည် နေ တာလား။ ”
ဖန် မိသားစု မဟာ အကြီး အကဲက၊ ဓား မဆွဲသော လင်းယွန်ကို ကြည့်ကာ၊ မျက်မှောင် ကျုံ့ လိုက်သည်။
“ ဘာဖြစ်လဲ ... ၊ ဓား မဆွဲလည်း၊ သူ သေမှာ ... ။ ”
ဖန်ရွှမ်ဇီမှ စိတ်အေး လက်အေးဖြင့်၊ ပြန်ပြော လိုက်သည်။
“ ဒါတော့ အမှန်ပဲ။ ”
အခြားသော ဖန် မိသားစု အကြီးအကဲ များက၊ ပြုံးလျက် ခေါင်းညိတ် လိုက်ကြသည်။ ယင်းမှာ လှည့်ကွက် မျှသာ ဖြစ်ပြီး၊ လင်းယွန် ဖြတ်ကျော် နိုင်ခဲ့ လျှင်ပင် အရေး မကြီးချေ။
“ ငါ သည်းမခံ နိုင်တော့ဘူး။ ”
ခုခံ ကာကွယ် နေခြင်းသည် အဖြေ မဟုတ်ချေ။ နောက်တစ်ကြိမ် ဝင်လာသော ဓားသမား များထံ ကြည့်ကာ၊ လင်းယွန်က ဓားသေတ္တာကို၊ မြေပြင်ပေါ် စောင့်ချ လိုက်သည်။
“ ဒုန်း ... ။ ”
ဖြစ်ပေါ် လာသော လှိုင်းလုံး များက၊ ဓားသမား ဆယ်ယောက်ကို နောက်သို့ ပြန်ပို့ ပစ်သည်။ ထို့နောက် ဓားသမား တစ်ရာထံ၊ တစ်ချက် လှမ်းကြည့် မိသည်။
“ ဒီကောင်က ရူးနေ တာလား။ ”
“ တကယ် ... ဓား မဆွဲ ဖူးလား။ ”
“ မောက်မာ လွန်းတယ်၊ ဓားမသုံးဘဲ သူရဲဓား တစ်ရာ အစီရင်ကို ဖြတ်ကျော် နိုင်တဲ့ လူ၊ ငါ မတွေ့ ဖူးဘူး။ ”
ယင်းက ပရိသတ်ကို စိတ်လှုပ်ရှား လာစေသည်။ ကျောက်ယန်ပင် ခေါင်းယမ်း မိ၏၊
“ မလုပ်နဲ့ … ။ ”
အကြီး အကဲ ပိုင်တင်းက ထိုင်ခုံမှ ထရပ်ကာ၊ အော်ဟစ် လိုက်သည်။
“ ထိုင် ... ။ ”
သို့သော် လောဟွာမှ သတိပေး လာသဖြင့်၊ အကြီး အကဲ ပိုင်တင်း ခမျာ၊ မသက် မသာနှင့်၊ ထိုင်ချ လိုက်ရသည်။
“ ဟား ဟား ဟား ... ၊ သူ ကြာကြာ မခံ တော့ဘူး။ ”
မဟာ အကြီး အကဲမှ ရယ်မော လိုက်၏။ လင်းယွန် သေတော့မည် ဖြစ်သဖြင့်၊ ကျေနပ် သွားသည်။
“ ဟမ့် ... ။ ”
ဖန်ရွှမ်ဇီမှာ နှာခေါင်းရှုံ့ လိုက်သည်။ ဖန်ရှောင်ယု ခမျာ မပြုံးဘဲ မနေနိုင် တော့ချေ။ ထိုစဉ် လင်းယွန် လက်၌ ကျောက်စိမ်း ပလွေ တစ်လက်၊ ရောက်ရှိ လာသည်။
သည့်နောက် နှုတ်ခမ်းတွင် ပလွေကို တေ့ကာ၊ တေးသွား တစ်ပုဒ်ကို စတင် တီးမှုတ် တော့၏။ ဆံပင်များ တဖျပ်ဖျပ် ခတ် လာပြီး၊ ဆန့်ကျင်ဘက် လိင်အား၊ ဆွဲဆောင်မှု ရှိသော အသွင်သို့၊ ချက်ချင်း ပြောင်းလဲ သွားသည်။
