← Chapters

တောက်ပခြင်း - (၂)။

Vol. 87 Ch. 1207

တောက်ပခြင်း - (၂)။

Vol. 87 Ch. 1207

“ ဒီကောင် ... ။ ”

ဖန်ရွှမ်ဇီ၏ ခန္ဓာကိုယ်မှာ၊ ယိမ်းထိုး သွားသည်။ လင်းယွန်ကို အကြီး အကဲ များမှ၊ သတ်မည့် အချိန်အား၊ မစောင့်နိုင် တော့ချေ။

“ စွပ် စွပ် စွပ် ... ။ ”

ဖန်ထျန်းယန် ဦးခေါင်း ပေါက်ကွဲ သွားသည်နှင့်၊ အဖိုးအို သုံးဦး၏ ဓားများက၊ လင်းယွန် ရင်ဘတ်ထဲ ထိုးဖောက် သွား၏။

ဓား သုံးလက် စလုံးက နောက်ကျောသို့၊ ပေါက်ထွက် သွား၏။ လင်းယွန် နှလုံး သားမှာ၊ သူတော်စင် လက်ရာနှင့် ယှဉ်နိုင်မှန်း သိလိုက် သဖြင့်၊ ရင်ဘတ်ထံ ရွေ့ချယ် ခဲ့ခြင်း ဖြစ်သည်။

“ ဝေါ့ ... ။ ”

ကြက်သွေးရောင် ရူရ်များက ပျက်စီး သွားပြီး၊ သွေးအန်ကျ လာ၏။ ဖန်ထျန်းယန်ကို သတ်ရန်၊ သူ့ကိုယ်သူ စတေး ခဲ့ကြောင်း၊ လူတိုင်း နားလည် လိုက်သည်။

“ ဝေါ့ ... ။ ”

အဖိုးအို သုံးဦးက ဓားမှ တဆင့်၊ ဓား ရည်ရွယ်ချက်အား လောင်းထည့်လိုက် လေရာ၊ နောက်ထပ် သွေးတစ်လုတ် အန်သွားသည်။

လင်းယွန် မျက်နှာက၊ ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့လာ ပြီးနောက်၊ ကြယ်မိစ္ဆာ ပန်း နယ်မြေမှာ၊ ပျောက်ကွယ် သွားသည်။

ကောင်းကင်မှ ဖျာကျ လာသော အလင်းများကို လင်းယွန်မှ မော့ကြည့် လိုက် မိ၏။

နေရောင် အောက်တွင် သူ့နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက၊ သာမာန်ထက် ပို၍ တောက်ပ နေလေပြီ။

“ နောက် ဆုတ် ... ။ ”

အဖိုးအို သုံးဦး၏ ဓားများမှာ၊ လင်းယွန် ခန္ဓာကိုယ် ထဲ၌ ညပ်နေကာ၊ ပြန်နှုတ် မရတော့ သောကြောင့်၊ ချက်ချင်း နောက်ပြန်ဆုတ် လိုက်သည်။

“ ဝှစ် ... ။ ”

သည့်စဉ် ဓားသုံးလက် စိုက်လျက် အနေ အထားဖြင့်၊ လင်းယွန် ခမျာ လွင့်စဉ် သွားတော့ ၏။ သွေးသား စွမ်းအင်များ လျင်မြန်စွာ၊ ပျောက်ကွယ် လာ၏။

သို့သော် တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း နေဆဲ ဖြစ်သည်။ ခန္ဓာ ကိုယ်ရှိ ဓားရည်ရွယ်ချက် သုံးခုမှ၊ ကန်သတ် နေသဖြင့်၊ ပျံ့ကျဲ နေသော သူ့ ရောင်ဝါကို မစုစည်း နိုင်ချေ။

“ ငါက သေရမဲ့ နေမင်းကြီး ဆိုရင်တောင်၊ ငါ့ဘဝကို လောင်ကျွမ်းပြီး၊ အမှောင်ထဲ ဝင်ပစ် လိုက်မယ်။ ”

ကဗျာ ရွတ်သံနှင့် အတူ၊ ဓားသံများ မြည်ဟည်း လာပြီး၊ လေပြင်းများ ဖြတ်တိုက် သွား၏။

“ ချွင် ... ချွင် ချွင် ။ ”

ဆံပင်များ လေထဲ ဖြည်းညှင်းစွာ လွင့်ပျံတက် လာကာ၊ ဓား ရောင်ဝါမှာ တစ်ဖန် မြင့်တက် သွားလေသည်။

ထို့နောက် ခမ်းခြောက် လိုက်လာသော သွေးသား စွမ်းအင် များက၊ အရှိန် အဟုန်ဖြင့် တိုး၍ လောင်ကျွမ်း ကုန်၏။

