လျှပ်စီး တစ်ထောင် ဓား။
Vol. 87 Ch. 1208
သွေးကြော လေးသွယ် အစီရင်ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့သည်။ တစ်ချိန် တည်းမှာပင် သူ ပြသ ခဲ့သော ရက်စက် မှုသည် လူတိုင်း မျှော်လင့်ချက်ထက်၊ ကျော်လွန် သွား၏။
ဓားရေး ကျွမ်းကျင် မှုနှင့် ပြတ်သားသော နှလုံးသားကို ပေါင်းစပ် လိုက် ချိန်တွင်၊ ထူးချွန် ထက်မြက်သူ အဖြစ် သတ်မှတ် နိုင်သည်။
အတွေး တစ်ချက်ဖြင့် ဓားရိပ် ကြီးမှာ လင်းယွန် ခန္ဓာကိုယ် ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက် ပျောက်ကွယ် သွားသည်။
ပတ်ဝန်း ကျင်ကို စိမ့်ဝင် နေသည့် ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ ချက်ချင်း လွင့်စဉ် ကုန်၏။
မြေပြင် ပေါ်ရှိ ခေါင်း မပါသော အလောင်း များထံ၊ လင်းယွန်မှ ငုံ့ကြည့် လိုက်သည်။
တိမ်လွှာဓား (၁၃) ကွက်၏၊ စစ်မှန်သော ဝိညာဉ်တော်ကို၊ အနည်းငယ် လျှော့တွက် မိခဲ့ သည်။
၎င်းမှာ အလွန် ကြောက်မျက်ဖွယ် ကောင်းပြီး၊ ကောင်းကင် ဝိညာဉ်သို့ ကန့်သတ် ထားပါက၊ ပြိုင်ဘက်တိုင်း အပေါ်၊ စွမ်းအား မဲ့သော ခံစားချက်များ ပေးစွမ်း ပေမည်။
ရောင်ဝါမှာ တောက်ပ လွန်း သဖြင့် မြင်အောင် ကြည့်ရန် ခက်ခဲ လေသည်။ ၎င်းကို ထုတ်ဖော် နေစဉ်၊ သေမည်ဟု ထင်ထားခဲ့ သော်လည်း၊ ဝိညာဉ်တော်က သူ့ အမြင် မှားယွင်းကြောင်း၊ သက်သေပြ လာသည်။
တိုက်ပွဲ အစ ကတည်းက၊ ဝိညာဉ် တော်ကို ဆင့်ခေါ် ခဲ့မည် ဆိုပါလျှင်၊ ဤမျှလောက် အခြေ အနေ ဆိုးဆိုး ရွားရွား၊ ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော် ယင်းကို တစ်ထစ်ချ မှတ်ယူ၍ မရပြန်။ ဖန်ထျန်းယန်မှ ဝိညာဉ် တော်အား ဆင့်ခေါ်ခွင့် မပေးဘဲ၊ အချိန်ပြည့် ချောင်းမြောင်း နှောင့်ယှက် ခဲ့သည်။
ဒဏ်ရာ များမှ နာကျင်လာ သဖြင့်၊ ကျန်ရှိ နေသော ငြိမ်အေးခြင်း ဆေးလုံး တစ်ဝက်ကို၊ သန့်စင်ရန် ကြိုးစား လိုက်သည်။
ဒဏ်ရာ များမှာ ပြင်းထန် လှချေ၏။ သွေးများ ထွက်နေ သေးပြီး၊ အဖိုးအို သုံးဦး၏ ဓားဆန္ဒ များမှာ ယောက်ယက် ခတ် နေကြသည်။
နံရိုးများ ကြေမွှကာ နာကျင် လှ၏။ ထို့ကြောင့် ဒဏ်ရာ များကို ကန့်သတ်ပြီး၊ ဓား ဆန္ဒ များကို ခန္ဓာကိုယ် ထဲမှ တွန်း ထုတ်ရန်၊ မူလ စွမ်းအင်အား ဖြန့်ကျက် လိုက်သည်။
များမကြာခင်၊ သွေးစွန်း နေသော ဓားရောင်ဝါများ ချွေးပေါက် များမှ တဆင့် တိုးထွက်လာ တော့၏။