ဓားသမား လှိုင်းက သူ့ထံ ရောက်ခါနီး အချိန်တွင်၊ ဓား ရည်ရွယ်ချက် ပေါက်ကွဲ လာ လေသည်။
အရိယာ တေးသွားနှင့်၊ အမည်ခံ အရိယာ ကောင်းကင်ဓားကို ပေါင်းစပ်လျက် ဆည်းဆာ အလင်း ဓားအား၊ တီးမှုတ် လိုက်ခြင်း ဖြစ်သည်။
ဓားသမား တစ်ရာမှာ ရောက်သည့် နေရာတွင်၊ အေးခဲသွား ကြသည်။ အသံ လှိုင်းမှ၊ သူတို့၏ စိတ်အာရုံအား အနှောင့် အယှက် ပေးနိုင် ချေပြီ။
သရဲဓား တစ်ရာကို ပလွေ မှုတ်ကာ၊ ဖြေရှင်းနိုင် လိမ့်မည်ဟု မထင် ထားသော လူအုပ်မှာ၊ မှင်တက် ကုန်သည်။
ဖန်ရွှမ်ဇီ သည်ပင်၊ ချွင်းချက် မရှိချေ။ လင်းယွန် ပလွေ သံမှာ၊ လူတိုင်းကို ဆွဲခေါ်သွား နိုင်သည်။
ယင်းက ပန်းခင်းကြီးထဲ ရောက်နေ သကဲ့သို့ သာယာ နာပျော်ဖွယ် ကောင်းသော တေးသွား တစ်ပုဒ် ဖြစ်လေသည်။
သို့သော် ဓားသမား တစ်ရာမှာ၊ အေးစက်သော ခံစား ချက်များ ပြည့်နှက် လာပြီး၊ သတ်ဖြတ်လို စိတ်များ မြင့်တက် လာ၏။
“ သတ် ... ။ ”
ထို့ကြောင့် အသက် ကိုပင် ဂရု မစိုက် တော့ဘဲ၊ ရူးသွပ် စွာဖြင့်၊ လင်းယွန်ထံ ပြေးဝင် လိုက် ကြသည်။
အရေ အတွက်ဖြင့် ဂီတကို ချိုးဖြတ်ရန် ကြံရွယ် လိုက်ခြင်း ဖြစ်၏။ သို့သော် သလင်း ပန်းများ ပွင့်လာ သကဲ့သို့၊ သူတို့၏ ခန္ဓာမှ အလင်း ရောင်များ ထွက်ပေါ် လာသည်။
“ ခရစ် ... ။ ”
သည့်နောက် ဓားသမား တစ်ရာမှာ၊ မျက်နှာဖုံးများ ကွဲအက် သွားပြီးနောက် ပြန်၍ လွင့်ဝဲ ကုန်စဉ် ပလွေသံမှာ ရပ်သွား၏။၊
“ ဓား ... ။ ”
ပန်းသင်္ချိုင်း ဓားအား၊ ချက်ချင်း ဆင့်ခေါ် လိုက်သည်။ ဓားလက်ထဲ ပျံသန်း လာ သည်နှင့်၊ ဖမ်းဆုပ်ကာ၊ ခုတ်ပိုင်း ချလိုက် တော့သည်။
ဆက်၍ ညှာတာ နေရန် မလိုကြောင်း၊ နားလည် ထားသည်။ ဖန် မိသားစုမှာ သူ့အား မောင်းထုတ် လိုက်စဉ် တည်းက၊ ပြီးဆုံးပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဂီတ သံများ ပဲ့တင်ထပ် နေသေး သဖြင့်၊ ပန်းသင်္ချိုင်း ဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ် နိုင်လိုက်သည်။
ထို့ကြောင့် ဓားအလင်းက၊ ဓားသမား အားလုံးကို လုံးလုံး လျားလျား သတ်ပစ်နိုင် ခဲ့လေသည်။
ဤနည်းဖြင့် ဓားသမား တစ်ရာမှာ၊ ခန္ဓာကိုယ် ထက်ပိုင်း ခွဲခြင်း ခံလိုက် ရတော့ သည်။
***