မိုးပြာ နဂါးဓား အစီရင်။
Vol. 86 Ch. 1200
လူတိုင်း ဂီတမှ နှိုးထ လာချိန်၌၊ အလောင်းများ ပျံ့ကျဲ နေသော မြင်ကွင်းက စောင့်ကြို နေသည်။
သရဲဓား တစ်ရာ အစီရင်ကို ဖြတ်ကျော် နိုင်သူများ ရှိထား သော်လည်း၊ လင်းယွန် ကဲ့သို့ လွယ်ကူခြင်း မရှိ ခဲ့ချေ။
ဓားသမား တစ်ရာကို ဓားတစ်ချက် တည်းနှင့်၊ သတ်ပစ် ခဲ့၏။ ၎င်းမှာ ရက်စက် လွန်း ချေပြီ။
သတ်ဖြတ် ခြင်း၏ နောက်ဆက်တွဲ ရလာဒ်မှာ၊ ဓားခန်းမ အတွက် အကြီးမား ဆုံးသော ထိုးနှက်ချက် ဖြစ်လာ နိုင်၏။
ဤဓားသမား တစ်ရာ ရရှိရန်၊ အချိန်နှင့် အရင်း အမြစ် များစွာ လိုအပ်သည်။ ဖန်မိသားစု အနေဖြင့်၊ သရဲဓား တစ်ရာ အစီရင်ကို၊ အချိန် တစ်ခု တိုင်အောင်၊ ပိတ်ထား ရ တော့မည် ဖြစ်သည်။
ယင်းက ဖန်ရွှမ်ဇီကို များစွာ နာကျင် စေ၏။
“ အစ် ကို ကြီး ... ။ ”
ဒေါသကြောင့် ပြိုလဲ တော့မည့် သူတို့၏ ဘိုးဘေးဖန်ကို မြင်လိုက်ရ သဖြင့်၊ အကြီး အကဲ များမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ဒီကောင် ... ၊ ဘာပဲ ဖြစ်ဖြစ် ငါ သူ့ကို သတ်မယ်။ ”
မဟာ အကြီး အကဲက၊ လင်းယွန်ကို ကြည့်ကာ၊ ဒေါသ တကြီးနှင့် ကြိမ်းဝါးလျက် ခုန်ဆင်းရန် ပြင်လိုက်သည်။
“ ပြန် လာ ခဲ့ ... ။ ”
ဖန်ရွှမ်ဇီမှ ဟန့်တား လိုက်၏။ ပတ်ဝန်းကျင်ရှိ အခြားသော မျိုးနွယ်စု အကြီး အကဲ များမှာ၊ စိတ်မသက် မသာ ဖြစ်လာသည်။
တစ်စုံ တစ်ယောက် အနေဖြင့် ပထမ အစီရင်ကို ဖြတ်ကျော် နိုင်သော်မှ ဓားခန်းမ အပေါ်၊ မျက်နှာသာ ပေးရမည် ဖြစ်သည်။
ဤလင်းယွန် ကဲ့သို့ ဓားသမား တိုင်းကို သတ်ကာ၊ ဖန် မိသားစုကို အပြစ်ပြု ဝံ့ကြမည် မဟုတ်ချေ။ ဖန်မိသားစုကို ဆုံးသတ်ချင် နေပုံ ရ၏။
“ လင်းယွန် ... ၊ မင်းက တကယ် ရက်စက်တဲ့ ကောင်ပဲ။ ”
ဖန်ရွှမ်ဇီမှာ အံကြိတ်လျက် အော်ဟစ် လိုက်သည်။
“ ငါ့ လား။ ”
သို့သော် လင်းယွန်က လှောင်ပြုံးဖြင့် မေးခွန်း ထုတ်လိုက်သည်။ သရဲဓား တစ်ရာ အစီရင်သည် ရက်စက် ကြမ်းကြုတ် လှ၏။
ထို့အပြင် သူ့အား ဓားမဆွဲရန် ကန့်သတ် ထားပြီး၊ ၎င်း၏ ဓားသမား တစ်ရာက၊ သတ်ရန် ရည်ရွယ် ချက်ဖြင့်၊ လာကြသည်။