သည့်နောက် ငြိမ်းအေးခြင်း ဆေးလုံး၏ အာနိသင်ကို စုပ်ယူကာ ဒဏ်ရာ များကို ကုစား နေမိသည်။
“ ဘယ်လို ငရဲ မျိုးလဲ။ ”
“ ငါ ရှင်းရှင်း လင်းလင်း မမြင်လိုက် ရဘူး ... ။ ”
ဓားကုန်း ပေါ်တွင် ထိုင်လျက် ကုစား နေသော လင်းယွန်ကို ကြည့်ကာ၊ အာမေဋိတ် သံမျိုးစုံ ထွက်ပေါ် လာသည်။
ကုန်းစွန်းယန်က၊
“ ဒါ ... တိမ်လွှာဓား (၁၃) ကွက်ရဲ့ ဝိညာဉ် တော်ပဲ။ ”
-ဟု အော်ဟစ် လိုက်သည်။
တိမ်လွှာဓား (၁၃)ကွက်သည်၊ မျိုးဆက်တူ ပါရမီရှင် များကို ဖြတ်ကျော်ရန်၊ တစ်စုံ တစ်ဦးမှ အသုံးပြု ခဲ့ဖူး သောကြောင့်၊ ကျော်ကြား လှ၏။
ထို့အတွက်ကြောင့် လူအများ အပြားမှာ၊ ဓားသူတော်စင် တောင်သို့ တက်လို သော်လည်း မအောင်မြင် ခဲ့ကြချေ။ ဝမ်းနည်း စရာ ပေပင်။
ဖန်မိသားစု မှာမူ စိတ်ပျက် လက်ပျက်ဖြင့်၊ ဓားကုန်ထံ မျှော်ကြည့် လိုက်သည်။ သည်အဖြစ် အပျက် များသည် တတိယ သမီးတော်မှ စကာ၊ ဖန် မိသားစု ပျက်စီးခြင်းနှင့် အဆုံးသတ် သွား၏။
မျက်ကွယ် အရပ် ဆီ၌ ပုန်းအောင်း နေသော ကျွမ်းကျင်သူ များက၊ ရှုပ်ထွေး စွာနှင့် လင်းယွန် ထံ၊ စိုက်ကြည့် လိုက်သည်။
“ ငါ အခု... လျှပ်စီး တစ်ထောင် ဓားကို ယူလို့ ရပြီ မဟုတ်လား။ ”
မျက်လုံးများ ပွင့်လာပြီး လင်းယွန်မှ လှမ်းပြော လိုက်သည်။ ဤမျှ ခရီးရောက် လာ ပြီးနောက်၊ ဖန် မိသားစုနှင့် ပြေလည် စရာ အကြောင်း မရှိ တော့ခေျ။
ထို့ကြောင့် အဆိုးဆုံး အတွက် ပြင်ဆင် ထားမိသည်။
“ ငါတို့ သူ့ကို မပေး နိုင်ဘူး၊ မဟုတ်ရင် ဖန်မိသားစုဝင် တိုင်းက ... ဒီမြို့က ထွက်သွားရ လိမ့်မယ်။ ”
“ လျှပ်စီး တစ်ထောင် ဓားက ... ၊ ငါတို့နဲ့ အတူ ဆယ့်ရှစ်နှစ် ကြာနေခဲ့ ပြီးပြီ၊ ဒါက ငါတို့ရဲ့ သင်္ကေတ ပဲ၊ သူကို ဖယ်ထုတ် တာက၊ အခြေခံ အုတ်မြစ် ဖယ်ရှား ခံရတာနဲ့ တူတူပဲ။ ”
“ ခန်းမ သခင်၊ ကျေးဇူး ပြု၍ ပြန်စဉ်းစား ပေးပါ။ ”
ဖန် မိသားစုဝင် အကြီးအကဲ များ၏ စကားသံ များမှာ ကျယ်လောင်ခြင်း မရှိကြ သော်လည်း၊ လူတိုင်း ကြားနေ ရသည်။
အရှက် မရှိသော မိသားစု ပေပင်။ သူတို့ မပိုင်သော အရာ တစ်ခုအား၊ အဘယ့်ကြောင့် အုတ်မြစ် အဖြစ် ပြောဆို နေကြ သည်ကို၊ နား မလည်နိုင် တော့ချေ။
အမှန်ပင် တပါးသူ ပိုင်ဆိုင်သော ပစ္စည်း ပေါ်၌၊ သူတို့၏ အုတ်မြစ်ကို တည်ထားခဲ့ ပါက၊ အချိန် မရွေး ဖယ်ရှားခံ ရမည်မှာ၊ သဘာဝ ဖြစ်သည်။
တစ်ဖက်တွင် ဖန် မိသားစု သည်သာ ဤဓားကို မလွှဲ ပေးသော်၊ ဓားစံအိမ်၏ ဂုဏ် သတင်းအား၊ ထိခိုက် သွားမည် ဖြစ်သည်။