လူတိုင်း စိတ်လှုပ်ရှား နေစဉ်၊ လင်းယွန်၏ ဓားရောင်ဝါမှာ၊ အထွတ် အထိပ်သို့ ပြန်ရောက်ရှိ သွားသည်။

“ သူ ... ရူးနေပြီ။ ”

သေသည် အထိ တိုက်ပွဲ ဝင်သွားရန်၊ ဆန္ဒ ပြင်းပြ နေသော လင်းယွန်ကို ကြည့်ကာ၊ တစ်စုံ တစ်ဦးမှ အော်ဟစ် သည်။

“ ဒီကောင်က ကစားပွဲ ရလာဒ်ကို ပြောင်းချင် နေတာလား၊ အိပ်မက် မက်နေ တာပဲ ဖြစ်မယ်။ ”

ဖန်ရွှမ်ဇီမှ ဒေါသ တကြီးဖြင့်၊

“ သူ့ကို သတ် ... ။ ”

-ဟု အမိန့်ပေး လိုက်တော့၏။

အဖိုးအို သုံးယောက်က၊ ဤအခိုက်ကို စောင့်နေ ကြခြင်း ဖြစ်သည်။ ယခင်က ဆုတ်ခွာ ရသည့် အကြောင်း ရင်းမှာ၊ ခံစားချက် မကောင်း သောကြောင့် ဖြစ်၏။

ယခုမူ လင်းယွန်မှ ဝှက်ဖဲကို ထုတ်ဖော် လာပြီဖြစ် သဖြင့်၊ ထိတ်လန့် နေစရာ မလိုတော့ ချေ။

“ ဝှစ် ... ။ ”

သုံးယောက်သား လျှပ်စီး ကဲ့သို့၊ ပြေးဝင် လာကြ၏။ လင်းယွန် ခန္ဓာ ကိုယ်တွင် သူတို့၏ ဓားသုံးလက် ရှိနေသေး သောကြောင့်၊ ၎င်းကို ပြန်ယူ ရပေမည်။

ပြေးဝင် လျှက်မှ လက်ဖြင့်၊ တံဆိပ်များ ရေးထွင်းကာ၊ လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ ဓားများကို တုန်ခါ စေခဲ့သည်။

ဤနည်းဖြင့် လင်းယွန်၏ စည်းချက်ကို၊ အနှောက်အယှက် ပေးနိုင်၏။ သို့သော် တစ်ဖက် လူမှာ၊ တုန်လှုပ်ခြင်း မရှိချေ။

အသက် ပြင်းပြင်း ရှူပြီး၊ နာကျင်မှုကို မခံစားရ သကဲ့သို့၊ မျက်လုံးများ ဖြည်းညှင်းစွာ မှိတ် လိုက်၏။ ဤအခြေ အနေမှာ၊ အန္တရာယ် ရှိမှန်း၊ လင်းယွန် သိသည်။

သို့သော် ရွေးချယ် စရာ မရှိ သဖြင့်၊ သည်လမ်း ကိုသာ ရွေးရ ပေမည်။ တင်ပျဉ်ခွေ ထိုင်ချ လိုက်ပြီး၊ လက်အား ဒူးပေါ် တင်လျက်၊ တုန်ခါ နေသော ဓား သုံးလက်ကို ဖိနှိပ်၏။

“ ကျီး ... ။ ”

တစ်ချိန် တည်းမှာပင် တိမ်လွှာ ဓားသုတ္တန် ကိုလည်း၊ ဖြန့်ကျက် လိုက်သည်။ ယင်းသို့ အာရုံ ပြုနေစဉ်၊ ငှက်ပြာ လေးများ ကောင်းကင်ပေါ်၊ ပျံတက် ကုန်သည်။

ထိုအချိန်တွင် အဖိုးအို သုံးဦးမှာ၊ အနား ရောက်ရှိ လာပြီး၊ သူတို့ ဓားများကို ပြန်ယူရန်၊ လက်လှမ်း လိုက်၏။

“ ပေါင်း စည်း။ ”

လင်းယွန်က တံဆိပ် တစ်ခုနှင့် အတူ၊ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ် လိုက်ရာ၊ ကောင်းကင် ရုတ်တရက် မှောင်သွား ပြီးနောက်၊ လျှပ်စီးများ လက်လက် ထ သွား၏။

“ ဘာ ဖြစ် တာ လဲ ... ။ ”

ပရိတ်သတ် အားလုံးက ကောင်းကင်ကို ခိုးကြည့် မိသည်။ လက်ရှိ အချိန်၌ ကောင်းကင် ထက်၊ တိုက်ပွဲမှ အကြည့်ကို မခွာချင် ကြချေ။

