လက် မလျှော့ဘူး။
Vol. 87 Ch. 1205
ကောင်းကင် ဝိညာဉ် နယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိ ပြီးနောက်၊ ကြယ် မိစ္ဆာ ပန်းများမှာ၊ အသွင်ပြောင်း သွားသည်။
၎င်းတို့အား နည်းလမ်း နှစ်သွယ်ဖြင့် အသုံးပြု နိုင်၏။ ပထမ နည်းလမ်းမှာ ခန္ဓာကိုယ် အတွင်း၊ စွမ်းအား ဖြည့်တင်း စေခြင်း ဖြစ်သည်။
နဂါးဓား အစီရင်ကို အနိုင်ယူရာ၌၊ ထိုနည်းလမ်းကို အသုံးပြု ခဲ့သည်။ ဒုတိယ နည်းလမ်းမှာ၊ ပန်းများ ဆင့်ခေါ်လျက် နယ်မြေ တစ်ခုကို ဖွဲ့စည်းခြင်း ဖြစ်၏။
ထိုနယ်မြေ အတွင်း ရန်သူကို သတ်နိုင် သကဲ့သို့၊ ပြိုင်ဘက်များ ရန်မှလည်း ကာကွယ် နိုင်သည်။
သို့သော် ပန်းများ ဖျက်ဆီး ခံရ ပါက၊ ပြန်လည် ကောင်းမွန်ရန် အချိန်ကြာ မြင့်မည် ဖြစ်သည်။
ဤနည်းလမ်းမှာ အန္တရာယ် များလှပြီး၊ ပန်းနယ်မြေကို ထိန်းထားရန်၊ မူလ စွမ်းအင် များစွာ၊ ကုန်ဆုံးမည် ဖြစ်သည်။
ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်အား အဆင့်သစ် ရောက်ရှိရန်၊ ၎င်းတို့ အားလုံးကို ပေါင်းစပ် နိုင်သေး၏။
ထို့သို့ ပေါင်းစပ် ပြီး ပါက၊ ပွင့်ချပ်များ ပေါ်တွင်၊ နတ်ဘုရား ရူရ် တစ်လုံးကို ရရှိ မည်ဟု ခရမ်းငယ်မှ ပြောပြ ခဲ့သည်။
ထို့ကြောင့် ပွင့်ချပ် တစ်ချပ်သည် ကြယ် တစ်လုံးကို အလွယ် တကူ ဖျက်ဆီး နိုင်သော စွမ်းအားမျိုး ရရှိ နိုင်၏။ ယင်းမှာ တတိယ နည်းလမ်း ဖြစ်သည်။ သို့သော် သူ မလုပ်နိုင် သေးချေ။
ပန်း (၄၉) ပွင့်ကို ဆင့်ခေါ်လိုက် သဖြင့်၊ ရွှေရောင် ပန်း ကမ္ဘာကြီး ချက်ချင်း ဖြစ်တည် လာသည်။ သည့်နောက် ဖန်ထျန်းယန်ထံ လက်သီး တစ်လုံး ပစ်သွင်း လိုက်၏။
“ ဖောင်း ... ။ ”
ဥက္ကာခဲများ ပေါက်ကွဲ သွားစဉ်၊ ကြယ်မိစ္ဆာ ပန်းများကို ကန့်သတ်ချက် အထိ၊ တွန်းထုတ် လိုက်ပြီး၊ ဓားအား ပင့်ခုတ်ချ လိုက်၏။
“ ရွှပ် ... ။ ”
ဤအခြေ အနေ အောက်၌၊ သူ့ အပေါ် လင်းယွန် တစ်ယောက် တန်ပြန် တိုက်စစ်ဆင် နိုင်လိမ့် မည်ဟု၊ မမျှော်လင့် ထားသော ဖန်ထျန်းယန် ခမျာ၊ အံ့သြ သွားသည်။