ထိုအချိန်တွင် ဓားစံအိမ် ဒေါသမှာ၊ ဖန်မိသားစုထံ ကျရောက် လာနိုင်၏။ ယင်းက ဖန်ရွှမ်ဇီ ခံနိုင်သော အရာ မဟုတ်ချေ။
“ သခင်ငယ် လော၊ ဓားကို သူတို့ မပေးရင် ဘာဆက် လုပ်ကြ မလဲ။ ”
စကားသံများ ကြားပြီး၊ အကြီးအကဲ ပိုင်တင်းမှ စိုးရိမ်သော အသွင်ကို ထုတ်ဖော် လျက်၊ မေးမြန်း လာသည်။
“ သူ့မှာ ရွေးချယ် စရာ မရှိဘူး။ ”
ဤတစ်ကြိမ်တွင် အေးစက်သော အငွေ့ အသက်များကို လောဟွာမှ ထုတ်လွှတ်လျက် ပြန်ဖြေသည်။
သိပ်သည်း လှသော သတ်ဖြတ် လိုသည့် ဆန္ဒ များက၊ အကြီး အကဲ ပိုင်တင်းကို အသက် ရှူ ကြပ်လာ စေ၏။
လူတိုင်း ဖန်ရွှမ်ဇီ ဆုံးဖြတ်ချက် ချမည့် အချိန်ကို စောင့်နေ ခဲ့သည်။ ဓားစံအိမ်မှ ချမှတ် ထားသော စည်းမျဉ်း များကို၊ မပြောင်းလဲ နိုင် သော်လည်း၊ တွေဝေ နေဆဲ ဖြစ်သည်။
“ ဒါက အရေး ကြီးတဲ့ ကိစ္စပါ ... ၊ ငါ့ညီ အပါအဝင်၊ ငါ့ရဲ့ လူတွေ အများ ကြီးနဲ့၊ ဓားတွေ ဆုံးရှုံး သွားရတယ်၊ ဖန် မိသားစုကို နှစ်သိမ့်ဖို့ အချိန် တစ်ခု လိုတယ်၊ သုံးရက် နေပြီးမှ ဓား လာယူပါ၊ အဆင်ပြေ မလား။ ”
သူ့စကား အပေါ် လူတိုင်း စိတ်ပျက် သွားသည် လင်းယွန် အနဖြင့်၊ ဤမြို့၌ သုံးရက် တိတိ၊ အသက်ရှင် နေမည်ဟု မည်သူမျှ အာမ မခံ နိုင်ချေ။
ထို့ပြင် ဖန်ထျန်းယန် သေဆုံး သော်မှ မျက်နှာတွင် အပြောင်းအလဲ တစ်စုံ တစ်ရာ မပြ သဖြင့်၊ ဖန်ရွှမ်ဇီမှာ ကြောက်စရာ ကောင်း၏။ ကိုက်သော ခွေးသည် မဟောင်ချေ။
လင်းယွန် မျက်နှာတွင် အထင် အမြင် သေးသည့်၊ အမူ အရာများ ပြည့်နှက် လာပြီး၊ အဖိုးအို ထံ စိုက်ကြည့် လိုက်သည်။
“ ဖန် ရွှမ် ဇီ၊ မင်း ... ငါ့ရှေ့မှာ ရှုပ်ချင် နေတာလား။ ”
ရုတ်တရက် လောဟွာ၏ အသံက အေးစက်စွာ ထွက်ပေါ် လာသည်။
“ ဓားကို အခု ချက်ခြင်း ပေးလိုက် ... ၊ ငါ နှစ်ခါ မပြောဘူး။ ”
စကားဆုံး သည်နှင့် လူတိုင်း လောဟွာထံ ကြည့်လာ မိသည်။ သူမ၏ မောက်မာ ခြင်းမှာ၊ မယုံ နိုင်စရာ ပေပင်။
ဖန်ရွှမ်ဇီ တစ်ယောက် ဒေါသကြောင့်၊ နှုတ်ခမ်းများ တုန်ယင် သွားသည်။ ရှက်စရာ ကောင်း ချေ၏။ သို့သော် အံကြိတ် ရုံမှ တပါး အခြား မရှိချေ။
တစ်ချိန် တည်းမှာပင် လင်းယွန်နှင့် သူမကြား၊ မည်သို့ ပတ်သတ်မှု ရှိနိုင် မည်ကို တွေးဆ လာမိသည်။
“ ဒါက ဖန် မိသားစုနဲ့ လင်းယွန်ရဲ့ ... ကိစ္စ လေးပါ၊ သခင်ငယ် လောက ကြားဝင် ချင်တာ သေချာလား။ ”
“ ငါတို့ နှစ်ယောက်က၊ ဘယ်လို ပတ်သတ်မှုမျိုး ရှိတယ် ဆိုတာကို၊ မင်း သိချင် နေတာလား၊ ...