“ မြန်မြန် ... ၊ မြန်မြန် ... ။ ”

အဖိုးအို သုံးဦးမှာ၊ သူတို့ အပေါ် အုပ်မိုး လာသည့်၊ အန္တရာယ်ကို သတိ ပြုမိသွား သဖြင့်၊ မျက်နှာများ ပျက်ယွင်း ကုန်သည်။

ဤမျှ ဒုက္ခပေး နိုင်မှန်း သိပါက၊ သူတို့ ဓားများ ပြန်ယူရန်၊ ကြိုးစား မိမည် မဟုတ်ချေ။ သူတို့တွင် အဝေးမှ သတ်ရန် နည်းလမ်းပေါင်း တစ်ရာ ရှိသည်။

သို့သော် နောင်တ ဟူသည်၊ အချိန် နှောင်းမှသာ တမ်းတ မိသော ဆန္ဒ ဖြစ်၏။ လက်ရှိ အချိန်၌ ဓားကို ဆွဲထုတ် ရန်သာ အာရုံစိုက် ရပေမည်။

“ အနန္တ ဓား အဖြစ်၊ ပေါင်းစည်းခြင်း။ ”

ငှက်ပြာလေး (၁၃) ကောင်မှာ၊ ကျယ်လောင်စွာ အော်ဟစ်လျက်၊ အချင်းချင်း နီးကပ်စွာ ဝိုင်းပတ် ပျံသန်း တော့သည်။

ခရမ်းရောင် လျှပ်စီးများ တဝုန်းဝုန်း တောက်လာပြီး၊ ရှေးဟောင်း ဓား တစ်လက် ကောင်းကင်၌ ဖြစ်တည် လာ၏။

ထိုဓားသည် ပျင်းရိ အိုမင်း နေသော အဖိုးကြီး တစ်ယောက် ကဲ့သို့၊ မောက်မာစွာ ကမ္ဘာ ကြီးအား ငုံ့ကြည့် လာသည်။

ထိုခံစားချက်က အဖိုးအို သုံးယောက်ထံ ရိုတ်ခတ်သွား သောကြောင့်၊ လုပ်လက်စ ဓား နှုတ်ယူ နေြခင်း အမှုအား မေ့လျော့ သွားကာ၊ ခေါင်းမော့ ကြည့်မိသည်။

တောက်ပ လွန်းသော ဓားရောင်ခြည်က မျက်လုံးအိမ် အတွင်းသို့၊ လျင်မြန်စွာ ပြေးဝင် လာ၏။

“ အား ... ။ ”

“ ငါ့ မျက်လုံး ... ။ ”

“ အား ... ။ ”

သွေးကြောများ ပေါက်ပြဲ သွားကုန်ပြီး၊ ထိတ်လန့် တကြား အော်ဟစ်ကာ၊ ဓားရိုးအား လွှတ်လျက်၊ မျက်လုံးကို အုပ်ကိုင် လိုက်သည်။

“ ချွင် ... ချွင် ချွင်။ ”

လျှပ်စီးများ သိုင်းခြုံ ထားသော ထိုအပြာရောင် ဓားကြီးက၊ ဘုရင်အိုကြီး တစ်ပါး နှင့်တူပြီး၊ ဓားခန်းမရှိ ဓားတိုင်းကို၊ ဆင့်ခေါ် တော့ သည်။

“ ဝှီး ... ။ ”

ဓားအမြောက် အမြားက၊ လင်းယွန် ထံသို့၊ တစ်ဟုန်ထိုး ပျံသန်း လာနေသော မြင်ကွင်းမှာ၊ မှော်ဆန် နေချေ၏။

“ ချွင် ... ။ ”

“ က လန် ... ။ ”

သို့သော် အနား ရောက်ချိန်၌၊ ပျံသန်း လာသော ဓားတိုင်းမှာ၊ ထက်ရှ မှုများ ကုန်ဆုံး လျက်၊ သံကြေး အလိမ်း လိမ်းနှင့်၊ မြေပြင်ပေါ် ပြုတ်ကျ လာတော့သည်။

တိမ်လွှာ ဓား၏ စစ်မှန်သော ဝိညာဉ်တော်မှ ၎င်းတို့၏ ဆန္ဒများနှင့်၊ ထက်ရှမှုများ အားလုံးကို ဝါးမြို လိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲ မြေပြင်မှာ၊ ဓားကုန်း (သင်္ချိုင်း) အဖြစ်သို့ ပြောင်းလဲ သွား၏။ ကောင်းကင်ရှိ ထိုဓား ဘုရင်ထံ ကြည့်မိသော ပရိသတ် များပင်၊ ချက်ချင်း မျက်နှာ လွှဲလိုက် ရသည်။

