ပန်း ခုနစ်ပွင့်။
Vol. 86 Ch. 1201
နဂါးဓား အစီရင် ဖိအားသည် လူတိုင်း၏ မျှော်လင့် ချက်ထက်၊ များစွာ ကျော်လွန် သွား လေသည်။
ပထမ အတား အဆီးကို လွယ်လင့် တကူ ဖြတ်ကျော် နိုင်ခဲ့သော လင်းယွန် ခမျာ၊ သုံးကြိမ် တိုင်တိုင် နောက်ဆုတ် ပေးလိုက် ရသည်။
“ ကောင်းကင် ဘုံက မိုးပြာ နဂါး ... ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားမှ၊ ကျယ်လောင်သော ဟောက်သံကို ထုတ်လွှတ် လိုက်သည်။ ထို့နောက် ကောင်းကင်မှ နဂါးမှာ လင်းယွန်အား လှည့်ပတ် တော့၏။
ယင်းကို မော့ကြည့်ပြီး၊ လင်းယွန်မှ တိမ်လွှာဓား (၁၃) ကွက်ကို တည်ငြိမ်စွာ ခင်းလိုက်သည်။
သို့သော် နဂါးမှာ အဆ မတန် သန်မာ လွန်းသဖြင့် လင်ယွန် တစ်ယောက် အဆင် မပြေ ဖြစ်လာ၏။
နဂါးနှင့် အတူ၊ ဓားသမား ပေါင်း (၃၄၃) ယောက်ကို တပြိုက် နက်တည်း၊ ရင်ဆိုင် နေရ သည်။ ဤဖွဲ့စည်း မှုမှာ အားနည်းချက် မရှိ အောင်ပင်၊ အားကောင်း နေ၏။
တစ်ချိန်တည်း မှာပင်၊ လှည့်ပတ် နေသော နဂါးက၊ လင်းယွန်အား အဆက် မပြတ် ဖိအား ပေးလာ၏။
ထို့ကြောင့် သူ့ကို ဝိုင်းရံ ကာကွယ် ပေးနေသော ငှက်ပြာလေး (၁၁) ကောင်မှာ တစ်ချိန်လုံး အော်ဟစ် နေရသည်။
သရဲဓား တစ်ရာသည်၊ ရန်သူကို ကြမ်းကြုတ်စွာ သတ်ရန် ဖြစ်သော်၊ မိုးပြာ နဂါး ဓားမှာမူ၊ အင်အားသုံး သတ်ဖြတ်ခြင်း ဖြစ်၏။
“ သတ် ... ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ဓားရောင်ဝါ အားပျော့ လာသော လင်းယွန်ကို အဆက် မပြတ် တိုက်ခိုက် လိုက်၏။
အချိန် ကြာလာ သည်နှင့် အမျှ၊ လင်းယွန် အခြေ အနေမှာ၊ ပို၍ ဆိုးရွား လာသည်။ တစ်စုံ တစ်ရာ အပြောင်း အလဲ မလုပ် နိုင်က၊ ပြိုလဲ သွား နိုင်၏။
ထို့ကြောင့် အစီရင်၏ အားနည်းချက်ကို ရှာဖွေရန်၊ လင်းယွန်မှ အမြန်ဆုံး အာရုံစိုက် လိုက်သည်။
ချို့ယွင်းချက် များစွာကို ရှာတွေ့ထား သော်လည်း၊ အရေး ကြီးသော အခန်း ကဏ္ဍ၌ မရှိချေ။
ထို့ပြင် ၎င်းမှာ လူလတ်ပိုင်း အရွယ် အမျိုးသားမှ၊ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ထားခြင်း ဖြစ်နေ၏။
“ ကျီး ... ။ ”
ထို့ကြောင့် သူ့အား ခေါင်းကိုက် လာစေသည်။ ရုတ်တရက် ငှက်ပြာ များက စူးရှသော အော်ဟစ် သံများ ဟစ်ကြွေး လာသည်။
ငှက်ပြာလေး တစ်ကောင် သေဆုံး ခြင်းသည်၊ သူ၏ ကျရှုံးခန်း ဖြစ်သဖြင့်၊ ဆက်၍ အချိန် မဆွဲလို တော့ချေ။
အားနည်းချက် မတွေ့သော်၊ အင်အားသုံး ဖြိုခွင်းရန် ဆုံးဖြတ် လိုက်သည်။
“ မင်း ထွက်သွား နိုင်မယ် ထင်လား။ ”
လူလတ်ပိုင်း အရွယ် အမျိုးသား၏ လက်မောင်း၌ လျှပ်စီး လက်လာပြီး၊ ဓားအား လင်းယွန်ထံ ပိုင်းချ လိုက်သည်။
ကြီးမားသော နဂါး လက်တစ်ဖက် ဖြစ်ပေါ်လာကာ၊ လင်းယွန် ခေါင်းကို လှမ်းကုပ် တော့၏။ ချက်ချင်းပင် ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်လျက်၊ ရှောင်တိမ်း လိုက်ရသည်။