... သေချာ နားထောင် သူက ငါပဲ၊ အခု သူမင်းရဲ့ အစီရင်ကို ကျော်ဖြတ် ပြီးပြီ ဆိုတော့ ဓားပေး လိုက်ပါ၊ သူက မင်းနဲ့ စည်းမျဉ်းတွေ အကြောင်း ပြောဖို့ ဆန္ဒ ရှိကောင်း၊ ရှိနိုင် ပေမယ့် ငါ့မှာ မရှိဘူး၊ ...
... ဒေါသ ထွက်တိုင်းသာ ... ၊ လူသတ်ရ မယ်ဆိုရင်၊ မင်း သေနေတာ ကြာပြီ၊ အခု ချိန်ထိ မင်း အသက်ရှင် နေသေး ရတဲ့ အကြောင်း ရင်းက၊ သူ့ ကြောင့်ပဲ ဆိုတာကို နားလည် ထားပါ။ ”
လောဟွာ စကား များက ဖန်ရွှမ်ဇီ၏ ကျောရိုးကို အေးစိမ့် သွားစေ၏။ ကျန်အကြီး အကဲ များမှာ လောဟွာအား ဒေါသဖြင့် စိုက်ကြည့်လာ ကြ၏။
အပြင် လူ တစ်ယောက်မှ ဖန် မိသား အပေါ်၊ ဂရုမစိုက် သည်အား၊ ပထမဆုံး အကြိမ် ကြုံလာ ရခြင်း ဖြစ်သည်။
လင်းယွန်၏ မောက်မာသော အပြုအမူ များက၊ နားလည် နိုင်မှု အတွင်း ရှိနေ ခဲ့သည်။ ဤမိန်ကလေး မှာမူ ထို့ထက် ကျော်လွန် နေ၏။
လိုက်မမီ တော့ချေ။ လင်းယွန်က လောဟွာထံ လှမ်း ကြည့်ပြီး၊ အတွေးထဲ နစ်မြုပ် သွားသည်။
“ ဓား ယူ ခဲ့ ... ။ ”
အဆုံးတွင် ဖန်ရွှမ်ဇီမှာ အမိန့်ပေး လိုက်ရသည်။
“ ခန်းမ သခင် ... ။ ”
သူ့ မိသားစုဝင် များက၊ ဆုံးဖြတ်ချက်ကို ပြင်စေ လို၏။
“ လုံလောက်ပြီ ... ၊ ဒါက ဓား တစ်လက် လေး ပါပဲ၊ ငါ အသက်ရှင် သရွေ့၊ ဖန် မိသားစု ဆိုတာ ကျဆုံးမှာ မဟုတ်ဘူး။
ဖန်ရွှမ်ဇီက တင်းမာစွာ ငေါက်ငမ်း လိုက်၏။ ဤသည်မှာ အမှန် ပေပင်။ ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် အနေဖြင့်၊ သူ့မိသား စုကို ကောင်းစွာ တည်ဆောက် ပေးနိုင်သည်။
တစ်ဖက်တွင် လျှပ်စီး တစ်ထောင် ဓားကို ဆုံးရှုံး ပြီးနောက်၊ သူသာ ထပ်မံ သေဆုံး ရပါက၊ ဖန် မိသားစု အနာဂတ်မှာ၊ ကောင်းနိုင် တော့မည် မဟုတ်ချေ။
“ ကျွီ ... ။ ”
မြေပြင် အက်ကွဲ လာပြီး၊ ပျောက်ကွယ် သွားသော ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ရုပ် တစ်ဖန် ပြန်ပေါ် လာ၏။
ဖန်ရွှမ်ဇီ၏ ပြတ်သားသော လုပ်ရပ်ကို မြင်ချိန်၌၊ လူအများက လောဟွာ အပေါ် ပို၍ စူးစမ်း လာ ကြသည်။
“ သူတော်စင် မျိုးနွယ်စု တစ်စု နဲ့တော့၊ ဖန်ရွှမ်ဇီကို ခြိမ်းခြောက်ဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ အနည်း ဆုံးတော့ ရှေးဟောင်း သူတော်စင် မျိုးနွယ်က ဖြစ်ရမယ်။ ”
