← Chapters

သေွးကြော လေးသွယ် အစီရင်။

Vol. 86 Ch. 1204

သေွးကြော လေးသွယ် အစီရင်။

Vol. 86 Ch. 1204

ဖန် မိသားစု၏ မဟာ အကြီး အကဲမှာ၊ အမည်ခံ နဂါး သွေးလွှတ်ကြော ကျွမ်းကျင်သူ ဖြစ်သည်။

ထို့ကြောင့် သူ ဆင်းသက် လာသည်နှင့် ပြိုင်ပွဲ ကွင်းပြင် တစ်လုံး ရောင်ဝါများ ဖုံးလွှမ်း သွားသည်။

သူ့ အမည်မှာ အပြည့် အစုံမှာ ဖန်ထျန်းယန် ဖြစ်၏။

“ အမည်ခံ နဂါး သွေးလွှတ်ကြော နယ်ပယ်လား။ ”

လင်းယွန်က ဖန်ရွှမ်ဇီကို မော့ကြည့်ကာ မေး လိုက်သည်။

“ ဘာ ဖြစ် လို့ လဲ ။ ”

ဖန်ရွှမ်ဇီမှ မျက်ခုံး ပင့်ပြ လိုက်သည်။

“ နဂါး သွေးလွှတ် ကြောကို ... ၊ မရောက် သရွေ့တော့ အကျုံး ဝင်တယ်၊ မင်း ကြောက်ရင် ... အရှုံး ပေးလိုက်။ ”

အရှက် ကင်းမဲ့သော ဖန်ရွှမ်ဇီအား၊ လင်းယွန်မှ တိတ်တဆိတ် ကျိန်ဆဲ လိုက်သည်။ အမည်ခံ နဂါး သွေးလွှတ် ကြောနှင့်၊ ပင်မ နတ် ဘုရားများ အကြား၊ ကွာခြားချက် ကြီးမား ချေ၏။

ပင်မ နတ်ဘုရား များသည်၊ အမည်ခံ နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူ၏ တိုက်ခိုက်မှု တစ်ကြိမ် ကိုပင်၊ မခံယူ နိုင်ချေ။

“ တိရိစ္ဆာန်လေး ... ၊ ဖန် မိသားစုက စည်းမျဉ်း တွေကို လိုက်နာပြီး၊ မင်းကို မျက်နှာ လွှဲထား ပေမယ့်၊ ငါ ကတော့ လိုက်နာမှာ မဟုတ်ဘူး။ ”

ဖန်ထျန်းယန်က ရှေ့သို့ ခြေ တစ်လှမ်း တိုးကာ၊ ဓားရောင်ဝါကို ဖြန့်ထုတ် လိုက်သည်။ ခွန်အားကို ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ကန့်သတ်ခြင်း မပြုမီ၊ လင်းယွန် အပေါ် သင်ခန်းစာ တစ်ခု ပေးခဲ့ ချင်၏။

“ မင်း ဘယ်လို ပြုမူ နေထိုင် ရမလဲ၊ ငါ သင်ပေးမယ်။ ”

စကားဆုံး သည်နှင့် ရှေ့တစ်လှမ်း တိုက်လိုက်၏။ သို့သော် လင်းယွန်မှ သူ့ကို ဂရု မစိုက်ချေ။ ကောင်းကင် တိုက်ပွဲဝင် ချပ်ဝတ် တံဆိပ်ကို၊ တိတ်တဆိတ် ဖွင့်ထား လိုက်သည်။

ဖန်မိသားစု၏ ခွေးအို ကြီးမှ သူ့အား အခွင့်ကောင်း ယူလိုသော်၊ ဤလက်ဆောင်နှင့် အတင်း ဖြတ်ကျော်လျက်၊ လျှပ်စီး တစ်ထောင် ဓားကို လုယူရ ပေမည်။

ထို့ကြောင့် ဖန်ထျန်းယန်အား သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် ပြန်ကြည့်ပြီး၊ ရှေ့ တစ်လှမ်း တိုး လိုက်၏။