သူ့အား သတ်မည့် သူများကို ပြန်၍ သတ်ပစ်ခြင်း အပေါ်၊ ရက်စက် သည်ဟု ဆိုကြ ပါက၊ အဆုံးတိုင် ရက်စက် ရပေ ဦးမည်။
“ ကြိုက် သလို ယူဆ နိုင်တယ်။ ”
လင်းယွန်မှ ပြောပြီး သည်နှင့်၊ ပြန်လှည့် သွားသည်။ ဖန်ရွှမ်ဇီ၏ အမြင် အပေါ်၊ ဂရု မစိုက် ကြောင်း၊ ပြသရာ ရောက်သည်။
ဤအပြု အမူမှာ ဖန် မိသားစု၏၊ အကြီးအကဲ များကို၊ လူသတ်ချင် စိတ်များ ဖြစ်ပေါ် လာစေသည်။
“ လင်းယွန်၊ ငါ မင်းကို အခု အခွင့် အရေး တစ်ခု ပေးမယ်၊ မင်း ဒီမှာ ရပ်ရင်၊ ဘာမှ မဖြစ်ခဲ့ သလို၊ ငါ မေ့ပစ် ပေးမယ်။ ”
“ အစ် ကို ကြီး ... ။ ”
မဟာ အကြီး အကဲက ထိုစကားကို ကြားသော အခါ တွင်၊ စိုးရိမ် သွားသည်။ ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို ခံစားရ ပြီးနောက်၊ ရန်သူအား လွှတ်ပေးရန် နည်းလမ်း မရှိချေ။
“ တိတ်စမ်း ... ။ ”
သို့သော် ဖန်ရွှမ်ဇီမှ သူ့အား အော်ငေါက် လိုက်၏။ ပြီးနောက် လင်းယွန်ထံ လှည့်ကာ စကား ဆက်ပြော လေသည်။
“ လောင်ကျွမ်းခြင်း ဓားကို ... ၊ မင်း ဆုံးရှုံး ခဲ့တဲ့ အတွက်၊ သူတော်စင် ရူရ် တစ်ထောင် ဓား တစ်လက်၊ ငါ လျော်ကြေး ပေးလိုက်မယ်၊ ဘယ်လိုလဲ။ ”
ဖန်ရွှမ်းဇီ၏ ညှိနှိုင်းမှုက လူတိုင်းကို အံ့အားသင့် စေသည်။
“ အိုး ... ၊ မယုံနိုင် စရာပဲ။ ”
ယဲ့ဖေးဖန်မှ အော်ဟစ် လိုက်၏။ ဖန် မိသားစုသည် လင်းယွန်ကို ကြောက်နေ ချေပြီ။ ထို့ကြောင့် ပြေရာ ပြေကြောင်း လမ်းကြောင်း လာခြင်း ဖြစ်သည်။
သရဲဓား တစ်ရာ အစီရင်ကို အောင်မြင် ခဲ့သော်မှ၊ ကျန်အစီရင် များကို ဖြတ်ကျော်ရန်၊ အခွင့် အရေးမှာ (၁%) မျှသာ ရှိသေးသည်။
သို့သော် ဖန်ရွှမ်ဇီမှ ၎င်းအား စွန့်စားရန် ဆန္ဒရှိပုံ မရ တော့ချေ။ ဆုံးရှုံးမှု များပြား နေပြီ ဖြစ်သည်။
ထို့ကြောင့် လျှပ်စီး တစ်ထောင် ဓားကို၊ သေချာသော နည်းလမ်းနှင့် ကာကွယ်ရန်၊ ကြိုး စားခြင်း ဖြစ်၏။
ကုန်းစွန်းယန်က မနာလို စိတ်ဖြင့် လင်ယွန်းကို ကြည့်လိုက်သည်။ ဓား ဧကရာဇ် မျိုးရိုးမှ ဆင်းသက် လာသော တပည့်များ တွင်ပင်၊ သူတော်စင် ရူရ် တစ်ထောင် ဓား မရှိချေ။
