တောက်ပခြင်း- (၁)။
Vol. 87 Ch. 1206
ပထမ ကောင်းကင်ဘုံ ကွဲသွားကာ၊ ကြယ်ရောင်များ ရေတံခွန် အလား ဆင်းသက် လာသည်။ ထိုမြင်ကွင်းမျိုး လူတိုင်း မြင်ဖူး သော်မှ၊ အံ့သြ တုန်လှုပ် နေဆဲ ဖြစ်၏။
လင်ယွန် ခမျာ ဖန်ထျန်းယန်ကို ထပ်မံ တိုက်ခိုက် လိုသော်၊ အဖိုးအို သုံးဦး၏ တိုက်ခိုက် မှုအား၊ ခံယူ ရပေမည်။
တစ်ဖက်တွင် ဖန်ထျန်းယန် ဆံပင်များ၊ ဖွာလန်ကျဲ သွားလျက်၊ ခန္ဓာ ကိုယ်မှ သွေးများ စီးကျ လာခဲ့သည်။
အခြား သူများ အမြင်၌၊ လင်းယွန်နှင့် လက်ရည်ညီ နေပုံ ဖြစ်သည်။ သို့သော် ဤသို့ မဟုတ်ကြောင်း၊ သူ သာလျှင် သိ၏။
ကြယ်မိစ္ဆာ ပန်း များကို ဆင့်ခေါ်လိုက် ပြီးနောက်၊ တစ်ဖက် လူ၏ ခွန်အားမှာ၊ အဆင့် အသစ်သို့၊ ရောက်ရှိ သွားသည်။
အမည်ခံ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ဖြစ်လျှင်ပင်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ကန့်သတ် လိုက်ပါက၊ လင်းယွန် ပြိုင်ဘက် မဟုတ်မှန်း၊ နားလည် လိုက်၏။
ထို့အပြင် ဓားတာအိုပေါ်၊ သူ ၏ နားလည်မှုမှာ၊ တစ်ဖက် လူကို မမီချေ။ လက်ရှိ အချိန် အထိ တိုက်ပွဲဝင် နိုင်နေသေး သည်မှာ၊ အခြေခံ အုတ်မြစ်ကြောင့် ပေပင်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်မှ သူ့ထံ ဓားဖြင့်၊ ချိန်ရွယ်လျက် ပျံသန်းလာ သည်ကို မြင်လိုက် ရသောကြောင့်၊ ဒေါသနှင့် ရယ်မော လိုက်မိသည်။
သည့်နောက် ဓားဖြင့် ပြန်လည် ထိုးချိန်လျက်၊
“ တိရိစ္ဆာန်လေး ... ၊ မင်း သေရမယ့် အချိန် ရောက်ပြီ။ ”
-ဟု ဆိုကာ၊ လင်းယွန်ထံ မျက်နှာ ချင်းဆိုင် ပြေးဝင် လိုက်တော့သည်။
လင်းယွန်၏ ဓားကိုသာ၊ ပိတ်ဆို့ထား နိုင်ပါက၊ အဖော် သုံးဦးမှ ၎င်းအား သတ်နိုင်ပေ လိမ့်မည်။ လင်းယွန် နေရာ၌၊ ထက်မြက်သော လူသာ ဆိုသော်၊ ရှုံးနိမ့် မှုကို ဝန်ခံမည် ဖြစ်၏။
“ ဒူးထောက်ပြီး ... မင်း အသက်ကို တောင်းပါ။ ”
ဓားရောင်ဝါကို ကန့်သတ်ချက် အထိ၊ တွန်းထုတ် လျက်မှ အဟုန်အား ထပ်မံ မြှင့်တင် ကာ၊ ငေါက်ငမ်း လိုက်သည်။