ရုတ်တရက် ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်သို့၊ တစ်ဖက်လူ ရောက်ရှိနေ သည်ကို သတိရ သွားကာ၊ ချက်ချင်း နေရာ ရွေ့လိုက်၏။
“ ဘာပဲ ဖြစ်ဖြစ်၊ မင်း သေမှာ ပါပဲ။ ”
သည့်နောက် ဓားအလင်းဖြင့် ဖန်တီး ထားသော ဥက္ကာခဲ များကို ထပ်မံ ပစ်လွှတ် လိုက်သည်။
ဥက္ကာခဲ အရေ အတွက်မှာ၊ များပြားလွန်း သဖြင့်၊ လင်းယွန် ဓားချက်အား အလွယ် တကူ ပိတ်ဆို့ နိုင်လိုက်၏။
“ ရွှပ် ... ။ ”
ယင်းကို မြင်ချိန်၌ မြေပြင်ရှိ အဖိုးအို သုံးဦးက ဓားအလင်း များဖြင့်၊ ဝိုင်းကာ ပစ်ခတ် လာ ကြသည်။ ထိုဓားအလင်း တစ်လက် ထိလျှင်ပင်၊ လင်းယွန် လဲကျ နိုင်သည်။
“ ဟား ဟား ဟား တိရိစ္ဆာန်လေး ... မင်းငယ်ပါ သေးတယ်၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို၊ ရောက်သွား ရင်တောင်၊ ငါ့ရှေ့မှာ မင်းက ...
... ဘာကောင်မှ မဟုတ် သေးပါဘူး ... ၊ မင်းမှာ ဘာ ဝှက်ဖဲတွေ ရှိသေးလဲ၊ ငါ ကြည့်ပါ ရစေ၊ တိမ်လွှာဓား (၁၃) ကွက်ရဲ့၊ စစ်မှန်တဲ့ ဝိညာဉ် တော်ကို ခေါ်ပါ။ ”
တိမ်လွှာဓား (၁၃) ကွက်တွင်၊ စစ်မှန်သော ဝိညာဉ်တော် ရှိသည်ကို သူ သိထား၏။ သို့သော် လင်းယွန်မှ ၎င်းကို ခေါ်ဆောင် နိုင်စွမ်း မရှိဟု ယုံကြည်သည်။
ထို့ကြောင့် သူ့ဓားကို လင်းယွန် နဖူးသို့ ချိန်ရွယ်လျက်၊ မိုက်မိုက် ကန်းကန်း တိုးဝင်မိ တော့၏။
ဤဓား၏ အရှိန်သည် နှေး သော်လည်း၊ မြန်ချေပြီ။
လှုပ်ရှားမှု များကို ကန့်သတ် နိုင်သည့် ဥက္ကာပျံ များနှင့်၊ အဖိုးအို သုံးဦး၏ ဓားအလင်း များ အပြင်၊ ဖန်ထျန်းယန် သည်ပါ၊ တိုးဝင်လာ ခြင်းက၊ လင်းယွန်အား သေမင်း နှုတ်ခမ်း ဝသို့၊ ရောက်ရှိ သွားစေ တော့သည်။
သို့သော် စိတ်ပျက်ခြင်း မရှိဘဲ၊ ပန်း နယ်မြေကို တိုး၍ ဖြန့်လိုက်၏။ တိုက်ခိုက်မှု သုံးရပ် အတွင်း၊ ဖန်ထျန်းယန် ဓားမှာ၊ အနှေး ဆုံး ဖြစ်သော်လည်း၊ သတိ မထား ပါက ဦးစွာ သူ့ အသက်ကို ယူမည် ဖြစ်သည်။
“ ဟား ဟား ဟား ... ၊ ဖန်မိသားစုကို စော်ကားတဲ့ လူတိုင်း အဆုံး သတ်က ချွင်းချက် မရှိ သေခြင်းပဲ။ ”