ထို့အပြင် ဖန်ရွှမ်ဇီ ပေးမည်ဟု ဆိုသော ဓားမှာ၊ အနည်းဆုံး နဝမမြောက် သူတော်စင် ရူရ်များ ပါရှိမည် ဖြစ်သည်။
လူများ စွာက ကွဲလွဲ နေသော အကြည့် များဖြင့် လင်းယွန်၏ အဖြေကို စောင့်မျှော်လာ ကြသည်။
တစ်ဖက် လူမှာ မသေသည့် အပြင်၊ သူတော်စင် ရူရ် တစ်ထောင် ဓားဖြင့်၊ ထွက်ခွာ နိုင်ပြီ ဖြစ်ရာ၊ ကုန်းဟောက်ရန် တစ်ယောက် စိတ်ပျက် သွားမိသည်။
“ တောင်းပန် ပါတယ် ... ၊ ငါ ရပ်ဖို့ ဆန္ဒ မရှိဘူး။ ”
ညှိနှိုင်းမှုမှာ စိတ်ဝင် စားစရာ ကောင်းလှ သော်လည်း၊ လင်းယွန်မှ တစ်ချက် စဉ်းစားခြင်း မရှိချေ။ ထိုတုန့်ပြန် မှုက ကျောက်ယန်အား သဘော ကျစွာ ရယ်မောမိ စေ၏။
“ ဟား ဟား ဟား ... ၊ ဒါပဲလေ။ ”
သို့သော် ဖန်မိသားစု ထံမှ၊ သတ်ဖြတ် လိုသော အကြည့်ပေါင်း များစွာ ကျဆင်းလာ သဖြင့်၊ ပါးစပ်ပိတ် လိုက်ရသည်။
စစ်မှန်သော ဓားသမား ဟူသည် ပြတ်သားသော ရည်မှန်းချက် တစ်ခုသာ ရရှိ ချေ၏။ မည်သို့သော အချင်း အရာ များဖြင့် မဆို၊ တုန်လှုပ် မနေ သင့်ချေ။
“ ကောင်းတယ် ... ၊ ကောင်းတယ် ... ၊ အရမ်း ကောင်းတယ်၊ လင်းယွန် ... မင်း အရမ်း လွန် သွားပြီ။ ”
သူ့ အစ်ကို ကြီးမှ မျက်နှာသာ ပေးနေ သော်လည်း၊ လင်းယွန်က လျစ်လျူရှု နေသဖြင့်၊ မဟာ အကြီး အကဲ တစ်ယောက်၊ သွေးများ ပွက်ပွက်ဆူ လာတော့သည်။
ဓားခန်းမ သခင် ဖန်ရွှမ်ဇီ ဟူသည် သူတော်စင် တစ်ပါး ကိုပင်၊ မျက်လုံးထဲ ထည့် စရာ မလိုသော၊ ဖြစ်တည် မှုမျိုး ဖြစ်စည်။
“ မိုးပြာ နဂါးဓား အစီရင် ဖွင့် ... ။ ”
ဖန်ရွှမ်ဇီမှ အမိန့်ပေး လိုက် သဖြင့်၊ မိုးကုပ် စက်ဝိုင်း အတွင်း၊ နဂါး ဟောက်သံများ ပဲ့တင် ထပ်လာ တော့သည်။
သည့်နောက် နဂါးကြီး တစ်ကောင်က တိမ်များကို ဖြတ်ကျော်လျက် ရောက်ရှိ လာပြီး၊ လင်းယွန်အား ငုံ့ကြည့် လေသည်။
ဤအခိုက်တွင် လင်းယွန်မှ ဓားရည်ရွယ် ချက်အား နဂါး ရောင်ဝါနှင့် ပေါင်းစပ် ပစ်ကာ၊ ထိုနဂါး ဖိအားကို တွန်းထုတ် လိုက်ရသည်။