ထို့နောက်တွင် တောက်လောင် နေသော ဥက္ကာခဲ များကဲ့သို့၊ သူ့နောက်တွင် ကြယ်ကိုးလုံး လင်းလျက် လိုက်ပါ လာ၏။
ထိုကြယ် ကိုးလုံး ထံမှ၊ ဓား ရောင်ခြည် များက၊ အလွှာ တစ်ခုလို သူ့အား သိုင်းခြုံလိုက် လေသည်။
“ သတ် ... ။ ”
ဤအချိန်တွင် အဖိုးအို သုံးဦး မှာလည်း၊ လင်းယွန် နောက်သို့ ဓားများ ဆန့်တန်းလျက်၊ ပျံသန်း လိုက်ပါ နေခဲ့ လေသည်။
ရောင်ဝါကို အချိန် အတော်ကြာ စုဆောင်းထား ကြသည် ဖြစ်ရာ၊ ၎င်းတို့၏ ဓား ဖျားမှ၊ စူးရှသော အလင်း တန်းများ ထွက်ပေါ် နေ၏။
သို့သော် လင်းယွန်မှ သူတို့ သုံးဦးကို လျစ်လျူ ရှုလျက်၊ ဖန်ထျန်းယန်ထံ ဆက်လက် ဦးတည် နေဆဲ ဖြစ်သည်။
လင်းယွန် အနေ အထားတွင် အခြားလူ တစ်ဦး တစ်ယောက်သာ ဆိုသော်၊ ဤအခြေ အနေ၌၊ လက်လျော့ သွားမည် ဖြစ်သည်။
“ လင်းယွန် ... ၊ ရှုံးနိမ့် တာကို ဝန်ခံပါ ... ၊ ဒါဆို ... မင်း အသက်ကို ငါတို့ ချမ်းသာ ပေးနိုင် တယ်။ ”
ဓားရောင်ဝါ အတား အဆီး ဖြစ်ပေါ် လာသည်နှင့်၊ ဖန်ထျန်းယန်မှ ယုံကြည်ချက် ပြင်းစွာနှင့်၊ ပြုံးလျက် လှမ်းပြော သည်။
အမှန် အတိုင်း ဝန်ခံ ရပါမူ၊ (၁၀၀%) ယုံကြည်မှု မရှိချေ။ အဆုံးတွင် သူ့ထံ ချိန်ရွယ် လျက်၊ လာနေသော လင်းယွန် ဓားမှာ၊ သူ့အား သတ်နိုင် မည်ဟု၊ သတိ ပေးနေ၏။
ပျံသန်း လာနေ လျက်မှ၊ လင်းယွန်က ဖန်ထျန်းယန်ထံ ကြည့် လိုက်သည်။ ဘဝတွင် အသက် ရှင်ခွင့် အတွက်၊ မည်သည့် အခါမျှ၊ တောင်းပန်မည် မဟုတ်ချေ။
ဤနေရာ အထိ ရောက်ရှိရန်၊ မည်မျှ ကြိုးစားခဲ့ ရသည်ကို၊ သူ သာလျှင် အသိဆုံး ဖြစ်သည်။
သူ့ ထံမှ အဖြေကို၊ အားလုံးက စောင့်မျှော်နေ ချေသည်။ ဖန်ထျန်းယန်အား သတ်ရန် ကြိုးစား ချိန်၌၊ အဖိုးအို သုံးဦး၏ ဓားကို ခံယူ ရနိုင်ချေ များ၏။
“ မင်း ... စွမ်းရင်၊ ငါ့ သတ် ... ။ ”
လင်းယွန်မှ သူ့အရှိန်နှင့်၊ ဦးတည်ရာ အရပ်ကို မပြောင်းလဲ ခဲ့ဘဲ၊ တည်ငြိမ် စွာဖြင့်၊ ပြန်ပြော လိုက်သည်။
“ ခရစ် ... ။ ”
လင်းယွန် ပျံသန်း သွားရာ လမ်း တစ်လျှောက်၊ ကောင်းကင်ကြီး ကွဲအက်လိုက် လာပြီး၊ ကြယ်ရောင်များ၊ ကြွေကျ လာ၏။
“ ရွှပ် ... ။ ”