ထိုအကြည့်က စူးရှ လွန်းကာ၊ ငရဲပြည် ရောက်သွား သကဲ့သို့၊ ဖန်ထျန်းယန်အား ခံစား လာရ စေသည်။

တုန်လှုပ် ချောက်ချား စွာဖြင့်၊ ရောင်ဝါကို ဆုတ်ခွာ လိုက်မိသည်။ ပြိုင်ဘက်တွင် ထူးဆန်း သော ဝှက်ဖဲ တစ်ချပ် ရှိနေရ မည်ကို၊နားလည် လာ၏။

သို့သော် ဝှက်ဖဲရှိ နေလျှင်ပင်၊ လင်းယွန်ကို အစီရင် အတွင်း၌ သတ်နိုင် မည်ဟု ယုံကြည် သဖြင့်၊ ပြုံးလိုက် မိသည်။

လင်းယွန်က ဖန်ရွှမ်ဇီထံ ပြန်မော့ ကြည့် လိုက်ပြီး၊

“ ကောင်းပြီ ... ငါ့ကို ကစားချင် ရင်တော့... မင်းရဲ့ စကား တွေကို မမေ့ ပါနဲ့၊ မဟုတ်ရင် ဖန် မိသားစုကို၊ ငါ သတ်ရ လိမ့်မယ်။ ”

လေသံနှင် ခြိမ်းခြောက် စကား များက၊ လူတိုင်း ကို အံ့ဩသွား စေသည်။ ကောင်းကင် ဝိညာဉ်မှ ပုရွက်ဆိတ် တစ်ကောင် အနေဖြင့်၊ ဖန်ရွှမ်ဇီအား ထိုသို့သော ပုံစံမျိုး ပြောဝံ့ သည်မှာ၊ မယုံနိုင် စရာ ပေပင်။

ထိုစကားကြောင့် ဖန်ရွှမ်ဇီမှာ ဒေါသ ထွက်လာ သော်လည်း ထိန်းထား လိုက်သည်။ သူ တားလျှင်ပင် ဖန်ထျန်းယန်မှ လင်းယွန်ကို သတ်မည်မှာ သေချာ၏။

လူသေ တစ်ဦးနှင့် ပြိုင်ကာ၊ ဒေါသထွက် နေစရာ အကြောင်း မရှိချေ။

“ ဓားစံအိမ်က ချမှတ် ထားတဲ့ စည်းကမ်း တွေကို၊ ဘယ်သူမှ မချိုးဖောက် ရဲဘူး၊ ငါ့ လည်း ချွင်းချက် မရှိဘဲ၊ မင်း နိုင်ရင် ဓားကို ယူသွား ... ၊ သေရင်တော့ ဘယ်သူ့ ကိုမှ၊ အပြစ် မတင် မိပါ စေနဲ့။ ”

ထိုစကားက လောဟွာကို ရည်ရွယ်မှန်း လင်းယွန် သိ၏။

“ ငါ့ကို သတ်နိုင်မယ် ထင်လား။ ”

လင်းယွန်မှ ပြုံးကာ မေးလိုက်သည်။

“ မယုံရင် ... မင်း စမ်းကြည့်လို့ ရပြီ။ ”

“ ဒါဆို စရအောင်။ ”

လင်းယွန်က ဖန်ထျန်းယန်ကို လှည့် ကြည့်ကာ ပြောလိုက်သည်။ အစောပိုင်း အတား အဆီး နှစ်ခု လုံးသည် အင်ပါ ရီယန် နယ်ပယ် ၌သာ ရှိသည်။

ယခု အကြိမ်၌ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များနှင့် ရင်ဆိုင်ရ တော့မည် ဖြစ်၏။

၎င်းတို့မှာ ကောင်းကင် ဝိညာဉ်သို့ ကန့်သတ်ထား သော်မှ၊ ယခင် ဓားသမား များထက် အားကောင်းဆဲ ဖြစ်သည်။