ထို့စဉ် နဂါး ထံမှ ဓားများ ပေါက်ကွဲလျက် မြေပြင်ပေါ်၊ ပုံသဏ္ဍာန် တစ်ခု အသွင်၊ ကျဆင်း လာသည်။ စုစုပေါင်း ဓား (၃၄၃)လက် ဖြစ်၏။
ယင်း နဂါးမှာ နက္ခတ် တစ်လုံး ဖြစ်ပြီး၊ ကျဆင်း လာသော ဓားတစ်လက် စီတွင် ကြယ် တစ်စင်း၏ ရောင်ဝါများ ပါသည်။
ဆိုလို သည်မှာ မိုးပြာ နဂါးဓား အစီရင် ဟူသည် မိုးပြာ နဂါး နက္ခတ်ကို ရည်ညွှန်းပြီး၊ ဓား တစ်လက်သည် ကြယ်တစ်လုံး ဖြစ်၏။
“ ဝှစ် ... ။ ”
ဓားသမား (၃၄၃) ယောက်က၊ ပေါ့ပါး ညင်သာ စွာဖြင့်၊ ကောင်းကင်မှ ဆင်းသက်ပြီး၊ အဆိုပါ ဓားရိုးများ ပေါ်၌ ရပ်တန့် လိုက်သည်။
အဖွဲ့ကို ဦးဆောင်လာ သူမှာ၊ အသက် ငါးဆယ် အရွယ် လူလတ်ပိုင်း တစ်ဦး ဖြစ်ချေ သည်။ သူ၏ ကောင်းကင် ဓားမှာ အလွန် မြင့်မားသော အဆင့်၌ ရှိနေ၏။
“ မိုးပြာ နဂါးဓား အစီရင်။ ”
ဓားအခင်း အကျင်း မည်မျှ ကြောက်စရာ ကောင်း သည်ကို မြင်သော အခါတွင်၊ လူများစွာ အသက်ရှူ ကြပ်သွား ကြသည်။ သူတို့သာ ဆိုက သေဆုံး နိုင်ချေ ရှိ၏။
အပြာရောင် ကျောက်တုံး မြို့ခံများ အနေဖြင့်၊ ဒုတိယမြောက် ဤအစီရင်ကို မမြင်ရ သည်မှာ၊ အချိန် အတော်ကြာ ခဲ့ပြီ ဖြစ်သည်။
အပြာရောင် စံအိမ်မှ တစ်စုံ တစ်ယောက်သည်၊ ဤမျှ အထိ ခရီးရောက် လာလိမ့် မည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
“ သတ် ... ။ ”
ဖန်ရွှမ်ဇီမှ အမိန့်ပေး လိုက်သည်။ နဂါး ပုံသဏ္ဍာန် မြေပြင်၌ ထိုးစိုက် နေသော ဓားများ ပေါ်ရှိ၊ ဓားသမား (၃၄၃) ယောက်က၊ စတင် လှုပ်ရှား လာတော့၏။
၎င်းတို့၏ ဓားရောင်ခြည် များက၊ ကောင်းကင်ရှိ ဧရာမ နဂါးကြီး ထံတွင် ပေါင်းစပ် သွားသည်။
နဂါး ထံမှ ဖိအားကြောင့်၊ လင်းယွန် တစ်ယောက်၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။
အဝေးမှ ကြည့်ပါက ပုရွက်ဆိတ်ကို ရန်လို နေသော နဂါးနှင့် တူ၏။
ဓားရိုး ပေါ်တွင် ရပ်နေသော လူများကို၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ကန့်သတ်ထား သော်လည်း၊ ပေါင်းစည်း ခြင်းမှာ ကြောက်စရာ ကောင်းလေသည်။
ထို့ကြောင့် လင်းယွန်၏ အမည်ခံ အရိယာ ကောင်းကင် ဓားမှာ၊ အနည်းငယ် အရေးနိမ့် သွား ချေသည်။
