← Chapters

အင်အား သုံးကာ ဖြတ်ကျော်ခြင်း။

Vol. 86 Ch. 1202

အင်အား သုံးကာ ဖြတ်ကျော်ခြင်း။

Vol. 86 Ch. 1202

ယင်းက အစီရင် ဟန်ချက်ကို ဖျက်ရန် လင်းယွန်၏ ဝှက်ဖဲ ပေပင်။ သူ့ နောက်၌ ကြယ် မိစ္ဆာ ပန်းများ ပေါ်လာ သည်နှင့် ရောင်ဝါမှာ၊ နက္ခတ် အဆင့်သို့ ရောက်ရှိ သွား၏။

စွမ်းအင် အတက် အကျ လှိုင်းများ ဖြစ်ပေါ်လာပြီး၊ နဂါးဓား ရောင်ဝါ လွင့်ထွက် လာသည်။

“ တည်ငြိမ်အောင် ပြင်ယူ။ ”

ဓား ရည်ရွယ်ချက်ကို၊ နဂါး အဖြစ် ပြန်၍ ဖွဲ့စည်းရန်၊ လူလတ်ပိုင်း အရွယ် အမျိုး သားမှ၊ အမိန့် ပေး လိုက်သည်။

သည့်စဉ် လင်းယွန်မှ တိမ်လွှာဓား (၁၃) ကွက်ကို၊ နောက်တစ်ကြိမ် ထုတ်ဖော် လိုက်၏။ ဤအကြိမ်တွင် ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားသည်။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ကုန်းစွန်းယန်နှင့် ကုန်းဟောက်ရန်က တိမ်လွှာဓား (၁၃) ကွက်ကြောင့်၊ ထွက်ပေါ် လာသော ဖြစ်စဉ် အပြောင်း အလဲကို နားမလည် နိုင်ချေ။

လက်ရှိ အချိန်၌ ပင်မ နတ်ဘုရား အကြီးအကဲ များမှ လွဲ၍၊ လူတိုင်း အမြင် အာရုံ ဆုံးရှုံး သွားသည်။

အမှောင်ထု ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာပြီး၊ အစီရင် ဖြင့် ဖန်တီး ထားသော နဂါးမှာ၊ ပြန်လည် လွင့်စဉ် သွားသည်။

“ နိုင်သွား တာလား။ ”

ကေျာက်ယန်နှင့် လူအုပ် ကြီးမှာ နှလုံးသားများ တုန်လှုပ် သွားသည်။ ဒုတိယ အစီရင်မှာ၊ အင်အား သုံး၍၊ ကျော်ရ မည်ကို သူတို့ သိသည်။ သိသော်မှ မည်သူမျှ လုံလောက်အောင် အင်အား မရှိချေ။

ထို့ကြောင့် အင်ပါ ရီယန် အဆင့်တွင် ရှိသော ပါရမီ ရှင်များ အားလုံးမှာ၊ တုန်လှုပ် ခြောက်ခြား သွားသည်။

ဤ လင်းယွန်သည် အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရှိ လာသော်၊ မည်မျှ သန်မာ မည်ကို စိတ်ကူး မယဉ်နိုင် ကြချေ။

“ တိမ်နှင့် မုန်တိုင်း။ ”

“ ကောင်းကင်၌ ရွေ့လျား နေသော တိမ်။ ”

“ အဝေးမှ တိမ်တိုက်များ … ။ ”

“ အသွင် ပြောင်းလဲသော တိမ် ... ။ ”

“ ကောင်းကင် ပေါ်သို့။ ”

ကြယ်မိစ္ဆာ ပန်း များကြောင့်၊ တိမ်လွှာဓား (၁၃) ကွက်၏ စွမ်းအားမှာ၊ ယခင်နှင့် လုံးဝ မတူ တော့ချေ။

ရွေ့လျားလိုက် သည်နှင့် နဂါးဓား ရောင်ဝါမှာ၊ တဟုန်ထိုး တောက်လောင် လာ တော့သည်။

နဝမမြောက် ဓားချက် ပြီးနောက်၊ မိုးပြာ နဂါးဓား အစီရင်မှာ ပြိုကျ သွားသည်။ ဖွဲ့စည်းမှု အတွင်းရှိ ဓားသမား (၁၄၃) ယောက်လုံး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။