“ စ ရ အောင် ... ။ ”

ဖန်ထျန်းယန်က ကျန် အကြီးအကဲ သုံးယောက်ကို လေးနက်သော အမူ အရာနှင့် ပြောလိုက်သည်။ လေးယောက်သား တပြိုင် နက်တည်း ဓားများ ဆွဲထုတ်လိုက်၏။

“ ရွှမ်း ... ။ ”

သည်နောက် ဓားအလင်း များဖြင့်၊ စတင် ပစ်ခတ်ကာ၊ ခုန်ဝင်လာ တော့သည်။ လင်းယွန် ခမျာ ပြန်ဆုတ်ပြီး၊ ဓားဖြင့် ချက်ချင်း ပက်ထုတ် လိုက်ရ၏။

“ ဝှစ် ... ၊ ဝှစ် ... ၊ ဝှစ် ... ။ ”

ဓားများ ထိပ်တိုက် တွေ့ဆုံ သွားသော အခါတွင်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားရ သည်။ အံ့အား တကြီးနှင့် ခြေလှမ်း သုံးလှမ်း ထပ်မံ ဆုတ်ခွာ ပေးလိုက် ရ၏။

ပြိုင်ဘက် တစ်ဦး စီသည်၊ နဂါးဓား အစီရင် တစ်ခု နီးပါး၊ သန်မာ အားကောင်း နေချေသည်။ ထို့ကြောင့် နဂါးဓား အစီရင် လေးခုအား ရင်ဆိုင်ရ ခြင်းနှင့် ညီသည်။

“ ..... ။ ”

တတိယ လူ၏ တိုက်ခိုက်မှုကို တားဆီးရန် ဓားအား ကန့်လန့် ဖြတ် ကာကွယ် လိုက်သည်။ အရှိန်မှာ ပြင်းထန် သောကြောင့် မီးပွားများ ပွင့်ထွက် လာ၏။

မူလ စွမ်းအင်ကို လောင်းထည့်ကာ၊ ပန်းသင်္ချိုင်း ဓားကို အားစိုက် တွန်းထုတ် လိုက် သဖြင့်၊ ပြိုင်ဘက် အဘိုးအို များမှာ နောက်သို့ ပြန်လည် ဆုတ်ခွာ သွားသည်။

အဘိုးအို များက မြေပြင် ပေါ်သို့၊ ပေါ့ပါး ညင်သာစွာ ဆင်းသက် လိုက်ပြီး၊ လင်းယွန်၏ တိုက်ခိုက်မှုတွင် ပါလာသော စွမ်းအင် များကို မြူမှုန်များ ဖယ်ရှားနေ သကဲ့သို့၊ လက်ဝေှ့ ယမ်းကာ ဖြန့်ထုတ် ပစ်လေသည်။

ဤအခိုက် အတန့်တွင် ဖန်ထျန်းယန်က သတ်ဖြတ်လိုသော အပြုံးဖြင့်၊ ကြက်သွေးရောင် မီးလျှံ များကို ဓား၌ တောက်လောင် စေကာ၊ တိုက်ပွဲ အတွင်း ဝင်လာ တော့သည်။

သူ့ ဓားက၊ လင်းယွန်၏ နဂါးဓား ရောင်ဝါကို တောက်လောင် နေသော ဥက္ကာခဲကြီး တစ်လုံး ကဲ့သို့ နေရာ အနှံ့မှ ထိုးဖောက် လာသည်။

“ ဖပ် ဖပ် ဖပ် ... ။ ”

ထို့ကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းရန်၊ လင်းယွန် တစ်ယောက် ခြေလှမ်းများ ဆုတ်ပေး လိုက်ရသည်။ ခြေလှမ်း တိုင်းက မြေပြင်ကို ပြင်းစွာလှုပ်ခါ သွားစေ၏ ။