ဖန်ထျန်းယန်က ပိုင်နိုင်သော အပြုံးဖြင့် ကြွေးကြော် လိုက်၏။ ဤတိုက်ခိုက်မှု များသည် တစ်ချက် ထိရုံ နှင့်ပင်၊ လင်းယွန်ကို သတ်နိုင် ကြောင်း၊ ပရိသတ် များမှ ခံစား မိသည်။
ထို့စဉ် လင်းယွန် ခန္ဓာကိုယ် ထံမှ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ သူတော်စင် ရူရ်များ ရာနှင့်ချီ တောက်ပ လာသည်။
ယင်းက နဂါး အမှတ် အသား ပွင့်လာခြင်း ဖြစ်ပြီး၊ သူတော်စင် ရူရ် တစ်ရာ ခန္ဓာ ကိုယ်ကို အသက် သွင်းခြင်း၊ ဖြစ်လေသည်။
လျင်မြန် လွန်းသော အပြောင်း အလဲ ဖြစ်သဖြင့်၊ ဖန်ထျန်းယန် ခမျာ မြင်သော် မှ၊ ပိုင်ခြား နိုင်စွမ်း မရှိ သေးဘဲ၊ ပြုံးလျက် ဓားနှင့် ထိုးသွင်း လိုက်သည်။
“ ထန် ... ။ ”
ပဲ့တင်သံ ထွက်ပေါ် လာပြီး၊ နဂါးငယ် တစ်ကောင် လင်းယွန်၏ ရင်ဘတ်၌ ဖြစ်တည် လာကာ၊ သူ့ ဓားကို ကာကွယ် သွားခဲ့သည်။
“ သူတော်စင် နဂါး ခန္ဓာကိုယ်။ ”
ဖန်ထျန်းယန်မှ အံ့သြစွာ အော်ဟစ် လိုက်သည်။ ၎င်းနည်း စနစ်ကို အောင်မြင်ကာ၊ သူတော်စင် ရူရ် (၁၀၀) ၊ ဖွဲ့စည်း ထားနိုင် ပါက၊ သူတော်စင် ရူရ် (၁၀၀) လက်ရာ တစ်ပါးနှင့် ယှဉ်နိုင် ချေ၏။
ကောင်းကင် ဝိညာဉ် စွမ်းအားဖြင့်၊ သူတော်စင် ရူရ် တစ်ရာ ခန္ဓာ ကိုယ်ကို၊ ဖျက်ဆီး နိုင်စရာ အကြောင်း မရှိချေ။ ယင်းအား သူ ကိုယ်တိုင် သက်သေ ပြမိ နေပြီ ဖြစ်သည်။
“ ထွက် သွား ကြ စမ်း ... ။ ”
သူတော်စင် ရူရ် တစ်ရာ ခန္ဓာကိုယ် ရှိလျှင်ပင်၊ လင်းယွန်မှာ ခက်ခဲ နေသေး၏။ ငေါက်သံ ပြုလျက် နာကျင်မှုကို အောင့်ခံ လိုက်သည်။
ကြယ်မိစ္ဆာ နယ်မြေမှာ၊ ချက်ချင်း လင်းလက် လာပြီး၊ ဖန်ထျန်းယန်အား အဝေးသို့ တွန်းထုတ် လိုက်၏။
“ ကောင်းကင်ပေါ် ပျံသန်းခြင်း။ ”
သည့်နောက် ဧရာမ တောင်တန်းကြီး တစ်လုံး၊ ပျံတက် လာ ကဲ့သို့၊ ဓားရောင်ဝါကို လင်းယွန်မှ ဖွင့်ထုတ် လိုက်၏။
ဥက္ကာခဲ များနှင့် အဖိုးအို သုံးဦး၏ ဓားအလင်း များက၊ ထိုရောင်ဝါကြောင့် လမ်း တစ်ဝက်၌၊ ပျက်စီး သွားသည်။
၎င်းတို့ကို ဖြေရှင်း ပြီးသည်နှင့်၊ သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်ဖော်လျက်၊ ဖန်ထျန်းယန် နောက်သို့ လိုက်ပါ သွားမိသည်။