ထို့နောက် ပန်းသင်္ချိုင်း ဓားက၊ ကြယ် ကိုး လုံးမှ ထုတ်လွှတ် ထားသော၊ ဓား ရောင်ခြည် အလွှာကို၊ ဦးစွာ ထိုးဖောက် သွားသည်။
“ ဖောင်း ... ဖောင်း ဝုန်း။ ”
ပေါက်ကွဲ သံများနှင့် အတူ၊ လူတိုင်း နှလုံးသားများ တုန်ခါ သွား တော့၏။ ထို့စဉ် ပန်းသင်္ချိုင်း ဓားမှာ၊ ဖန်ထျန်းယန် လည်မြိုထံ ဦးတည် နေြမဲ ဖြစ်သည်။
“ မင်း ... ၊ ငါ့ကို သတ်ချင် နေတာလား၊ ဒီလောက် မလွယ်သေး ပါဘူး။ ”
အဆိုပါ မြင်ကွင်း ကြောင့်၊ ကြောက်ရွံ့ ရမည့်အစား၊ ဖန်ထျန်းယန် တစ်ယောက် ဒေါသ ထွက်လာသည်။ ပထမ သူ့အား လိုက်လံ သတ်ဖြတ်ရန်၊ ကြိုးစား ခဲ့၏။
ယခု ၎င်းနှင့် အတူ၊ သူ့အား ဆွဲခေါ် နေပြန်သည်။ အဆုံးတွင် သူ ဟူသည် အမည်ခံ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။
ကောင်းကင် ဝိညာဉ်သို့ ကန့်သတ် ထားသော်မှ၊ သူ၏ အခြေခံ အုတ်မြစ်မှာ၊ ဟာသ မဟုတ်ချေ။
ဤကဲ့သို့ အန္တရာယ် များသော အနေ အထားတွင် ရှိနေ သော်လည်း၊ လင်းယွန်ကို ရင်ဆိုင်ရန် သတ္တိရှိ နေဆဲ ဖြစ်သည်။
ထို့စဉ် သူ့ လက်ထဲရှိ ဓားမှ ကြယ်တစ်ပွင့် ကဲ့သို့၊ အေးမြသော အလင်းများ ဖြာထွက်လာ လေသည်။
“ ဝှစ် ... ။ ”
ဓားကို ဆက်လက် ဆန့်တန်း ကာ၊ အရှိန်အား တိုးမြှင့် လိုက်၏။ လင်းယွန်အား ခြိမ်းခြောက် နိုင်က၊ သူ နိုင်မည် ဖြစ်သည်။
( ဒီကောင် ... ။ )
သို့သော် လင်းယွန်မှာ ကြောက်ရွံ့ သွားခြင်း မရှိဘဲ၊ သူ့ ထံသို့ ဆက်လက် တိုးဝင် လာမြဲ ဖြစ် သဖြင့်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။
သတ္တိများ ရုတ်ချည်း ပျောက်ကွယ် သွားပြီး၊ စတင် တွေးတော လာမိ၏။ ဤအရူးတွင် ဆုတ် ခွာရန် စိတ်ကူး မရှိ ပါက၊ သူ သည်လည်း သေပေမည်။
တိမ်လွှာဓား (၁၃) ကွက်၏ စွမ်းအားမှာ၊ ယခု တစ်ကြိမ်၌ နောက် တစ်ဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်မှန်း ခံစား မိသည်။
အမည်ခံ နဂါး သွေးလွှတ် ကြောမှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သဖြင့်၊ ပုရွက်ဆိတ် တစ်ကောင်နှင့် အတူ၊ သေပွဲ ဝင်စရာ အကြောင်း မရှိချေ။