သို့သော်မှ ဓားရောင်ခြည် သုံးစင်းမှာ၊ လိုက်ပါ လာပြန်သည်။ ယင်း အခွင့် အရေးကို စောင့်မျှော် နေသော ကျန်အကြီး အကဲ သုံးဦး ထံမှ ဖြစ်၏။

“ ဝှစ် ... ။ ”

တစ်ချက်ထိ ရုံဖြင့် သူ သေနိုင်သည်။ ထို့ကြောင့် ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးအား ထုတ်ဖော် လိုက်ရသည်။

လျင်မြန်စွာ ရှောင်တိမ်း နိုင်ခဲ့ သော်လည်း၊ ဓားအလင်း များက လေထဲ ပြည့်နှက် နေသဖြင့်၊ အဝတ် အစားများ စုတ်ပြဲ ကုန်ကာ၊ သွေးများ ဖုံးလွှမ်း သွားသည်။

အသက် ရာကျော် အဖိုးကြီး များနှင့်၊ ရင်ဆိုင်နေ ရသည် ဖြစ်ရာ၊ အန္တရာယ် တွင်းသို့ လုံးဝ သက်ဆင်း နေခဲ့သည်။

သူတို့ အားလုံးမှာ တိုက်ပွဲပေါင်း များစွာ ဆင်နွှဲ ထားဖူး သဖြင့်၊ အတွေ့ အကြုံ ရှိလှပြီး၊ အဖွင့် အပိတ် ညီချေသည်။

ထိုစဉ် ဖန်ထျန်းယန်၏ ဓားမှာ၊ ဥက္ကာခဲ တစ်ခဲ ကဲ့သို့၊ ခေါင်းပေါ် ကျရောက် လာပြန် သည်။

“ ထန် ... ၊ ထန် ... ။ ”

ဓားကို လက် နှစ်ဖက်နှင့် ကိုင်လျက်၊ ပြန်လည် ခုခံလိုက် သော်လည်း၊ အဝေးသို့ တွန်းထုတ် ခံရဆဲ ဖြစ်သည်။

“ ဟား ဟား ဟား ... ။ ”

“ ဝှစ် ... ၊ ဝှစ် ... ၊ ဝှစ် ... ။ ”

မြေပြင်ရှိ အကြီး အကဲ သုံးဦးမှ၊ လင်းယွန် အနောက် တိုက်ခိုက်ရန် လိုက်ပါ သွားသည်ကို ကြည့်ကာ၊ ဖန်ထျန်းယန်မှ ရယ်မော လိုက်၏။

တစ်ဖက်တွင် လင်းယွန် တစ်ယောက် တစ်ခုခု အပြောင်း အလဲ လုပ်ရတော့ မည်ကို နားလည် လိုက်သည်။

မဟုတ်သော် ကြောက်မက်ဖွယ် ကောင်းသော သေခြင်း တရားကို ခံစား ရမည် ဖြစ်၏။

ဤတစ်ကြိမ်သည် ပထမ အတား အဆီး နှစ်ခုနှင့် လုံးဝ မတူချေ။ ပင်မ နတ်ဘုရား နှစ်ပါး အပြင်၊ အမည်ခံ နဂါး သွေးလွှတ်ကြော နယ်ပယ် တစ်ပါး ပါဝင် နေသည်။

ယင်းက တိုက်ပွဲ အပေါ် စီးမိုး ကြည့်ကာ၊ အလစ် အငိုက်တွင်၊ သူ့ကို သတ်ရန် ကြိုးစား လာ နိုင်သည်။

“ တိရိစ္ဆာန်လေး ... ၊ ငါ အခု ဘယ်လောက် သန်မာလဲ သိပလား။ ”

ဖန်ထျန်းယန်မှ ပြုံးရွှင်သော အမူ အရာဖြင့်၊ လင်းယွန်ထံ ကြည့်ကာ ပြောသည်။

“ တိမ်ဖုံး နေသော နေမင်းကြီး။ ”