“ နဂါး အမြီး ကြာပွတ်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ အမိန့်ပေး လိုက်သည်။ နဂါး အမြီးမှာ လျှပ်စီး များ လက်လာပြီး၊ နဂါး ငွေ့တန်း တစ်ခုလို လွင့်ဝဲ သွား၏။
“ ရွှပ် ... ။ ”
ထိုဖြစ်စဉ်ကြောင့် လေဟာနယ် အက်ကြောင်းများ ဖြစ်ပေါ် လာသည်။ သို့သော် လင်းယွန်မှ ရှောင်တိမ်းကာ၊ ဓားဖြင့် ဖျက်ဆီး ပစ်၏။
ထို့နောက် လူပေါင်း (၃၄၃) ယောက်၊ အလှည့်ကျ ပါဝင် နေသော၊ တိုက်ခိုက် မှုများ ကျဆင်း လာ တော့သည်။
“ မိုးပြာ နဂါး မြူးခြင်း။ ”
နဂါးက ပါးစပ်ကို ဖွင့်ကာ၊ လင်းယွန်ကို ဖမ်းကိုက် လိုက်သည်။ မရှောင် နိုင်တော့ သဖြင့်၊ ဓားဆွဲလျက် တားဆီး လိုက်ရသည်။
သည့်နောက် လင်းယွန်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသား တို့မှာ၊ မျက်နှာ ချင်းဆိုင် တိုက်ခိုက် တော့သည်။
ကျန် ဓားသမား (၃၄၃) ယောက် မှာမူ၊ ပိတ်ဆို့ ထားသော နဂါးကြီး အားကောင်းလာ စေရန် ဓား ရောင်ဝါများ အဆက် မပြတ် ထောက်ပံ့ ပေးနေ ခဲ့၏။
ထိုကြောင့် ၎င်းနဂါး၏ ဖိအားက၊ ခေါင်းဆောင် လူရွယ်နှင့် တိုက်ခိုက် နေသော လင်းယွန်ကို မြေကြီးထဲ ပို၍ ပို၍၊ နစ်ဝင် သွားစေသည်။
“ ခရစ် ... ။ ”
အချိန် ကြာလာ သည်နှင့် အမျှ၊ လင်းယွန် တစ်ယောက် ဒူး မြုပ်သည် အထိ၊ မြေကြီးထဲ နစ်ဝင် သွားသည်။
“ နည်းနည်း အားနည်း သေးတယ်။ ”
နဂါးဓား အစီရင်၏ ဖိအားကို ကြည့်ပြီး၊ ကျောက်ယန်မှ အလေး အနက်ထား သုံးသပ် လိုက်သည်။
ဆယ်စုနှစ် များစွာ ကြာသည့် တိုင်အောင်၊ အတူလက်တွဲ တိုက်ပွဲဝင် ခဲ့သော ဤလူပေါင်း (၃၄၃) ယောက်၏ လက်၌၊ အင်ပါ ရီယန် သည်ပင် အခွင့် အရေး မရှိ နိုင်ချေ။
နောက်ဆုံးသော မျှော်လင့်ချက်မှာ၊ အစီရင်ကို ပလွေဖြင့် အင်အားသုံး ဖျက်ဆီး ပစ်ရန် ဖြစ်သည်။
သို့သော် ဤလင်းယွန်သည်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိနေ သေးသဖြင့်၊ မဖြစ် နိုင် သေးချေ။
ကျောက်ယန် တစ်ယောက် သက်ပြင်း ချလျက်၊ စိတ်မကောင်း စွာဖြင့်၊ လင်းယွန်ထံ လှမ်းကြည့် လိုက်မိသည်။
***