ထို့ပြင် စည်းမျဉ်း ဟူသည် လူသေ များ အပေါ်၊ သက်ရောက်ခြင်း မရှိကြောင်း နားလည် ထားသည်။
ကောက်ကျစ်စွာ ပြုံးလျက်၊ သူ၏ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို၊ ဖြည်ချ ကာ၊ အင်ပါ ရီယန် အဆင့်သို့ ဝင်ရောက် လိုက်၏။
ထိုသို့သော သူရဲ ဘောကြောင် မှုသည် ဤထိပ်တိုက် ရင်ဆိုင်မှု အတွင်း၊ ရလာဒ် အပေါ်၊ ဆုံးဖြတ် ပေးခဲ့သည်။
အသက်နှင့် သေခြင်းကို ရင်ဆိုင် ရာ၌၊ ပြတ်သားမှုမှာ အရေး ကြီးဆုံး အခန်း ကဏ္ဍမှ ပါဝင်၏။
“ ဝှစ် ... ။ ”
ကန့်သတ် ချက်ကို ချိုးဖြတ် နေစဉ်၊ လင်းယွန်မှာ သူအား ဖြတ်ကျော် သွားပြီ ဖြစ်သည်။ လည်ပင်း၌ ပူခနဲ ဖြစ်သွားပြီး၊ သွေးများ စီးကျ လာ၏။
“ ချွင် ... ။ ”
ထို့ကြောင့် ဓားပစ် ချကာ၊ လည်ပင်းကို ချက်ချင်း အုပ်ကိုင်လျက်၊ မြေပြင်ပေါ် ပြန်ဆင်း လိုက်ရသည်။
ဆင်းသက် နေစဉ်၊ သူ့ ကျင့်ကြံ မှုမှာ၊ အင်ပါရီယန် မှသည်၊ အမည်ခံ နဂါး သွေးလွှတ် ကြော နယ်ပယ်သို့၊ တရွေ့ရွေ့ တိုးလာ နေသည်။
“ ဖောင်း ... ။ ”
မူလ နယ်ပယ် ရောက်သည်နှင့်၊ လည်ချောင်းရှိ ဓားရောင်ခြည်များ ပွင့်ထွက် လာကာ၊ ဦးခေါင်း ပေါက်ကွဲ သွားသည်။
“ မ ဟုတ် ဘူး ... ။ ”
ဖန်ရွှမ်ဇီ တစ်ယောက် တစ်ကိုယ်လုံး တုန်တုန် ယင်ယင်နှင့်၊ အသံကုန် ခြစ်အော်လိုက် တော့၏။
သူ့ အနေနှင့် လင်းယွန်ကို သတ်ရန် ဖန်ထျန်းယန်အား ပါဝင်ခွင့် ပေးလိုက် ခြင်းဖြင့်၊ စည်းမျဉ်းများ ချိုးဖောက် ပြီး ဖြစ်သည်။
ယင်းက သူ့ညီကို သေမင်းထံ ပို့လိုက်ခြင်း ဖြစ်မည်မှန်း၊ သူ မသိနိုင် ခဲ့ချေ။
လူအုပ် ကြီးက သူရဲ ဘောကြောင် သောကြောင့်၊ ဖန်ထျန်းယန် တစ်ယောက် အသက် ပေးလိုက် ရခြင်း ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
စည်းမျဉ်း အရ ဆိုသော်၊ ကျင့်ကြံမှု ကန့်သက် ချက်ကို ရုတ်သိမ်း လိုက်စဉ်တည်း ကပင်၊ လင်းယွန်မှာ အနိုင် ရရှိပြီး ဖြစ်၏။
သို့သော် လင်းယွန်မှ သတ်ပစ်ရန် တွန့်ဆုတ်ခြင်း မရှိ ခဲ့ချေ။ ကြောက်စရာ ကောင်းသော ပြိုင်ဘက်မျိုး ပေပင်။
***