“ ရပ် စမ်း ... တိရိစ္ဆာန်မ သားလေး ။ ”
ဤမြင်ကွင်း ကြောင့် အဖိုးအို သုံးဦးမှာ၊ ထိတ်လန့် တကြား၊ ကျိန်ဆဲ အော်ဟစ်လျက်၊ လင်းယွန်အား ဟန့်တားရန် ကြိုးစား လိုက်သည်။
“ မင်း ... သေချင် နေတာလား။ ”
သူ့အား သားကောင် တစ်ကောင် ကဲ့သို့၊ အမဲလိုက် ခံလိုက်ရ သဖြင့်၊ ဖန်ထျန်းယန် ခမျာ ရှက်ရွံ့ သွားသည်။
“ ဟိတ် ... ။ ”
လွင့်စဉ် လျက်မှ၊ တစ်ပါတ်ဂျွမ်း ပစ်ကာ၊ ကိုယ်ရှိန်သပ် လိုက်ပြီး၊ ဓားအလင်း နှင့်အတူ ဝင်လာသော၊ လင်းယွန်ထံ ဦးတည်လျက်၊ ဓားနှင့် ပိုင်းချ လိုက်သည်။ သူ့ နောက်၌ ကြယ်ကိုးပွင့် လင်းလာ၏။
“ ကြယ် ကိုးလုံး ချိတ်ဆက်ခြင်း။ ”
စင်ကြယ်သော ဝိညာဉ်တော် စွမ်းအားကို ထုတ်ဖော်ကာ၊ လင်းယွန်၏ ဓားအလင်း ထံသို့ ပစ်လွှတ် လိုက်သည်။
အဖိုးအို သုံးဦးအား လျစ်လျူရှုလျက်၊ ဖန်ထျန်းယန်အား သတ်ရန်၊ သဲသဲ မဲမဲ လိုက်နေ သော မြင်ကွင်းက၊ လူအုပ်ကို အသက်ရှူ ကြပ်လာ စေသည်။
ဖန်ထျန်းယန် ဟူသည်၊ အမည်ခံ နဂါး သွေးလွှတ်ကြော ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး အင်ပါ ရီယန် တစ်ပါးပင် သူ့ထံမှ၊ တိုက်ခိုက် မှုကို ခံယူပြီး ပါက၊ နှုန်းချိ သွား နိုင်၏။
“ ဝုန်း ... ။ ”
သတ်ရန် စိတ်ကူး မဆိုနှင့်၊ ခုခံ ရန်ပင် သတ္တိရှိ ကြတော့မည် မဟုတ်ချေ။ ထို့စဉ် ဓား အလင်း နှစ်လက် တိုက်မိ သွားကာ၊ ရွှေရောင် အလင်းများ ပေါက်ကွဲ လာ၏။
“ ဝှစ် ... ။ ”
အဖိုးအို သုံးယောက်မှ မျက်မှောင် ကြုတ်လျက်၊ လိုက်ပါ နေသော အရှိန်ကို ချက်ချင်း ရပ်လိုက် သည်။
လင်းယွန် တစ်ယောက်၊ အကြီး အကဲ ဖန်ထျန်းယန်၏ ဓားအလင်းမှ လွတ်မြောက် နိုင်မည် မဟုတ်ဟု ထင်၏။
ထို့ပြင် သူတို့သာ ဓားချက် များကို ထပ်မံ ထုတ်လွှတ် လိုက်ပါက၊ ဖန်ထျန်းယန်ကို မတော် တဆ၊ ထိခိုက်စေ နိုင်သည်။
ဤသို့ စိုးရိမ်ကာ၊ သူတို့ ရပ်သွား လိမ့်မည်မှန်း၊ လင်းယွန်မှ ကြိုတင် တွက်ဆ ထား နိုင်ပုံ ရသည်။
မဟုတ်သော် သူတို့ လေးယောက် အကြားသို့၊ တိုးဝင် လာမည် မဟုတ်ချေ။ အခက် မသင့် ပါက၊ စိစိ ညက်ညက်ကြေ နိုင်သော ရွေးချယ်မှု ဖြစ်သည်။