“ ငါ့ မျက်လုံး ... ။ ”

“ အိုး ... ဒါက ဘာလဲ။ ”

လူတိုင်း ညည်းတွား သံများ ပြုလျက်၊ သူတို့၏ ဓားများကို၊ အတင်း အကြပ် ဖိနှိပ်ထား လိုက်ရသည်။

ဓားဘုရင်မှ စားသုံး သွားသော ဓားတိုင်းသည်၊ တာအို အဆင့်နှင့်၊ သူတော်စင် အဆင့်၊ လက်ရာများ ဖြစ်သောကြောင့်၊ ဖန် မိသားစု ခမျာ၊ အသက်ရှူ ကြပ်သွား၏။

နှလုံးသား၌ စိတ်ကူး မယဉ်နိုင်သော အကြောက် တရားများ လွှမ်းမိုး လာလေသည်။ ဤသည်မှာ ကောင်းကင် ဝိညာဉ်မှ ပုရွက်ဆိတ် တစ်ကောင်ကြောင့် ပျက်စီးခြင်း မည်၏။

“ ဝေါ့ ... ၊ ငါ့ ... ငါ့ ဓားတွေ ... ။ ”

ဆုံးရှုံး မှုမှာ ဖန် မိသားစုအား၊ နှစ်ပေါင်း တစ်ရာ ကြာအောင်၊ ပျောက်ကွယ်သွား စေရန် လုံလောက် ချေသည်။ ထိုအသိ တရားကြောင့်၊ ဖန်ရွှမ်ဇီ တစ်ယောက် သွေးအန် သွား၏။

လင်းယွန်မှ တံဆိပ်အား၊ ဖြည်ချ လိုက်လေရာ၊ သူ့ရင်ဘတ်ရှိ ဓားများက၊ အဖိုးအို သုံးဦး ထံသို့၊ ပျံသန်း သွားတော့သည်။

“ စွပ် ... စွပ် စွပ်။ ”

၎င်းတို့က အရှိန် အဟုန်ဖြင့်၊ အဖိုးအို သုံးဦး၏ ခန္ဓာ ကိုယ်ထဲ ဖောက်ဝင် သွား၏။ နာကျင် မှုမှာ အသံပင် မထွက်နိုင် ခဲ့ချေ။

မြင့်မားသော သူတို့၏ ကျင့်ကြံ မှုများ ကြောင့်သာ မဟုတ် ပါသော်၊ ဤဓား သုံးလက် နှင့်ပင်၊ သေပြီ ဖြစ် သည်။

“ ဒုန်း ... ။ ”

မျက်လုံးနှင့် ဓား ဒဏ်ရာမှ၊ သွေးများ စီးကျလာ သဖြင့်၊ မြေပြင်ပေါ် ဒူးထောက်ကျ သွားသည်။

မဟာ အကြီး အကဲ အသတ်ခံ ရစဉ် ကပင်၊ သူတို့ သုံးဦးမှာ လင်းယွန် အပေါ် သတိ ထားနေ ခဲ့သည်။

ထို့ကြောင့် ဓားအား ဆွဲထုတ် မရ သည့်နောက်၊ ချက်ချင်း ဆုတ်ခွာရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်၏။

အန္တရာယ် အကင်းဆုံး နည်းလမ်းကို ရွေးချယ်ခဲ့ သော်မှ၊ အဆုံးတွင် ပေါ့လျော့နေ မိသေးသည်။

ဓားသမား တိုင်း၊ သေခြင်းကို အလေးထား ရပေ၏။ သို့သော် စစ်မှန်သော အောင်ပွဲ ဟူသည်၊ ရဲဝံ့ သူများ အတွက်သာ ဖြစ်ချေမည်။

“ ဝှစ် ... ။ ”

သွေးသား စွမ်းအင် လောင်ကျွမ်း မှုမှာ၊ ရပ်တန့် သွားသည်။ လက်ကို ဆန့်ထုတ်လျက်၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးကို ထုတ်ဖော် လိုက်၏။

“ ဝူး ... ။ ”

လေထဲ ခြေ (၉)လှမ်း လှမ်းပြီးနောက်၊ အဖိုးအို သုံးဦး အနား ရောက်ရှိ သွားလေသည်။ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ၊ ဖြာထွက် လာစဉ်၊ ပန်းသင်္ချိုင်း ဓားမှာ၊ လက်ထဲ ပျံတက် လာသည်။

“ ဝှစ် ... ။ ”

သည့်နောက် ဓားအလင်း တစ်လက် ပြေးထွက် သွားပြီး၊ ခေါင်းသုံးလုံး ကောင်းကင် ပေါ်၊ လွင့်တက် လာတော့၏။

***

All Chapters