ကုန်းစွန်းယန်မှ အလေး အနက် ဆို လိုက်သည်။ ရှေးဟောင်း သူတော်စင် မိသားစု ဝင်များ ဟူသည်၊ အမှောင်ခေတ် ကတည်းက တည်ရှိ ခဲ့သော သူတော်စင်များ ဖြစ်သည်။
၎င်းတို့၏ အခြေခံ အုတ်မြစ်ကို နောက်ပေါက် သူတော်စင် မိသားစုများ ယှဉ်နိုင် စရာ မရှိချေ။ သို့သော် ရွှေခေတ်ကို ဖြတ်သန်း ပြီးနောက်၊ ထိုသူတော်စင်များ ပျောက်ကွယ် သွားကြသည်။
အချို့သည် ရံဖန် ရံခါ ထွက်ပေါ် လာတတ် သော်လည်း၊ မည်သူမျှ အမှန် တကယ် မမြင်ဖူး ကြဘဲ၊ မိုမျိုးနွယ်စု ကဲ့သို့ ဒဏ္ဍာရီလာ အဖြစ်သာ အဆုံးသတ် လိုက်ကြသည်။
ကုန်းစွန်းယန်က ကျောက်ယန်အား လှည့်ကြည့်ကာ၊
“ လော မျိုးရိုးနဲ့ ... ၊ ရှေး သူတော်စင် မိသားစုမျိုး ကြားဖူးလား။ ”
-ဟု မေးလိုက်သည်။
“ ကြားဖူးတယ် ... ၊ ဒါပေမယ့် ... သူ့ နာမည်နဲ့ လူ တစ်ယောက်မှ မရှိဘူး၊ ပြီးတော့ အင်အားကြီး ဂိုဏ်းတွေထဲ မှာလည်း မရှိဘူး။ ”
ကျောက်ယန်မှ ခေါင်းယမ်းလျက် ပြန်ဖြေ၏။ ဓားဧကရာဇ် မျိုးရိုးမှ၊ ကုန်းစွန်းယန်ပင် မည်သူ မည်ဝါ ဖြစ်မည်ကို မသိ သည့်နောက်၊ သူလည်း သိမည် မဟုတ်ချေ။
သူတို့ နှစ်ဦး၏ စကားဝိုင်း အပေါ်၊ စောင့် နားထောင် နေသော အနားရှိ ကုန်းဟောက်ရန် က၊ သက်ပြင်းချ လိုက်ပြီး၊
“ အနားမှာ သူ ရှိနေ သမျှတော့ ... ၊ လင်းယွန်ကို ဘယ်သူမှ ထိလို့ရမဲ့ပုံ မရှိဘူး၊ ဓား ဧကရာဇ် မျိုးရိုးက၊ အကြီး အကဲတွေ ဆိုရင်တောင်မှ၊ ဒီဖန်ရွှမ်ဇီ စိတ်ကို မပြောင်းလဲ နိုင်တာ သေချာတယ်။ ”
ကုန်းဟောက်ရန် စကား များတွင် မနာရိပ်များ စွန်းထင်း နေခဲ့သည်။
“ ချွင် ... ချွင် ချွင်။ ”
ဤအခိုက်တွင်၊ သံကြိုး ရှစ်ချောင်း တုန်ခါ သွားပြီး၊ ရုပ်တုများ ကွဲလျက်၊ ဓားမီးအိုး အတွင်း မှ၊ ဧရာမ ဓားကြီး တစ်လက်၊ ကောင်းကင်ပေါ် ခုန်ထွက် သွားသည်။
“ ဝှစ် ... ။ ”
အမြင့် တစ်ခုသို့ ရောက် ပြီးနောက်၊ မြေပြင်ပေါ် ပြန်၍ ပြုတ်ကျ လာ တော့သည်။ သို့သော် မြေပြင်နှင့် မီတာ ရာဂဏန်း အကွာ အရောက်တွင်၊ လေထဲ ရပ်တန့် သွား၏။
ဤသည်မှာ လူတိုင်းမှ စိတ်ဝင်စား စောင့်မျှော် နေကြသော၊ မို မိသားစု၏ လျှပ်စီး တစ်ထောင် ဓား ပေပင်။
“ စမ်း ကြည့် ပါ။ ”
ထိုအချိန်တွင် ဓားခန်းမ သခင် ဖန်ရွှမ်ဇီမှ စိတ်လက် မကြည် မလင်နှင့်၊ လှမ်းပြော လာ တော့သည်။
***