ဦခေါင်း လွတ်သွား သော်လည်း၊ ပခုံး၌ ကုပ်ဖြဲ ခံလိုက် ရသည်။ ထိုလက်သည်းကို ဓား သမား (၄၉) ဦး၏၊ ဓားရောင်ဝါဖြင့် ဖွဲ့စည်း ထား၏။
တစ်ဦး စီသည် ဓားရောင်ခြည် ကိုးစင်းကို ထုတ်လွှတ် ထားသောကြောင့်၊ ပြတ်ရှရာ ပေါင်း ရာ ဂဏန်းခန့်၊ ရရှိ သွားသည်။
“ သတ် ... ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက ဓားရောင်ဝါကို၊ သူ့ဓား အတွင်း လောင်းထည့် ကာ၊ အေးစက်စက် အမိန့်ပေး ပြန်၏။
“ ဝှစ် ... ။ ”
လင်းယွန် တစ်ယောက် ဒဏ်ရာကို မစစ်ဆေး နိုင်မီ၊ နောက်ထပ် နဂါး လက်သည်း တစ်ဖက်၊ ပျံသန်း လာတော့သည်။
ထိုတိုက်ခိုက် မှုကို ဖြေရှင်းရန်၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ခုတ်ပိုင်းလိုက် သော်လည်း ဒဏ်ရာများ ထပ်မံ ရရှိ သွား၏။
အခြား ရှုထောင့်မှ ကြည့်ရသော် နဂါးဓား အစီရင်သည်၊ နဂါး စင်စစ် တစ်ကောင်နှင့် တိုက် နေရ သကဲ့သို့၊ ဒုက္ခပေး နိုင်လွန်း၏။
“ ဝှစ် ဝှစ် ဝှစ် ... ။ ”
လင်းယွန်အား အသက် ဝဝ ရှူရန် အချိန် မပေး လိုကြချေ။ ဓားသမား (၄၉) ယောက်က သူတို့၏ ဓားများကို၊ မီးတောက် စေလျက် ကောင်းကင်ပေါ် ပျံတက် လာ၏။
“ ရွှပ် ... ။ ”
သည့်နောက် ဓားဖြင့် ပိုင်းချ လိုက်သော အခါတွင်၊ နဂါး ထွက်သက်နှင့် တူသော ပုံရိပ် တစ်ခု၊ လွင့်ထွက် လာလေသည်။
လျှပ်စီးနှင့် မီးလျှံ များက ကောင်းကင်မှ တဝုန်းဝုန်း ပြိုကျလာ သော်လည်း၊ လင်းယွန်က ၎င်းကို တားဆီး ထားနိုင် လေသည်။
သို့သော် လင်းယွန်၏ ဓားကိုင် လက်မှ၊ သွေးများ စီးကျ လာပြီး ထုံကျင် နေတော့၏။ ဤတစ်ကြိမ် တွေ့ဆုံ မှုတွင်၊ သူ့ ဓားကို လွတ်ကျ လုနီးနီး ပေပင်။
“ လင်းယွန် ရှုံးတော့မယ်။ ”
ကျောက်ယန်က စိတ်မကောင်း စွာဖြင့် ပြောလိုက်သည်။ ဤမျှ အထိ ရောက်ရှိလာ ပြီးနောက်၊ သည့်ထက် ပို၍ ခရီးရောက် စေချင်သည်။
“ ဒီလူရဲ့ ကိုယ်လုံး ကိုယ်ပေါက်က သန်မာ လိုက်တာ။ ”
ကုန်းဟောက်ရန်မှ မှတ်ချက် ပြုမိ၏။ သူသည်သာ လင်းယွန်၏ အနေ အထားတွင် ရှိနေ ပါက၊ လေးကြိမ် လုံးလုံး အစိတ်စိတ် အမြွှာမြွှာ ကွဲသွား ပေလိမ့်မည်။
ငှက်ပြာ လေးများ ကွဲအက်လာ သဖြင့်၊ လင်းယွန်၏ ရောင်ဝါမှာ တဟုန်ထိုး ကျဆင်း လာ သည်။
အမည်ခံ အရိယာ ကောင်းကင်ဓား နှင့်ပင် အလုပ် မဖြစ် သောကြောင့်၊ လူအုပ်မှ သက်ပြင်း ချလိုက် ကြ၏။
ပြသ ထားသော လက်ရည် အရ၊ လင်းယွန်မှာ အင်ပါ ရီယန် အဆင့်ရှိ ပါရမီရှင် များကို၊ အလွယ် တကူ ရင်ဆိုင် နိုင်စွမ်း ရှိ သော်လည်း၊ နဂါးဓား အစီရင် အတွက် ပြိုင်ဘက် ဟုတ်ပုံ မရ သေးချေ။
“ ဝေါ့ ... ။ ”
အဆုံးတွင် ငှက်ပြာ လေးများ ပျက်စီး သွားပြီး လင်းယွန်မှာ သွေးအန်လျက် လွင့်စဉ် သွားရသည်။
“ သတ် ... ။ ”
ထိုမြင်ကွင်းကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားက၊ လင်းယွန်အား သတ်ရန် ဓားအား ထပ်မံ ထုတ်လွှတ် လိုက်သည်။ ယင်းက မဟာ အကြီး အကဲကို စိတ်လှုပ်ရှား လာစေ၏။