အဆုံးတွင် နဂါး တစ်ကောင်သာ ကောင်းကင်၌ ကျန်ရစ် တော့ပြီး၊ ပတ်ဝန်းကျင် တစ်ခု လုံးကို၊ အုပ်စိုး လေသည်။

“ ဒီတစ်ခါ ... မင်း သေ လိုက်။ ”

လင်းယွန်က မဆိုင်း မတွဘဲ၊ လူလတ်ပိုင်း အရွယ် အမျိုးသားထံ ပြေးဝင် တိုက်ခိုက် လိုက် လေသည်။ ထိုလူသည် အစီရင် အတွက် အမာခံ ဖြစ်သော ကြောင့်၊ အရေးကြီး ချေ၏။

(၁၈)နှစ် အတွင်း၊ ဒုတိယ အစီရင်ကို မည်သူမျှ ကျော်လွှား နိုင်ခြင်း မရှိ ခဲ့ချေ။

“ သမုဒ္ဒရာထဲ ပြန်လာသော နဂါး ... ။ ”

လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှ အမြန် အမိန့်ပေး လိုက်သည်။

ဓားသမား တစ်ရာက လျင်မြန်စွာ နေရာ ယူလိုက်ပြီး၊ ဓားများကို မြှောက်၏။

“ ရေ ရည်ရွယ်ချက်လား။ ”

ဓားသမား တစ်ရာ လုံးမှာ၊ ရေ ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထား သောကြောင့်၊ လင်းယွန် ခမျာ အံ့သြ သွားသည်။ သည့်နောက် ရေ နဂါးကြီး၊ ထပ်မံ ဖြစ်တည် လာ၏။

ဤတစ်ကြိမ်တွင် ၎င်းတို့ အားလုံးမှာ၊ အုပ်စုငယ်များ အဖြစ် မဟုတ် တော့ဘဲ၊ အုပ်စု တစ်စု အသွင်၊ တပြိုင် နက်တည်း ဝင်ရောက် လာခြင်း ဖြစ်သည်။

“ ကစားပွဲ စပြီ ... ။ ”

လူလတ်ပိုင်း အရွယ် အမျိုးသားမှ ပြုံးပြီး၊

“ နဂါး မျက်စောင်း။ ”

-ဟု ကြုံးဝါး လိုက်၏။

စကားဆုံး သည်နှင့်၊ လင်းယွန်၏ ဓားရောင်ဝါကို ဖြတ်၍၊ ထိုးဖောက် သွားစေ သော ဓားရောင်ခြည် နှစ်စင်း ဝင်ရောက် လာသည်။

“ ဝှစ် ... ။ ”

ထို့နောက် ကျန်ဓားသမား တို့က ၎င်းအပေါက်မှ တဆင့်၊ နဂါး လက်သည်း ကြီးအား၊ ပစ်သွင်း လိုက်၏။

“ နဂါး လက်သည်း။ ”

“ နဂါး အမြီး။ ”

ဤမြင်ကွင်းက လင်းယွန်ကို စိတ် လှုပ်ရှား လာစေသည်။ အရိယာ ကောင်းကင်ဓား အဆင့် သို့၊ ရောက်ရှိ နိုင်မည်ဟု ခံစား ရ၏။

သို့သော် ၎င်းထက် အရေးကြီး သည်မှာ အစီရင်ကို ဖြတ်ကျော်ရန် ဖြစ်သည်။

“ သူ တကယ် လုပ်နိုင် မလား။ ”

ကျောက်ယန်မှ လင်းယွန် တွေးနေသည့် အရာကို ချက်ချင်း သိ၏။ ယင်းက သူ့အား စိတ် လှုပ်ရှား လာ စေသည်။

“ ဒီကစား ပွဲကို အဆုံးသတ် လိုက်ရအောင်။ ”

တိုက်ပွဲကို အချိန် ဆက် မဆွဲ ချင်တော့ သောကြောင့်၊ လင်းယွန်မှ အသက် ပြင်းပြင်းရှူ လိုက်သည်။ အသက် တစ်ရှိုက်စာ အတွင်း၊ ဧကာ ဒသမ ဓားနှင့် ဒွါဒသမ ဓားကို ထုတ်လွှတ် လိုက်၏။