သို့သော် လင်းယွန်မှာ စကား ပြန်မပြော နိုင်ချေ။ နဖူးရှိ ဓားပိုးအိမ် ပွင့်လာပြီး၊ အကန့် အသတ်မဲ့ နဂါးဓား ရောင်ဝါက တစ်ဖန် ထွက်ပေါ် လာသည်။

“ ရွှပ် ... ။ ”

ပြီးနောက် သူ့ကိုယ်သူ ကာကွယ်ရန် တိမ်လွှာဓား (၁၃) ကွက်ကို အလျင် အမြန် ထုတ်ဖော် လိုက်ရသည်။

ဤဝိညာဉ်တော် များဖြင့်၊ အဖိုးကြီး သုံးယောက်ကို ထိန်းထား နိုင်မည်ဟု ထင်၏။ လက်ရှိ အချိန်၌ အစွမ်း ထက်သော ဓားရေး အပေါ်၊ အားကိုး ခြင်းမျှသာ တတ်နိုင်သည်။

အဖိုးအို သုံးဦး၏ ဝိညာဉ်တော် များမှာ၊ သရုပ်ဖော် အဆင့်တွင် မရှိ သဖြင့်၊ တိုက်ပွဲကို မျှချေ၊ ပြန်၍ ရယူ နိုင်မည် ဖြစ်သည်။

ဝိညာဉ် တော်များ ဆင့်ခေါ် ပြီးသည်နှင့်၊ အချိန်ကိုက် ရောက်ရှိ လာသော အဖိုးအို သုံးဦး ကို၊ မျက်နှာချင်း ဆိုင်လိုက်၏။

အဆိုပါ လုပ်ရပ်မှာ၊ သေလောက်အောင် ပင်ပန်းလှ သည်ကို မည်သူ မဆို ပြော နိုင်၏။ ဓားအလင်း များနှင့် ငှက်ပြာ လေးများ ထိပ်တိုက် တွေ့ဆုံ သွားသည်။

လေထု အတွင်း မရေ မတွက် နိုင်သော ဖြစ်စဉ်များ ပေါ်လာပြီး၊ တိုက်ပွဲ မြေပြင်အား အချိန် ခဏ ဖုံးကွယ် သွားသည်။

လင်းယွန်မှာ ဓားတာအို၌ ပြိုင်ဘက်ကင်း သည်ကို လူတိုင်း ခံစား မိ၏။ တိမ်လွှာဓား (၁၃) ကွက်အား၊ ထုတ်ဖော် ချိန်တိုင်းတွင်၊ အဖျက် စွမ်းအားမှာ၊ ယခင်ထက် ပို၍ တိုးတိုး လာသည်။

သူနှင့် လင်းယွန်ကြား ကြီးမားသော ကွာဟချက် ရှိနေ သည်ကို၊ နားလည် လိုက် သောကြောင့်၊ ကုန်းစွန်းယန်၏ မျက်လုံးများ အရောင် ဖျော့ သွားသည်။

“ ဟား ဟား ဟား ... ၊ တိရိစ္ဆာန်လေး မင်း သေပြီ။ ”

ထို့စဉ် ရယ်မောသံ ထွက်ပေါ် လာပြီး၊ ဖန်ထျန်းယန်က ကောင်းကင်မှ ခုန်ဆင်း လာ ခဲ့သည်။

“ ဥက္ကာပျံ ဓား။ ”

လင်းယွန်မှာ အဖိုအို သုံးဦးနှင့် အလုပ်ရှုပ် နေဆဲဖြစ် သော်လည်း၊ ကြယ်မိစ္ဆာ ပန်းများကို ဆင့်ခေါ်လျက်၊ မော့ကြည့် လိုက်သည်။

ဥက္ကာခဲများ ကြွေကျ လာ သကဲ့သို့၊ ဓားကို မိုးလျက်၊ ဖန်ထျန်းယန် တစ်ယောက် ဆင်းသက် လာချေ၏။

***

All Chapters