လင်းယွန် မသေ မချင်း သူ အိပ်ပျော်မည် မဟုတ်ချေ။ ဖန်ရွှမ်ဇီပင် လက်သီးကို ဆုပ်လျက်၊ ပျံသန်း သွားသော ဓားအလင်းကို အသက် အောင့်ပြီး၊ ကြည့်နေ မိသည်။
“ နေမင်းကို ကျော်လွန်၍။ ”
သို့သော် လင်းယွန်က ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ ထပ်မံ ရှောင်တိမ်း ဆုတ်ခွာ လိုက်၏။
ယခု အချိန်ထိ နဂါးဓား အစီရင်၏ အားနည်းချက်ကို သူ မမြင် နိုင်ချေ။ ထို့ကြောင့် အင်အားသုံး ချေဖြတ်ရန်၊ စိတ်ပိုင်း ဖြတ် လိုက်သည်။
“ မင်း ပြီးပြီလား။ ”
အကွာ အဝေး တစ်ခု အထိ၊ ဆုတ်ခွာ ရှောင်တိမ်း သွားသော လင်းယွန်ကို ကြည့်ကာ၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှ၊ မေး၏။
“ အင်း ... ပြီးပြီ၊ ဒါပေမယ့် ... ငါ မဟုတ်ဖူး မင်း ... ။ ”
သည့်စဉ် လင်းယွန်က ဓားကို မြှောက်ကာ ပြန်ဖြေ လိုက်၏။ သူ့ခန္ဓာ ကိုယ်မှ နဂါး ဟောက် သံများ၊ ပဲ့တင်ထပ် လာသည်။ တစ်ချိန် တည်း မှာပင် နဂါး ပုံသဏ္ဍာန် ဓားရောင်ဝါ တစ်ခု ထွက်ပေါ် လာ၏။
လေနှင့် လျှပ်စီးမှာ ဆင့်ခေါ်ခံ လိုက်ရ ချေသည်။ အမည်ခံ အရိယာ ကောင်းကင် ဓား နှင့်၊ အနား ကွပ်ထားသော မိုးပြာ နဂါး ကြီးက၊ လေထဲ ဖွဲ့တည် လာ၏။
ရုတ်တရက် မိုးပြာ နဂါးကြီး တစ်ကောင်၊ ကောင်းကင်၌ ထပ်မံ ထွက်ပေါ် လာသဖြင့်၊ လူတိုင်း စိတ်လှုပ်ရှား သွားသည်။
“ မိုးပြာ နဂါးဓား ရောင်ဝါ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားမှ၊ အံ့သြ တကြီး ရေရွတ် လိုက်မိ၏။ ယင်းက ပြိုင်ဘက် ဓား ရောင်ဝါကို၊ ပြန်၍ ဖွဲ့တည်လာ နိုင် စေသည်။
နှုတ်ခမ်းမှ သွေးများကို လျှာဖြင့် သပ်လျက် လင်းယွန်က ပြုံးကာ၊
“ အခု ... ၊ ငါ့ အလှည့် ... ။ ”
-ဟု ပြောလိုက် တော့သည်။
နဂါးဓား အစီရင်ဖြင့်၊ သူ့ အပေါ် အနိုင် ကျင့်ချင် ကြ သည်လော။ နဂါးဓား ဟူသည်ကို ပြန်လည် ပြသရန်၊ အချိန် ကျပြီ ဖြစ်သည်။
“ ဟမ့် ... ၊ နဂါးဓား ရောင်ဝါကို၊ ပိုင်ဆိုင် ထားတော့ကော ဘာဖြစ် သေးလဲ ... ၊ ငါတို့ရဲ့ နဂါးဓား အစီရင်က၊ မင်း ထင်သလောက် မရိုးရှင်း ပါဘူး။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားမှ၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူလျက်၊ လင်းယွန်အား စိုက်ကြည့်ကာ ပြောလိုက် လေသည်။
“ ဟုတ်လား ... ၊ ငါ မပြီး သေးဘူး။ ”
ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့် တောက်လောင် လာပြီး၊ သူ့ ဓားရောင်ဝါမှာ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ ချက်ချင်း ဖြတ်ကျော် လာ၏။
၎င်းက အင်ပါ ရီယန် တစ်ပါး ရောင်ဝါနှင့် ယှဉ်လာ နိုင်ပြီး၊ နဂါးဓား အစီရင် တစ်ခု လုံးကို ထောင့်စေ့အောင် လွှမ်းခြုံ ပစ် တော့သည်။
***