အဆုံး မရှိသော တိမ်တိုက်များ လွင့် လာကာ၊ နဂါးဓား ရောင်ဝါမှ တဆင့် တိမ်နဂါး အသွင်သို့၊ ပြောင်းလဲ သွားသည်။

ထိုတိမ်နဂါး ကြီးက၊ နဂါး အမြီးနှင့် လက်သည်းကို ချက်ချင်း ဖျက်ဆီးကာ၊ ရန်သူ ဓားသမား များ၏ ဖွဲ့စည်း ပုံအား၊ ခွဲထုတ် ပစ်သည်။

“ ပြန် ဆုတ် ... ။ ”

လူလတ်ပိုင်း အရွယ် အမျိုးသားမှာ ထိတ်လန့် သွားပြီး၊ အစီရင် အတွင်းသို့ ပြန်၍ ဆုတ်ခွာရန် အမိန့်ပေး မိသည်။

“ မင်း ... နေခဲ့။ ”

လင်းယွန်မှ ပန်းသင်္ချိုင်း ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်စဉ်၊ ခန္ဓာကိုယ် အတွင်းမှ၊ သွေးများ ဆူပွက် လာ၏။

“ ချွင် ချွင် ချွင် ... ။ ”

ရုတ်တရက် ရှေးဟောင်း ခေါင်းလောင်း သံများ ထွက်ပေါ် လာသည်။

“ တာအို မှတ်စု၊ ဓားတာအို ခေါင်းလောင်း။ ”

အသီး သီးသော အကြီး အကဲ များမှာ၊ ခေါင်းလောင်း သံကြောင့် အံ့ဩ သွားလေသည်။ သည့်နောက် ကောင်းကင် ပွင့်လာပြီး၊ နက္ခတ် လေးလုံးအား ယောင်ဝါးဝါး မြင်လာ ရ၏။

ပထမ ကောင်းကင် ဘုံကို၊ လင်းယွန်မှ ဓားရောင်ဝါနှင့် ခွဲချလိုက် သောကြောင့်၊ မိုးပြာ နဂါး၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက် တို့အား လှမ်းမြင် လိုက်ရခြင်း ဖြစ်သည်။

လင်းယွန် တစ်ယောက် ရပ်နေရာမှ ပျောက်ကွယ် သွားပြီး၊ လူလတ်ပိုင်း အရွယ် အမျိုးသား ရှေ့၊ ရုတ်တရက် ရောက်ရှိ လာကာ၊ ဓားဖြင့် ခုတ်ပိုင်းချ လိုက်သည်။

ပန်းသင်္ချိုင်း ဓားက၊ ရေ ရည်ရွယ်ချက်နှင့်၊ ဖွင့်စည်း ထားသော ပင်လယ် ကြီးကို၊ ထက်ဝက် ပိုင်းဖြတ် သွားသည်။ ယင်းကြောင့် ဓားသမား အားလုံး၊ လွင့်စဉ် သွား၏။

ဤအခိုက်တွင် နဂါးဓား အစီရင်မှာ၊ ကွဲထွက်သွား သောကြောင့်၊ ပန်းသင်္ချိုင်း ဓားထံ၊ လူတိုင်း လှမ်းကြည့် လိုက်မိသည်။ အသက်ရှူ ကြပ်ဖွယ် ကောင်းချေ၏။

သည်မြင်ကွင်းက ဖန်ရွှမ်ဇီ မျက်နှာကို၊ ပြောင်းလဲ သွားစေသည်။ ပွွဲစဉ် တစ်လျှောက် လုံး၊ အုပ်စီး ထားနိုင် သော်လည်း၊ အဆုံး သတ်မှာ အရမ်း ဆိုးလွန်း ချေ၏။

“ နဂါးဓား အစီရင် တဲ့လား ... ၊ အထင်ကြီး စရာလည်း ဘာမှ မရှိ ပါဘူး။ ”

နှုတ်ခမ်းရှိ သွေးစ များကို လက်ခုံဖြင့် သုတ်လျက်မှ၊ ဖန်ရွှမ်ဇီထံ တစ်ချက် မော့ကြည့် ကာ၊ လင်းယွန်မှ ပြောလိုက် တော့သည်။

***

All Chapters