လင်းယွန် အသက်ထက် မဟာ အကြီး အကဲမှာ အရေးကြီး ခေျ၏။ အဘယ်ကြောင့် ဆိုသော် အနှေးနှင့် အမြန် လင်းယွန်အား သတ်နိုင်မည် ဖြစ်သည်။
“ နေ ကြ ဦး။ ”
သုံးဦးသား ဓားရောင်ဝါ များကို စုစည်းလျက်၊ မျက်လုံးများ မေှးစင်း သွားကာ၊ ရွှေရောင် အလင်း နယ်မြေထံ၊ စိုက်ကြည့် လိုက်မိသည်။
အဖြူ၊ အမည်း မသဲကွဲခင် စောင့်ကြည့်ခြင်း သည်သာ အကောင်ဆုံး ဖြစ်၏။ ဦးနှောက် မဲ့စွာ တိုက်ခိုက် မိသော်၊ အချင်းချင်း ထိခိုက်နိုင် ပေမည်။
၎င်းတို့၏ အတွေ့ အကြုံနှင့် ပြတ်သား မှုမှာ၊ လူအုပ်ကို အရေ ပြားများ ယားယံ လာစေသည်။ ကျောက်ယန်နှင့် ကုန်းစွန်းယန် သည်ပင်၊ ဤ အဖိုးအိုများ ရှေ့၌၊ သူတို့ကိုယ် သူတို့ ကလေးများ အလား၊ ခံစား လာရ၏။
“ ခရစ် ... ။ ”
ထို့စဉ် ကောင်းကင် အက်ကွဲ သွားပြီး၊ ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ် လာသည်။ ၎င်းမှာ တိုးရာမှ ကျယ်လျက်၊ ကြယ်ရောင်များ ဖြာကျ လာ၏။
ကြယ်ရောင် အောက်တွင်၊ ဖြစ်စဉ်များ အားလုံး ပြိုကျ ကုန်သဖြင့်၊ အဖိုးအို သုံးဦးမှာ၊ မျက်လုံးများ ပြူးကျယ် သွားသည်။
သွေးစွန်း နေသော လင်းယွန် ပုံရိပ်က၊ ဝိုးတဝါး ထွက်ပေါ် လာပြီး၊ ဓားကို မြှောက်ရန် ကြိုးစား နေသည်အား၊ မြင်လိုက် ရသည်။
“ အဲ့ဒီ ဓား ... ။ ” (ပန်းသင်္ချိုင်း ဓားကို ကျိန်ဆဲသံ။)
“ တိုက် ... ။ ”
သုံးဦးသား ကောင်းကင်ပေါ် ပျံတက်ကာ တပြိုင် နက်တည်း ပြေးဝင် တိုက်ခိုက် လိုက်၏။ တစ်ဖက်လူ ဓားမလွှဲ နိုင်မီ သတ်ရ ပေမည်။
“ ..... ။ ”
တရားမျှ တမှု မရှိသော တိုက်ပွဲကြောင့် ကေျာက်ယန်က လက်သီး ဆုပ်လိုက် မိသည်။ သို့သော် လင်းယွန်မှာ သူ့ ကဲ့သို့ တုန်လှုပ် နေပုံ မရချေ။
ကြယ်မိစ္ဆာ နယ်မြေမှာ နောက်တစ်ကြိမ် လင်းလာစဉ်၊ လင်းယွန်မှ ပန်းသင်္ချိုင်း ဓားကို ခုတ်ပိုင်း ချလိုက်သည်။
ဓား၏ အဖျက် စွမ်းအားနှင့် ဝမ်းနည်း နာကျည်း မှုများ ဦးစွာ လွင့် လာသည်။ အသက် ရှင်နေ သ၍၊ အရှုံး ပေးမည် မဟုတ် ကြောင်း၊ လူတိုင်းကို ပြောပြ နေခဲ့၏။
***